တနှစ်ကျော်ကြာ ခရီးသွားမရှိခဲ့တဲ့ ဟိုက်ပါရေတံခွန်နဲ့ မိုင်းရှူးတိမ်ပင်လယ်တို့ ပြန်လည်စည်ကားလာ

ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့ရှိ မိုင်းရှူးတိမ်ပင်လယ်နဲ့ ဟိုက်ပါရေတံခွန်တို့မှာ အခု ဇန်နဝါရီလ၊ တတိယပါတ်မှာစတင်ပြီး လာရောက်လည်ပါတ်ကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြန်လည်စည်ကား လာနေပြီဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီအစပိုင်းကစတင်ပြီး ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးခဲ့ရာကနေ အခုအခါမှာတော့ ရပ်ဝေးရပ်နီးက လာရောက် လည်ပါတ်သူတွေ တဖြည်းဖြည်းနဲ့ စည်ကားလာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ “နစကနဲ့ PNLOတို့ မနှစ်က တိုက်ပွဲစဖြစ်တော့ ခရီးသွားတွေက မရှိသလောက်ကို နည်းသွားတာ။ အခုတော့ ပြန်ဝင်လာကြပြီ။ ဒီဇင်ဘာမှာကတည်းက နည်းနည်းစဝင်လာတာ။ ပြီးခဲ့တဲ့တပါတ်ကနေစပြီးတော့ တော်တော်လေးပြန်စည်နေပြီ။ ခရီးသွားဧည့်သည်တွေ ပြန်ဝင်လာတော့ ဒေသခံတွေအတွက် အလုပ်အကိုင်၊ ဝင်ငွေတွေ အဆင်ပြေလာတာပေါ့”လို့ မြို့မမြို့ဖတယောက်က VOMကို ပြောပါတယ်။ မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်မှာ အလှဆုံးရေတံခွန်ဖြစ်တာကြောင့် အရင်က ပြည်တွင်းသာမက…

Read More

နှစ်ဖက်တပ်​​တွေ မဆုတ်ခွာတာကြောင့် လက်ဘနွန် အပစ်ရပ်ရေး ဖော်ဝါရီလလယ်ထိ သက်တမ်းတိုး

တဲလ်အဗစ်၊ ဇန်နဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား မနေ့ကသက်တမ်းကုန်ဆုံးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလလယ်ထိ သက်တမ်းတိုးခဲ့တယ်လို့ အမေရိကန်နဲ့ လက်ဘနွန်အစိုးရက ပြောပါတယ်။ လက်ဘနွန်အစိုးရဟာ ဟဇ်ဘိုလာတွေကို ဖယ်ရှားဖို့လိုတဲ့နေရာတွေကနေ ရုပ်သိမ်းဖို့ သဘောတူညီချက် တစိတ်တပိုင်းကို အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဘူးလို့ အစ္စရေးက စွပ်စွဲထားပြီး သတ်မှတ်ရက် ကျော်လွန်တဲ့ အစ္စရေးတပ်တွေကို ချထားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဖေဖော်ဝါရီ ၁၈ ရက်ထိ အကြုံးဝင်မယ်လို့ လက်ဘနွန်ဝန်ကြီးချုပ်က ပြောပါတယ်။ နိုဝင်ဘာနှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ကနဦးအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ၁၄ လကြာ ပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုအရ ရရှိခဲ့တဲ့ သဘောတူညီချက်မှာတော့ လက်ဘနွန်တောင်ပိုင်းကနေ ဟဇ်ဘိုလာတွေ တည်ရှိနေတာကို ရုပ်သိမ်းဖို့နဲ့ အစ္စရေးတပ်တွေလည်း အလားတူ လုပ်ဆောင်ဖို့ ရက် ၆၀ အချိန်ပေးထားပေမယ့် အပြီးသတ်အထမမြောက်သေးပါဘူး။ သဘောတူညီချက်ကို…

Read More

မန္တလေးကျုံးနဲ့ တမိုင်ပတ်လည် အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ယာယီဆိုင်းငံ့

