ကချင်ပြည်နယ်အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၂၁၃ ခု မှာ ကျပ်သန်း ၄သောင်းကျော်ဖိုးပမာဏရှိနေကြောင်း စာရင်းစစ်ချုပ်တွေ့ရှိ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) သတ်မှတ်ထားတဲ့အချက်​ ၃ ချက်​နဲ့ မညီတဲ့ ကိစ္စ​တွေကို မစစ်​​ဆေးနိုင်​ခဲ့တာ ၂၁၃ ခုရှိပြီး တန်​ဖိုးအားဖြင့်​ ကျပ်​သန်း ၄သောင်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ကပြောပါတယ်။ တည်​​ဆောက်​​ရေး လုပ်​ငန်း​တွေကို စစ်​​ဆေးတဲ့အခါမှာ  သက်​ဆိုင်​ရာတည်​​/​ကော်​ရဲ့ စီစစ်​အတည်​ပြုချက်​ ရထားပြီး လုပ်​ငန်း​တွေဖြစ်​ရမယ်​။ ရာနှုန်းပြည့်​ပြီး​နေရမယ်​ ။  စာချုပ်​ထဲမှာပါတဲ့ ၂ ဦး နှစ်​ဖက်​ တရားဝင်​လွှဲ​ပြောင်းအပ်​နှံထားမှုဖြစ်​ရမယ်​ ။ အဲ့ဒီလို့ပြည့်​အဝ လုပ်​ထားတဲ့ လုပ်​ငန်း​တွေကိုပဲ စာရင်းစစ်​ရုံးက စစ်​ခွင့်​ရှိတယ်လို့ပြောပါတယ် ဒါကြောင့်စာရင်းစစ်ရုံးကအစီရင်ခံစာကို ဇန်နဝါရီလ၂၁ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌကိုလိပ်မူပေးပို့ခဲ့တာပါ။ “အဲ့ဒီပိုပြီးနောက်ပိုင်းအပြောင်းအလဲတွေရှိသွားတယ် ဆလိုက်ရှိုးတွေကိုရှင်းပြတဲ့ခါမှာ ဘယ်လောက်ဘယ်လောက်တော့လျော့သွားပြီးဆိုပြီးတော့ပြောပါတယ်။  ၂၁၃ခုမှာဆိုရင်တော်တော်လျော့သွားပါပြီ၊။ဒါပေမဲ့မပြီးပြတ်သေးတာတွေ ကျန်သေးတယ် ။ ဥပမာအားဖြင့် အစိုးရအဖွဲ့ရုံးဘတ်ဂျတ်ကနေလုပ်တဲ့ဟာတွေဟာ ၁၄၂ခုဆိုပေမယ့် အခု၇၀လောက်ဘဲရှိတော့တယ်။ အချက်၃ချက်နဲ့မညီတာဘဲရှိတော့တာ အစီရင်ခံစာတွေကိုအချိန်မှီအောင်ပို့ရတာ စောင့်ဆိုင်းနေလို့မရဘူးလို့” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ဖေဖော်ဝါရီ လ၆ရက်နေ့မှာရှင်းပြခဲ့ပါတယ်။ တနိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက…

