စံပြဈေးအနီး လူကူးခုံးတံတားပေါ်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွား

မေ ၈ – ၂၀၂၄SN (VOM)ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးအနီး လူကူးခုံးတံတားပေါ်ကနေ ဒီကနေ့ မေ ၈ ရက်က လူငယ်တယောက် ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်‌တွေ့ရှိသူတွေဆီက သိရပါတယ်။အဲဒီဖြစ်စဥ်ဟာ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ခုံးတံတားပေါ်က‌ ခုန်ချခဲ့သူဟာ အသက် ၂၀ ကျော်အရွယ် လူငယ် အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။“ကောင်လေးက သွေးတွေကတော့ အများကြီး ထွက်နေတာ။ ခဏနေတော့ လူမှုကူညီရေးအသင်းကား ရောက်လာပြီး ခေါ်သွားတာတွေ့တယ်” လို့ မျက်မြင်‌တွေ့ရှိသူက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက် သိရှိလိုတာကြောင့် သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဆီ VOM က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာတော့ မဖြေဆိုခဲ့ပါဘူး။လက်ရှိကာလအတွင်း အလားတူ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊…

Read More

ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှု အခက်တွေ့

မေ ၈ – ၂၀၂၄ SN (VOM) တိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးကအစ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်တင်ကား မောင်းနှင်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့ တနင်္သာရီနယ်စပ်ရှိ နစကရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမှာ ဒီကနေ့ မေ ၇ ရက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်းကို နစကဘက်ကရော တော်လှန်တပ်ဖွဲ့တွေဘက်ကပါ ပိတ်ထားတဲ့အတွက် ကားအစီးရေ ၇၀ ဝန်းကျင်လောက် တနင်္သာရီမြို့နယ်အတွင်း ပိတ်မိနေပြီး ကုန်စည်စီးဆင်း‌မှု အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အခုက အတက်အဆင်းကားတွေ အကုန်ပိတ်မိနေတာ။ အစီးရေ ၇၀ ဝန်းကျင်လောက်တော့ ရှိမယ်။ လူတွေကတော့ ခန့်မှန်းခြေ နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်တယ်။…

Read More

ယနေ့ ရွှေဈေး (မေ – ၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၇၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကုမ္ပဏီ ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသလို နိုင်ငံခြား ငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရ

မေ ၈ – ၂၀၂၄SN (VOM)မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီပေါင်း ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသလို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ အချက်တွေကို လိုက်နာခြင်းမရှိတဲ့ နိုင်ငံခြားငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က) အရ ကုမ္ပဏီအားလုံးဟာ ဖွဲ့စည်းတည်ထောင်တဲ့နေ့မှ နှစ်လအတွင်းနဲ့ အဲဒီနောက်ပိုင်းကာလအတွက် နှစ်စဉ် အနည်းဆုံး တကြိမ် (ဒါမှမဟုတ်) နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တလထက်နောက်မကျစေဘဲ ကုမ္ပဏီရဲ့ အသေးစိတ် ဖော်ပြချက်တွေပါရှိတဲ့ နှစ်စဉ်အစီရင်ခံစာ (AR) ကို သတ်မှတ်ပုံစံနဲ့ မှတ်ပုံတင်အရာရှိထံကို တင်ပြရမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အသိပေးထားပြီး ဖြစ်ပါတယ်။AR တင်ပြရမယ့်ရက်ထက် ၂၈ ရက်…

Read More

TikTok ကိုပိတ်ပင်မယ့် ဥပဒေပြဌာန်းလို့ အမေရိကန်အစိုးရ တရားစွဲခံရပြီ

ဝါရှင်တန်၊ မေ-၈-၂၀၂၄မျိုးဆက်(VOM)TikTok ရှယ်ယာတွေကို ရောင်းချခြင်းမပြုပါက အမေရိကန်မှာ ပိတ်ပင်မယ့် ဥပဒေကို ပြီးခဲ့တဲ့ လက ပြဌာန်းလိုက်တာကြောင့် အမေရိကန်အစိုးရကို TikTok ကိုတရားစွဲဆိုလိုက်ပါတယ်။တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ TikTok ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတရပ်ဖြစ်ပြီး တရုတ်အစိုးရထံ အချက်အလက်တွေ လွှဲပြောင်းနိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေကဆိုပါတယ်။အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟ အမေရိကန်ရှိ TikTok အသုံးပြုသူသန်း ၁၇၀ ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း TikTok ရဲ့တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။TikTok အနေနဲ့ တရုတ်အစိုးရနဲ့ အမှီအခိုကင်းပြီး မိခင်ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်ဟာ ရဲ့လုပ်ငန်းကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားပါတယ်။အမေရိကန်အစိုးရ ပြဌာန်းလိုက်တဲ့ ဥပဒေအရ ရှယ်ယာတွေမရောင်းချဘူးဆိုရင် ဘိုက်ဒန့်ကုမ္ပဏီအနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစပြီး အမေရိကန်မှာ TikTok ကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ TikTok ကတော့ အမေရိကန်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို…

