ကျွဲတပ်ဆုံဂိတ်မှာ ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးနေလို့ ကုန်စိမ်းပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ

မတ် ၁၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အခု မတ်လအစပိုင်းက စတင်ပြီး ကုန်တင်ကားတွေကို နှစ်ကြိမ်စစ်ဆေးမှု ပြုလုပ်နေတာကြောင့် ကုန်စိမ်းသီးနှံပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်တင်ကားမောင်းနှင်သူတွေထံကနေ သိရပါတယ်။ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အရင်က x ray စက်နဲ့သာ စစ်ဆေးခဲ့ပေမယ့် အခုမတ်လ အစပိုင်းက စတင်ပြီး x ray စက်နဲ့ ပထမအကြိမ်စစ်ဆေးပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူကိုယ်တိုင် ကုန်တင်ကားပေါ်တင်ဆောင်လာတဲ့ ပစ္စည်းတွေကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အချိန်ကြန့်ကြာကာ အထားမခံတဲ့ ကုန်စိမ်းသီးနှံတွေ ပျက်စီးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ “စစ်ဆေးတာက x-Rayစက်နဲ့ပဲ စစ်တာတောင် သာမန် အိမ်စီးကား တစ်စီးကို အနည်းဆုံး ၃ နာရီလောက် စောင့်ရတယ်။ ကုန်တင်ကားဆိုရင် ၁၀နာရီ၊ ၁၂နာရီနီးပါး စောင့်ရတယ်။ အခုက…

Read More

ပြည်ပထွက်မယ့် အလုပ်သမားတွေအတွက် OWIC ကတ်ကို စိစစ်ပြီး ပြန်ထုတ်ပေးမယ်လို့ သိရ

မတ် ၁၁ – ၂၀၂၅ SN (VOM) ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ပြုလုပ်တဲ့ လုပ်ငန်းစဉ်ကို လာမယ့် မတ် ၂၀ ရက်နေ့မှ စတင်ကာ စိစစ်ပြီး ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဒီကနေ့ မတ် ၁၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အခုလို ပြန်လည် ခွင့်ပြုပေးရာမှာ အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင် သွားရောက် မယ့်သူတွေအနေနဲ့ OWIC ကတ် လက်ဝယ်ရရှိပြီးနောက် အလုပ်သမားဝန်ကြီးဌာနမှာ ခွင့်ပြုချက် လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ခွင့်ပြုချက် လျှောက်ထားသူတွေကို စိစစ်ပြီးနောက် ပြည်ပ အလုပ်အကိုင် သွားရောက် ခွင့်ပြုတဲ့စာရင်းကို ကြေညာပေးကာ လေဆိပ်ကို…

Read More

ကျောက်ပန်းတောင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံရ

မတ်လ ၁၁ -၂၀၂၅ GG (VOM) မန္တ​လေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုတိယအုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦး သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဇော်ဦးကို မတ်လ ၉ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားပြီးနောက် မတ်လ ၁၀ ရက်နေ့မနက်ပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့အလောင်းကို ကျောက်ပန်းတောင်းမြို့အရှေ့ဘက်မှာ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ခြံရှိတဲ့ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းဘေးက ခြံမှာ ရှိ​နေချိန်လာဖမ်းခေါ်သွားတာ။သူနဲ့အတူ နောက်ထပ်သုံးယောက်ရှိတာကို.သူ့ကိုပဲဖမ်းသွားတာ။ကားတော့ယူသွားတယ်။လာဖမ်းတဲ့အဖွဲ့ကဆိုင်ကယ်တွေနဲ့ သေနတ်တွေပါတယ်လို့သိရတယ်။အဖမ်းခံရပြီးတော့ လိုက်ရှာပေမယ့် မတွေ့ဘူး။မနေ့ကမှ ကျောက်ပန်းတောင်းအရှေ့ဘက်က ကျောက်ပုံနဲ့ ဝက်မထောက်ရွာကြားမှာ အသတ်ခံထားရတာတွေ့ရတာပဲ။” လို့ မြို့ခံကပြောပါတယ်။ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှာ ချိုင်းအောက် ​ကျည်ဖောက်ဝင်ဒဏ်ရာတချက်တွေ့ရှိရပြီး ဒီနေ့ မတ် ၁၁ ရက်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ မတ်လ ၈ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့က အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်းအမျိုးသားနဲ့ဇနီးဖြစ်သူတို့ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အလားတူ…

Read More

ပအိုဝ်းအမျိုးသားနေ့ကို တောင်ကြီးမြို့မှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ပြုလုပ်မယ်