ဇန်နဝါရီ ၂၇၊ ၂၀၂၅ Voice Of Myanmar မန္တလေး နန်းမြို့ကျုံးနဲ့ တမိုင်ပတ်လည်မှာရှိတဲ့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက နေရာတချို့မှာ အထပ်မြင့်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက ယာယီဆိုင်းငံ့ထားတာကြောင့် ဆောက်လုပ်ခွင့်တင်သူတွေ ခွင့်ပြုမိန့်မကျဘူးလို့ လျှောက်ထားသူတွေဆီက သိရပါတယ်။ ” ကျနော်မြေဝယ်တာ တသောင်းခွဲ တိုက်ဆောက်ဖို့ သိန်းတသောင်းခွဲတန်မြေဝယ်ထားတာဗျာ ၊ပါတဲ့အိမ်က နေမဖြစ်လို့ အသစ်ဆောက်မလို့ဟာ ဒီတားမြစ်ချက်ကြောင့် အခက်တွေ့နေတယ်။ တထပ်ပဲ ဆောက်ခွင့် ပေးတယ်တဲ့။ အိမ်ခြံေမြ အရောင်းအဝယ်ပါ အလုပ်မဖြစ်တော့ဘူး” လို့ အိမ်ဆောက်မယ့်သူ တယောက်က ပြောပါတယ်။ ဘာ့ကြောင့် ခုလိုတားမြစ်သလဲ ဆိုတာ သက်ဆိုင်ရာကိုပြန်မေးတော့လည်း လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့ မတင်မကျပြောတယ်လို့ဆိုပါတယ်။ ဒီတားမြစ်ချက်ကြောင့် အိမ်ဆောက်မယ့်သူနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကြားလည်း ပြဿနာတချို့ရှိပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ဆက်ဝယ်ရမလား ရပ်ထားရမလား ဝေခွဲမရဖြစ်နေတဲ့သူရှိသလို တချို့ရပ်ထားကြရတယ်လို့ သိရပါတယ်။ ဆောက်လုပ်ခွင့်ပေးတဲ့ သက်ဆိုင်ရာဌာနတွေကို VOM…

Read More

ကျောက်မဲမှာ လေကြောင်းတိုက်ခိုက်ခံရပြန်လို့ တယောက်သေ နှစ်ယောက်ဒဏ်ရာပြင်းထန်

ဇန်နဝါရီ ၂၇ – ၂၀၂၅ GG (VOM) TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ဒီနေ့ဇန်နဝါရီ၂၇ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး တယောက်သေကာ နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးတလုံးကြဲချတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ဗုံးက ကျောက်မဲမြို့ ရပ်ကွက် ၂ ကံ့ကော်လမ်းထဲကိုကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေအပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “၂ နာရီ ၁၅ မိနစ်လောက်မှာလေယာဥ်နဲ့ဗုံးကြဲသွားတာပါ။ ဗုံးကကျောက်မဲ ​မေတ္တာမွန်ခန်းမ​​ဘေးလမ်း၊ဒန်း​လေ့ာ​လေထိုးကျွတ်ဖာ​ဘေးကျတယ်။အိမ်နီကြီးပေါ်လဲကျတယ်။ မြမာလာတည်းခိုခန်း အိမ်​ခေါင်မိုး​​တွေပွင့်ကုန်တယ်။ အနီးနားအိမ်အကုန်ထိတယ်။ ည​စျေးခင်းတဲ့သူ​တွေ လူစည်ကား ဝရုန်းသုန်း​ကားပြေးရတယ်။ သေတဲ့အမျိုးသားက ခေါင်းတခြားကိုယ်တခြားပါ။” လို့ ဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူက အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကအမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။ ကျောက်မဲမြို့လေကြောင်းတိုက်ခံရမှုမှန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကို ထပ်မံဖော်ပြမယ်ဆိုပြီး TNLA ကတော့သတင်းထုတ်ထားပါတယ်။ နစက ဘက်ကတော့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့သတင်းထုတ်ပြန်မှုမတွေ့ရှိရသေးပါဘူး။…

