မတ် ၂၃ – ၂၀၂၆ SN (VOM) စစ်ကိုင်းအတွင်းက မြောင်မြို့နဲ့ အရာတော်မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ၁၀ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ် ၂၃ ရက်၊ နေ့လယ် ၁၂ ကျော်ဝန်းကျင်က မြောင်မြို့နယ် အနောက်ဘက်ခြမ်းရှိ သောင်ကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ငါးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်တာပါ။ အိမ်တွေ မီးလောင်နေတာ ခုထိ မငြိမ်းသေးပါဘူး။ အဲဒီတော့ အိမ်ခြေဘယ်လောက် ပျက်စီးနိုင်တယ်ဆိုတာ ခုချိန်မှာ ပြောလို့မရသေးပါး။ သေဆုံးကတော့ လောလောဆယ် သိရသလောက်က ပွဲချင်းပြီး လေးယောက်၊…
Read Moreပဲခူးမြို့နယ်မှာ စက်သုံးဆီစာအုပ်နဲ့သာ ဆီဝယ်ယူနိုင်မယ့် အစီအစဥ်စတင်
မတ် ၂၃ ၊ ၂၀၂၆ ပဲခူးတိုင်း ၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီထုတ်ယူခွင့် စာအုပ်နဲ့သာ ဆီဝယ်ယူခွင့်ပြုမယ့်အစီအစဥ်ကို စတင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ် ။ စက်သုံးဆီ ထုတ်ယူခွင့် စာအုပ်ပြုလုပ်ဖို့အတွက် ယာဉ်လိုင်စင်မိတ္တူ ၊ ယာဉ်အမျိုးအစား ၊ ယာဉ်ပိုင်ရှင်အမည် (မှတ်ပုံတင်မိတ္တူ) ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ရပ်ကွက်မှာ နေထိုင်ကြောင်းနဲ့ ပိုင်ရှင်ဖြစ်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပြုလုပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းပေးသွင်းရတယ်လို့ သိရပါတယ်။ အဲဒီလို အုပ်ချုပ်ရေးရုံးမှာ စာရင်းပေးသွင်းတဲ့အခါ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ရရှိဖို့အတွက် စာရွက်စာတမ်းကြေးအဖြစ် ၁၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အုပ်ချုပ်ရေးမှူးကို ပေးဆောင်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ” ရပ်ကွက်တိုင်းတော့မတူဘူး ။ တချို့ရပ်ကွက် စာရွက်စာတမ်းဖို့ ၁၀၀၀ ပေးရတယ်။…
Read Moreသရက်ချောင်းမြို့နယ်က စစ်ရှောင်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ
မတ် ၂၃ – ၂၀၂၆ SS (VOM) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်မှ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေသူတွေက ပြောပါတယ်။ သရက်ချောင်းမြို့နယ်ရှိ ဂုံညှင်းဆိပ်၊ ပြင်းဖြူသား၊ သဲချောင်းကြီး၊ စုံစင်ဖျား၊ စုံစင်၊ ဆီတော၊ ဆီတက်၊ ဝင်းဝ၊ သိမ်ကုန်း အစရှိတဲ့ ကျေးရွာတွေအပါအဝင် မြို့နယ်အောက်ပိုင်းရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်က စတင်ပြီး စစ်ဘေး တိမ်းရှောင်နေရတာဖြစ်ပြီး လူဦးရေ ထောင်နဲ့ချီ ရှိနေတယ်လို့ သိရပါတယ်။ “အဓိက လေကြောင်းရန်ကိုကြောက်လို့ ရှောင်ကြတာပါ။ ရှောင်တာကတော့ ဘေးလွတ်မယ်ထင်တဲ့ တခြားရွာတွေနဲ့ ပင်လယ်ကမ်းအစပ်တွေကို ရှောင်ကြတာ။ အခုဆို စစ်ရှောင်ကာလ တလကျော် ရှိလာပြီဆိုတော့…
Read Moreကသာမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေ
