Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၅၀ ကျပ် ဝယ်ဈေး – ၂၄၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၉၈ ကျပ် ဝယ်ဈေး – ၃၆၁၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၆.၁၅ ကျပ် ဝယ်ဈေး – ၉၃.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၄ ကျပ် ဝယ်ဈေး – ၄၆၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreThis Day in History
Voice of Myanamar ပါလက်စတိုင်း လွတ်မြောက်အရေးအဖွဲ့ဥက္ကဌ ယာဆာအာရဖတ်၏ တိုက်တွန်းချက်အရ ပါလက်စတိုင်းအမျိုးသားကောင်စီသည် အယ်လ်ဂျီးရီယားတွင် ဆွေးနွေးပြီးနောက် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသကို လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။
Read Moreတွန်းကန်အားမြင့် ဒုံးကျည်အင်ဂျင်သစ် မြေပြင်စမ်းသပ်မှုအောင်မြင်ကြောင်း မြောက်ကိုရီးယားထုတ်ပြန်
ပြုံးယမ်း၊ နိုဝင်ဘာ ၁၅-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ်ဒုံးပျံသစ်အတွက် အသစ်တီထွင်ထားတဲ့ တွန်းကန်အားမြင့်ဒုံးကျည်အင်ဂျင် ပထမဆုံးမြေပြင်စမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုဟာ အဲဒီဒုံးပျံအင်ဂျင် ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်တို့တွင် စမ်းသပ်ခဲ့တာဖြစ်ဖြစ်ကြောင်း အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ဆိုးရွားပြီး မတည်ငြိမ်တဲ့ လုံခြုံရေးဝန်းကျင်နဲ့ ရန်သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို ပိုမိုမြင့်တင်ထားကြောင်း ဒုံးကျည်ဗျူရိုက အလေးပေးပြောဆိုပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တည်ထွင်ထုတ်လုပ်ရေးဟာ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လောင်စာခဲသုံး ဒုံးကျည်တွေဟာ အရည်လောင်စာသုံးဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာဝေးပစ်ဒုံးကျည်နဲ့ တာတိုးပစ်ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တီထွင်နေပါတယ်။…
Read Moreထီးချိုင့်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ နီးပါး သေဆုံး
နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကစလို့ ဒီကနေ့ထိ ခြောက်ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀ နီးပါးသေဆုံးသွားပြီလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ နိုဝင်ဘာ ၁၄ ရက် ၊ တရက်တည်းမှာ အလယ်တောရွာနဲ့ အင်းတိန်ရွာ ၊ ပိန္နဲရွာ (ရေဝ) ဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ ၁၁ ယောက် သေတယ် ၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သခွတ်ချောင်း ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ပေါက်ကွဲလို့ တိုက်ပွဲရှောင် ကလေးတယောက်နဲ့ အမျိုးသမီး တယောက် ထိမှန် သေတယ် ၊ ပြီးခဲ့တဲ့…
Read Moreမူဆယ်မှာ စားသောက်ကုန်မပြတ်ဖို့ တရုတ်ဘက်ကနေ တင်သွင်းခွင့်ပြုပေးတာနဲ့ ရှမ်းမြောက်က အခြေအနေ
နိုဝင်ဘာ ၁၅၊၂၀၂၃ Shy V( VOM) မူဆယ်မြို့နယ်မှာ လတ်တလော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် နေတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်း သက်သက်သာသာ ဝယ်ယူ နိုင်ဖို့ တရုတ်ပြည်ကနေ အကန်ုအသတ်နဲ့ တင်သွင်းခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။ မြန်မာ – တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် ဖြစ်တဲ့ ဆင်ဖြူဂိတ် ကနေ ယာဉ်ငယ်တွေနဲ့ ကုန်ပစ္စည်း ၁၄၆ မျိုးကို ယာယီခွင့်ပြု ဆောင်ရွက်ထားကြောင်း မူဆယ်ခရိုင် ပြန်/ ဆက်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မူဆယ်မြို့ရဲ့ အသိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လိုသူ တွေအနေနဲ့ မှတ်ပုံတင်မိတ္တူ တစုံ၊ အိမ်ထောင်စုဇယားမိတ္တူ တစုံ၊ BP စာအုပ် မိတ္တူ တစုံ၊ ယာဉ်လိုင်စင် မိတ္တူ တစုံ၊ ယာဉ်မောင်းလိုင်စင်မိတ္တူ…
