မြေထဲပင်လယ်မှာ ရဟတ်ယာဉ်ပျက်ကျမှု အမေရိကန်တပ်ဖွဲ့ဝင် ငါးယောက်သေဆုံး

    ဝါရှင်တန်၊ နိုဝင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) မြေထဲပင်လယ်အရှေ့ပိုင်းမှာ လေ့ကျင့်မှုအတွင်း ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်ငါးယောက်သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။ ပုံမှန်လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် ရဟတ်ယာဉ်ဟာ လေထဲမှာ ဆီဖြည့်နေစဉ်အတွင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အမေရိကန်ဟာ ဒေသတွင်းမှာ သူ့ရဲ့အင်အားကို တိုးချဲ့လျှက်ရှိပါတယ်။ ရဟတ်ယာဉ်ဟာ ဘယ်နေရာကနေ ပျံသန်းလာပြီး ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ နေရာအသေးစိတ်အချက်အလက်တွေကို အမေရိကန်စစ်တပ်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်ဟာ မြေထဲပင်လယ်အရှေ့ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောနှစ်စင်းအပြင် အခြားစစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေကို လွန်ခဲ့တဲ့လမှာ ရွှေ့ပြောင်းချထားခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ဟာ လက်ဘနွန်ရှိ အင်အားကြီး ဟဇ်ဘိုလာအဖွဲ့ အစ္စရေးဟားမတ်စ်ပဋိပက္ခမှာ ပါဝင်မလာစေရေး တားဆီးဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအဖွဲ့ကို ဟားမတ်စ်တို့ကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ထားတဲ့ အီရန်က ကျောထောက်နောက်ခံပြုထားပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

Voice of Myanmar ၂၀၁၅ ခုနှစ် နို၀င်ဘာ ၁၃ ရက်တွင် အကြမ်းဖက်သမားများသည် ပြင်သစ်နိုင်ငံ ပါရီမြို့နှင့်၀န်းကျင်၌ အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လူ ၁၃၀ ထက်မနည်းသေဆုံးပြီး ၃၅၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

Read More

ဆားလင်းကြီးမြို့နယ်ထဲက ကျားတက်စံပြရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်ခုနှစ်ယောက် ပစ်သတ်ခံရ

  နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ကျားတက်စံပြကျေးရွာမှာ ၊ မနေ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ခုနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ကျားတက်စံပြရွာဆိုတာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်နဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ် ၊ မြိုင်မြို့နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက လူတွေက ကျားတက်ရွာ စံပြဈေးကို အားပြုနေရတယ် ၊ ကျားတက်ဈေးက လူဝင်လူထွက်များပြီး စည်ကားတယ် ၊ အဲ့ဒါကြောင့် ကျားတက် ရဲကင်းစခန်းက တပ်ဖွဲ့ဝင်တွေက လုံခြုံရေး လုပ်ပေးရတယ် ၊…

Read More

မာရှယ်လောအောက်က ရှမ်းမြောက် အခြေအနေ

  နိုဝင်ဘာ-၁၃-၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မူဆယ်၊ နမ့်ခမ်း၊ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ကွမ်းလုံ၊ ကုန်းကြမ်းနဲ့ လောက်ကိုင် မြို့တွေကတော့ စစ်အုပ်ချုပ်ရေးစနစ် မာရှယ်လော ကျင့်သုံးရမယ့် မြို့စာရင်းမှာ ပါဝင်နေပါတယ်။ အခုလို မာရှယ်လော ထုတ်လိုက်တာကြောင့် သွားလာရ ပိုမိုတင်းကြပ် ခက်ခဲလာမှာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပိုကြပ်တည်း လာမှာ အသွားအလာ လည်း ခက်ခဲ သွားမယ်။ မူဆယ်တော့ စာမထုတ်လည်း အစောပိုင်းတည်းက ပြောနေကြတယ်။ ဆိုင်တွေလည်း အစောကြီး ပိတ်ရတယ်။ တနေ့ကလည်း ရွာက မြို့တက်လာတဲ့ ယောက်ျားလေး ၂ ဖမ်းပြီး စစ်ဆေးခံရတယ်။ ပြန်တော့ လွှတ်ပေးပြီ။” လို့ မူဆယ်ဒေသခံ တယောက်က ပြောပါတယ်။ ပန်ဆိုင်း ဘက်ကလည်း မနေ့ည လက်နက်ကြီး သံတွေကြားရပြီး ၁၀၅ မိုင်ဘက်ကလည်း…

