ဖားကန့် နွံကန်ပေါက်ကျမှု သေဆုံးသူ အယောက် ၃၀ ကျော်တွေ့ရှိ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နား

ဇန်နဝါရီ ၁၆ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ သေဆုံးသူ အယောက် ၃၀ ကျော် တွေ့ရှိပြီး ဇန်နဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားလိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နွံကန်ပြိုကျမှုဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်၊ မနက်ပိုင်းကစလို့ ဇန်နဝါရီ ၁၅ ရက်၊ ညနေပိုင်းအထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မရပ်မနား လုပ်ဆောင်ခဲ့တာမှာ ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ကျွန်တော်တို့ နေ့ရောညရော ကယ်‌ဆယ်ရေးတွေ ဆက်တိုက် လုပ်ခဲ့တာမှာ ရုပ်အလောင်းပေါင်းက ၃၁ လောင်း ရတယ်။ အများပြည်သူက သေဆုံးသူ ရာဂဏန်းလောက် ရှိမယ်လို့ ခန့်မှန်းပေမယ့် တကယ်တမ်းက…

Read More

မရမ်းကုန်းမှာ တိုက်ခန်းအတွင်း အမျိုးသားတယောက် ဓားဒဏ်ရာငါးချက်နဲ့ အသတ်ခံထားရ

ဇန်နဝါရီ ၁၆ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၄) လမ်းထဲက တိုက်ခန်းအတွင်းမှာ အမျိုးသားတယောက် ဓားဒဏ်ရာတွေနဲ့အသတ်ခံထားရတယ်လို့ သိရပါတယ်။ တိုက်ခန်းအတွင်းဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို မနေ့ကဇန်နဝါရီ ၁၅ ရက်ညပိုင်းမှာမှသိရှိရပြီး အလောင်းကို တာဝန်ရှိသူတွေကစစ်ဆေးပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ၆ လွှာကအခန်းမှာဖြစ်သွားတာ။သူက တယောက်တည်းနေတာပ ဲတွေ့တယ်လို့သိရတယ်။ ကျန်တဲ့မိသားစုဘာညာ မသိရသေးဘူး ။သေတာကတော့ ညနေပိုင်းလောက်မှာဖြစ်သွားတာ။ သတ်တာဘယ်သူဆိုတာတော့မသိဘူး။ဒဏ်ရာက ငါးချက်လောက်ရှိတယ်။ လည်ပင်းနဲ့ရင်ဘတ်မှာပါ။ဓားဒဏ်ရာတွေပဲတွေ့တယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့နယ်လူမှုကူညီရေး သမားကပြောပါတယ်။ အသတ်ခံရသူကတော့ အသက်၅၉ နှစ်အရွယ်ဦးခင်မောင်သိန်းဆိုသူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ…

Read More

အိန္ဒိယ နာမည်ကျော်သရုပ်ဆောင် နေအိမ်မှာဓါးထိုးခံရတာ ခွဲစိတ်ကုသပြီးနောက် အခြေအနေကောင်းမွန်

ဒေလီ၊ ဇန်နဝါရီ-၁၆-၂၀၂၅ ရတီ (VOM) နာမည်ကျော် ဘောလိ၀ုဒ်သရုပ်ဆောင် ဆာဖ်အလီခန်းကို လူတယောက်က နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာသူတယောက်ရဲ့ ဓါးနဲ့ထိုးတာခံခဲ့ရပြီး လက်ရှိမှာတော့ မင်းသားဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်သွားပြီလို့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ ခန်းဟာ မိသားစုနဲ့အတူနေထိုင်တဲ့ မွမ်ဘိုင်းရှိနေအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ညသန်းခေါင်ကျော်လောက်မှာ သူနေအိမ်ထဲကို ဝင်ရောက်လာသူနဲ့ ဆာဖ်အလီခန်းတို့ဟာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားပြီးနောက် ဓါးဒဏ်ရာရခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် သူ့ရဲ့ ကျောရိုးမှာ ဓါးဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်လက်မှာ ဒဏ်ရာနှစ်ချက်နဲ့ လည်ပင်းမှာနောက်ထပ်ဒဏ်ရာတခုတို့ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး အခြေအနေတည်ငြိမ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ခန်းဟာ ဘောလိ၀ုဒ် အကျော်အမော်မင်းသမီး ကရီနာကာပူးနဲ့ လက်ထပ်ထားပြီးသူတို့မှာ ကလေးနှစ်ယောက်မွေးဖွားထားပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို မသိရသေးပေမယ့် အမည်မသိသူဟာ မင်းသားနေအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ၁၉၉၃ ခုနှစ်မှာ ရုပ်ရှင်လောကစတင်ဝင်ရောက်ခဲ့တဲ့ ခန်းဟာ…