Read More

VOM အယ်ဒီတာမှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများသိရှိစေရန်

ပြည်သူအသံကဏ္ဍ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ပန်ဟတ်ကျေးရွာ ရှိ အထက မိုင်းကိုး ကျောင်းအုပ်ကြီးဒေါ်လှလှမိုးသည် ပညာရေးဋ္ဌာနမှခွင့်ပြုထားခြင်းမရှိသော ငွေကြေးကောက်ခံမှုကို ရေကြေးမီးကြေးဟုခေါင်းစဥ်တပ်ကာ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ထံမှ တစ်ဦးလျှင် ၁၀ ဘတ် ( မြန်မာငွေ ၁၃၀၀ ကျပ် ) ကို လစဥ်ကောက်ခံနေပါသည်။ ရေစက်ပျက်လျှင်လည်း ကလေးများထံကောက်ခံပြီးဝယ်ပါသည်။ ကလေးများထံမှငွေကြေးများလစဥ်ကောက်ခံနေသော်လည်း ကျားသုံးအိမ်သာများမှာ သုံး၍မရအောင်စုတ်ပြတ်နေပြီး ပြုပြင်ခြင်းမရှိပဲ ကလေးများ၏ကျန်းမာရေးနှင့် အရှက်တရားကိုလျစ်လျူရှုထားပြီး ၄င်းငွေရရှိရေးကိုသာရှေးရှုဆောင်ရွက်နေပါသည်။ ထို့ကြောင့် ကျွန်မတို့ အထက မိုင်းကိုးရှိ ကျောင်းသူကျောင်းသားများသည် အခမဲ့ပညာရေးစနစ်တွင် တာချီလိတ်မြို့ပေါ်ရှိ အခြားကျောင်းများမှ ကလေးများနည်းတူ တန်းတူအခွင့်အရေးရရှိပြီး စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကလေးများ အားမငဲ့ကွက်ပဲ ၄င်းရရှိရေးကိုသာ အမြဲလုံးပမ်းနေသော ကျောင်းအုပ်အား ထိရောက်စွာစစ်ဆေးအရေးယူပေးပါရန် Voice of Myanmar မှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများအား တင်ပြလိုက်ရပါသည်။…

Read More

စစ်မှုထမ်းကိစ္စနဲ့ ဖွဲ့စည်းပုံကိစ္စ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး သတင်းစာရှင်းလင်းပွဲလုပ်

ဇန်နဝါရီ ၂၆ -၂၀၂၅ KKO(VOM) ယခုပြည်သူလူထုတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ပြည်သူ့စစ်မှုထမ်းကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေက နစက ရဲ့ NSPNC နဲ့ တင်ပြဆွေးနွေးခဲ့တာမျိုးမရှိဘူးလို့ နိုင်ငံရေးပါတီအစုအဖွဲ့ တွေရဲ့ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး က ငြင်းဆို ပြောကြား လိုက်ပါတယ်။ နစကရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲရလဒ် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီနေ့ ဇန်နဝါရီ ၂၆ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)ရုံးမှာ ပြုလုပ်ခဲ့စဉ်မှာ ဦးကိုကိုကြီးက အခုလိုထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ “ပြည်သူတွေအတွက်ဝမ်းသာအားရ သတင်းကောင်းတွေကိုသယ်ဆောင်လာတဲ့ အချိန်မှာ မမျှော်လင့်ဘဲနဲ့ ပြည်ပသတင်းဌာနတွေက ခေါင်းကြီးတင်လိုက်တဲ့သတင်းဟာကျွန်တော်တို့ ဆွေးနွေးပွဲရလဒ်တခုလုံးရဲ့ ပုံရိပ်ကိုပျက်သွားစေပါတယ်။စိတ်မကောင်းစရာပါ။အလုပ်သဘောဆွေးနွေးတယ်။ ဆွေးနွေးမယ့်သဘောတူညီချက်တွေကိုလည်းကြိုပြီးတော့တောင်းခံတယ်။ဆွေးနွေးရရှိတဲ့ သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးတယ်။အခုဟာတွေက ကျွန်တော်တို့ရဲ့ သဘောတူညီချက်ထဲမှာ မပါပါဘူး။နောက်တခုက အလုပ်အဖွဲ့ ကိုယ်စားပြုပြီး ပြောဆိုခြင်းလည်းမရှိပါဘူး။ဒါကနိုင်ငံရေးပါတီအစုအဖွဲ့နဲ့…

