နစက ဥက္ကဌ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်‌ပေးခဲ့တဲ့ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်

ဇန်နဝါရီ ၂၆ – ၂ဝ၂၅ KKO(VOM) မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်၊ညနေ ၄ နာရီခွဲ အချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပြီး ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို မြွေနှစ် “ပျော်စရာ” ဆိုတဲ့ တရုတ်ရိုးရာနှစ်ကူး အထိမ်းအမှတ်အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတွေက တရုတ်ရိုးရာ အကအလှ အထိမ်းအမှတ်တွေနဲ့ စည် ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတာပါ။ တရုတ်ရိုးရာ နှစ်ကူးအခမ်းအနားကို နစက အစိုးရအဖွဲ့ရဲ့ထိပ်တန်း တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms.Ma Jia နဲ့ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေ အများအပြား လည်းတက်ရောက်ခဲ့ကြပါတယ်။ ဒါအပြင် အခမ်းအနားမှာ…

Read More

လာမယ့် မတ်လအတွင်းမှာ လွိုင်ကော်မြို့က တက္ကသိုလ်တွေ ပြန်ဖွင့်မယ်

ZY(VOM) ဇန်နဝါရီ ၂၅၊ ၂၀၂၅ ကယားပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ကယားပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်တွေ သိပ္ပံကျောင်းတွေကို မတ်လမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် ဆောင်ရွက်မှုတွေကို အမြန်ဆုံးလုပ်ဆောင်နေပြီး စာသင်ဆောင်တွေ၊ အိပ်ဆောင်တွေ၊ စားရိပ်သာတွေနဲ့ ဆရာဆရာမဝန်ထမ်းအိမ်ရာတွေကို လိုအပ်တာတွေကို အမြန်ဆုံးပြုပြင်နေတယ်လို့ သိရပါတယ်။ ကနဦးအနေနဲ့ ပညာရေး ဒီဂရီကောလိပ်ကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လွိုင်ကော်တက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ကျန်တဲ့ ကောလိပ်အပါအဝင် ကျောင်းအားလုံးကို ဖွင့်လှစ်နိုင်ဖို့ နစကက စီစဉ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “မတ်လအတွင်းမှာ မဖြစ်ဖြစ်အောင် ဖွင့်ရမှာဖြစ်လို့ အခုက ပြင်ဆင်မှုတွေ လုပ်နေတာ၊ ပြင်ဆင်မှုတွေကတော့ ပြီးခါနီးနေပြီ။ လုံခြုံရေး၊ ကျောင်းယန္တရားတွေ လည်ပတ်နိုင်ဖို့အတွက် စီစဉ်တာတွေပဲ…

Read More

အပစ်ရပ်ရေး သဘောတူညီချက် ဟားမတ်စ်တို့ ချိုးဖောက်တယ်ဆိုကာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစ္စရေးတားမြစ်

တဲလ်အဗစ်၊ ဇန်နဝါရီ-၂၆-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ဟာမတ်စတ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးအမျိုးသမီးစစ်သည် လေးယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ခြောက်ပတ်အတွင်း ဟားမတ်စ်တို့က အစ္စရေးဓါးစာခံ ၃၃ ယောက်ကို အဆင့်လိုက်လွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ လက်ရှိလွှတ်ပေးတဲ့အထဲမှာ အမျိုးသမီးစစ်သည်လေးယောက်ပါဝင်ပေမယ့် အရပ်သားဓါးစာခံ အာဘယ်လ်ရီဟတ်ဒ်ကို လွှတ်မပေးတာဟာ သဘောတူညီချက်ကို ချိုးဖောက်တာလို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ဟားမတ်စ်တို့တော့ သူမကို အသက်ရှင်လျက်နဲ့ လာမယ့်သီတင်းပတ်မှာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ အရပ်သားတွေကို အရင်ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ အာဘယ်လ်ရီဟတ်ဒ် ပြန်မလွတ်မချင်း ဂါဇာမြောက်ပိုင်းကို ဒုက္ခသည်တွေ နေရပ်ပြန်ခွင့်မပြုဘူးလို့ အစ္စရေးအစိုးရက ပြောပါတယ်။ မနေ့ကညနေပိုင်းကတော့ အယ်လ်ရာရှိဒ်လမ်းတလျှောက်မှာ ပါလက်စတိုင်းဒုက္ခသည်တွေ စုဝေးနေကြချိန်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်မှုပြုတဲ့…

