ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံတဝန်းမှာ တရားမဝင်အထောက်အထားမဲ့ နေထိုင်သူတွေကို ဖြိုခွင်းမှုအဖြစ် ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြီးခဲ့တဲ့နေ့မှာ တရက်တည်း လူ ၁၀၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနတာဝန်သူတွေက ပြောပါတယ်။ ချီကာဂို၊ နယူးဝါ့ခ်နဲ့ မိုင်ယာမီအပါအဝင် မြို့အများအပြားမှာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အထားမဲ့တွေကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ သမ္မတသစ် ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲကာလမှကတည်းက ကတိပြုခဲ့တာပါ။ ဒီထဲမှာ ပြစ်မှုအမျိုးမျိုး ကျူးလွန်ခဲ့တဲ့ အထောက်အထားမဲ့တွေပါဝင်ပြီး ကြသပတေးနေ့မှာ ၅၃၈ ယောက်၊ သောကြာနေ့မှာ ၅၃၉ ယောက်၊ စနေနေ့မှာ ၂၈၆ ယောက်နဲ့ တနင်္ဂနွေနေ့မှာတော့ ၉၅၆ ယောက်ထိ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်နှစ်ယောက်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ စီရင်မလဲဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားတာမရှိပါဘူး။ ထရန့်ကတော့…
Read Moreစက်သုံးဆီဈေးမြှင့်တက်ပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် အင်းလေးက စက်လှေသမားတွေ အခက်ကြုံ
ZY(VOM) ဇန်နဝါရီ ၂၈၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ အခုဇန်နဝါရီလ၊ နောက်ဆုံးပါတ်အတွင်း စက်သုံးဆီဈေးမြှင့်တက်ပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် စက်လှေသမားတွေ အခက်အခဲ ကြုံတွေ့နေ ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အင်းလေးကန်အတွင်းမှာ ပြေးဆွဲနေတဲ့ စက်လှေသမားတွေဟာ ဒီဇယ်အင်ဂျင်တပ်စက်လှေတပ်ကို မောင်းနှင်ပြေးဆွဲနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ဒုတိယပါတ်အတွင်းက ဒေသတွင်းမှာ ဒီဇင်(ရိုးရိုး)တလီတာကို ၂၉၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပြီး ဝယ်ယူရ အခက်အခဲမရှိသလောက်နည်းပါးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မနေ့ဇန်နဝါရီလ ၂၇ရက်နဲ့ ဒီကနေ့မှာတော့ ဒီဇင်(ရိုးရိုး)တလီတာကို ၃၅၀၀ကျပ်ဝန်းကျင်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၄၃၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိလာနေပြီး ပုံးခွံတွေနဲ့ ဝယ်ယူကြရတဲ့ စက်လှေသမားတွေကို စက်သုံးဆီဆိုင်အချို့က ရောင်းချမပေးတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ “အရင်ကတော့ ပုံးဝါတွေနဲ့ ညောင်ရွှေက ဆီပန်စ့်တွေပေါ်မှာ သွားဝယ်တာ အဆင်ပြေတယ်။ ဒီလိုပဲ အမြဲတမ်း ဝယ်လာတာ။ အခုက…
Read Moreမြန်မာစာပေလောကရဲ့ ပညာရှင် စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