Read More

မြောက်ကိုရီးယား ကင်မိသားစုအဆက်ဆက် ဝါဒဖြန့်ခေါင်းဆောင်လုပ်ခဲ့သူ ကင်ကီနမ် ကွယ်လွန်

ပြုံးယမ်း၊ မေ-၈-၂၀၂၄မျိုးဆက်(VOM)မြောက်ကိုရီးယား အာဏာရှင်တွေဖြစ်တဲ့ ကင်မိသားစုအဆက်ဆက် ဝါဒဖြန့်ခေါင်းဆောင်ဖြစ်ခဲ့သူ ကင်ကီနမ်ဟာ အသက် ၉၄ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက မေ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။၂၀၂၂ ခုနှစ်ကတည်းက ဆေးဝါးကုသမှုခံယူနေရတဲ့ ကင်ကီနမ်ဟာ အသက်အရွယ်ကြီးရင့်မှုနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ချို့ယွင်းမှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။သူဟာ မြောက်ကိုရီးယား အာဏာရကင်မီသားစု အဆက်ဆက်မှာ ဝါဒဖြန့်ကြိုးပမ်းမှုတွေကို ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ မေ ၈ ရက်အစောပိုင်းက ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရအပေါ် အကြွင်းမဲ့သစ္စာစောင့်သိခဲ့တဲ့ စစ်ပြန်တော်လှန်းရေးသမား ကင်ကီနမ်ကို ဂုဏ်ပြုခဲ့ကြောင်း ကေစီအင်န်အေက ဖော်ပြထားပါတယ်။တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနကတော့ သူ့ကို နာဇီဂျာမနီရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဂျိုးဇက်ဂိုးဘယ်လ်နဲ့ ခိုင်းနှိုင်းခဲ့ပြီး သူ့ရဲ့ဝါဒဖြန့်မှုတွေကြောင့် မကြခဏဆိုသလို လိမ်လည်လှည့်ဖြားမှုတွေက အမှန်တရားလိုဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။သူဟာ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူအဖြစ် ကျယ်ပြန့်စွာရှုမြင်ခံထားရတဲ့ ကင်အီဆွန်းရဲ့ သြဇာအာဏာကို ထူထောင်ဖို့…

Read More

မူဆယ်မှာ ကျားဖြန့် ငွေလိမ် ကုမ္ပဏီတွေကို တွေကို ဝင်ဖမ်း

မေ ၈၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ ယမန်နေ့ မေလ ၇ ရက်နေ့ည ၁၀ နာရီကျော်ခန့်က ကျားဖြန့် ငွေလိမ် ကုမ္ပဏီတွေကို တွေကို မူဆယ် သက်ဆိုင်ဌာနက ရုတ်တရက် ပြန် ဝင်ဖမ်းလို့ ငွေလိမ် ကုမ္ပဏီမှာ အလုပ်လုပ်နေသူတွေ ဝရုန်းသုန်းကား ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ် ကြားဖြန့် တွေလိုက်ဖမ်းနေတာတဲ့။ နန်းတော်ပေါက်နား ပြေးနေကြတာ အများကြီးပဲ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကျားဖြန့် အွန်လိုင်း ငွေလိမ် ကုမ္ပဏီတွေကို ညအချိန်မှ ရုတ်တရက် ထပ်ပြီး လိုက်ဖမ်းနေတာဖြစ်ပြီး ကားတွေလည်း တဝီဝီ သွားနေသံကြားတယ်လို့ ဆိုပါတယ်။ “ကျားဖြန့်တွေ ဖမ်းနေတာ လူတွေကို ဖွေးနေတာပဲ။…

Read More

ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားမှောက်ပြီး ကားပေါ်ပါသူ သုံးယောက်စလုံး ပွဲချင်းပြီး သေဆုံး

