ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၀၀ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၁၀ ကျပ် ဝယ်ဈေး – ၂၃၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၉၄ ကျပ် ဝယ်ဈေး – ၃၅၂၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၃.၄၆ ကျပ် ဝယ်ဈေး – ၉၁.၇၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၂ ကျပ် ဝယ်ဈေး – ၄၅၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို ခန့်အပ်

  လန်ဒန်၊ နိုဝင်ဘာ-၁၄-၂၀၂၃ မျိုးဆက်(VOM) ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ရဲ့ အစိုးရအပြောင်းအလဲမှာ ဒေးဗစ်ကင်မရွန်းဟာ မမျှော်လင့်ဘဲ ပါဝင်လာတာဖြစ်ပြီး လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီဟာ ရာထူးကနေဖယ်ရှားခံရတဲ့ ပြည်ထဲရေးဝန်ကြီး ဆွယ်လာဘရော့ဗာမန်းနေရာမှာ အစားထိုးတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဟာ ဗြိတိန်မှာပြုလုပ်တဲ့ ပါလက်စတိုင်းဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ခံရပြီးနောက် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ၁၁ နှစ်နဲ့ ဝန်ကြီးချုပ်အဖြစ် ခြောက်နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းတယောက်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တကျော့ပြန်နိုင်ငံရေးလောကထဲ ဝင်ရောက်လာရတာဟာ ပုံမှန်မဟုတ်ကြောင်း၊ ဒါပေမယ့် အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းအရေးတို့နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ပြင်းထန်နေချိန်မှာ သူ့ရဲ့အတွေ့အကြုံတွေက ဗြိတိန်အစိုးရအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒေးဗစ်ကင်မရွန်းကပြောပါတယ်။ ဝန်ကြီးချုပ် ရီရှီဆူနက်ခ်ဟာ ခက်ခဲတဲ့အချိန် ခက်ခဲတဲ့ အလုပ်ကိုလုပ်ကိုင်နေရတဲ့ ဝန်ကြီးချုပ်ကောင်းတယောက်လို့ ယုံကြည်တာကြောင့် အစိုးရအဖွဲ့မှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း…

Read More

စိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် မီးလျှံခပါပေါ့

  ဆူးငှက်     ကုန်းဘောင်ဆက် မဟာရာဇဝင် တတိယတွဲ စာမက်နှာ ၆၈၅ တွင် …   ““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရား ခေါင်ကြီးက ဆောက်လုပ်ပြီး ပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့် တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို“မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ်ဗညျးတပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ်္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။   ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေ ကျောင်းတော်ကြီး ရေစက်ချ မချပြဿနာတွင် ၁၈၈၅ ဧပြီလကကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်းအရှင် ပါတော်မူ သောအခါ ရေစက်ချ…

Read More

ဆီးရီးယားအရှေ့ပိုင်းက အီရန်နဲ့ဆက်နွယ်နေတဲ့ စစ်ဘက်အဆောက်အအုံတွေကို အမေရိကန်တိုက်ခိုက်

  ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ဆက်နွယ်နေတဲ့ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ ဒီအဆောက်အအုံတွေထဲမှာ အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့တွေ အသုံးပြုတဲ့ အဆောက်အအုံတွေပါဝင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့ဝင်တွေအပေါ် ဆက်လက်တိုက်ခိုက်နေတဲ့ အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ပစ်မှတ်တွေထဲကတခုဟာ လေ့ကျင့်ရေးအဆောက်အအုံတခုဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၉ ရက်ထိ ဆီးရီးယားနဲ့ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေ ၄၆ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အမေရိကန်စစ်တပ်ဟာ အောက်တိုဘာ ၂၆ ရက်နဲ့ နိုဝင်ဘာ ၈…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ)

  ကမ္ဘာ့ရွှေစျေးမတက်ဘဲ မြန့်မာ့ရွှေစျေးတက်   Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာ – အိန္ဒိယနယ်စပ် လုံခြုံရေးစခန်း နှစ်ခုတိုက်ခိုက်ခံရ ၊ မီဇိုရမ်ပြည်နယ်ထဲ ကျည်တွေကျလို့ လူ နှစ်ဦး ဒဏ်ရာရ

  နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ မြန်မာ – အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ် စခန်းနဲ့ တီအိုချောင်း(Khua Mawi) စခန်း နှစ်ခု ကို မနေ့ နိုဝင်ဘာ ၁၂ ရက် ၊ ည ၁၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ည ၁၁ နာရီအချိန်ကစလို့ ဒီမနက် အခုထိ တိုက်နေတုန်းဖြစ်တယ် ၊ တိုက်ပွဲက ပြင်းထန်တယ် ၊ အိန္ဒိယဘက်က မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်ရွာထဲလည်း ကျည်ဆံတွေ ကျရောက်ပြီး ဒေသခံ အရပ်သား နှစ်ဦး…

Read More

တိုက်ပွဲကြောင့် ရခိုင်ရှိ မြို့နယ်အချို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေ အလုအယက်ဝယ်ယူ