ဇန်နဝါရီ ၂၈ – ၂ဝ၂၅ KKO(VOM) မြန်မာစာပေပညာရှိအဖြစ် ထင်ရှားကျော် ကြားတဲ့ မြန်မာစာပေ လောကမှာ ထင်ရှားတဲ့ ပညာရှင်စာရေးဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ဟာ ဇန်နဝါရီ ၂၇ ရက်၊ ညသန်းခေါင်ယံကျော် ၁၂ နာရီခွဲအချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ဆရာကြီးရဲ့ကျန်ရစ်သူ မိသားစုဝင်တွေက အသိပေးပြောကြားထားပါတယ်။ မြန်မာစာပေပညာရှင် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို သမီးဖြစ်သူ မသူသူနွယ်အေးက ပြောပါတယ်။ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ အငြိမ်းစား မြန်မာစာပါမောက္ခ တယောက်ဖြစ်သလို မြန်မာစာပေ လောကရဲ့ထင်ရှားတဲ့ စာရေး ဆရာကြီး တယောက်ဖြစ်ပါတယ်။ ဆရာကြီးရဲ့အမည်အရင်းမှာ ဒေါက်တာခင်အေးဖြစ်ပြီး ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)က်ို ၂.၁.၁၉၄၂ ခုနှစ်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ဓနုဖြူမြို့နယ်အတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ယနေ့ကွယ်လွန်ချိန်မှာတော့ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)ဟာ အသက် (၈၃)နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ်သက်လို့အမျိုးသားစာပေ တသက်တာဆုရ…
Read MoreTikTok ကိုဝယ်ယူဖို့ မိုက်ခရိုဆော့ဖ် ဆွေးနွေးနေ
ဝါရှင်တန်၊ ဇန်နဝါရီ-၂၈-၂၀၂၅ ရတီ(VOM) TikTok ကို ဝယ်ယူဖို့ မိုက်ခရိုဆော့ဖ်ဟာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအက်ပလီကေးရှင်းကို ဝယ်ယူရေးမှာ အပြိုင်အဆိုင်တွေ မြင်လိုတယ်လို့ ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီအများအပြားဟာ TikTok ကိုဝယ်ယူဖို့ အလွန်စိတ်ဝင်စားနေကြတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်အာဏာပိုင်တွေဟာ အမေရိကန်မှာရှိတဲ့ TikTok ရဲ့ လုပ်ငန်းတွေကို ရောင်းချဖို့ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီကို ဖိအားတွေ ပေးနေခဲ့ပါတယ်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာတော့ ဒီအက်ပလီကေးရှင်းကို ရောင်းချဖို့ သို့မဟုတ် အမေရိကန်မှာ ပိတ်ပင်ဖို့ တားမြစ်ခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်တက်လာချိန်မှာတော့ ဒီတားမြစ်ချက်ကို အချိန် ၇၅ ရက်တိုးပေးခဲ့ပါတယ်။ TikTok ကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး ကုမ္ပဏီအများအပြားဟာ ဆွေးနွေးနေကြပြီး လာမယ့် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရန့်က…
Read Moreကျွန်းစုနဲ့ တနင်္သာရီအစပ်မှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံထောင်ချီ တိမ်းရှောင်
ဇန်နဝါရီ ၂၈ – ၂၀၂၅ SN (VOM) တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်မှာ စစ်ရေးအခြေအနေ တင်းမာလာတဲ့အတွက် ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ မနေ့ ဇန်နဝါရီ ၂၇ ရက်၊ မနက်ပိုင်းမှစတင်ကာ နစက က ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အောက်ပြင်ဝန်းရွာ၊ ပြင်ဝန်းအနောက်ရွာ၊ ဝါရစ်ရွာ၊ မွေးရှောင်ရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်နေတာဖြစ်ပါတယ်။ “နစက က မနေ့ မနက်ကစပြီး ပြင်ဝန်း အနောက်ကျေးရွာကနေမှ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာ။ လက်ရှိကတော့ ရွာအနီးဝန်းကျင်တွေမှာ တပ်စွဲထားကြတယ်။ ဒေသခံတွေကတော့ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်ပြီး အကုန်လုံးနီးပါး ရှောင်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာ…
Read Moreစစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို ပုန်ကန်မှုနဲ့ တရားဝင် စွဲချက်တင်