Read More

မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ မြောက်ကိုရီးယားစမ်းသပ်ပြန်

ပြုံးယမ်း၊ ဇန်နဝါရီ-၂၆-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဒါဟာ အရေးကြီးတဲ့ လက်နက်စမ်းသပ်မှုဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။ ရေအောက်ကနေ မြေပြင်ပစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၅၀၀ ထိခရီးရောက်ခဲ့ပြီး ပစ်မှတ်တွေကို မထိမှန်ခင် ၇၅၀၇ စက္ကန့်နဲ့ ၇၅၁၁ စက္ကန့် ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ထိပါးနေသရွေ့ ပြင်းထန်စွာတုံ့ပြန်သွားမယ်လို့လည်း နိုင်ငံပိုင် သတင်းဌာနက သီးခြားထုတ်ပြန်ထားပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ဒေသတွင်း တင်းမာမှုတွေကို ကြီးထွားလာစေတယ်လို့ စွပ်စွဲထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာ ကင်ဂျုံအန်နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတသက်တမ်းအတွင်းမှာလည်း ကင်ဂျုံအန်နဲ့ ထပ်မံဆက်သွယ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားပါတယ်။…

Read More

လူ ၁၅ ယောက်စီးနင်းနိုင်တဲ့ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ် ရှမ်းပြည်နယ်မှာ ပြေးဆွဲပေးနေ

Ms(VOM) ဇန်နဝါရီ ၂၆-၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ရေမြေတောတောင် သဘာဝ ရှုခင်းများ ကြည့်ရှုခံစားနိုင်ရန်အတွက် ခရီးသည် (၁၅)ဦး လိုက်ပါစီးနင်းနိုင်တဲ့ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ်ကို ယခုလကစတင်ကာမြန်မာ့မီးရထား ကပြေးဆွဲပေးနေကြောင်းသိရပါတယ်။ အဆိုပါ Tour Train (RGC) ရထားစင်းလုံးငှား ခရီးစဉ် ကို ဇန်နဝါရီ ၂၄ ရက် ကစတင်ပြေးဆွဲတာဖြစ်ပြီးခရီးစဉ်အဖြစ် အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်) ခရီးစဉ်များကို ပြေးဆွဲပေးနေတာလို့ဆိုပါတယ်။ ” အရင်က တော့ ဂုတ်ထိပ်တံတားနဲ့ကလောဘူတာအနီးပတ်ဝန်းကျင်အထိတွေကို ရထားပြေးပေးနေတာရှိပေမယ့်။အခုလိုသီးသန့်စင်းလုံးငှားခရီးကတော့ခုမှစတာပါ။နိုင်ငံခြားသားခရီးသွားလာသူတွေကိုရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းက ရေမြေတောတောင်သဘာဝရှုခင်းတွေ၊ ဒေသန္တရဗဟုသုတ တွေရရှိစေဖို့ရည်ရွယ်ပြေးဆွဲပေးတာလည်းဖြစ်ပါတယ်”လို့ မြန်မာ့မီးရထားကတာဝန်ရှိသူကတယောက်ကပြောပါတယ်။ ယင်း Tour Train (RGC) ရထားစင်းလုံးငှားခရီးစဉ်တခုအတွက်ကို (အသွား-အပြန်) ကျပ် ၁၂၀၀၀၀ နှုန်းဖြင့် စိတ်ပါဝင်စားတဲ့ မည်သူမဆို ငှားရမ်းစီးနင်းနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ နောက်ထပ် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့…

