AA ကျူးလွန်တဲ့ သုံ့ပန်းညှဥ်းပမ်းနှိပ်စက်မှု ဘယ်လိုဆက်ဖြစ်မလဲ စိတ်ဝင်စားသူများပြား

ဇန်နဝါရီ ၂၄ – ၂၀၂၅ SN (VOM) AA က စစ်သုံ့ပန်း နှစ်ယောက်ကို ညှဥ်းပန်းနှိပ်စက်ခဲ့မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှ ထုတ်ပြန် တောင်းဆိုထားပါတယ်။ “ဖမ်းဆီးရမိတဲ့ ရန်သူစစ်သားတွေကို စစ်သုံ့ပန်းတွေအဖြစ် အမြဲတမ်း ဂုဏ်သိက္ခာရှိစွာ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းတွေရဲ့ အကာအကွယ်တွေကို ပေးဆောင်ကာ စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုသင့်တယ်” လို့ Ejaz Min Khant က ပြောပါတယ်။ ICC အနေနဲ့ NUG မှအပ်နှင်းထားပြီးတဲ့ အာဏာတွေကို အသုံးပြုပြီး AA စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးသင့်ကာ ယင်းကို ပျက်ကွက်ပါက ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီပြစ်မှုတွေကို ရောမဥပဒေရဲ့…

Read More

မြန်မာ့လက်ဖက်စားသုံးတဲ့ဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ ယူနက်စကို တင်မယ်

ဇန်နဝါရီ၂၄-၂ဝ၂၅ Ms(VOM) လာမယ့်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့လက်ဖက်စားသုံးတဲ့ဓလေ့ကိုကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ UNESCO အဖွဲ့ကို စာတမ်းတင်သွင်းသွားဖို့ရှိကြောင်းသိရပါတယ်။ လက်ဖက်စားသုံးတဲ့ဓလေ့ကိုကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် စာရင်းဝင်ဖို့ စာတမ်းတင်မှာ က မြန်မာနိုင်ငံအနေနဲ့ တတိယမြောက်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၅ရက်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့အစည်းကသတ်မှတ်ပေးခဲ့ရာ ယခု၂၀၂၅ခုနှစ်မတ်လမှာလည်း ဒုတိယ အကြိမ်အဖြစ် မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ကို ယူနက်စကို မှာစာတမ်းတင်သွင်းသွားမယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် မတ်လအထိ စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဒြပ်မဲ့စာရင်းအဖြစ် သတ်မှတ်ထားတဲ့ အမွေအနှစ်ပေါင်း နှစ်ထောင်ကျော်ရှိကာ အဲဒီထဲက ယဉ်ကျေးမှုအမွေအနှစ်တွေကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက ယူနက်စကို တင်သွင်းရတာ လို့ဆိုပါတယ်။ ” ယူနက်စကို မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ဖို့ စာရင်းတင်သွင်းတာကို တနှစ်မှာ တခုသာ တင်သွင်းနိုင်တဲ့အတွက် တနှစ် တခုစီ တင်သွင်းသွားမယ်”လို့…

Read More

ဗန်းမော်မှာ တိုက်ပွဲ ပြန်လည် ပြင်းထန်

ဇန်နဝါရီ ၂၄၊ ၂၀၂၅ Shy V VOM ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံ‌ေတွဆီက သိရပါတယ်။ “ဗန်းမော် မနေ့က မနက်ကစ အပြင်းအထန် ပြန်ချနေကြတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်ကစပြီး ဗန်းမော် မြို့ထဲ Y12 နဲ့ လေယာဉ် ဗုံးကြဲနေတာ။” လို့ ဒေသခံ တ‌ေယာက်က ပြောပါတယ်။ ယမန်နေ့ ည ၇ နာရီ ၄၈ မိနစ် အထိလည်း ဗန်းမော်မြို့ထဲ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေတာ ကြားရပြီး ဘယ်သူ့အိမ်တွေ ထိမှန်သလဲ ဆိုတာ တော့ မသိရဘူးလို့ ဆိုပါတယ်။ ဗန်းမော်မြို့ရဲ့မြစ် တဖက်ကမ်းကနေ…