Read More

ရှမ်း/တောင်က ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော် ရိက္ခာမလုံလောက်မှုပြဿနာနဲ့ ရင်ဆိုင်နေရ

ZY(VOM) ဇန်နဝါရီ ၁၆၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းရှိ ကာလရှည်စစ်ဘေးရှောင် ခြောက်သောင်းကျော်ဟာ လက်ရှိအချိန်မှာ ရိက္ခာမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ ၂၀၂၄ခု၊ ဇန်နဝါရီ ၂၁ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင် စံဖူး / လုံးဟီး ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှစတင်ပြီး ပြည်သူတွေ စစ်ဘေးရှောင်နေရတာဟာ တနှစ်ပြည့်မြောက်တော့မမှာ ဖြစ်တယ်လို့ သိရပါတယ်။ “ရှမ်း/တောင်မှာက တောဘက်ရှောင်တဲ့သူ အင်မတန်များတယ်။ တောဘက်ရှောင်တဲ့သူ တွေက ရေပြဿနာရော၊ စားနပ်ရိက္ခာပြဿနာပါ ထိပ်တိုက်ရင်ဆိုင်နေရတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သိုလှောင်ထားတဲ့ ရိက္ခာတွေကို ပြန်စားရတယ်။ တောဘက်က သစ်သီးဝလံတွေကို ရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်။ နေတာကတော့ ဘယ်လိုနေနေ၊ ဝတ်တာက ဘယ်လိုဝတ်ဝတ် ရိက္ခာမရှိရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ”လို့ စစ်ဘေးရှောင်အရေးကူညီနေသူတယောက်က VOMကို ပြောပါတယ်။ ၂၀၂၄ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊…

Read More

ဂျပန်မှာ လူသိန်းချီသေနိုင်တဲ့ အကြီးစားငလျင်ကြီး လှုပ်ခတ်ဖို့ရှိနေ

တိုကျို၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း အကြီးစားငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း ဂျပန်အစိုးရရဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က သတိပေးလိုက်ပါတယ်။ အဲဒီ အင်အားပြင်း မြေငလျင်ကြီးဟာ ရစ်ချ်တာစကေး အဆင့် ၈ ကနေ ၉ ထိရှိနိုင်တာကြောင့် ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်နိုင်ပြီး ငလျင်ကြောင့် လူသိန်းချီသေဆုံးနိုင်ကာ ဒေါ်လာဘီလီယံများစွာ ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ယခင်က ၇၄ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းရှိမယ်လို့ မြေငလျင်သုတေသန ကော်မတီက ယခင်ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခှိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။ ဂျပန်နို်ငငံ၏ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ကီလိုမီတာ ၈၀၀ အကွာမှာရှိနေတဲ့ နန်ကိုင်းကျောက်လွှာနဲ့လည်း သက်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီကျောက်လွှာကြောင့် ရစ်ချ်တာစကေး…

Read More

အနုအလှ စာသားများနှင့် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)

    ဆူးငှက်   တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။   ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့်…

Read More

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ပဋိပက္ခတွေကြောင့် တရက်ကို ကလေးငယ်နှစ်ယောက်ထက်မနည်း ထိခိုက်မှု၊ သေဆုံးမှုရှိနေ

ဇန်နဝါရီ ၁၆-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင တရက်ကို ကလေငယ် နှစ်ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ ၂၀၂၄ခုနှစ်အတွင်း ကလေးငယ်တွေ တိုက်ပွဲကြောင့်ကြုံတွေ့ရတဲ့အခြေအနေကို စုစည်းထားတဲ့အစီရင်ခံစာကို Unicef myanmar ကထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်းမြန်မာနိုင်ငံမှာ တိုက်ပွဲ တွေနဲ့ ကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြောင့်ကလေးပေါင်း ၆သန်းခန့်ဟာ ဆိုးရွားတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင် ၃.၅ သန်းနီးပါး မှာ၃၃ ရာခိုင်နှုန်းကျော်က ကလေးများဖြစ်သလို ၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ရာ တရက်ကိုကလေးနှစ်ယောက်နှုန်းထက်ပိုကာသေဆုံးဒဏ်ရာရမှုရှိနေတာလို့ ယူနီဆက်ဖ် ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်အရပ်သားအများစုနေထိုင်ရာဒေသများမှာ မြေမြှုပ်မိုင်း တွေအသုံးပြုတာ၊လ ေကြောင်းတိုက်ခိုက်မှုများနဲ့အခြားသေဆုံးစေနိုင်တဲ့ လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာတွေ နည်းပါးလာစေတယ်လို့ ဆိုပါတယ်။ ” တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလေးတွေသေဆုံးရတာတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့စက်တင်ဘာလတွေမှာ…