Read MoreThis Day in History
Voice of Myanamar ပါလက်စတိုင်း လွတ်မြောက်အရေးအဖွဲ့ဥက္ကဌ ယာဆာအာရဖတ်၏ တိုက်တွန်းချက်အရ ပါလက်စတိုင်းအမျိုးသားကောင်စီသည် အယ်လ်ဂျီးရီယားတွင် ဆွေးနွေးပြီးနောက် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသကို လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။
Read Moreဂါဇာရှိ အကြီးဆုံးဆေးရုံကို အစ္စရေးစစ်တပ် ဝင်ရောက်စီးနှင်း ၊ ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ တိုက်တွန်း
ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသရှိ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တွေကို နိုဝင်ဘာ ၁၅ ရက်မှာ ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီမှာ ဆေးရုံကို ဝင်ရောက်စီးနှင်းမှာဖြစ်ကြောင်း အစ္စရေးက သတိပေးခဲ့တယ်လို့ဆိုထားပြီး ဟားမတ်စ်တွေအားလုံး လက်နက်ချဖို့ အစ္စရေးစစ်တေပ်က တိုက်တွန်းထားပါတယ်။ ဟားမတ်စ်တွေဟာ ဆေးရုံကို အကာအကွယ်ပြုပြီး စစ်ဆင်ရေးနဲ့ အမိန့်ပေးဌာနရှိနေတယ်လို့ အစ္စရေးကဆိုပါတယ်။ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ စစ်ဆင်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်တွေကို အခြေခံပြီး အယ်လ်ရှီဖာဆေးရုံရှိ သတ်မှတ်ဧရိယာမှာ ဟားမတ်စ်တွေကို အတိအကျပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အယ်လ်ရှီဖာဆေးရုံရဲ့ အနောက်ဘက်ခြမ်းကို အစ္စရေးတပ်တွေ ဝင်ရောက်စီးနှင်းခဲ့တာဖြစ်ကြောင်း ဆေးရုံထဲမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမူနီယာက ပြောပါတယ်။ ဂါဇာကို ငါးပတ်ကြာတိုက်ခိုက်ပြီးနောက်မှာ လူသားချင်းစာနာမှုဆိုင်ရာ…
Read Moreရခိုင်မှာ နယ်ခြားစောင့်စခန်းတချို့ကို AA သိမ်း
နိုဝင်ဘာ ၁၄- ၂၀၂၃ SN (VOM) ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ ချိန်ခါလိန် နယ်ခြားစောင့် တပ်စခန်းကို ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် ( AA) က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်း ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို အဲ့ဒီ့နေ့မှာပဲ သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလိန် နယ်ခြားစောင့်တပ်စခန်းကိုတော့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကတော့ ဒီမနက်မှာ ၅ နာရီခွဲလောက်ကတည်းက အသံတွေ ကြားနေရတာ။ အသံတွေ ကြားပြီဆိုတာနဲ့ ကျွန်တော်တို့အားလုံး ဘေးလွတ်ရာကို အသည်းအသန်…
Read Moreပြည်တွင်းရွှေဈေး ကျပ် ၃၆ သိန်းကျော်ထိ ထပ်မံ မြင့်တက်
နိုဝင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းကစလို့ ကျပ် ၃၆ သိန်းကျော်ကို ထပ်မံ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ အခုလို ပြည်တွင်းရွှေဈေး ထပ်မံ မြင့်တက်လာခြင်းဟာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်မှုရှိနေပြီး တိုက်ပွဲတွေကြောင့် ကုန်စည် စီးဆင်းမှု ရပ်တန့်နေပြီး ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ရွှေဈေးပါ လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့ ဒေါ်လာဈေးတွေလည်း တက်သွားတယ်။ ၃၃၀၀ ကနေ ၃၄၀၀ လောက်အထိ ဖြစ်သွားတယ်။ ဒေါ်လာဈေးတက်တော့ ရွှေဈေးလည်း လိုက်တက်သွားတယ်ပေါ့။ တိုက်ပွဲတွေနဲ့လည်း ဆက်စပ်မှုရှိမယ်။ အဲ့ဒါကြောင့်လည်း ဒေါ်လာဈေးတွေ တက်တာပေါ့။ အဲ့ဒီ့ကနေမှ ဆင့်ကဲ…
Read More