Read More

သီပေါမှာ လက်ပစ်ဗုံးယူလာပြီး ကိုင်ကြည့်ရာကနေ ပေါက်ကွဲလို့ နှစ်ယောက်သေ

ဇန်နဝါရီ ၂၆ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ မပေါက်ကွဲသေးတဲ့ဗုံးကို နေအိမ်ကိုယူလာရာကနေ ပေါက်ကွဲပြီး အမျိုးသားနှစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ “မနေ့ကမနက်(၉)နာရီလောက်မှာ ဖြစ်တာပါ။လမ်းမှာတွေ့တဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းကို ယူလာပြီး ကိုင်ရာကနေ ပေါက်ကွဲပြီးရွာသားနှစ်ယောက် သေဆုံးခဲ့တယ်။ လက်ပစ်ဗုံးတို့၊လက်နက်ကြီးအစတို့တွေ့ရင် မကောက်ကြဖို့အချင်းချင်းတွေသတိပေးပေမယ့်လည်း ရွာဘက်ကလူတွေက တွေ့ရင်ကောက်ယူပြီးကြည့်ကြတော့ ခုလိုပေါက်ကွဲပြီးအသက်ဆုံးတဲ့အထိဖြစ်ရတယ်။ ” လို့ ဒေသခံကပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေက အသက်၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့သီပေါဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၂၂ရက်ကလည်း သီပေါမြို့နယ်၊ မန်ကောင်းရွာမှာ အသက်၃၀ ကျော်အရွယ်အမျိုးသားတယောက်လည်း မိုင်းနင်းမိပြီး လက်နှစ်ဖက်နဲ့ခြေထောက်ပြတ်ထွက်ကာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာအမျိုးသားတယောက် သူရဲ့ ခြံအတွင်းမြက်ရှင်းနေချိန် မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်ထွက်ကာ ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တဝှမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းတွေနဲ့…

Read More

ဗန်းမော် သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း သိမ်းခံရပြီးနောက် လိုင်ဇာဘက် ဒရုန်းဗုံးကြဲ

ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V (VOM ) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ နစက သံချပ်ကာ တပ်ရင်းနဲ့ ဝန်တင်တပ်ရင်း ဇန်နဝါရီလ ၂၄ ရက်နေ့က သိမ်းခံရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ကေအိုင်အို/ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ဒရုန်းဗုံးကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့ထဲ ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲ ခန့်ကစ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေ‌တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ “မနေ့က တင့်ကား ၄ စီး သိမ်းရတယ်။ နစက အရာရှိ တယောက် ဒဏ်ရာနဲ့ ဖမ်းခံရတယ်လို့ ကြားတယ်” လို့ သူက ပြောပါတယ်။ ဗန်းမော်မြို့ရှိ အမှတ်…

Read More

ထမင်းကပူ…၊ ဟင်းကပူ…

    ဆူးငှက်   “ဖားပေါင်စင်းကို၊ ချင်းပလိုင်းဝယ်။ ခရုပီလော…၊ ရောနှော၍သာလွယ်။ ဟင်းရွက်ကယ်နုနယ်၊ တစ်သွယ်ကန်စွန်း။ ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ။ ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး…”   ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားက နေ့လယ်စာကို အခုလိုစားခဲ့တယ်။ မိုးရေထဲ ထွန်ရေးငင်အပြီး လယ်ကန်သင်းရိုးနဲ့ လယ်တောတစ်ခွင်က လတ်လတ်ဆတ်ဆတ်ရလာတဲ့ ဖားပေါင်စင်းနဲ့ တောရွက်သီးနှံတွေ ပူပူနွေးနွေးချက်ပြုတ်ပြီး နေ့လယ်စာကို မိသားတစ်စု ဝိုင်းဖွဲ့စားခဲ့ကြတာကိုး …။   လတ်တလောချက်ပြုတ်စားကြလို့ ထမင်းကပူ၊ ဟင်းကပူနဲ့ ရှမ်းငရုတ်တောင့်ကိုက်ပြီး နှာရည်တရွဲရွဲနဲ့ မြိန်ရေရှက်ရေစားကြတာပါတဲ့။   နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတစ်ပြင်တည်း သီချင်းထဲမှာလည်း “တံစို့ပေါ်မှာကင်တယ်၊ ဆူရင်ခပ်ပြီး၊ ဟင်းရွက်ကန်စွန်းပေါင်းနဲ့ ရေအင်တုံဝယ်၊ သောင်းပြောင်းရောလို့နယ်…”ပြီး “မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ်…၊ ဒေါင်းလန်းကြီးရဲ့အလယ်”မှာ နေ့လယ်စာကို ဝိုင်းဖွဲ့စားကြတာပဲ မဟုတ်ပါလား။   ဘာပဲပြောပြော…၊ စားကောင်းတဲ့သားငါးနဲ့ ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးချက်ပြုတ်စားရရင် “မြိန်ဖွယ်ပ…