Read More

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲ အဆုံးသတ်လေပြီ

ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ၁၅ လကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကာတာ စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။ ဒီသဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုထားပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်သက်ဝင်မယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးကာ ဓါးစာခံတွေကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ပေါင်းနိုင်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ သဘောတူညီချက်ရဲ့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်နေဆဲဖြစ်ပေမယ့် သဘောတူညီချက်ရရှိမှုအတွက် ဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ပထမခြောက်ပတ်မစတင်မီ ဟားမတ်စ်တို့ဟာ အမျိုးသမီး၊ ကလေးငယ်နဲ့သက်ကြီးရွယ်အိုအပါအဝင် ဓါးစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးပြီး အစ္စရေးကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိန်းထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့…

Read More

သတိပြုရမယ့် ငလျင်ဘေးအန္တရာယ်

SN (VOM) ငလျင်လှုပ်ခတ်ခြင်းဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက်ရှိ မြေထုတွေ ရုတ်တရက်ကျိုးပြတ် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ လူနေမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဘူမိဗေဒ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အတိတ်ကာလကလည်း အင်အားပြင်းငလျင်ကြီးတွေ လှုပ်ရှားခဲ့ခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းတွေ တွေ့ကြုံ ခံစားခဲ့ရပါတယ်။ မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ မြေပြိုခြင်း၊ ဆူနာမီလှိုင်းကြီးတွေ ရိုက်ခတ်ခြင်း စတဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် အပျက်အစီး၊ အသေအပျောက်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အဓိက ငလျင်ရပ်ဝန်း နှစ်ခု ရှိပါတယ်။ ပထမတခုက ပစိဖိတ် ကမ်းရိုးတန်းတလျောက် အနားပတ်ထားတဲ့ ရပ်ဝန်းဖြစ်ပါတယ်။ “ပစိဖိတ်မီးကွင်း” (Pasific Ring of Fire) လို့လည်း ဆိုကြပါတယ်။ နောက်တခုကတော့…

Read More

ဒေါ်လာဈေးပြန်တက်လာချိန် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကိုဗဟိုဘဏ်က ထပ်မံဖမ်းဆီးအရေးယူ

ဇန်နဝါရီ ၁၅ – ၂၀၂၅GG (VOM)ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချခြင်းနဲ့လဲလှယ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထပ်မံအရေးယူထားကြောင်း ဇန်နဝါရီ၁၄ရက်မှာ အသိပေးလာပါတယ်။ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက် သူတွေကို စစ်ဆေးမေးမြန်းခြင်းနဲ့ ယင်းကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ရာကနေ တရားမဝင်ရောင်းဝယ်နေသူတွေကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရေးယူဆောင်ရွက်ရာမှာသံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စစ်ဆေးခဲ့ကာ အဲဒီထဲကမှ ကိုးယောက်ကိုအမှုဖွင့်အရေးယူထားပြီးခြောက်ယောက်ကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်။ဒါအပြင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် တရားမဝင်နိုင်ငံခြားငွေကြေး ဝယ်ယူခြင်း၊ ရောင်းချ​ခြင်း၊ လဲလှယ်ခြင်း နေတဲ့ facebook Group ၁၂ခု၊ Facebookpage ၅ခု ၊ လူနဲ့ဖေ့ဘုတ်စ်အကောင့် ၁၀ ခုကို စိစစ်ဖော်ထုတ်ပြီးအရေးယူနိုင်ရေးလုပ်နေတယ်လို့သိရပါတယ်။” ဒေါ်လာစျေးနဲ့ရွှေစျေးတက်လာပြီဆိုရင် ဗဟိုဘဏ်ကခုလိုပဲ သူတို့actionယူနေပါတယ်ပေါ့။သူတို့နိုင်ငံခြားငွေတွေလည်းထုတ်ရောင်းနေတာပဲလေ။ခုနှစ်စကနေပြန်တက်လာတာခုထိပဲ။စျေးကွက်လိုအပ်ချက်ရှိနေသရွေ့ ဒေါ်လာစျေးကခုလိုဖြစ်နေမှာပဲ။အခုက နိုင်ငံခြားငွေ ဝင်တာနည်းပြီး…

Read More