ဆိုးလ်၊ ဇန်နဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ပုန်ကန်မှုနဲ့တရားစွဲဝင် စွဲချက်တင်လိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် မကြုံစဖူးနိုင်ငံရေး အကျပ်အတည်းဖြစ်ပွားပြီးနောက် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံးသော တောင်ကိုရီးယားရဲ့ ရာထူးရှိနေဆဲ သမ္မတဖြစ်လာပါတယ်။ သမ္မတကို ဆက်လက်ထိန်းသိမ်းထားဖို့ တောင်းဆိုချက်ကို ဆိုးလ်တရားရုံးကပယ်ချပြီးနောက် အခုလို တရားစွဲဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပုန်ကန်မှုခေါင်းဆောင်ရဲ့ ပြစ်ဒဏ်က ခုနောက်ဆုံးတော့ စတင်ပြီလို့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဟန်မင်ဆူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သီးခြားအနေနဲ့ ယွန်းဆွတ်ခ်ယိုကို သမ္မတရာထူးတာဝန်ကို ပြန်လည်အပ်နှင်းမလား ရာထူးကနေ ထုတ်ပယ်မလားဆိုတာကို စတင်ကြားနာမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတယွန်းကတော့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားပါတယ်။ သူ့ကို ကာကွယ်ရေးဝန်ကြီးဟောင်း၊ အကြီးတန်းစစ်ဦးစီချုပ်တွေနဲ့အတူ တရားရုံးတင်စစ်ဆေးဖို့ စီစဉ်နေပြီး သူတို့တွေဟာ ပူးပေါင်းအာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်လို့…
Read Moreကလောမှာ ညဈေး ဆိုင်ခန်းတခန်းကို တရက် ၁၀၀၀ ကျပ်နဲ့ ငှားပေးမယ်
ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ညဈေးဖွင့်လှစ်ရောင်းချခွင့်ပြု သွားမှာဖြစ်သလို ဈေးရောင်းချလိုတဲ့ ဒေသခံတွေကို ဆိုင်ခန်းတခန်း ငှားရမ်းခအဖြစ် တရက်၁၀၀၀ ကျပ်နဲ့ ငှားပေးရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ ကလောမြို့နယ်စည်ပင်သာယာရေးဌာနထံကနေ သိရပါတယ်။ ကလောမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မောမြေဦးပန်းခြံအတွင်းရှိ မီးရှော်တိုင်ကွင်းနေရာမှာ အလျား ၂၀၊ အနံ ၁၀ပေရှိ ဖြုတ်/တပ်သံဖရိုင်တဲတွေနဲ့ ညဈေးတန်းဆိုင်ခန်းတွေကို ယာယီအငှားချထားပေးမှာဖြစ်တဲ့ အတွက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးနှင့် သားသတ်ဌာနစိတ်ထံ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ကလောမှာလက်ရှိအမှန်တကယ်နေထိုင်တဲ့သူတွေကိုပဲ ရောင်းချခွင့်ပြုမှာပါ။ ငှားချသူတွေအနေနဲ့ လကုန်အထိ လျှောက်ထားလို့ရပါပြီ။ အစားအသောက်တွေကို ကိုယ်တိုင်ရောင်းချရမှာပါ။ ဆိုင်ခန်းပြန်ငှားစားလို့ မရပါဘူး။ ငှားစားရင်တော့ အရေးယူမှာပါ”လို့ စည်ပင်သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အဲဒီညဈေးကို ညနေ ၃နာရီကနေ ည ၉နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုသာ ရောင်းချရမှာဖြစ်သလို ဆိုင်ခန်းနေရာနဲ့ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊…
Read Moreပို့ကုန် သွင်းကုန်တွေအပေါ် အခွန်ကောက်ခံတဲ့ငွေလဲနူန်းကို ယခင်အတိုင်းတဒေါ်လာ ၂၁၀၀နဲ့ တွက်ချက်ကောက်ခံပြန်