Read More

ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရ

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရပြီး ဒါဟာ ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။ လေထုညစ်ညမ်းမှု နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘန်ကောက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရေးအတွက် မြို့တော်ရဲ့ မိုးပျံရထား၊ ဘတ်စ်ကားဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို တပတ်ကြာ အခမဲ့စီစဉ်ပေးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ရာသီအလိုက် လေထုညစ်ညမ်းမှုဟာ ဒေသတွင်းရှိနိုင်ငံတွေနည်းတူ ခံစားရလေ့ရှိပေမယ့် ယခုသီတင်းပတ်အတွင်း မီးခိုးမြူတွေကြောင့် အကြီးစားမော်တော်ယာဉ်တွေ မောင်းနှင်မှုကို ကန့်သတ်ထားပြီး ဝန်ထမ်းတွေကိုလည်း နေအိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ သောကြာနေ့မှာတော့ ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှုဟာ အဆုတ်ကနေ သွေးကြောထဲထိဝင်ရောက်နိုင်အောင် သေးငယ်တဲ့ အမှုန်းအမွှားပါဝင်မှုအဆင့်ဟာ ၁ ကုဗမီတာမှာ ၁၀၈ မိုခရိုဂရမ်ထိ ပါဝင်နေတယ်လို့ IQAir ရဲ့ အချက်အလက်တွေမှာ…

Read More

ဘိလပ်မြေတအိတ် ကျပ် ၃၅ဝဝဝ ထိမြင့်တက်လာပြီး ဈေးကွက်မှာပစ္စည်းပြတ်

ဇန်နဝါရီ ၂၅ – ၂ဝ၂၅ KKO(VOM) ပြည်တွင်းမှာ ဘိလပ်မြေတအိတ် ကျပ် ၃၅ဝဝဝ အထိ ဈေးမြင့်တက်လာပြီး လက်ရှိ ဈေးကွက်အတွင်းမှာလည်း ဝယ်မရဖြစ်နေလို့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ လတ်တလော ရန်ကုန်တိုင်းက ကုန်မာဆိုင်တွေနဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်တွေမှာ ဘိလပ်မြေတအိတ်ကို ကျပ် ၃၃၀၀၀ ကနေ ၃၅၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသော် လည်း လိုသလောက်ဝယ်ယူလို့ မရဘူးလို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဈေး ကွက်အတွင်းကနေ သိရပါတယ်။ “ဆိုင်တွေမှာက ဈေးနှုန်းတွေသာပြောနေကြတာ တကယ်က ပစ္စည်းတွေကပြတ်နေတယ်။ကာလ ပေါက်ဈေးနဲ့ ၀ယ်ချင်သူတွေရှိနေပေမယ့် လိုချင်တဲ့အတိုင်းအတာကို၀ယ်ယူလို့မရပါဘူး”လို့ ဆောက်လုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်ပတ်သက်သူ တယောက်က ပြောပြပါတယ်။ ဒါအပြင် ရန်ကုန်မြို့က အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တယောက်ကလည်း “ဘိလပ်မြေက ဝယ်လို့ကိုမရတာပါ။ဈေးကွက်မှာ ပစ္စည်းလုံးလုံးမရှိတာပါ။အခု ၃၅ဝဝဝ ပေါက်နေတယ်ဆိုတာတောင်ဈေးတန်တယ်လို့ ပြောရပါမယ်”လို့…

Read More