Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာ-ဘဂ်လားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်
ရန်ကုန် ၊နိုဝင်ဘာ ၁၄ -၂၀၂၃ GG( VOM) ရခိုင်ပြည်နယ်ကို ရေကြောင်းနဲ့ ကုန်းကြောင်းကပါ ဝင်ရောက်ခွင့် ၊ထွက်ခွာခွင့် ပိတ်ထားတဲ့အတွက် မြန်မာ နဲ့ ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ရခိုက်ပြည်နယ်ထဲက ရသေ့တောင်နဲ့ မင်းပြားမြို့နယ်အပါအဝင် နေရာတချို့မှာ AA နဲ့ စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်နေတာကြောင့် နစက ဘက်က ရခိုင်ပြည်နယ်ကို အဝင်အထွက်ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ ရန်ကုန် – စစ်တွေ အဝေးပြေးကားလမ်းမှာ ရောက်နေတဲ့ ကုန်စိမ်းကားတွေ ၊ရေထွက်ကုန်ပစ္စည်းကားတွေ မြို့ထဲကိုဝင်ခွင့် ပိတ်မိနေသလို စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းတွေကနေလည်း ဘင်္ဂလား ဒေ့ရှ် ဘက်ကို ကုန်တင်ပို့တာ ၊ ပြည်တွင်းကို ပစ္စည်းတင်သွင်းတာတွေ အားလုံးရပ်ကုန်ပြီဖြစ်တယ်လို့သိရပါတယ်။ ” လမ်းကြောင်းတွေအကုန်ပိတ်လိုက်တော့…
Read Moreဂါဇာဆေးရုံမှာ လူထောင်ချီပိတ်မိပြီး အလောင်းတွေကြောင့် သင်္ချိုင်းတခုလိုဖြစ်နပြီလို့ WHO သတိပေး
ဂါဇာစီးတီး၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာရှိ အကြီးဆုံးဆေးရုံအနီးမှာ တိုက်ပွဲတွေကြောင့် ဆေးရုံမှာ လူထောင်ချီပိတ်မိနေပြီး ပုပ်ပွဲနေတဲ့အလောင်းတွေ စုပုံနေကြောင်း ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဓါတ်အားပြတ်တောက်မှုနဲ့ လောင်စာဆီပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းနေရတဲ့ အယ်လ်ရှီဖာဆေးရုံဟာ သင်္ချိုင်းတခုနီးပါး ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။ ဆေးရုံဟာ ပိတ်ဆို့မှုအောက်မှာရှိနေပြီး ခွေးတွေဟာ အလောင်းတွေကို စတင်စားသောက်နေကြောင်း ဆေးရုံမန်နေဂျာကဆိုပါတယ်။ ဆေးရုံအနီးမှာ မကြာသေးမီရက်တွေအတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဟားမတ်စ်တို့ဟာ ဆေးရုံအောက်မှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းတွေမှာ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနအဖြစ် လုပ်ဆောင်နေတယ်လို့ အစ္စရေးကစွပ်စွဲထားပြီး ဟားမတ်စ်တို့ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဆေးရုံမှာပိတ်မိနေတဲ့ အရပ်သားတွေကို ကာကွယ်ရမယ်လို့ အစ္စရေးကို တိုက်တွန်းထားပါတယ်။ အလ်ရှီဖာဆေးရုံအနီး တိုက်ပွဲတွေဖြစ်ပွားချိန်မှာ ဆေးရုံကို ပစ်ခတ်မှုမရှိသလို ဝိုင်းရံထားခြင်းလည်းမရှိဘဲ ထွက်ခွာလိုသူမည်သူမဆို ထွက်ခွင့်ပေးထားကြောင်း အစ္စရေးက ပြောပါတယ်။ ဆေးရုံထဲမှာ လူပေါင်း ၆၀၀ လောက်ပိတ်မိနေပြီး…
Read Moreပလက်ဝမြို့နယ်ထဲမှာ စစ်တပ်နဲ့ AA တိုက်ပွဲဖြစ် ၊ ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကနေ ချင်းပြည်နယ် ၊ တောင်ပိုင်း ပလက်ဝမြို့နယ်ထဲကို ဒီကနေ့ မနက်၂ နာရီဝန်းကျင်ကနေ စတင် ကူးစက်လာပြီး ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာမှာ စစ်တပ်နဲ့ AA အဖွဲ့တွေကြား တိုက်ခိုက်တာတွေ ဖြစ်လာနေတယ်လို့ ပလက်ဝ ဒေသခံတွေဆီက သိရပါတယ်။ ” ပလက်ဝမြို့နယ် ၊ တရွန်အိုင်ရွာနားမှာ ဒီမနက် ၂ နာရီလောက်က တိုက်ပွဲစဖြစ်တယ် ၊ တရွန်အိုင်ရွာနားမှာရှိတဲ့ စစ်တပ်စခန်းကို AA အဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာဖြစ်တယ် ၊ ဒီမနက်အထိ ပစ်နေကြတာဖြစ်တယ် ၊ စစ်တပ်ဘက်က လက်နက်ကြီးတွေ ၊ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာဖြစ်တယ် ၊ ထိခိုက်ဆုံးရှုံးမှု နှစ်ဘက်စလုံးမှာရှိတယ် ၊…