Read More

ပြေးရင်းလွှားရင်း စစ်ဘေးရှောင်ကျောင်းသား ၈၀၀ ကျော် စာမေးပွဲဖြေဆို

စစ်တွေ၊ ဖေဖော်ဝါရီ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ စာမေးပွဲဖြေဆိုသူကျောင်းသူကျောင်းသားဦးရေ ၈၅၉ ယောက်ရှိနေပါတယ်။ အဲဒီ စစ်ဘေးရှောင်ကျောင်းသူကျောင်းသား ၈၅၉ ယောက်တို့ဟာ လက်ရှိခိုလှုံနေကြတဲ့ ကျောက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ရှောင်စခန်းတွေရှိတဲ့ သက်ဆိုင်ရာအခြေခံပညာကျောင်းတွေမှာ ဖြေဆိုနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ “စစ်ဘေးရှောင်ကလေးငယ် တွေကို အခုသူတို့နေထိုင်နေကြတဲ့ စခန်းတွေမှာပဲ စာမေးပွဲစစ်ဆေးနေပါတယ်။ ကျောင်းသားဦးရေကတော့ ၈၆၂ ယောက်မှာ ဆယ်တန်းပြင်ပဖြေဆိုမယ့်ကျောင်းသား သုံးယောက်က ရွာကိုပြန်သွားပါပြီ။ လက်ရှိစာမေးပွဲဖြေဆိုနေတာက ၈၅၉ ယောက်ရှိပါတယ်။”လို့ လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။ ဒါ့အပြင် အဲဒီကျောင်းသာားတွေကို ပညာရေးဌာနကနေ ပညာသင်ကြားမှုအဆက်မပြတ်စေရေးအတွက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားခွင့်ပေးထားခဲ့ပြီး အခုစာမေးပွဲကိုလည်း သက်ဆိုင်ရာကျောင်းတွေက ပြုလုပ်တဲ့မေးခွန်းတွေနဲ့ပဲ ဖြေဆိုနေကြတာဖြစ်ပါတယ်။ “ဒီကျောင်းသားတွေက သူတို့ရဲ့ရွာတွေကိုပြန်သွားဖို့အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ မူလကျောင်းရဲ့ တွဲထားတဲ့ကျောင်းတွေကနေ မေးခွန်းယူဖို့အဆင်ပြေရင် ယူပြီးတော့…

Read More

ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံဝင်ရောက်ရေး မြောက်ကိုရီးယားကန့်ကွက်

ပြုံးယမ်း၊ ဖေဖော်ဝါရီ-၆ မျိုးဆက် (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဂျပန်နိုင်ငံက ၀င်ရောက်မယ့် အရေးကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ကန့်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်ကထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၂၉ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဂျပန်နိုင်ငံက လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နေရာရယူရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ကန့်ကွက်တယ်ဆိုတာကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံရဲ့  သမိုင်းကြောင်းနဲ့  အတိတ်ကစစ်ရာဇ၀တ်မှုတွေအတွက် အပြစ်ကိုချေဖျက်တာမျိုး မရှိတဲ့ ဂျပန်နိုင်ငံကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်မပြုသင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ကင်ဆောင်က ပြောပါတယ်။ နိုင်ငံတကာ တရားမျှတမှုလုပ်ထုံးတွေနဲ့အတူ  ဘက်မလိုက်အဖွဲ့နဲ့  ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့  ကိုယ်စားပြုအခွင့်အရေးတွေကို အာမခံတဲ့ မျှတတဲ့ ဒီမိုကရေစီဝါဒနဲ့အညီ  လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်တယ်လို့ ၎င်းကပြောပါတယ်။ လက်ရှိမှာတော့…

Read More

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကချင်ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ တွေ့ဆုံ

မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) ကချင်ပြည်နယ်ကိုရောက်နေတဲ့ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှုးကြီးမင်း​အောင်​လှိုင်​ဟာ  KBC, ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်, RC  ရိုမန်ကက်သလစ်အသင်းတော်က ဘာသာရေးဆရာတွေနဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ မလိခရိပ်​သာမှာ ​တွေ့ဆုံ​ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်အနေနဲ့ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​မှုးကြီးမင်း​အောင်​လှိုင်​ဟာ KBC, RC  ဘာသာရေးဆရာတွေနဲ့ ကချင်ပြည်နယ်မှာတွေ့ဆုံတာဟာ ပထမဆုံးအကြိမ်တွေ့ဆုံတာဖြစ်ပါတယ်။ တွေ့ဆုံတဲ့အထဲမှာ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှုး သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ဦးဆောင်တဲ့အဖွဲ့မှာ ဆရာတော်လေးပါးနဲ့ RC ကက်သလစ်အသင်းတော်ကဆရာတော် လေးပါး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံထဲ့အထဲမှာပါတဲ့ ကတ်သလစ်အသင်းတော်က  ဖာသာနော်လတ်ကတော့ “ကျတော်တို့ကတ်သလစ်အသင်းတော်အနေနဲ့က ပထမဆုံးဆရာတော်အနေနဲ့ ပြောတာကတော့ မြစ်ဆုံရေကာတာကို ကျနော်တို့ ကတ်သလစ်သဘောထားအမြင်တွေကိုပြောပါတယ်။ လူထုသဘောထားကိုဆန့်ကျင်ပြီးဘာမှမလုပ်ဖို့ ဆွေးနွေးပါတယ်။ လူထုနဲ့အတူရပ်တည်သွားမယ်ဆိုတဲ့အကြောင်းပြောပါတယ်။ ဖာသာနော်ဒင်ကတော့ “မြစ်ဆုံရေကာတာကိုဆောက်မယ်ဆိုရင် ကျတော်တို့ကချင်ပြည်နယ်ပျောက်သွားမယ် မဆောက်သင့်တဲ့အကြောင်းပြောပါတယ် “ လို့ ဖာသာနော်လတ်က မီဒီယာတွေကို ပြောပါတယ်။ ဒီတွေဆုံပွဲမှာ…