Read More

ဂျမူးနဲ့ကတ်ရှ်မီးယားရှိ ကျေးရွာမှာ လူ ၁၇ ယောက် ထူးဆန်းစွာသေဆုံးမှု စုံစမ်းစစ်ဆေးနေ

ဒေလီ၊ ဇန်နဝါရီ-၂၄-၂၀၂၅ ရတီ(VOM) အိန္ဒိယအုပ်ချုပ်တဲ့ ဂျမူးနဲ့ကက်ရှ်မီးယားရှိ ကျေးရွာတရွာမှာ လူ ၁၇ ယောက် ထူးဆန်းစွာ သေဆုံးမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ကလေး ၁၂ ယောက်အပါအဝင် လူသေဆုံးမှုတွေဟာ ရာဂျိုရီခရိုင် ဘတ်ဟယ်လ်ရွာမှာ ဒီဇင်ဘာ ၇ ရက်ကတည်းက ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူတွေဟာ အစာအဆိပ်သင့်သလို ရောဂါလက္ခဏာတွေ အစောပိုင်းမှာ ပြသခဲ့ပေမယ့် ရုတ်တရက် သတိလစ်သွားခဲ့ကြတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ရွာကို ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပေမယ့် ရောဂါကူးစက်ပုံမတွေ့ရဘဲ ကပ်ရောဂါဖြစ်မှာကိုလည်း စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ ကလေးလေးယောက်အပါအဝင် ပထမဆုံး လူနာငါးယောက်ဟာ အော့အန်တာနဲ့ဝမ်းပျက်တာအပါအဝင် အစာအဆိပ်သင့်တဲ့ လက္ခဏာမျိုးပြသခဲ့ပြီး အခြားသူတချို့မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရက စုံစမ်ါ်စစ်ဆေးဖို့ အမိန့်ထုတ်ထားပြီး ရဲတပ်ဖွဲ့၊ ရောဂါဗေဒ ပညာရှင်တွေနဲ့ အခြားသော အထူးကုဆရာဝန်တွေပါဝင်တဲ့…

Read More

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ပူတင်နဲ့ အမြန်ဆုံးတွေ့ဆုံလိုကြောင်း ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နဲ့အမြန်ဆုံးတွေ့ဆုံလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၅ ရက်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ဟာ ယူကရိန်းစစ်ပွဲ အမြန်ဆုံး အဆုံးသတ်ရမယ်လို့ ကတိပြုထားသူဖြစ်ပြီး သူသမ္မတဖြစ်တာနဲ့ ဒီကိစ္စပြေလည်ပြီလို့ ဆိုထားပါတယ်။ ဒီစစ်ပွဲ အဆုံးသတ်ဖို့ သမ္မတပူတင်နဲ့ မကြာခင်မှာတွေ့ဆုံခွင့်ရချင်ပါတယ်လို့ ဒါဗို့စ်ကမ္ဘာ့စီးပွားရေး ဖိုရမ်ရမှာ ရုပ်သံကတဆင့် ထရန့်က ပြောပါတယ်။ ဒါဟာ စီးပွားရေးရှုထောင့်က ကြည့်တာမဟုတ်ဘဲ လူသန်းပေါင်းများစွာ အသက်တွေ အကြောင်းမဲ့ သေဆုံးနေရတဲ့ ရှုထောင့်ကဖြစ်ပြီး ဒီစစ်ပွဲကို မိမိတို့ ရပ်တန့်ရလိမ့်မယ်လို့ သူကဆိုပါတယ်။ သမ္မတပူတင်ကလည်း တွေ့ဆုံလိုတဲ့ဆန္ဒရှိတာကို ကြားသိရပြီး အမြန်ဆုံးတွေ့ဆုံဖို့ လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ဒါဟာ ရယ်စရာစစ်ပွဲတပွဲဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တခုလုပ်ဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။ တကယ်လို့ ယူကရိန်းစစ်ပွဲ…

Read More

ကိုယ်ပိုင်သံစဥ်တွေ အဓိကသီဆိုခဲ့တဲ့ အဆိုတော်မာရဇ္ဇ ကွယ်လွန်

ဇန်နဝါရီ ၂၄ – ၂၀၂၅ GG (VOM) ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကိုသာ အများဆုံးသီဆိုခဲ့တဲ့နိုင်ငံကျော် အဆိုတော် မာရဇ္ဇ ဇန်နဝါရီ၂၃ ရက်နေ့ညပိုင်းက ရန်ကုန် ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော်မာရဇ္ဇရဲ့စျာပနအခမ်းအနားကို မနက်ဖန်မှာပြုလုပ်ဖို့စီစဥ်ထားတယ်လို့သိရပါတယ်။ ” ညက ၁၁ နာရီ ၅မိနစ်လောက်မှာဆုံးတယ်လို့သိရတယ်။ ကျောက်ကပ်ကုနေတာ ။အိပ်ယာထဲလဲနေတဲ့အခြေအနေမျိုးတော့လည်းမဟုတ်ဘူး။ကိုမာကြီးကွယ်လွန်သွားတာတော့ ဂီတလောကအတွက်တကယ်ဆုံးရှုံးမှုပါ။အချိန်မတန်သေးဘူးဗျာ။သူက သီချင်းကိုသိပ်ရူးသွပ်တာ။အဆိုတော်အသစ်တွေကိုလည်း ကိုယ်ပိုင်သံစဥ်တွေအဓိကလုပ်ကြဖို့အမြဲပြောတယ်။ ” လို့ မိသားစုနဲ့ရင်းနှီးသူက ပြောပါတယ်။ အဆိုတော်မာရဇ္ဇက ကွယ်လွန်ချိန်မှာ အသက်၅၈ နှစ်ရှိပြီဖြစ်ပြီး မကွေးတိုင်း ၊အထက်မင်းလှမြို့နယ်ဇာတိဖြစ်ကာ ၁၉၆၇နှစ်မှာမွေးဖွားခဲ့ပြီးသားအကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။ အဆိုတော်မာရဇ္ဇက ငယ်ငယ်ကလေးဘဝကတည်းက ဂီတကိုဝါသနာပါသူဖြစ်ပြီး အဆိုတော်မဖြစ်ခင် ကိုယ်ပိုင်သီချင်းတွေရေးသားခဲ့ကာ အဆိုတော်ဘဝကို သူရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့စတင်ခဲ့တာဖြစ်ပါတယ်။ မာရဇ္ဇဟာ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်ပေါင်း ခုနှစ်ခု ထက်မနည်းထွက်ရှိထားပြီး တကိုယ်တော်ဖျော်ဖြေပွဲတွေလည်းကျင်းပခဲ့ပါတယ်။ မာရဇ္ဇရဲ့ဂီတလောကတလျှောက်မှာ “မိစ္ဆာနဲ့ကိုရုပ်ဆိုး “ဆိုတဲ့စီးရီးနှစ်ခွေသာ ကော်ပီသီချင်းသီဆိုခဲ့ပြီး ကျန်တေးသီချင်းအားလုံးဟာ ကိုယ်တိုင်ရေးသားထားတဲ့ကိုယ်ပိုင်သံစဥ် တေးသီချင်းတွေသာဖြစ်တယ်လို့သိရပါတယ်။ မာရဇ္ဇရဲ့တေးသီချင်းတွေထဲမှာဆိုရင်…

