ရန်ကုန်မှာ ရွှေနဝလီရောင်းဝယ်ရေးလုပ်တဲ့ဆိုင်ရှင်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သူကို ချက်ချင်းဖမ်းမိ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆ GG (VOM) ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်း ၊ တိုက်အမှတ် ၇၃ က ရွှေထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သွားသူကို ချက်ချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က အသက် ၃၀ အရွယ် ကိုဝင်းပိုင်စိုးဟာ ရွှေဆွဲကြိုးအတုကို ယူလာပြီး ရောင်းချလိုကြောင်းပြောကာ ဆိုင်ရှင် ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေသိန်း ၄၀ ကျော်ပါတဲ့ ငွေထုပ်ကိုလုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ငွေထုပ်ယူထွက်ပြေးစဥ် ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းဖမ်းမိခဲ့တာဖြစ်ပြီး ကျူးလွန်သူအမျိုးသားဟာ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းမှာ နေထိုင်သူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။ ” ရွှေနဝလီဆိုင်မဟုတ်ပါဘူး ။…

Read More

ရွှေကူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်းဒဏ်ရာရ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆ CC (VOM) ကချင်ပြည်နယ် ၊ ရွှေကူမြို့၊ဧရာဝတီမြစ်ကမ်းမှာရှိတဲ့ မြို့ကုန်းရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ည ၇ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။ ” လေကြောင်းတိုက်ခံရတာ ဟုတ်တယ်။ ဒဏ်ရာရသူတွေထဲ စိုးရိမ်ရတာများတယ်သိရတယ်။ ရွှေကူမြို့နဲ့ဆိုရင် မြို့ကုန်းကဝေးတယ်။ ရေလမ်း ကုန်းလမ်း နှစ်မျိုးသွားရတာ ။ ဗန်းမော်မရောက်ခင် စင်းခန်းတံတားကိုဖြတ်ကူးရင် စီသော် ၊ စီငန်းပြီး မြို့ကုန်းကိုရောက်တာ ။ ” လို့ ဒေသခံက ပြောပါတယ်။ မြို့ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးဒဏ်ရာရအပြင် အဆောက်အဦတွေလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေကတော့ KIA…

Read More

ညောင်တုန်းတာ ပြိုကျမှု ပေ တ​ထောင်​ကျော်ရှိလာ

စက်တင်ဘာ ၁၉ – ၂၀၂၆ SS (VOM) ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း တာပြိုကျမှုဟာ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားရွာမှာ ပေ ၈၀၀ နီးပါး ရှိလာပြီဖြစ်သလို ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းရွာဘက်မှာတော့ ပေ ၃၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းဖျားရေကာတာနဲ့ ဂန်ချောင်းရေကာတာဟာ ခန့်မှန်းခြေ ပေ ၄၀၀၀ ဝန်းကျင် ကွာဝေးပြီး ရေကျလာနဲ့အမျှ တာတမံ‌မြေသား ပဲ့ကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ “ရေကျလေလေ ကမ်းက နည်းနည်းချင်းစီ အိကျသွားလေပဲ။ တာတွေအောက်မှာက ရေတက်တုန်းက ရေဝဲ လှိုက်စားထားတာတွေ ရှိတယ်လေ။ ရေလည်းကျသွားရော အဲဒါတွေက ကိုယ်ထည်တွေလေးပြီး တဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ အိကျနေတာ။ ဒါပေမယ့် တာအိကျလို့တော့ အထဲကို ရေမဝင်နိုင်ဘူး။ အနောက်မှာ ပန်းတာတွေရှိတယ်။ အောက်မှာခွေပြီး ကာထားတာတွေရှိတယ်။ အခုက ရေကလည်း…

Read More

သူတို့အိမ် အခန်း (၂၂၅)