Read More

နွားနိုဟင်းမလိုင် နှင့် နို့ထမင်း

    ဆူးငှက် “စောစောအိပ်လို့၊ စောစောထလို့… စောစောလမ်း လျှောက်ကြပါစို့။ တင်းတောင်… တင်းတောင်…” “ခန္ဓာသန်စွမ်းစေဖို့၊ စိတ်နှလုံးရွှင်ပြုံးစေဖို့၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ရွှင်ဖို့၊ ကျန်းမာစေဖို့…၊ စောစောအိပ် လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့…။ တင်းတောင်…၊ တင်းတောင်…။”   မနက်စောစော… လေးနာရီလောက် နှိုးစက်ပေးပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်ကြတယ်။ ဒါက လည်း ၁၂ ရာသီပတ်လုံး မဟုတ်ပါဘူး။ တန်ဆောင်းမုန်းလပြည့် ကျော်၊ ဒါမှမဟုတ် နိုဝင်ဘာလထဲရောက်ရင် မန္တလေးမှာ အအေး ဓာတ်ကဲစပြုပြီလေ။ ဒီတော့ “မနက်လင်းရင် ကျုံးဘေး လမ်း လျောက်ကြရအောင်”ဆိုတာ အချင်းချင်းကြား နှစ်တိုင်း ဒီရာသီ ရောက်ရင်ပြောလေ့ရှိတဲ့စကားဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ်စီ၊ ကိုယ်စီ နှိုးစက်အကူအညီနဲ့ အိပ်ရာကထကြပြီပေါ့။ ညဈေးတန်း က ဝယ်ထားတဲ့ ကင်းဗတ်ရှုးဖိနပ်နဲ့ ခြေအိတ်နဲ့၊ ဖလန်ထည် ဘောင်းဘီနဲ့…

Read More

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အမှုတခု ထောင်သုံးနှစ် စတင်ချခံရ

ဇန်နဝါရီ ၂၆ – ၂၀၂‌၅ GG (VOM) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှာ ဇန်နဝါရီ ၉ ရက်ကတည်းက ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးကနေ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်စီးစေမှုနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးပြီး သုံးလအကြာမှာ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ “ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ကျခံစေရန်အမိန့်ချမှတ်ခဲ့ပါတယ်ခင်ဗျာ။”လို့ လုံခြုံရေးအဖွဲ့နဲ့ဆက်နွယ်သူ​ကပြောပါတယ်။ နစက ဘက်ကတော့ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှာ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင်လှုံ့ဆော်တာကြောင့် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၂၃ ရက်မှာဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရယန္တရားပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့ ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမယ့် ပြုလုပ်မှုတွေ ပြုလုပ်ခြင်း၊…

Read More

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ RCSS/SSAတို့ ပူးပေါင်းကျင်းပမယ်

ZY(VOM) ဇန်နဝါရီ ၂၅၊ ၂၀၂၅ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ကို ရှမ်းလူထုနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ ပူးပေါင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ ၂ရက်ကြာ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ လာမယ့် ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် ပွဲတော်အခမ်းအနားကို မိုင်းပန်မြို့နယ်၊ နားဆာလဲ‌ကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းမှာ ဖေဖော်ဝါရီလ ၇ရက်ကနေ ၈ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ “၆ရက်နေ့ကတော့ ဧည့်သည်တော်တွေကို ကြိုဆိုတာတွေ လုပ်မယ်၊ ပွဲတော့ မစသေးဘူးပေါ့။ ၇ရက်နေ့ မနက် ၈နာရီမှာ အခမ်းအနားစမယ်၊ ည ၆နာရီကျရင် ထမင်းလက်ဆုံစားပွဲလုပ်မှာ ဖြစ်ပါတယ်။ ၈ရက်နေ့ ညနေ ၆နာရီကြရင်တော့ ဖျော်ဖြေပွဲလုပ်မှာပါ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ပွဲတော်တက်ရောက်ဖို့ နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်းဖိတ်ကြားထားသလို တောင်ကြီးအခြေစိုက်(ရပခ)၊…

Read More

ကျောက်မဲမှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့နေရာတွေ TNLAက သွားရောက်ခွင့်မပြုသေး၊ လူအများအပြားထိခိုက်တယ်လို့သိရ

ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V VOM တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူအများအပြားထိခိုက်ကာ သေဆုံးသူတွေ ရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဆေးရုံမှာ ကျတာ။ အရင် သားဖွားမီးယပ်ဆောင်နေရာ လေယာဉ်‌ဗုံး‌ေကြာင့် ၂ ယောက် သေဆုံးပြီး လူ အယောက် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိထားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ “နေ့လယ် ၁ နာရီခွဲခန့်က ကျောက်မဲ ပြည်သူ့ဆေးရုံပေါ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာ။ ဆေးကုသပေးနေတဲ့ CDM ဆရာမနဲ့ တခြားသူတွေ…

Read More