မတ် ၂၃ – ၂၀၂၆ KBT+SN (VOM) စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲ ပြင်းထန်နေပြီး အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကသာမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၃၀၉) ဝန်းကျင်နဲ့ သဖန်းကိုင်းကျေးရွာ အနီးတဝိုက်မှာ ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲဖြစ်နေတာ လေကြောင်းကလည်း နေ့ရော၊ ညရော အဆက်မပြတ်ဘဲ။ လက်နက်ကြီးသံတွေရော၊ အပြန်အလှန် ပစ်ခတ်တာတွေရော ဆက်တိုက် ကြားနေရတယ်။ အစိုးရတပ်က မြို့ကို အဝင်အထွက် ပိတ်ထားလို့ မြို့ခံတွေ တိုက်ပွဲထဲ ပိတ်မိနေကြတယ်။ သေဆုံးတာတွေလည်း ရှိနေတယ်” လို့…
Read Moreစားအုန်းဆီ စျေး ၁၅၀၀၀ ဖြစ်လာတဲ့အပြင် ဝယ်မရတဲ့အထိဖြစ်နေပြီး မြေပဲဆီလည်း စျေးနူန်းမြင့်တက်ကာ လိုသလောက်မရ ဖြစ်နေ
မတ် ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်ပကတင်သွင်းရတဲ့ စားအုန်းဆီစျေးမြင့်တက်ပြီး ဝယ်ယူရခက်လာသလို ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းလည်း မြင့်တက်လာကာ ပစ္စည်းကို ထိန်းပြီး ရောင်းနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လက်ရှိ ပြည်တွင်းစားဆီစျေးကွက်မှာ နေရာဒေသအပေါ်လိုက်ပြီး စားအုန်းဆီစျေးနူန်းက တပိဿာကို ၁၂၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ စျေးပေါက်နေတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေပါ ဖြစ်နေတယ်လို့ သိရပါတယ်။ အလားတူ မြေပဲဆီကလည်း တပိဿာကို ၁၉၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး ဆီကြိတ်ခွဲနိုင်မှု နည်းတဲ့အတွက် စျေးကွက်အတွင်း ဆီကိုထိန်းပြီးရောင်းနေရတယ်လို့ သိရပါတယ်။ ” စားအုန်းဆီက လိုချင်သလောက်မရဘူးဖြစ်နေတယ်။ စျေးကလည်း တက်နေတယ်။.စျေးတက်ပြီးဝယ်လို့ရရင် အလုပ်ဖြစ်သေးတယ်။ စျေးတက်ပြီးဝယ်မရတော့ အဆင်မပြေဘူး ။ ဒီကြားထဲ လိမ်တဲ့သူတွေကရှိသေးတယ်။ မြေပဲဆီကလည်း စျေးတွေဆက်တိုက်တက်လာတယ်။ မြေပဲဆံကြိတ်ခွဲနိုင်မှာ…
Read Moreရွှေဈေး ကျပ် သိန်း ၁၀၀ အောက် ပြန်ရောက်ပြီ
မတ် ၂၃ – ၂၀၂၆ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ ဒီကနေ့ မတ် ၂၅ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၉၉၆ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ပြန်လည် ကျဆင်းလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၆၀၀ ကျော် အကျရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း ကျဆင်းလာတာမှာ ခြောက်ရက်အတွင်း ကျပ် ကိုးသိန်းကျော်ဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်း သုံးသောင်းဝန်းကျင်ကို…
Read Moreကျူးဘားနိုင်ငံမှာ တစ်နိုင်ငံလုံး အမှောင်ကျပြီးနောက် လျှပ်စစ်မီး ပြန်လည်ရရှိ
ဟာဗားနား၊ မတ်လ ၂၂ ရက် (၂၀၂၆) MT(VOM) ကျူးဘားနိုင်ငံမှာ တပတ်အတွင်း ဒုတိယအကြိမ်မြောက် တနိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ မီးပြန်လာပြီလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ ရေနံပိတ်ဆို့မှုဒဏ်ကြောင့် ကျူးဘားကျွန်းဟာ အပြင်းအထန် ရုန်းကန်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ လျှပ်စစ်မီးပြန်ရရှိမှုမြို့တော် ဟာဗားနားရဲ့ သုံးပုံနှစ်ပုံလောက်မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းကစပြီး မီးပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သုံးစွဲလိုတဲ့ လျှပ်စစ်ပမာဏက ထုတ်လုပ်နိုင်တဲ့ ပမာဏထက် ပိုများနေသေးတယ်လို့ သတိပေးထားပါတယ်။ နိုင်ငံရေး တင်းမာမှုအမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကျူးဘားကို ရေနံပိတ်ဆို့မှုတွေ လုပ်ခဲ့သလို၊ ကျူးဘားကို “သိမ်းပိုက်ဖို့” အထိပါ စကားနာထိုးခဲ့တာကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ အရမ်းမြင့်တက်နေပါတယ်။ စစ်ရေးပြင်ဆင်မှုကျူးဘား နိုင်ငံခြားရေး ဒု-ဝန်ကြီးက အမေရိကန်ရဲ့ ကျူးကျော်မှုကို ခုခံဖို့…
