ကိဗ်ယက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားကို အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတွေထဲကတခုအဖြစ် မော်စကိုနဲ့ ရေနံချက်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ မော်စကို အရှေ့တောင်ဘက် ရိုင်ဇန်ဒေသရှိ ရေနံချက်စက်ရုံနဲ့ ပို့ဆောင်ရေးနေရာတွေကနေ မီးခိုးလုံးတွေထွက်လာတာကို အတည်ပြုထားတယ်လို့ ယူကရိန်းအရာရှိတွေက ဆိုပါတယ်။ ရိုင်ဇန်နဲ့ မော်စကို အပါအဝင် ဒေသ ၁၃ ခုကို တိုက်ခိုက်လာတဲ့ ဒရုန်း ၁၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ရေနံစက်ရုံမီးလောင်မှုကို ရုရှားကလည်း အတည်ပြုထားပြီး ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ မော်စကိုမြို့တော်ဝန်ကလည်း မြို့တော်ရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ နေရာလေးခုမှာ ယူကရိန်းဒရုန်းတွေတိုက်ခိုက်မှုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်း ကိဗ်ယက်ဒေသမှာရှိတဲ့ လူနေအဆောက်အအုံတခုကို ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူသုံးယောက်သေဆုံးပြီး တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ရုရှားရဲ့…
Read Moreဂျာဗားကျွန်း မြေပြိုမှု သေဆုံးသူ ၂၅ ယောက်ရှိလာပြီး ရှာဖွေကယ်ဆယ်ရေးတွေ ခေတ္တရပ်ဆိုင်းထားရ
ဂျကာတာ၊ ဇန်နဝါရီ-၂၅-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြီးခဲ့တဲ့သုံးရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၂၅ ယောက်ထိ မြင့်တက်လာပြီး ရာသီဥတုဆိုးရွားမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျာဗားပြည်နယ် ပက်ကလောင်ဂန်မှာ မိုးသည်းထန်စွာရွာသွန်းမှုအတွင်း အင်္ဂါနေ့က မြေပြိုမှုဖြစ်ပွားခဲ့ရပြီး ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ ဖြန့်ကြက်ခဲ့ရပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မြူတွေထူထပ်တာကြောင့် ကယ်ဆယ်ရေးတွေ ရပ်နားထားရတယ်လိုပ ကယ်ဆယ်ရေးတာဝန်ရှိသူက ဆိုပါတယ်။ ရှာဖွေမှုတွေ မရပ်ခင်မှာ အလောင်းသုံးလောင်း ထပ်တွေ့ခဲ့တာကြောင့် သေဆုံးသူ ၂၅ ယောက်ထိ ရှိလာတယ်လို့ ပြောပါတယ်။ အင်္ဂါနေ့တရက်တည်းမှာ ၁၇ ယောက်ထိ သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးသူအရေအတွက်ကိုတော့ အတိအကျမသိသေးဘူး တာဝန်ရှိသူတွေက ပြောပါတယ်။ မြေပြိုမှုဟာ လူကြိုက်များတဲ့ ခရီးသွားနေရာတခုဖြစ်တဲ့ ပီကာလုံဂန်နဲ့ ဒင်းကုန်းပြင်မြင့်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်ရာနေရာကို နှစ်မိုင်ခွဲလောက် လမ်းလျှောက်ရတယ်လို့…
Read Moreမြ၀တီ နယ်စပ်ဒေသတွေကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ဖို့ ထိုင်းအစိုးရ စီစဉ်
ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းနိုင်ငံဟာ ဆိုက်ဘာရာဇဝတ်မှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနယ်စပ်မြို့ ဒေသတွေကို လျှပ်စစ်ဓါတ်အားပေးတာတွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဖြတ်တောက်ထားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက မနေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကရင်ပြည်နယ် မြ၀တီ ရွှေကုက္ကိုလ်နဲ့ KK Park တို့လို ကာစီနိုနဲ့အွန်လိုင်း လောင်းကစားတွေနဲ့ ရာဇဝတ်မှုထူပြောရာနေရာတွေမှာ ဒီလုပ်ငန်းတွေအဆင်ပြေစေဖို့ အိမ်နီးချင်းနိုင်ငံက လျှပ်စစ်နဲ့ အင်တာနက်တွေ ရရှိနေတယ်လို့ မြန်မာဘက်က ပြောဆိုပြီးနောက် ဒီကိစ္စအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးက ငြင်းဆိုထားပါတယ်။ ထိုင်းနိုင်ငံဟာ အမှတ် ၂ ချစ်ကြည်ရေးတံတား၊ မြ၀တီနယ်စပ် မဲရမက်နဲ့ မဲဆောက်ခရိုင်တို့ကို အရင်က လျှပ်စစ်မီးပေးခဲ့ပေမယ့် တရုတ်သရုပ်ဆောင်တယောက် လူကုန်ကူး အဖမ်းခံရမှုအပါအဝင် အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးပွားလာပြီးနောက် ဒီလုပ်ငန်းတွေကို ပစ်မှတ်ထား ဖြတ်တောက်လိုက်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးကပြောပါတယ်။ ဒါအပြင် နှစ်နိုင်ငံနယ်စပ်မှာ…
Read Moreပန်ဝါဘက်မှာ ကေအိုင်အေက စစ်သားစုဆောင်းမှုတွေကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံ
ဇန်နဝါရီ ၂၅၊ ၂၀၂၅ Shy V(VOM) ကချင်ပြည်နယ်၊ ပန်ဝါဘက် ဒီရက်ပိုင်းေတွမှာ ကေအိုင်အေက စစ်သား စုဆောင်း လူခေါ် နေတာကြောင့် ခရီးသွားနဲ့ ကားသမားတွေပါ အခက်ကြုံနေရကြောင်း ကားသမားတွေနဲ့ ခရီးသွား တွေဆီက သိရပါတယ်။ “စစ်သား ခေါ်တာပေါ့။ ခရီးသည်တွေ၊ ဆိုင်ကယ်သမားတွေလည်း ဆိုင်ကယ်နဲ့ တယောက်ထဲ သွားရင် ဆိုင်ကယ်ရော မှတ်ပုံတင်ရော ဖုန်းရော သိမ်းတယ်။ လိုင်းကားနဲ့ ဆိုရင်လည်း လိုင်းကားပေါ် ယောက်ျားတွေ စစ်ဆေး ဖမ်းဆီးတာတွေရှိတယ်။” လို့ ကားကြီးသမား တယောက်က ပြောပါတယ်။ ကားကြီးနဲ့ ကတော့ ယောက်ျားလေး နှစ်ယောက် သွားလို့ ရတယ်လို့ သူက ပြောပါတယ်။ ပန်ဝါဘက် တပ်သား စုဆောင်းတာ ရှိပေမယ့် ကံပိုင်တည်ဘက်ကတော့ တပ်သားစုဆောင်းတာ မရှိပဲ အေးအေးဆေးဆေး သွားလာလို့ရတယ်လို့ သူက ထပ်ပြောပြပါတယ်။…
Read Moreစစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ့်ဥပဒေ နစက ပြဋ္ဌာန်း
ဇန်နဝါရီ ၂၅ – ၂၀၂၅ SS (VOM) နစက က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရဝန်ထမ်းတွေပါ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမှာ ပုဒ်မ – ၅၉ ခု ပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရ ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ပုဒ်မ – ၅၁ မှာလည်း စစ်မှုထမ်းဖို့ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ…
Read Moreအမေရိကန်ရဲ့ လက်ရှိနိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းလိုက်ပြီး ကူညီရေး ပြန်လည်သုံးသပ်မယ်
ဝါရှင်တန်၊ ဇန်နဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ရဲ့ နိုင်ငံရပ်ခြားအကူအညီတွေအားလုံးနီးပါးကို ရပ်ဆိုင်းထားပြီး အကူအညီသစ်တွေ ပေးအပ်မှုတွေကိုလည်း ခေတ္တရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရပ်ခြားရှိအမေရိကန်သံရုံးတွေကို ပေးပို့တဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံခြားရေး မူဝါဒနဲ့ ကိုက်ညီမှုမရှိတဲ့ အကူအညီတွေကို ကိုက်ညီမှုရှိမရှိ ပြန်လည်သုံးသပ်ဖို့ အကူအညီပေးတာတွေကို