Read More

အချစ်ရေးကြောင့် တိုက်ပေါ်က ခုန်ချခဲ့တယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ ခြူးလေး

ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ သင်းသဒ္ဒါ (VOM) MRTV-4 ရုပ်သံဇာတ်လမ်းတွဲတဆင့် ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ သရုပ်ဆောင် ခြူးလေးကတော့ အချစ်ရေးကြောင့် တိုက်ပေါ်ကခုန် ချခဲ့တယ်ဆိုတဲ့ အွန်လိုင်းမှာတက်နေတဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ်မဟုတ်ဘဲ  ကောလဟာလလို့ဆိုပါတယ်။ ”အွန်လိုင်းမှာက ဟုတ်တာရော မဟုတ်တာတွေရော တက်နေတာပါ။ ခြူးလေးက အရမ်းဒေါသကြီးတဲ့လူတစ် ယောက်ပါ၊ ကောလဟလနဲ့ ကြုံရရင် စိတ်ကို လျော့ပြီးနေပါတယ်။ ဒေါသကြီးရင် အမှားပါတတ်တယ်။ တကယ်တမ်းကောလဟလဆိုတာ ဟုတ်တာရော မဟုတ်တာပါ တတ်တယ်။ ဟုတ်ရင်လည်း ပုံကြီးချဲ့တတ်တာမျိုး ၊မဟုတ်ရင်လည်း ဟုတ်သယောင် လုပ်တတ်တာမျိုး ဆိုတော့လေ အဲဒီမှာမှ ကိုယ်က ဒေါသရှေ့ထားလိုက်မယ်ဆိုရင် ကိုယ့်အမှားပါ ပါသွားပြီး ဖြေရှင်းတာမဖြစ်တော့ဘဲ ထပ်အဖွခံရတာမျိုး ဖြစ်သွားနိုင်တယ်လေ။ အဲဒါကြောင့် ဘယ်သူကိုမှ မထိခိုက်ဘဲ အကောင်းဆုံးဖြစ်စေနိုင်မယ့် နည်းလမ်းကိုပဲ စိတ်အေးအေးထားပြီး ဖြေရှင်း တယ်။ အနုပညာလောကထဲမှာ ကောလဟလ ဆိုတာ…

Read More

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန အသစ်တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်

မုံရွာ ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဗျဂ္ဃ (VOM) ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ နောက်ထပ် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ အမျိုးမျိုးထင်ကြေးပေးပြောဆိုနေကြပေမယ့် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မီဒီယာတွေက မေးမြန်းရာမှာတော့ အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။ “ဆရာက စကားကျွံသွားမှာစိုးလို့ ဘာမှ မပြောချင်သေးဘူး။ အလုပ်နဲ့ သက်သေပြမယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၈ ခုရှိတဲ့အထဲက ဝန်ကြီး ဦးကမ်ဇာမုံကိုင်တွယ်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ဆိုပြီး ဌာနတွေ အများကြီးရှိနေတာကြောင့် တာဝန်တွေများနေတဲ့အတွက် ဝန်ကြီးဌာနတိုးချဲ့ကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုပြီး နောက်ထပ် အသစ်ဖွဲ့စည်းဖို့ ဆိုပြီး သတင်းထွက်ပေါ်နေတာပါ။ ဒါ့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထဲက ကိုယ်စားလှယ်အချို့ကိုလည်း ရွေးချယ်ကာ နိုင်ငံတော်သမ္မတထံ…