  နိုဝင်ဘာ-၁၃-၂၀၂၃ NN (VOM) ဒီကနေ့မနက်ပိုင်း နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့ နဲ့ မင်းပြားမြို့နယ်ရှိ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ အခြေခံစားသောက်ကုန်နဲ့ဆေးဝါးများဈေးတက်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။ “ကျောက်ဖြူ၊စစ်တွေ၊ ပုဏ္ဏားကျွန်း အဲ့ဘက်တွေမှာ ဆန်ဈေးတွေတက်နေတယ်။ ဆန်၊ ဆီ၊ စား ခြေခံစားသောက်ကုန်တွေပေါ့။ နောက်ပြီး ရေလမ်း၊ ကုန်းလမ်းတွေပိတ်လိုက်တော့ ကုန်ပစ္စည်းတွေပြတ်သွားကြမှာလည်း စိုးရိမ်နေကြတယ်။ တစ်ချို့နေရာတွေမှာ ကုန်ပစ္စည်းတွေ အလုအယက်ဝယ်နေတယ်ကြားတယ်” လို့ စစ်တွေမြို့မှ ဒေသခံတယောက်ကပြောပါတယ်။ ရခိုင်ရှိ မြို့နယ်အားလုံးရဲ့ ကုန်းလမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း နစက ဘက်မှကြေညာလိုက်တာကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်သွားပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်လာမှာကို ရခိုင်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ ရက္ခိုင့်တပ်တော် AA ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြေခံစားသောက်ကုန် ရောင်းချတဲ့ ဈေးဆိုင်တွေအနေနဲ့ ကုန်ဈေးနှုန်းတွေကို ပုံမှန်ဈေးထက် ဈေးမြှင့်တင်…

Read More

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေ

  ရန်ကုန်၊နိုဝင်ဘာ ၁၃ – ၂၀၂၃ GG(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တွေမှာ ဒီကနေနိုဝင်ဘာ ၁၃ ရက်မနက်အစောပိုင်းကစပြီး ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြန်လည် စတင်ဖြစ်နေတယ်လို့်သိရပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ရခိုင်ပြည်နယ်ကို ကုန်းလမ်းကြောင်း ရေလမ်းကြောင်းကပါ အဝင်အထွက်ပိတ်လိုက်ပြီဖြစ်သလို နှစ်ဖက်တိုက်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရ ဒေသခံတွေနဲ့သေဆုံးသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘေးလွတ်ရာကိုအရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံအများအပြားလည်း ရှိနေတယ်လို့သိရပါတယ်။ ” ခုဖြစ်နေတာ ရသေ့တောင်ဘက်ကရွာတွေမှာပါ၊မောင်တောနဲ့ ရသေ့တောက်ကြားက မောကိတောလမ်းမပေါ်မှာဖြစ်နေတာပေါ့။ ခုမနက်အစောပိုင်းထဲကဖြစ်နေတာ ။ မောင်တောဘက်ကတော့အခုထိ သိပ်မထူးခြားပေမယ့် မြို့အဝင်အထွက်ပိတ်ထားတယ်၊နောက်ပြီး ရဲစခနိးတွေနဲ့သူတို့ဂိတ်စခန်းတွေရှိတဲ့ဘက်ကို သွားလို့မရတော့ ပိတ်ထားတယ် “လို့ မောင်တောဒေသခံတစ်ဦးကအခြေအနေကိုပြောပြပါတယ်။ ဒီနေ့နိုဝင်ဘာလ ၁၃ရက်နေ့ မနက်အစော ၅ နာရီလောက်မှာ ရသေ့တောက်မြို့နယ်မှာရှိတဲ့ ဒုံးပိုက် နယ်ခြားစောင့်စခန်းနဲ့ ချိန်ခါလီ နယ်ခြားစောင့် စခန်းကို ရက္ခိုင့်တပ်တော် AA က…

Read More

ရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်

    နိုဝင်ဘာ ၁၃ – ၂၀၂၃ SN (VOM) နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေးဟာ အတက်အကျ အနည်းငယ်နဲ့ အလှုပ်အခတ်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ငွေလဲနှုန်းတွေဟာလည်း အတက်ဘက်ကို အနည်းငယ် ရောက်ရှိလာနေသလို စက်သုံးဆီဈေးဟာလည်း မြင့်တက်လို့လာနေပါတယ်။ လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တအောင်စ ၁၉၀၀ ကျော်ဝန်းကျင် ပေါက်ဈေးရှိနေ‌ပေမယ့် ပြည်တွင်းရွှေဈေးကတော့ တပတ်တာအတွင်း အနိမ့်ဆုံး ကျပ် သုံးဆယ့်လေးသိန်းခွဲကနေ အမြင့်ဆုံး ကျပ် သုံးဆယ့်ငါးသိန်းနှစ်သောင်းဝန်းကျင်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ စက်သုံးဆီဈေးကွက် အခြေအနေဟာလည်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း၊ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဈေးကွက်အပေါ် သက်ရောက်မှု ကြီးမားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ ဒါ့ကြောင့် လာမယ့် တပတ်အတွင်း…

Read More