ရက် ၉၀ ဆိုင်းငံ့ထားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဟာ ကမ္ဘာအကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပါတယ်။ လက်ရှိအကူအညီပေးအပ်မှုတွေ ရပ်ဆိုင်းမှုဟာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကနေ စစ်ရေးအကူအညီ ပေးအပ်မှုတွေထိ သက်ရောက်လာနိုင်ပါတယ်။ အဆိုပြုထားတဲ့ အကူအညီအသစ် သို့မဟုတ် အကူအညီတွေကို ဆက်ပေးဖို့တွေကိုလည်း ဒီကာလအတွင်းမှာ ပြန်လည်သုံးသပ်သွားမှာဖြစ်ပါတယ်။ အဲဒီအချိန်ကာလအတွင်းမှာ အကူအညီပေးမှုလုပ်ငန်းတွေကို ရပ်ဆိုင်းထားရမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပြီး လုပ်ငန်းစဉ်ကို ၈၅ ရက်အတွင်း အပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ထောက်ပံ့ပေးထားတဲ့ စစ်ရေးအပါအဝင် နိုင်ငံရပ်ခြား အကူအညီပေးရေးအစီအစဉ်အပေါ် များစွာ…
Read Moreမြို့မ ထိပ်တင်ဆန်း
ဆူးငှက် လွန်ခဲ့တဲ့ ၂၀၀၀ခုနှစ်ဝန်းကျင် ကာလက မန္တလေး မြို့မတူရိယာအသင်းဟာ ရှမ်းပြည်နယ်ရှိ မျက်နှာကြီး မင်္ဂလာဆောင် တစ်ပွဲကို သွားပြီး ဧည့်ခံရတယ်။ ဒီပွဲမှာ ရန်ကုန်က ခေတ်ပေါ်ဂီတဝိုင်းတစ်ဝိုင်းလည်း ပါဝင်တယ်။ ရန်ကုန်က ခေတ်ပေါ် ဂီတသမားတွေက အဲဒီကျမှ မြို့မ ဆိုတာကို နဖူး တွေ့ ဒူးတွေ့ ဆုံရ၊ သိရတာကိုး။ ဒီတင် ဂီတဝိုင်းရဲ့ မန်နေဂျာကမြို့မတူရိယာအသင်းရဲ့“လက်ရေ တပြင်တည်း”သီချင်း သီဆိုတီးမှုတ် တာကို ကြားရတော့ ကြက်သီးမွေး ညင်းထပြီး အံ့အားတသင့်ဖြစ်ကာ သဘောကျနှစ်ခြိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အလားတူပါပဲ။ ဒီ့အရင် လွန်ခဲ့တဲ့ ၁၉၉၅ခုနှစ် လောက်ကလည်း ရန်ကုန်က ရုပ်ရှင်ဒါရိုက်တာကြီးတစ်ယောက် ကျွန်တော့်အိမ် ရောက်လာတော့ မြို့မတူရိယာအသင်းက “ကြားဖူး ကြရဲ့လားဗျို့”ဆိုတဲ့ သီချင်းကို မန္တလေးရောက်ခိုက် ကြားလိုက်ရချိန် တုန်လှုပ် သွားလောက်အောင်…
Read MoreWHO ကနေ လာမယ့်နှစ် ဇန်နဝါရီလမှာ အမေရိကန်နုတ်ထွက်မယ်လို့ ကုလထုတ်ပြန်
ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် တရားဝင်နုတ်ထွက်မှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကပ်ရောဂါနဲ့ အခြားနိုင်ငံတကာကျန်းမာရေး အကျပ်အတည်းတွေကို လွဲမှားစွာကိုင်တွယ်နေတယ်လို့ ဒေါ်နယ်ထရန့်က စွပ်စွဲထားပြီး သမ္မတကျန်းသစ္စာကျိန်ဆိုပြီး နာရီပိုင်းအကြာမှာပဲ အဖွဲ့ကနေ နုတ်ထွက်မလို့ ကြေညာခဲ့ပါတယ်။ နုတ်ထွက်ဖို့ကို တနှစ်ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့မှုတွေပေးနေတဲ့ နိုင်ငံဖြစ်ပြီး စုစုပေါင်းရန်ပုံငွေရဲ့ ၁၈ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ နုတ်ထွက်ရေးဆိုင်ရာ စာတစောင်ကို လက်ခံရရှိထားတာကို အတည်ပြုကြောင်းနဲ့ နုတ်ထွက်ရေးဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ထိ တနှစ်မှာ အကြုံးဝင်မှာဖြစ်တယ်လိုပ ကုလသမဂ္ဂရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောပါတယ်။ အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ အထူးသဖြင့် တီဘီရောဂါ၊ ကူးစက်ရောဂါနဲ့ အိတ်ချ်အိုင်ဗီ…