ဆူးငှက်     မြို့လယ်ခေါင်က ရုံးခန်းများ —————————- ထိုနေ့က စာတိုက်ကြီးကတဆင့် ပို့ရမည့်စာလည်း ပို့ပြီးပြီ။ ဦးတက်တိုး ပေးခဲ့သည့် လိပ်စာနှင့် စာများကို ထပ်မံပေးဖို့က ညမှာ ပို့မှ အဆင်ပြေမည် ဆိုသောကြောင့် တက္ကစီတစ်စီးနှင့် ည ၇နာရီလောက်မှာပဲ ပတ်ပို့ဖြစ်သည်။ လိပ်စာများ အရတော့ မြို့လယ်ခေါင် ဆူးလေဘုရားအနီး ဝန်းကျင်၊ တာမွေ အဝိုင်းအနီးနှင့် ကျွန်တော်မသိသော လူစည်ကားသည့် နေရာများမှာ ဖြစ်မည်။ အားလုံး ၅နေရာလောက် ဖြစ်မှာပေါ့။   ထူးခြားတာက စာပေးရမည့်နေရာတွေက လူနေအိမ်ခန်းတွေ မဟုတ်။ ဆိုင်ခန်းများ ဖြစ်သည်။ အများစုက ကွန်ပျူတာ စာစီစာရိုက် မိတ္တူဆိုင်များဆိုတာ မှတ်မနေ၏။ ထိုဆိုင်များရောက်လို့ စာပေးရမည့်သူနာမည်ပြောလိုက်တော့ အများစုက အပေါ်ထပ်သို့ချည်း ညွှန်သည်။ အပေါ်ထပ် တက်လိုက်သောအခါ အစိုးရရုံးတစ်ရုံးလို ပြင်ဆင်ထား၏။ ထိုအခန်းမှာ ရုံးထိုင်နေသူကို…

Read More

မြေယာပြဿနာတွေမဖြစ်ဖို့ ရောင်းမှား ဝယ်မှား မဖြစ်အောင် သတိထားဖို့လို

မန္တလေး၊ စက်တင်ဘာ- ၁၇- ၂၀၂၆ SA(VOM) မြန်မာနိုင်ငံတဝှမ်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တွေမှာလယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့် လျှောက်ထားမှု မရှိပဲ အကွက်ရိုက်ပြီး ရောင်းချထားတဲ့ မြေကွက်တွေနဲ့ အဲ့ဒီနေရာတွေမှာ အဆောက်အဦဆောက်လုပ်ထားတာတွေကို ဒီရက်ပိုင်းမှာ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လိုက်လံရှင်း လင်းနေတယ်လို့ သိရပါတယ်။ လယ်ယာမြေတွေကို တခြားနည်းသုံးစွဲခွင့်မရှိပဲ အကွက်ရိုက်ပြီး ရောင်းချသူတွေဆီကနေ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနမှာ မြေရာဇဝင် စစ်ဆေးမှုမရှိဘဲ အရပ်စာချုပ်နဲ့ ဝယ်ယူထားသူတွေ အများအပြားရှိနေပြီး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ က ကွင်းဆင်းစစ်ဆေးပြီး သိမ်းဆည်းတဲ့အခါ ဝယ်ယူထားသူတွေ အနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ရှိနေလို့ ဝယ်ယူသူတွေ အနေနဲ့ သတိထားစိစစ်ပြီး ဝယ်ယူဖို့လိုအပ်ပါတယ်။ ဒီလိုပြဿနာတွေအများစုမှာ နောက်ဆုံးဝယ်ယူထားသူတွေသာ ရင်ဆိုင်ဖြေရှင်းကြရပြီး ဆုံးရှုံးခဲ့ကြရတဲ့ သာဓကတွေ ရှိနေသလို စာချုပ်ချုပ်ဆိုချိန်မှာ ပါဝင်ခဲ့ကြတဲ့ ရပ်ကျေးဥက္ကဋ္ဌ၊ ရာအိမ်မှူးအဖွဲ့ဝင်တွေ နဲ့ အရင်ရောင်းချသွားခဲ့တဲ့ သူတွေက ခေါင်းရှောင်နေတဲ့…