မတ် ၁၀၊ ၂၀၂၅ ZY(VOM) လာမယ့် မတ်လ ၁၃ရက်နေ့မှာ ကျရောက်မယ့် ၇၆နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ လုံခြုံရေးတင်းကြပ်စွာနဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ VOMသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲဒီအမျိုးသားနေ့အခမ်းအနားကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပွဲလာရာလမ်းတလျှောက်မှာ လုံခြုံရေးဂိတ်တွေ အများအပြား ထားရှိထားမှာဖြစ်သလို ပွဲဧရိယာမှာလည်း လုံခြုံရေးတင်းကြပ်စွာ ချထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားပွဲနဲ့ ပွဲလာရာလမ်းတလျှောက်ကို ပအိုဝ်းပြည်သူ့စစ်(PNA)က အဓိကထား လုံခြုံရေး တာဝန်ယူပေးမှာ ဖြစ်ပြီး နစကတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကလည်း ပါဝင်ဆောင်ရွက်ပေးကြမှာဖြစ်သလို လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေ ပေးနိုင်ဖို့ကိုလည်း ပအိုဝ်းအမျိုးသားနေ့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ထံကို စာတင်ပြတောင်းဆိုထားတယ်လို့ ဆိုပါတယ်။ “လုံခြုံရေးဂိတ်တွေမှာ လိုအပ်တဲ့ အကူအညီတွေ ချပေးဖို့ ၅ရက်နေ့က စာတင်ထားတယ်။ အဓိကကတော့ ပအိုဝ်းဒေသအသီးသီး နယ်ပယ်စုံကနေ…

Read More

တိုက်ပွဲတွေမရှိတော့ပေမယ့် နေရပ်ပြန်ခွင့်မပေးသေးလို့ နောင်ချိုစစ်ရှောင်တွေ အခက်ကြုံ

မတ် ၁၀၊ ၂၀၂၅ ZY(VOM) နစကနဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကာလနောက်ပိုင်း တိုက်ပွဲတွေမရှိသလောက် နည်းပါးသွားပေမယ့် နေရပ်ပေးမပြန်သေးလို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ဘေးရှောင်တွေ အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေ ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကာလမှာ တိုက်ပွဲတွေကြောင့် နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုထဲက သရက်ကုန်း၊ ဖြူချောင်၊ ဇာလီ၊ မန်နား၊ ငါးပင် စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်နေရတာ တနှစ်နီးပါး အချိန်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့ အဲဒီကျေးရွာတွေက စစ်ဘေးရှောင် ၄၂၀၀ကျော်ဟာ တိုက်ပွဲတွေမဖြစ်ပွားတာ ၆လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် နေရပ်ပြန်ခွင့်မရသေးသလို အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ “တိုက်ပွဲတွေလည်း မရှိတော့ဘူးဆိုတော့ ကိုယ့်အိမ်ကိုပြန်ချင်ကြတယ်လေ။ ဒီမှာက ဘာဝင်ငွေမှ မရှိတော့ လာလှူတဲ့ဟာနဲ့ ပါလာတဲ့ဟာတွေနဲ့ပဲ ဖြေရှင်းနေရတာဆိုတော့ ရိက္ခာတွေ၊ အသုံးအဆောင်တွေကအစ…

Read More

စပါး ဝယ်လက်ပျောက်ပြီး စျေးကျနေလို့ တောင်သူတွေအရှုံးပေါ်

မတ် ၁၁ – ၂၀၂၅ GG (VOM) စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ မြန်မာနိုင်ငံမှာ စပါးကို ဝယ်ယူသူမရှိသလောက်ဖြစ်နေတဲ့အပြင် စျေးကျနေတာကြောင့် စပါးစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရပြီးဒုက္ခရောက်နေကြရတယ်လို့ တောင်သူတွေဆီကသိရပါတယ်။ ပြည်ပစျေးကွက်မှာ ဆန်စျေးကျဆင်းနေပြီး ဆန်တင်ပို့မှုလျော့ကျနေကာ ဆန်ကုန်သည်ကြီးတွေက ဆန်ဝယ်ယူမှုတွေရပ်ထားတဲ့အတွက် ကုန်သည်ဝယ်လက်တွေကပါ စပါးဝယ်ယူမှုကို ရပ်လိုက်တာကြောင့် စပါးစျေးကွက်ကျပြီး အဝယ်မရှိတဲ့အထိ ဖြစ်နေရတာဖြစ်တယ်လို့သိရပါတယ်။ ” export တင်ပို့မှုခုလဆိုတော်တော်လျော့တယ်။ဆန်အဝယ်မရှိတော့ စပါးအဝယ်ပါအကုန်ရပ်ကုန်တာပေါ့။တနိုင်ငံလုံး အဝယ်ရပ်နေတာပါ။ လိုအပ်သလောက်လေးဝယ်တဲ့အခြေအနေရှိတယ်။ဆန်စက်တွေမှာလည်းစပါးတွေပုံနေတယ်။”လို့ ဆန်ကုန်သည်ကပြောပါတယ်။ ပြီးခဲ့တဲ့ မိုးရာသီကစိုက်ပျိုးထွက်ရှိပြီးသိုလှောင်ထားတဲ့မိုးစပါးစျေးကွက်ဆိုရင် စပါးပေါင် ၅၀ ရှိ တင်း ၁၀၀ ကို သိန်း ၂၀ အောက်ကျဆင်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေသလို လက်ရှိနွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၄ သိန်းကနေ ၁၅ သိန်းကျပ်သာရှိတဲ့အတွက် တောင်သူတွေမှာဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ စပါးစျေးကျနေပြီး အဝယ်မရှိသလောက်ဖြစ်နေတာကြောင့် တောင်သူအချို့ကတော့ စပါးကို ဆန်အဖြစ်ကိုယ်တိုင်ကြိတ်ခွဲကာ ဆန်ဆိုင်တွေကို…