ဇန်နဝါရီ ၂၇ – ၂၀၂၅ GG (VOM) ပို့ကုန် သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတဲ့နူန်းကို Market Trading Rate တဒေါ်လာ ကျပ် ၃၅၈၆ ဝန်းကျင်နဲ့တွက်ပြီးကောက်ခံနေခြင်းအစား အရင်ကကောက်ခံတဲ့နူန်းအတိုင်း ၂၁၀၀ ကျပ်နဲ့သာတွက်ချက်ပြီး ပြန်လည်ကောက်ခံနေပြီဖြစ်ကြောင်း ကုန်သည်တွေဆီကသိရပါတယ်။ အခွန်ကောက်ခံခြင်းအတွက ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ချက်ကောက်ခံမှုက သွင်းကုန်လုပ်ငန်းရင်တွေနဲ့ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေတာကြောင့် အကောက်ခွန်ဦးစီးဌာနက ပြန်လည်ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အခုလိုအခွန်ကောက်ခံတဲ့ ငွေလဲနူန်းကိုအရင်ကအတိုင်းပြောင်းလဲလိုက်တော့ အသက်ရှုချောင်သွားတာပေါ့။ ပို့ကုန်သမားတွေကိုပဲမြေဩဇာဘာညာပြန်သွင်းခွင့်ပြုထားတာလေ။အခွန်ကောက်တဲ့ငွေလဲနူန်းပြောင်းတော့ ပေးရတဲ့အခွန်က ပိုများသွားတော့လုပ်ငန်းရှင်တွေ အဆင်မပြေကြဘူးပေါ့။ဒါကြောင့်ခုလိုပြန်ပြောင်းလိုက်တယ်လို့ထင်ပါတယ်။ခုလိုပြန်ပြောင်းပေးလိုက်တော့ လုပ်ငန်းတွေပြန်သွက်လာမယ့်အခြေအနေရှိပါတယ်။” လို့ ပို့ကုန်လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။ ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ပြီး အခွန် ပြောင်းလဲကောက်ခံခြင်းကို လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကမှစ ပြီးပြောင်းလဲကောက်ခံခဲ့တာဖြစ်ပါတယ်။ အခွန် ငွေလဲနူန်း ပြောင်းလဲကောက်ခံပြီး ၂၅ ရက်အကြာမှာတော့အရင်ကောက်ခံခဲ့တဲ့ ၂၁၀၀ ကျပ်နူန်းနဲ့သာပြန်လည်တွက်ချက်ကောက်ခံနေတာဖြစ်တယ်လို့သိရပါတယ်။ ပြောင်းလဲကောက်ခံတဲ့…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဇန်နဝါရီ ၂၇ – ၂၀၂၅ SN (VOM) ဒီတပတ်မှာတော့ ပြည်တွင်း ရွှေဈေး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာဈေးကတော့ အတက်ဘက်မှာသာ ရှိနေဆဲဖြစ်ပါတယ်။ အလားတူ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီဈေးတွေအားလုံး ပြန်တက်နေပါတယ်။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၅ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၂၅ ရက်၊ ညနေပိုင်းကစလို့ အနည်းငယ် ပြန်ကျနေပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့တပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။d တပတ်တာအတွင်း အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ကျပ် ခြောက်ဆယ့်ငါးသိန်း…
Read Moreမြင်းခြံ၊ နွားထိုးကြီးနဲ့ ဆိပ်ဖြူမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် လူအယောက် ၂၀ ကျော် သေဆုံး
ဇန်နဝါရီ ၂၇ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်နဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူအယောက် ၂၀ ကျော်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာမှာ မနေ့ မနက် ၈ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် ၁၉ ယောက် ဝန်းကျင် သေဆုံးကာ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှုက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းပေါ်ကျတာ။ စာသင်ကျောင်းက ရွာအဝင်ကားလမ်းဘေးမှာ ရှိတာ။ ရွာနဲ့လည်း နီးတယ်။ လက်ရှိ စာရင်းအရတော့ သေဆုံး အယောက် ၂၀ နီးပါးပေါ့။ ဆေးကုသနေရင်း သေဆုံးတာတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း…
Read More