Read More

နျူလက်နက် စွန့်လွှတ်ရေးအတွက် ထရန့်-ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲ ဗီယက်နမ်မှာ ကျင်းပတော့မည်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၆-၂၀၁၉ မျိုးဆက် (VOM) နျူကလီးယားစွန့်လွှတ်ရေးဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ကွန်ဂရက်မှာ နိုင်ငံတော်အခြေပြုမိန့်ခွန်းတစ်ရပ်ပြောကြားရာမှာ သမ္မတ ဒေါ်နယ်ထရန့်က အခုလို ကြေညာလိုက်တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမယ့် နေရာအသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပေမယ့် ဟနွိုင်းနဲ့ ဒါနန်းမြို့တွေဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ပေးခဲ့သလို နျူကလီးယားစပ်သပ်မှုတွေ ရပ်ဆိုင်းခဲ့ကြောင်းနဲ့ ၁၅ လတိုင်အောင် ဒုံးပျံပစ်လွှတ်တာတွေ မလုပ်ခဲ့ဘူးလို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပြီး နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ယေဘူယျဆန်တဲ့ သဘောတူညီချက်တွေသာ ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်…

Read More

ကိုယ်တိုင်ရေးသီချင်းတွေနဲ့ တကိုယ်တော်ခွေထုတ်ဖို့ ပြင်ဆင်နေတဲ့ မိစန္ဒီ

ရန်ကုန် ဖေဖော်ဝါရီ ၅-၂၀၁၉ သင်းသဒ္ဒါ(VOM) အသည်းကွဲ တေးသီချင်းတွေကြောင့် ပရိသတ်အားပေးမှု ပိုမိုရလာတဲ့ အဆိုတော် မိစန္ဒီကတော့ ကိုယ်တိုင်ရေးသီချင်းတွေနဲ့ တကိုယ်တော်ခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ “မတ်လမှာ တစ်ကိုယ်တော်ထွက်ဖို့ရှိပါတယ်၊ သမီးကိုယ်တိုင် တစ်ခွေလုံးမှာ တစ်ဝက်လောက်ပြီးနေပြီ၊ စတုတ္ထမြောက်တစ်ကိုယ်တော်လေးကို ထူးထူးခြားခြားဖြစ်အောင် တစ်ခွေလုံး မိစန္ဒီ ကိုယ်တိုင်ရေးဖို့ စီစဉ်ဖြစ်တာပါ၊ နောက်ပိုင်းမှ သီချင်းမကြိုက်တာတို့၊ တေးရေးဆရာတွေဆီက သီချင်းကောင်းကောင်းလေးတွေ ရလို့ရှိရင်တော့ ထည့်မှာပေါ့နော်၊ အမှတ်တရဖြစ်အောင်တော့ တစ်ယောက်တည်းရေးမလားလို့ ၊ ငယ်ငယ်ကတည်းက တကယ်လည်း အိမ်မက်ရှိတယ်၊ အဲဒီဟာကို လုပ်ကြည့်ချင်တယ်လို့၊ မိစန္ဒီက သီချင်းရေးတာ အရမ်း ဝါသနာပါတယ်၊ ဂီတကိုလည်း ချစ်တယ်၊ အဖေ့ကိုလည်း ပြောဖူးတယ်၊ သမီးသာ အဆိုတော်ဖြစ်ခဲ့ရင် အနည်းဆုံးတော့ ကိုယ်တိုင်ရေး အခွေလေးခွေ ထွက်သွားမယ်လို့၊ ဒါ့ကြောင့် ဒီအခွေမှာ တစ်ယောက်တည်း ရေးကြည့်ချင်တာပေါ့” လို့ ဆိုပါတယ်။ လက်ရှိမှာ…

Read More

အုပ်ချုပ်သူတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံတဲ့နေရာ ပွင့်လင်းဖြောင့်မတ်တဲ့ ဆက်ဆံရေးလိုအပ်

ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ TGH (VOM) ပြည်နယ်အစိုးရအနေနဲ့ အခွင့်အရေးတော့လိုချင်ပြီး တာဝန်တွေကိုတော့မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုရင် နိုင်ငံတိုးတက်မှာမဟုတ်တဲ့အတွက် အုပ်ချုပ်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအကြား ပိုပြီးနီးကပ်ပွင်းလင်း ဖြောင့်မတ်တဲ့ဆက်ဆံရေးမျိုး လိုအပ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်ခဲ့တဲ့ ကျိုင်းတုံမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ ရှမ်းပြည်နယ်ကိုရောက်တဲ့အခါ သတိထားမိတာတစ်ခုရှိတယ်၊ ဒါက ပြည်နယ်အစိုးရနဲ့ ပြည်သူလူထုအကြားမှာရှိသင့်သလောက် ဆက်သွယ်မှုမရှိဘူး၊ ပိုပြီးတော့ ဒီထက်နီးနီးကပ်ကပ် ဆက် သွယ်မှုရှိဖို့လိုတယ်၊ ခုဆို ကျွန်မတို့ကိုတင်ပြတဲ့ ကိစ္စတော်တော်များများက ပြည်နယ်အစိုးရက ရှင်းပြရမယ့်ကိစ္စပဲ၊ မြို့တွင်းမှာဖြစ်ပေါ်နေတဲ့ကိစ္စမျိုးတောင် ဗဟိုအစိုးရလာမှဖြေရှင်းပေးရမယ်ဆိုတာ မသင့်တော်ပါဘူး၊ မြို့နယ်မှာတာဝန်ရှိသူတွေက ရှင်းပြရမယ့်ကိစ္စပဲ၊ ကျွန်မတို့ဗဟိုကနေ ရှင်းပြရမဲ့ကိစ္စမျိုးမဟုတ်ဘူး၊ ပြည်နယ်တွေမှာ အခွင့်အရေးလည်းရှိသလို တာဝန်တွေလည်းရှိတယ်၊ အခွင့်အရေး တော့လိုချင်ပြီး တာဝန်တော့မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုရင်တော့ ကျွန်မတို့နိုင်ငံက တိုးတက်မှာမဟုတ်ဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့ပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ ပြည်သူလူထုအကြား ရှိသင့်တဲ့ဆက်သွယ်ရေး ၊ ရင်းနှီးထိတွေ့မှု…

Read More

စစ်ကိုင်းနဲ့ မုံရွာတို့မှာ ဂျပန်ရိုးရာ အက၊အလှ ဖျော်ဖြေပွဲ ကျင်းပမည်

မုံရွာ ဖေဖော်ဝါရီ ၆-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ရိုးရာအက (Manjushaka) အဖွဲ့ရဲ့ ရိုးရာအက၊အလှ ဖျော်ဖြေပွဲကို စစ်ကိုင်းမြို့ နဲ့ မုံရွာမြို့တို့မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း.ခရီးသွားလုပ်ငန်းကော်မတီက သိရပါတယ်။ ”စစ်ကိုင်းတိုင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပတာပါ၊ ပြီးတော့ ဂျပန်ရိုးရာအက (Manjushaka)အဖွဲ့ကို စစ်ကိုင်းတိုင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတမန် ခန့်အပ်မယ်၊ သူတို့က နိုင်ငံတကာလှည့်လည် ကပြဖျော်ဖြေနေတာ၊နိုင်ငံတကာ ကပြဖျော်ဖြေပွဲတွေမှာ စစ်ကိုင်းတိုင်းဒေသကြီးကို ခရီးသွားဖို့ ကြော်ငြာပေးမှာပေါ့ နော် ”လို့ စစ်ကိုင်းတိုင်း.ခရီးသွားလုပ်ငန်းကော်မတီမှ ဦးသန်းဌေး ကပြောပါတယ်။ စစ်ကိုင်းတိုင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပမယ့် ဂျပန်ရိုးရာအက (Manjushaka) အဖွဲ့ရဲ့ အကအလှဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညပိုင်းမှာ စစ်ကိုင်းမြို့၊မြို့တော်ခန်းမမှာ ကျင်းပသွားမှာဖြစ်ပြီး ၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာတော့ မုံရွာမြို့ မြို့တော်ခန်းမမှာ…

Read More