Read Moreတရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ မြန်မာကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်းနေရ
ဇန်နဝါရီ ၂၄၊ ၂၀၂၅ Shy V VOM တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ လတ်တလော မြန်မာ ကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်း နေရကြောင်း ယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေဆီက သိရပါတယ်။ “ငှက်ပျောခြံတွေက အခုနောက်ပိုင်း မြန်မာကား လုံးဝကို မရှိသလောက်ရှားသွားပြီ။ သူတို့ တရုတ်ကား ပဲ သုံးတော့တာ” လို့ ငှက်ပျောကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်သက်တမ်း ရှိသေးပေမယ့် ငှက်ပျောတင်ဖို့ မြန်မာကား မခေါ်တော့တာကြောင့် ကားသမားတွေ မောင်းစရာ ကားမရှိတော့ပဲ အလုပ်ရှားသွားတာကြောင့် လမ်းကြောင်းပြောင်းပြီး ကုန်တင်ကားတွေ မောင်းနေရတယ်လို့ သူက ပြောပါတယ်။ “ငှက်ပျောကားတွေက တရုတ်ကားတွေကြီးပဲ။ ခါတိုင်းက ကျနော်တို့ ဗမာပြည်က ကားနဲ့တိုက်ရတယ်။ အခုက ကျနော်တို့ ဗမာပြည်က ကားအလုပ်မရှိတော့ဘူး။…
Read Moreအသက်မပြည့်သေးတဲ့ ကျောင်းသား ၁၇ယောက်ကို အဓမ္မပြုကျင့်တဲ့ ကျောင်းအုပ် ဖမ်းဆီးစစ်ဆေးခံရ
ဇန်နဝါရီ ၂၄ – ၂၀၂၅ GG (VOM) ပဲခူးမြို့ ၊ မုက္ကလကျေးရွာ (အလက-ခွဲ) မုက္ကလစာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာက ကျောင်းသား၁၇ ယောက်ကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး လက်ရှိမှာကျောင်းအုပ်ကို ရဲစခန်းကဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီဖြစ် တယ်လို့သိရပါတယ်။ ကျောင်းသားမိဘတွေရဲ့တိုင်ကြားချက်ကြောင့် ကျောင်းအုပ်ဆရာကို မနေ့ကဇန်နဝါရီ ၂၃ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိမှာစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ ” မနေ့ကဖမ်းသွားတာဟုတ်တယ်။သတင်းကလည်းမှန်ပါတယ်။တကယ်ကျူးလွန်မလွန်ကိုတရားရုံးကဆုံးဖြတ်ပါလိမ့်မယ်။သူကယာယီခန့်ထားတဲ့ကျောင်းအုပ်ပါ” လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူဒေသခံကပြောပါတယ်။ မုက္ကလ အလယ်တန်းကျောင်းခွဲ မှယာယီကျောင်းအုပ်ဆရာက ၄တန်းကျောင်းသားတယောက်ကိုဇန်နဝါရီ ၁၅ ရက်နေ့နဲ့၁၆ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ကျောင်းအုပ်ရုံးခန်းအတွင်းမှာ အဓမ္မပြုကျင့်ခဲ့တာကြောင့် မိဘတွေကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အဲဒီနောက်မှာမှ အဓမ္မပြုကျင့်ခံရတဲ့ ကျောင်းသားရဲ့ထုတ်ဖော်ပြောကြားချက်အရ ကျောင်းအုပ်ဆရာက နောက်ထပ်ကျောင်းသား၁၆ ယောက်ကိုပါ အဓမ္မပြုကျင့်ခဲ့ကြောင်းကိုသိရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဒါမျိုးက ဘယ်လိုမှလက်ခံလို့မရဘူး။ကလေးတွေကတော့ မဟုတ်ဘဲလိမ်မပြောဘူး။နောက်၁၆ ယောက်ဆိုတာလည်း စိုင်တီကသူ့အိမ်မှာပဲခေါ်ပြီးမဖွယ်မရာတွေလုပ်တာ။ ထိထိရောက်ရောက်အရေးယူပေးဖို့လိုတယ်။ဟိုလိုလိုဒီလိုလို နဲ့ရောချလို့တော့မရဘူး။ကလေးတွေကို မလုပ်သင့်မလုပ်အပ်တာတွေလုပ်တာ။ဒီလိုလူမျိုးကကျောင်းဆရာဆိုတော့ ခက်တာပေါ့။အခုဖမ်းသွားပြီဘယ်လိုအရေးမလဲစောင့်ကြည့်ရမယ်။ကလေးမိဘတွေကိုယ်တိုင် တိုင်ထားတာ။” လို့ ဒေသခံကပြောပါတယ်။…
Read More