Read More

ပျောက်ကွယ်လှနီးပါး ဖြစ်လာနေတဲ့ ထနော့တိုင်းရင်းသားတွေ

မတ်-၁၀-၂၀၂၅ ဖိုးသား (VOM) ထနော့လူမျိုးတွေဟာ မွန်-ခမာအုပ်စုတွင် ပါဝင်ပြီး “ဝ-ပလောင်”အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင် သွေးနှောတဲ့လူမျိုးလို့ ပညာရှင်တွေက ယူဆကြပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ် တဝန်းမှာ မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာကနေ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေနဲ့ ကွဲပြားပြီး ရှမ်းပြည်နယ်တဝန်း ကြွင်းကျန်ရစ်တဲ့ လူမျိုးစုဖြစ်တယ်လို့ ဆိုကြပါတယ်။ “ထနော့”လူမျိုးတို့က လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြားနဲ့ သအယ်သစ် ကျေးရွာတို့မှာ အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာမှာလည်း အများဆုံး ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင်ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့မှာလည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြပြီး တောင်ပို့လှနဲ့ သအယ်သစ်ရွာတို့ကသာ “ထနော့”လူမျိုးတွေ သီးသန့်နေထိုင်တဲ့ ရွာအဖြစ် ကျန်ရှိပါတော့ပါတယ်။ ကျန်ရွာတွေမှာတော့ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးတွေနဲ့…

Read More

စစ်ပွဲအဆုံးသတ်ရေးအတွက် ယူကရိန်းနဲ့ အမေရိကန် ဆော်ဒီမှာ ဆွေးနွေးမယ်

ကိဗ်ယက်၊ မတ်-၇-၂၀၂၅ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲကို လမယ့်သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဒါဟာ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေးမူဘောင်အတွက် မူဘောင်တရပ်ကို ဆွေးနွေးလိုကြောင်း ဒေါ်နယ်ထရန့်ရဲ့ အထူးသံတမန် စတိဝှစ်အော့ဖ်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် စကားအချေအတင်များခဲ့ကြပြီး ဇီလန်စကီးဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် အဆင်သင့်မဖြစ်သေးကြောင်း ထရန့်က ပြောပါတယ်။ အဲဒီနောက်မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေနဲ့ ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ မကြာသေးမီက ဇီလန်စကီးဆီကနေ သမ္မတထရန့်ထံ စာတစောင် ပေးပို့ခဲ့တယ်လို့ စတိဝှစ်အော့ဖ်က ပြောပါတယ်။ ယူကရိန်းနိုင်ငံသားတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ မျှော်လင့်နေပြီး အားလုံး ပြန်စသွားမယ်လို့ ဝှစ်အော့ဖ်က…

Read More

ရုရှားနိုင်ငံကို မြန်မာအလုပ်သမား ၂၄ ယောက် စတင် စေလွှတ်

မတ် ၆ – ၂၀၂၅ SS (VOM) ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ဖို့အတွက် မြန်မာအလုပ်သမား ၂၄ ယောက်ကို မနေ့ မတ် ၅ ရက်မှာ စတင် စေလွှတ်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်တဲ့ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Joint – Stock Company ‘Inturd’ Co.,Ltd ကို ကျွမ်းကျင် မြန်မာလုပ်သား ၅၄ ယောက် စေလွှတ်ဖို့ ပြင်ဆင်ထားတာမှာ ကနဦးအနေနဲ့ လုပ်သား ၂၄ ယောက်ကို Pilot Project နဲ့ စတင် စေလွှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိမှာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ထိုးဖို့က…

Read More

ရွှေတူးမယ့် ကိုးကန့်တပ်ဖွဲ့ကို လယ်ပိုင်ရှင်တွေသွားရောက် တားမြစ်ရာက သေနတ်နဲ့အပစ်ခံရလို့ ခြောက်ယောက်သေ

မတ် ၆၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီး အနီး၊ ကျိန်းဟုန်ပြိန်းခမ်းရွာမှာ မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရွှေတူးဖို့ ပြင်ဆင်နေတဲ့ ကိုးကန့် တပ်ဖွဲ့ကို လယ်ပိုင်ရှင်တွေသွားရောက် တားမြစ်ရာက သေနတ်နဲ့ ပစ်ခတ်လို့ ခြောက် ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မုံးစီး သွားတဲ့လမ်းက ပြိန်းခမ်ရွာမှာ။ မုံးဟော်မ် ကနေ ၈ မိုင်လောက်ပဲ ဝေးမယ်။ ကိုးကန့် MNDAA တွေ ရွှေတူးတဲ့နေရာ ဒေသခံတွေ ရွှေမတူးဖို့ သွားပြောတာ စကားများကြပြီး ကိုးကန့် MNDAAဘက်က သေနတ်နဲ့ ပစ်လို့ ခြောက်ယောက်သေတယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ မတ်လ ၄…

Read More