Read More

စစ်တွေ – ပုဏ္ဏားကျွန်းအစပ်မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲပြင်းထန်နေ

စက်တင်ဘာ ၁၇ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေ – ပုဏ္ဏားကျွန်းအစပ်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စတင်ကာ အစိုးရတပ်တွေက တိုက်ပွဲ ဖော်ဆောင်လာတာဖြစ်ပြီး AA ထိန်းချုပ်ရာ နေရာတွေကို ထိုးစစ်ဆင်မယ့်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ “ဒီစစ်ဆင်ရေးကို ၄၉၂၆ စစ်ဆင်ရေး၊ တချို့ကလည်း ရန်နိုင်အောင် စစ်ဆင်ရေး ဆိုပြီး သတင်းတွေထွက်ပြီး ပြော‌နေကြတာရှိပေမယ့် အစိုးရဘက်က တရားဝင် ပြောဆိုထားတာ မရှိသေးဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ခြုံပြီး သုံးသပ်ရမယ်ဆိုရင်တော့ ဒါက ကြီးမားတဲ့ စစ်ဆင်ရေးကြီးတခုလို့တော့ ပြောလို့ရတယ်။ အစိုးတပ်က ကြည်း၊ ရေ၊ လေ…

Read More

ဟားခါးက ဆည်​မြောင်းဌာနရဲ့ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့က ရုံးထဲထိဝင်ပြီး ဖမ်းသွား

စက်တင်ဘာ ၁၇ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင်ကို လက်နက်ကိုင်အဖွဲ့တခုက ရုံးအတွင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့၊ ညနေပိုင်းမှာ ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ၊ ဒုညွှန်မှူးကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာကို မသိရသေးသလို လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း.သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ” ခုထိတော့ ပြန်လွတ်တဲ့အသံ မကြားသေးဘူး ။ ရုံးထဲအထိဝင်ဖမ်းတာလို့ သိရတယ်။ ကျန်တဲ့အခြေအနေတော့ သိပ်မသိဘူး။ အဲဒီလိုတွေဖြစ်နေတော့ ကျွန်တော်တို့လည်း သိုသိုသိပ်သိပ်ပဲနေရတယ်။ အပြင်ဘာညာလည်း ကိစ္စမရှိဘဲ သိပ်မထွက်ဘူး။ ” လို့ ဟားခါးမြို့မှာ တာဝန်ကျနေတဲ့ အစိုးရဝန်ထမ်းက ပြောပါတယ်။ အခုဖမ်းခံလိုက်ရတဲ့ ဒုညွန်ှကြားရေးမှူးဟာ မကြာသေးခင်ကမှ ရာထူးတိုးအပြောင်းအရွှေ့နဲ့ ဟားခါးကို ရောက်လာတာ ဖြစ်တယ်လို့ ကနဦး…

Read More

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ ခုနစ်ရက်ကြာ ကျင်းပမယ်

စက်တင်ဘာ ၁၇ – ၂၀၂၆ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ ခုနစ်ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျအတိုင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ “လောလောဆယ် သတ်မှတ်ထားတာတော့ ခုနစ်ရက်ပေါ့။ ဒါပေမယ့်လည်း စာရင်းကောက်တဲ့အခါ မီးပုံးပျံ အလုံးရေ များလာတယ်ဆိုရင်လည်း ပွဲရက် အတိုး၊ အလျော့လေးတော့ ရှိမှာပါ” လို့ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ညလွှတ်မီးပုံးပျံ ညမီးကြီး၊…

Read More

သူတို့အိမ် အခန်း (၂၂၄)