Read Moreသိန္နီမြို့နယ် အွမ်လီးရေအားလျှပ်စစ် အောက်မှာ တရုတ်နိုင်ငံသားတွေ နှစ်ချီပြီး သယံဇာတ ခိုးတူးနေပေမယ့် အရေးမယူနိုင်သေး
မတ် ၂၃၊ ၂၀၂၆ Shy V (VOM) သိန္နီမြို့နယ် အွမ်လီးရေအားလျှပ်စစ် အောက်မှာ တရုတ်နိုင်ငံသားတွေ နှစ်ချီ သယံဇာတ ခိုးတူးယူတာ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်စလပ် ကနေ ကျော်လာရင် အွမ်လီး ဆိုတဲ့ နေရာမှာ ရေအား လျှပ်စစ် လုပ်နေတာတော့ ၅ နှစ်၊ ၆ နှစ် ရှိပြီ။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ဘန်းပြပြီး အဲဒီဘက်က တခြားပေါ့။ သယံဇာတ တွေတူးယူနေကြတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲဒီ သယံဇာတ တူးယူ နေတဲ့ နေရာက နမ့်စလပ်ကနေ မုံးစီးဘက်ခြမ်း၊ နားတီးကနေ လာရင် အေးရှားဝေါလ်ရဲ့ ဘယ်ဘက်ခြမ်းက လမ်းမကြီးကနေ သွားရတာလို့ သူက ပြောပါတယ်။ အဲဒီ အွမ်လီး နမ်ဆားချောင်းမှာ အစိုးရ…
Read Moreဥပဒေကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် တို့ကို ရွေးချယ်တင်မြှောက်
နေပြည်တော်၊ မတ်- ၂၃- ၂၀၂၆ KKL(VOM) ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစည်းအဝေးမှာ အသစ်စတင်ဖွဲ့စည်းတဲ့ ဥပဒေကြမ်း ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးနန္ဒကျော်စွာ နဲ့ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦး တို့ကို ရွေးချယ်ခဲ့ကြပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဌအဖြစ် အောင်မြေသာဇံ မဲဆန္ဒနယ် ဦးတေဇကျော် နဲ့ ဦးတင်အောင်ချစ် အောင်လံမဲဆန္ဒနယ်တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။ #voiceofmyanmar #vom #naypyitaw #လွှတ်တော် #ဥပဒေကြမ်းကော်မတီ #ပြည်သူ့လွှတ်တော်
Read Moreတတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့ကျင်းပ၊ အမြဲတမ်းကော်မတီနှစ်ခု ဒီကနေ့ စတင်ဖွဲ့စည်းမယ်
နေပြည်တော်၊ မတ်- ၂၃- ၂၀၂၆ KKL(VOM) တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဒီကနေ့ မတ်လ ၂၃ ရက်နေ့မနက်မှာ ကျင်းပနေပြီး ဒီအစည်းအဝေးမှာ အမြဲတမ်းကော်မတီတွေဖြစ်တဲ့ ဥပဒေ ကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော်မတီနှစ်ခုကို စတင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်း ကော်မတီ ဖွဲ့ စည်းရေးနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားကာ ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအ ဝေးတွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီမှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့ အမည်စာရင်းကို ပြည်သူ့လွှတ်တော်ကို တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းရေးနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားပြီး ကော်မတီရဲ့…
Read More