Read More

ကသာခရိုင်ထဲက မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  နိုဝင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင်ထဲက မြို့နယ်တွေဖြစ်ကြတဲ့ ထီးချိုင့် ၊ ဗန်းမောက် ၊ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကသာခရိုင်မှာရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” ကသာခရိုင်ဆိုတာ ကချင်ပြည် နယ်နဲ့ ထိစပ်နေတဲ့ မြို့ဖြစ်တယ် ၊ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲမဖြစ်ပေါ်မီကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြားမှာ နေရတယ် ၊ အခုနောက်ပိုင်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထပ်မံပေါ်ပေါက်လာတော့ ကသာမြို့ရဲ့ ကုန်သွယ်မှု အခြေအနေတွေက သိသိသာသာ ကျဆင်းသွားတယ် ၊ အရင်က ကသာခရိုင်ဆိုတာ မြို့နယ် ခုနှစ်ခုနဲ့ ဖွဲ့ထားတယ် ၊ အဲ့ဒီထဲကနေ ကောလင်းခရိုင် ခွဲထွက်တယ် ၊ ကောလင်း…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar   -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ   -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ်   -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၀၀၀၀ ကျပ်   လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။   ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၃ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၀၀ ကျပ် ဝယ်ဈေး – ၃၂၆၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၁၀ ကျပ် ဝယ်ဈေး – ၂၃၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၉ ကျပ် ဝယ်ဈေး – ၆၉၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၈ ကျပ် ဝယ်ဈေး – ၄၄၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၂ ရက်၊ ညနေ ၄ နာရီ Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဗိုလ်တထောင်မြို့နယ် လေးထပ်တိုက် မီးလောင်မှု လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

  နိုဝင်ဘာ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ (၆) ရပ်ကွက်၊ ဘိုကလေးစျေးအနောက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ မနက် ၆ နာရီခွဲ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရုဏာကမ်းလက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်အတွင်း အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး ငါးဦး၊ စုစုပေါင်း ၁၃ ဦး၊ ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “ဒဏ်ရာရတဲ့သူ‌တွေက မီးခိုးလည်းမွှန်သလို ထိခိုက်မှုလေးတွေလည်း ရှိပါတယ်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး သံချောင်းအနည်းငယ်ထိုးဝင်ဒဏ်ရာရလို့ မီးသတ်က ရှာဖွေကယ်ဆယ်ရေးနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး” လို့…

Read More

ထီးချိုင့်နဲ့ ကောလင်းမြို့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံ တသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

  နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နဲ့ ကောလင်းခရိုင် ၊ ကောလင်းမြို့တွေပေါ်မှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ထီးချိုင့်မြို့ခံ တယောက်က ” ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်စပြီး ကားလမ်းတွေပိတ်ထားတယ် ၊ နောက်ပြီး မြို့ပေါ်က လူတွေကို ထွက်ပြေးတိမ်းရှောင်ကြဖို့ သတိပေးတာတွေရှိတယ် ၊ ၉ ရက်နေ့ကစပြီး မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တယ် ၊ လေကြောင်းကနေ ပစ်တာနဲ့ ဗုံးကျဲတယ် ၊ရပ်ကွက်ထဲက တည်းခိုးခန်း တခုပျက်စီးသွားတယ် ၊ သိုက်ကျောင်း ( ဘုန်းကြီးကျောင်း) မှာ ဗုံးကျလို့ သံဃာတပါးနဲ့ အရပ်သားသုံးယောက် သေတယ် ၊…

Read More