  ဆူးငှက်   ရွှေတိဂုံ ခြေတော်ရင်းမှာ —————————- ရန်ကုန်ရောက်တော့ ညွှန်းထားသည့် ဘုန်းကြီးကျောင်းသို့ ၃ဦးသား သွားကြသည်။ ကျောင်းက ရွှေတိဂုံဘုရား အရှေ့မုခ်အနီး ဗဟန်းလမ်းမကြီး ဘေးမှာရှိသည်။ ကျောင်းအဝင်စမှာ ပီစီအို ဖုန်းဆိုင်လေးလည်း ရှိသည်။ ကျောင်းဝင်းက အကျယ်ကြီးတော့မဟုတ်။ ပင်မ ၂ထပ်ကျောင်းနှင့် အရံကျောင်းလေး ၂ကျောင်းသာရှိသည်။ အရံကျောင်းလေး ၁ကျောင်းမှာက အဝေးမှလာနေကြပုံရသည့် ကျောင်းသားတွေ နေကြသည်။ ၁၀တန်း (သို့မဟုတ်) တက္ကသိုလ်အဆင့် လောက် ဖြစ်မည်။ ထို့ပြင် ကျန် ကျောင်းလေး တစ်ကျောင်းမှာတော့ ပီစီအိုဖုန်းဆိုင်လေးမှာ အမြဲထိုင်တတ်သည့် မိန်းမပျိုလေး တစ်ယောက်နှင့် သူ့မိဘများ ဖြစ်ပုံရသော မိသားစုတို့ နေကြသည်။ ကျွန်တော်တို့က ရောက်သည်နှင့် ပင်မကျောင်းကြီးပေါ်တက်ကာ ဆရာတော်ကို ဝတ်ပြုပြီး နန်းရှေ့က ဆရာတော် ပေးလိုက်သည့် စာကို ဆက်ကပ်လိုက်၏။ ကျောင်းထိုင်ဆရာတော်က အသက်မကြီးလှသေး၊…

Read More

မန္တ​လေးနိုင်ငံရေး​လောကမှာ ဒိန်းဒေါင်လို့သိကြတဲ့ ကိုစိုးမိုးနိုင် မြင်းခြံထောင်အတွင်းကွယ်လွန်

မန္တလေး၊ စက်တင်ဘာ၊ ၁၆- ၂၀၂၆ Voice Of Myanmar နိုင်ငံရေးအသိုင်းဝိုင်းမှာ လူသိများတဲ့ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင် ဟာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက်နေ့မြင်းခြံထောင်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင် ဟာ အသံမထွက်ပဲ နောက်ကွယ်ကနေ ပံပိုးကူညီခဲ့တဲ့သူတဦးဖြစ်ပါတယ်။ ” နိုင်ငံရေးလှုပ်ရှားမှု ဘယ်နေရာမဆို သူမရောက်တဲ့နေရာ မရှိဘူး အောက်ခြေသိမ်းကအစ လုပ်စရာရှိတာဆိုရင် သူ သေချာလုပ်တယ်၊ နာမည်ကြီးဖို့ လုပ်တာလည်းမဟုတ်ဘူး ငွေလိုချင်လို့ လုပ်တာမဟုတ်တဲ့ အင်မတန်းရိုးရှင်းတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ဆုံးရှုံးရတာ အင်မတန် နှမြောမိတယ်” လို့ လုပ်ဖော်ကိုင်ဘက်တဦးက ပြောပါတယ်။ မန္တလေးနိုင်ငံရေးသမိုင်းခေတ်တွေမှာ လူအများ ချစ်ခင်လေးစားရတဲ့ ကိုစိုးမိုးနိုင်(ခေါ်) ကိုဒိန်းဒေါင်ဟာ ၈၇ ငွေစက္ကူအရေးအခင်း၊ ၈၇၊ ၈၈ ကလူငယ်၊ လူကြီးတွေရဲ့ ခေတ် ပြိုင်တွေတင်မကဘဲ ဒီကနေ့…

Read More