Read More

ပူပွေလောင်မီး…၊ ရွှေတောင်ကြီးရယ်…၊ အပြီးမခိုင်…၊ ယိမ်းယိုင်ပြိုလဲ၏

  ဆူးငှက်   အခုလို မိုးတွင်းကာလ လေကြီးမိုးကြီးကျတာ ကြုံရသောအခါ ကုန်လွန်ခဲ့တဲ့ ၁၅နှစ် ဝန်းကျင်အချိန် အထက် အညာဒေသ ဧရာဝတီမြစ်ကမ်းပါးက တံငါရွာလေးရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်ကို သတိတရ ရှိပါဘိ။ ဒီအဖြစ်အပျက်လေးကို မထင်မှတ်ဘဲ ခရီးသွားဟန်လွဲ ကြုံတောင့် ကြုံခဲ ကြုံလိုက်ရသူ မိတ်ဆွေ ဓာတ်ပုံပညာရှင် က မှတ်တမ်းတင်လိုက်နိုင်သော အခါ..။ ×××× ××××× “အလွမ်းရယ်ပေါ်…၊ ရဟန်းတော် ဈာပနကိုလ…၊ ပြာကျချိန်နီး…၊ မျက်ရည်တွေ ဖြိုင်ဖြိုင်စီးလို့ရယ်…၊ အမယ်မင်း တမ်းတငိုညည်း…”     မင်းသမီးက ဆရာတော်ရဲ့ ဧယင်ပုခက်ကို လွှဲတဲ့လွှဲတဲ့ ပြီး ဒွေးချိုးငိုချင်းကို သီဆိုကာ ဧယင်ကျူးနေတယ်။ အရင့်အရင် ဘုန်းကြီးပျံပွဲတွေမှာ အခုလိုဧယင်ကျူးရင် အလုပ်သဘောအရ ပြောဟယ်၊ ဆိုဟယ်၊ ငိုရယ် လုပ်ရကိုင်ရပေမယ့် အခုလို မျက်ရည်တွေ အဟုတ်တကယ်စီးမကျခဲ့ဖူးပါဘူး။…

Read More

ရုပ်ရှင်မင်းသားကျော်သူပါဝင်တဲ့ ​ခြေဆယ့်တစ်လှမ်းရုပ်ရှင် ဇာတ်ကား ရုံတင်ရက်သတ်မှတ်ပြီးမှ ပြသခွင့်ဆိုင်းငံ့ခံရ

ဇန်နဝါရီ ၂၂ -၂၀၂၅ GG (VOM) ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ “ခြေဆယ့်တစ်လှမ်းရုပ်ရှင်”ပြသခွင့် ဆိုင်းငံ ခံရတယ်လို့ သိရပါတယ်။ ခြေဆယ့်တစ်လှမ်းရုပ်ရှင်က လာမယ့်ဇန်နဝါရီ၂၄ ရက်နေ့မှာ ရန်ကုန်အပါအဝင် တနိုင်ငံလုံးကရုပ်ရှင်ရုံတွေမှာတပြိုက်နက်တည်း ရုံတင်ပြသခွင့်ရရှိထားပြီးမှ ရုပ်ရှင်ပြသခွင့်ကို ပြန်ကြား​ရေးဝန်ကြီးဌာနက ပြသခွင့်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်ပြသခွင့်ဆိုင်းငံခံရတာနဲ့ပတ်သက်ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ညွှန်းဆရာမ မေခိုင်ကလည်း” ကျမရဲ့ ခြေ ၁၁ လှမ်း ရုပ်ရှင်ကား မပြဖြစ်တော့တဲ့ အတွက် ကျမဖိတ်ကြားထားသူ အားလုံးကိုအားနာပါတယ်။”လို့ သူရဲ့လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။ ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် အလင်းရောင်ကလည်း ” ခြေဆယ့်တစ်လှမ်းရုပ်ရှင်ကားကြီး မပြဖြစ်တော့လို့ ဒီနေ့ဖိတ်ကြားသူများအားလုံးကို အားနာရပါတယ်ခင်ဗျာ။”လို့ ပြောထားပါတယ်။ အလားတူ ခြေဆယ့်တစ်လှမ်းရုပ်ရှင် အမည်ရှိလူမှုကွန်ယက်စာမျက်နှာကနေလည်း ” premiere show ပျက်ပါတယ်။ ရုံတင်ရက်လည်းပျက်ပြယ်သွားပါပြီ။ ဖိတ်ကြားထားသူများအားလုံးကိုတောင်းပန်တယ်ဆ်ိုတာကလွဲပြီး တခြားပြောစရာမရှိတော့ပါဘူး။ အားလုံးကိုတောင်းပန်ပါတယ်” ဆိုပြီး အသိပေးထားပါတယ်။ အဆိုပါ…