Read Moreလွိုင်ကော်မှာ တိုက်ပွဲတွေအပြင်းအထန် ဆက်လက်ဖြစ်ပွားနေ
နိုဝင်ဘာလ ၁၅- ၂၀၂၃ GG(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး လက်ရှိမှာလည်း လေယာဉ်နဲ့ ဗုံးကြဲမှုတွေရှိနေတာကြောင့် ပုန်းခိုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” အခုလက်ရှိ အ ခြေအနေမကောင်းဘူး၊ဂျက်ဖိုက်တာတွေဝဲနေတယ် ဗုံးတွေလည်းကြဲနေတယ် ဒါတိကျတဲ့အဖြေပဲ ” လို့ လွိုင်ကော်ဒေသခံတယောက်ကပြောပြပါတယ်။ လက်ရှိမှာ လွိုင်ကော်မြို့ကို အဝင်အထွက်လည်းပိတ်ဆို့ထားသလို တိုက်ပွဲအကြားမှာ ဒေသခံတွေ လက်နက်ထိမှန်သေဆုံးတာနဲ့ ဒဏ်ရာရသူတွေပါရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက်ကတည်းက ပစ်ခတ်မှုတွေရှိနေတာ၊နောင်ယားဈေးဝန်းကျင်ဆိုဖြစ်နေတာပဲ၊နာနတ်တော ရပ်ကွက်ဖက်ဆို ဗုံးကြဲခံရတာပဲ၊ ဒေါခူရွာ ဘက်လည်း ကြဲတယ်၊ ခေါင်းပေါ်မကျလာရင်တော့ဘာမှ မဖြစ်ဘူးပေါ့၊မြို့ထဲတောင် ညနေ ၃ နာရီလောက်ထိပဲ သွားလာလို့ရတယ်၊ဒါတောင်ရပ်ကွက်ထဲလောက်ပဲ၊ဟိုဖက်ရပ်ကွက်ဒီဖက်ရပ်ကွက်တောင်ကူးဖို့ မလွယ်ဘူး ” လို့ နောက်ထပ် လိုင်ကော်ဒေသခံတယောက်ကပြောပါတယ်။ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ထေးဌားလျားရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊…
Read Moreဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် (၅၄) အရှေ့မှ အလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ
နိုဝင်ဘာ ၁၄ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အမှတ် (၅၄) ခြံရှေ့မှာ ချိတ်ဆွဲထားတဲ့ NLD ပါတီအလံနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၁၀ နာရီခွဲလောက်မှာ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့က လာရောက်ဖြုတ်ချသွားတာဖြစ်ပြီး ကြိုတင် အကြောင်းကြားထားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ “ဒါက နဂိုကတည်းက တရားဝင်ပါတီအဖြစ် မှတ်ပုံမတင်ထားတော့ ပါတီတခုအဖြစ် မရပ်တည်နိုင်တော့ဘူးလေ။ တရားဝင် မရပ်တည်နိုင်တဲ့ ပါတီတခုက သူ့မှာဆိုင်းဘုတ် ထားရှိခွင့် မရှိဘူးလေ။ မြို့နယ်တိုင်းမှာရှိတဲ့ NLD ဆိုင်းဘုတ်တွေကလည်း ဖြုတ်ချရမှာပဲ။ သမာသမတ်ကျကျ ပြောရရင်တော့ တရားဝင်အဖြစ် မှတ်ပုံတင်ပေါ့။ မတင်နိုင်ရင်တော့ ဆိုင်းဘုတ်တင်ခွင့်မှ မရှိတော့ဘဲ။ ဒီဆိုင်းဘုတ်က…
Read Moreအိန္ဒိယမှာ ဥမင်လှိုဏ်ခေါင်းပြိုကျပြီး ပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကို ကယ်တင်နိုင်ရေး အပူတပြင်း ကြိုးပမ်းနေ
ဒေလီ၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းဥတာရာခန်းပြည်နယ်မှာ ဥမင်လှိုဏ်ခေါင်းတခုပြိုကျပြီးပိတ်မိနေတဲ့ အလုပ်သမား ၄၀ ကိုကယ်တင်ဖို့ အာဏာပိုင်တွေက အပူတပြင်းကြိုးစားနေကြပါတယ်။ လက်ရှိမှာတော့ ပိတ်မိနေတဲ့အလုပ်သမားတွေနဲ့ အဆက်သွယ်ရရှိပြီးအောက်ဆီဂျင်နဲ့ အစားအစာတွေထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးသမားတွေဟာ အလုပ်သမားတွေ ကိုကယ်တင်ခြင်းမပြုမီ မီတာပေါင်းများစွာရှိတဲ့ အပျက်အစီးတွေကို တူးဖော်ရှင်းလင်းရဦးမယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက်ကလှိုဏ်ခေါင်းပြိုကျချိန်မှာ အလုပ်သမားတွေဟာ ဥမင်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြချိန်ဖြစ်ပြီး ဥမင်လှိုဏ်ခေါင်းဟာ မီတာ ၂၀၀ အရှည်ရှိပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဥမင်လှိုဏ်ခေါင်းအတွင်း ရေပေးဝေတဲ့ ပိုက်ကိုအလုပ်သမားတွေအတွက် အောက်ဆီဂျင်၊ ရေနဲ့ အစားအစာတွေထောက်ပံ့ပေးဖို့ အသုံးပြုထားကြောင်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ ဥတာကာရှီခရိုင်ရှိ အဲဒီဥမင်လှိုဏ်ခေါင်းဟာ ဥတာရာခန်းပြည်နယ်က နာမည်ကြီးဘုရားဖူးနေရာတွေနဲ့ ချိတ်ဆက်သွားလာမှုပိုမိုကောင်းမွန်စေဖို့ အိန္ဒိယအစိုးရ အဝေးပြေးလမ်းစီးမံကိန်းရဲ့ တစိတ်တစပိုင်းဖြစ်ပါတယ်။ Ref:BBC Photo:Getty Images
Read MoreThis Day in History
Voice of Myanmar အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်လုပ်ဆောင်ခဲ့သူ အိုစမာဘင်လာဒင်ကို လွှဲပြောင်းပေးရန် တာလီဘန်အဖွဲ့ ငြင်းဆိုသဖြင့် ကုလသမဂ္ဂသည် အာဖဂန်နစ္စတန်အပေါ် ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
Read Moreစက်သုံးဆီ အလုံအလောက်ရှိတယ်ဆိုပေမယ့် ဆီဆိုင်တွေမှာ တန်းစီဝယ်နေရ
ရန်ကုန်၊ နိုဝင်ဘာ ၁၄- ၂၀၂၃ GG (VOM) ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ နစက ဘက်ကပြောဆိုပေမယ့်လည်း ရန်ကုန်အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေကမြို့တွေမှာ ဆီပြတ်လပ်တာ၊အကန့်အသတ်နဲ့ဝယ်ယူရတာ၊တန်းစီစောင့်ဆိုင်းရတာတွေ ဒီနေ့နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဖြစ်ပေါ်နေဆဲပါ။ ရန်ကုန်မှာ ဆိုရင် ဒီနေ့မနက်ပိုင်း ၄ နာရီခွဲလောက်ကတည်းက စက်သုံးဆီဖြည့်ဖို့ ကားတွေတန်းစီကြရသလို တချို့ဆိုင်တွေက အကန့်အသတ်နဲ့သာရောင်းချပေးနေပြီး ဆိုင်တချို့ကတော့ ဆီပြတ်လပ်မှုတွေရှိနေသေးတယ်လို့ သိရပါတယ်။ ဆီပြတ်လပ်မှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံတဦး ပြောပြတာက ” ဆီဖြည့်ဖို့ လိုက်ရှာတော့ တန်းစီနေတာ တွေ့ရတယ်၊ကန်တော်ကြီး max ဆိုလည်း ကားတန်းကြီးကနည်းတာကြီးမဟုတ်၊ တာမွေမှာလည်းတန်းစီနေကြတယ်၊ဆရာစံလမ်းလည်းတန်းစီနေကြတယ်။သုဝဏ္ဍရောက်တော့လည်း တန်းစီနေကြတာ နည်းတာနဲ့ ဝင်တန်းစီလိုက်တယ်။ မနက်အစောကတော့ လိုသလောက်ရပေမယ့် နောက်တော့ အများကြီးတော့မရဘူး၊ အကန့်အသတ်နဲ့ပဲရတယ်၊ တခြားဆိုင်တွေလည်း အကန့်အသတ်ကများတယ်။” လို့ ဒီနေ့အခြေအနေကို ပြောပြပါတယ်။ ရန်ကုန်က စက်သုံးဆီဆိုင်အများစုက ကားတစ်စီးကို၂၀၀၀၀ ကျပ်…
Read Moreမြန်မာ – အိန္ဒိယ နယ်စပ်က တိုက်ပွဲတွေကြောင့် ရိခေါဒါရ်မြို့နယ်က ဒေသခံ ၅၀၀၀ ကျော် နဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အိန္ဒိယဘက် ထွက်ပြေးတိမ်းရှောင်
နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ရိခေါဒါရ်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း (Khua Mawi) စခန်း နှစ်ခု ကို ချင်းပြည်နယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက မနေ့ နိုဝင်ဘာ မနက် ၃ နာရီဝန်းကျင်က စတင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလိုတွေကြောင့် မနေ့က နေ့ပိုင်းနဲ့ ညပိုင်းတွေမှာ ရိခေါဒါရ်မြို့ထဲက ဒေသခံ ပြည်သူ ၅၀၀၀ နီးပါးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို တိုက်ပွဲရှောင်ခိုလှုံဖို့ ဝင်ရောက်သွားတယ်လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိဿဟာယ အဖွဲ့ဆီက သိရပါတယ်။ ” အရေအတွက်က လူဦးရေ ငါးထောင်အထက်မှာ ရှိမယ် ၊…
Read More