မန္တလေး ၊ မေ ၈ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် မြို့ရှောင်လမ်း၊ဖက်ဆွတ်ကန်အနီး ထင်းရှူးတောအစပ်နားမှာ ခွေးဘီလူးကားတစီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ အမျိုးသားသုံးယောက်လုံး သေဆုံးခဲ့တယ်လို့ ကူညီရေးလမ်းကြောင်းပါဝင်ခဲ့တဲ့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းကသိရပါတယ်။ မနေ့က မေလ ၇ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ အမျိုးသားသုံးယောက်လိုက်ပါလာတဲ့ ခွေးဘီလူးကား တိမ်းမှောက်ခဲ့တာဖြစ်ပြီး တိမ်းမှောက်မှုကြောင့်ကားမှာ ရစရာမရှိအောင်ပျက်စီးခဲ့သလို အမျိုးသားသုံးယောက်လုံးကိုလည်း ကားခေါင်းခန်းထဲကနေ ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ “ကားခေါင်းထဲမှာလူသုံးယောက်ညှပ်နေတယ်ဆိုလို့ကားတွေထွက်ခဲ့တယ်၊မီးသတ်နဲ့ပေါင်းပြီးထုတ်ခဲ့ရတယ်။သုံးယောက်လုံးနေရာမှာပွဲချင်းပြီးပဲ၊ ကားကတိုက်တာလို့လည်းပြောတယ်၊မှောက်တာလည်းပြောကြတယ်သေချာမသိရဘူး။တိုက်တဲ့နေရာက အမြန်လမ်းမကြီးလိုဖြစ်တော့ လူရှင်းတော့ သိပ်မသိကြဘူး။ကားပေါ်ပါသူတွေကလည်းအကုန်ဆုံးတော့ သေချာမသိရဘူးဖြစ်နေတာပေါ့ ” သန္တိသုခလူမှုကူညီအေသင်း ဝင်တယောက်ကပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့်သေဆုံးသူသုံးယောက်လုံးကို ပြင်ဦးဆေးရုံရှိ ရင်ခွဲရုံကိုပို့ဆောင်ထားကြောင်း ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန် သေဆုံးသူအမျိုးသားသုံးယောက်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ချိတ်ဆက်မရရှိသေးတာကြောင့် သေဆုံးသူတွေရဲ့ နေထိုင်ရာမြို့နယ်အပါအဝင်…

Read More

တနင်္သာရီတိုင်းမှာ လူသတ်မှုတွေ အဖြစ်များလာ

မေ ၈ ၊ ၂၀၂၄SP ( VOM)တနင်္သာရီတိုင်းမှာ ဒီရက်ပိုင်းအတွင်း ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အသတ်ခံရမှု အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” လူသတ်မှုအဖြစ်များတာကတော့ မြိတ် ၊ ကော့သောင်း ၊ ကျွန်းစု ၊ ရေဖြူနဲ့ လောင်းလုံစတဲ့ မြို့နယ်ဘက်တွေမှာ ဖြစ်တယ် ၊ လတ်တလော လူသတ်မှုဖြစ်စဥ် နှစ်ဆယ်နီးပါးရှိတယ် ၊ အသတ်ခံရသူတွေဟာ ရပ် / ကျေး အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဖြစ်တယ် ” လို့ ေဒသခံ ပရဟိတသမား တယောက်က ပြောပါတယ်။မေ ၇ ရက် ၊ မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ ကျွန်းစုမြို့နယ် ၊ မဲတောကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ဆိုသူ ပစ်သတ်ခံရပြီး ၊ သူကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ်…

Read More

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဆေးရုံမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူနှစ်ယောက်သေပြီး ၂၁ ယောက်ဒဏ်ရာရ

ပေကျင်း၊ မေ-၈-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆေးရုံတရုံမှာ ဓါးကိုင်တိုက်ခိုက်မှုကြောင့် လူ နှစ်ယောက်ထက်မနည်း သေဆုံးသွားပြီး ၂၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ဓါးကိုင်တိုက်ခိုက်မှုဟာ မေ ၇ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၃၇ မိနစ်မှာ ယူနန်ပြည်နယ် ရှန်ရှောင်းပြည့်သူ့ဆေးရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတယောက်က ဆေးရုံမှာ ဓါးနဲ့တိုက်ခိုက်ခဲ့တာပါ။သံသယရှိသူဟာ ရှန်ရှောင်းဒေသ ပိုဂျီမြို့မှဖြစ်ပြီး ဖမ်းဆီးခံရမှုရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒဏ်ရာရသူအရေအတွက်ဟာ ၂၃ ယောက်လို့ ကနဦးထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ၂၁ ယောက်လို့ နိုင်ငံပိုင်မီဒီယာက အတည်ပြုထုတ်ပြန်ပါတယ်။ဆေးရုံအနီးဝန်းကျင် ရပ်ကွက်အတွင်းနေထိုင်သူများနှင့် စျေးရောင်းသူတွေအနေနဲ့ အိမ်၊ဆိုင် တံခါးတွေကို သော့ခတ်ထားဖို့နဲ့ အမည်မသိ သူစိမ်းတွေကို သတိထားကြဖို့ တရုတ်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။တရုတ်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားပေမယ့် မကြာသေးမီနှစ်တွေအတွင်း ဓါးကိုင်တိုက်ခို်ကမှုတွေ တိုးပွားလာနေပါတယ်။ ယမန်နှစ်ဩဂုတ်လအတွင်းက ယူနန်ပြည်နယ် လူနေရပ်ကွက်တခုမှာ…

Read More