Read More

တနှစ်‌အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ

ဇန်နဝါရီ၂၃-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ တနှစ်ကျော်အတွင်းမှာ အရေအတွက် ၅၅၇၁၁ ဦးရှိနေတာကို စီစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လဝက စာရင်းတွေအရ သိရပါတယ်။ အဆိုပါ တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက စီစစ်ဖော်ထုတ်တာတွေ ဆောင်ရွက်ရာမှာ အများစုဟာထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကို တရားမဝင်ဘဲ ဝင်ရောက်လာသူတွေအနေနဲ့ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း‌ နေထိုင်ကာကျူးလွန်နေကြသူတွေအများစုဖြစ်တယ်လို့စစ်ဆေးတွေ့ရကာ နယ်စပ်ဒေသများဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များနဲ့နယ်စပ်မြို့တွေကနေဖမ်းမိကြတာဖြစ်ကြောင်း သိရပါတယ်။ ” တရားမဝင်ဘဲ မြန်မာကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေအများဆုံးလုပ်တဲ့ Online လိမ်လည်မှု ဆိုတာ အခု နာမည်ကြီးနေတဲ့ ကျားဖြန့်လုပ်ငန်းအမျိုးအစားတွေပါ။ ငွေကိုလိမ်တာတွေအပြင် လူကိုအသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်စေတဲ့မကောင်းမှုလုပ်ငန်းတွေပေါ့။…

Read More

ယူကရိန်းစစ်ပွဲ မရပ်ရင် ရုရှားကို အရေးယူပိတ်ဆို့ပြီး အခွန်တွေတိုးကောက်မယ်လို့ ဒေါ်နယ်ထရန့် သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၃-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးမသတ်ဘူးဆိုရင် ရုရှားကို စီးပွားရေး အရေးယူပိတ်ဆိုမှုတွေနဲ့ အခွန်တွေ တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။ ရုရှားအနေဖြင့် ဒီရယ်စရာကောင်းတဲ့ စစ်ပွဲကိုအဆုံးသတ်ရမှာဖြစ်ပြီး မဟုတ်ပါက ရုရှားက အမေရိကန်နဲ့ တခြားနိုင်ငံတွေကို ရောင်းချနေတဲ့ ဘယ်ပစ္စည်းကိုမဆို အရေးယူပိတ်ဆို့မှုတွေ အခွန်တွေကောက်ဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ထရန့်ရဲ့ သတိပေးမှုနဲ့ပတ်သက်ပြီး ရုရှားက တစုံတရာ တုံ့ပြန်တာမျိုးမရှိသေးပေမယ့် အမေရိကန်အစိုးရသစ်လက်ထက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့က အခွင့်အလမ်းအနည်းငယ်သာရှိတယ်လို့ အကြီးတန်းအရာရှိတယောက် မကြာသေးမီရက်ပိုင်းအတွင်းက ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ပူတင်က ထပ်တလဲလဲပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ရန်ကိုလည်း ကန့်ကွက်ထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ပူတင်နဲ့ မကြာခင်ဆွေးနွေးဖို့ရှိနေပြီး စစ်ပွဲအဆုံးသတ်ရေးအတွက်…

Read More