ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဒုတိယနေ့ ဆက်လက်ပြုလုပ်နေ

ပေကျင်း၊ မေ-၂၄-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့အဖြစ် ဒီနေ့ မေ ၂၄ ရက်မှာ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီနေ့ နံနက် ၆ နာရီထိ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်လေယာဉ် ၄၉ စင်းနဲ့ စစ်သင်္ဘော ၁၉ စင်းကို တွေ့ရှိတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်ခွဲထွက်ရေးလိုလားသူတွေရဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်တဲ့ သတိပေးချက်ဖြစ်ကြောင်း တရုတ်စစ်တပ်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်နဲ့အတူ အနီးကပ်ပူးပေါင်း စောင့်ကြည့်နေပြီး အခြအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာတာကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ကျွန်းဝန်းကျင်၊ ကင်မင်ကျွန်းနဲ့ အခြားနေရာတွေမှာ ပြုလုပ်နေတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေရဲ့…

Read More

လွိုင်လင်လေးမြို့ ၊ မီးသတ်ကုန်းမှာ တိုက်ပွဲဖြစ် လေးယောက်သေဆုံး

မေ ၊ ၂၄ ၊ ၂၀၂၄SP ( VOM)ကယားပြည်နယ် ၊ လွိုင်ကော်မြို့နယ် ၊ လွိုင်လင်လေးမြို့နယ်ခွဲမှာ မနေ့ မေ ၂၃ ရက်က လွိုင်လင်လေးမီးသတ်ကုန်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။” မနေ့က မီးသတ်ကုန်းနားမှာ တိုက်ပွဲဖြစ်တယ် ၊ လူငယ် လေးယောက် သေဆုံးတယ် ၊ အဲ့ဒီ သေဆုံးတဲ့ လူလေးယောက်ဟာ လူငယ်တွေဖြစ်တယ် အသက် ၁၈ နဲ့ ၂၀ ကြားအရွယ်တွေဖြစ်တယ် ၊ နယ်ခံကလေးတွေ မဟုတ်ကြဘူး” လို့ ပြောပါတယ်။ဒါ့အပြင် လွိုင်ကော်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က” လွိုင်လင်လေး မီးသတ်ကုန်းနားမှာ မနေ့က လူငယ်ဆယ်လောက်က လာပစ်တာရှိတယ် ၊ အဲ့ဒီနေရာမှာ ထိတွေ့မှုဖြစ်ပြီး အမျိုးသား ရုပ်အလောင်း လေးလောင်းနဲ့ လက်နက်ငယ်တလက် ကျန်ခဲ့တယ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၄ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၁၈၀ ကျပ်ဝယ်ဈေး – ၄၁၃၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၉၀ ကျပ်ဝယ်ဈေး – ၃၀၁၅ ကျပ်-ယူရိုရောင်းဈေး – ၄၅၁၅ ကျပ်ဝယ်ဈေး – ၄၃၈၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၃.၈၆ ကျပ်ဝယ်ဈေး – ၁၁၁.၅၈ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၆ ကျပ်ဝယ်ဈေး – ၈၅၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၇၆ ကျပ်ဝယ်ဈေး – ၅၆၂ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၆၀ ကျပ်ဝယ်ဈေး – ၂၅.၈၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၉.၅၆ ကျပ်ဝယ်ဈေး – ၄၈.၄၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၃ ကျပ်ဝယ်ဈေး – ၂.၉၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၁၃၅ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၄ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၅၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂျပန်မှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်စစ်တပ် စီစဉ်နေ

တိုကျို၊ မေ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံအနီး၌ ဖြစ်ပေါ်နိုင်ခြေရှိသော အရေးပေါ်အခြေအနေများအတွက် လျှင်မြန်သော တုံ့ပြန်နိုင်စွမ်းအားကို မြှင့်တင်ဖို့အတွက် ဂျပန်နိုင်ငံမှာ အကြီးစားစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေပါတယ်။Valiant Shield လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်စစ်တပ်ဟာ ဂူအမ်နဲ့ အခြားနေရာတွေမှာ နှစ်နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ကြည်း၊ ရေ၊ လေနဲ့မရိန်းတပ်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ဇွန်လအစောပိုင်းမှာပြုလုပ်ဖို့ စီစဉ်နေပြီး သီတင်းနှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှာဖြစ်ပါတယ်။ဂျပန်စစ်တပ်လေယာဉ်တွေနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်တိုက်လေယာဉ်တွေဟာ အမေရိကန်အခြေစိုက်စခန်းတွေနဲ့ ဂျပန်အခြေစိုက်စခန်းတွေကို လာရောက်မှာဖြစ်ပါတယ်။ဂျပန်အရှေ့မြောက်ပိုင်းရှိ ဂျပန်စစ်တပ် အခြေစိုက်စခန်းတွေဟာ ဝန်းကျင်ဒေသမှာ ကင်းလှည့်လေယာဉ်၊ တိုက်လေယာဉ်နဲ့ အခြားလေယာဉ်တွေနဲ့အတူ ကင်းလှည့်တာတွေ ပြုလုပ်နေပြီး အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာဖြစ်ပါတယ်။ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေတိုးမြှင့်လာချိန်မှာ အမေရိကန်ဟာ ဂျပန်၊ တောင်ကိုရီယားတို့လို အဓိက မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျှက်ရှိပါတယ်။Ref:NHKPhoto:US Navy

Read More

This Day in History

Voice of Myanmarအမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘရွတ်ကလင်းနှင့် မန်ဟန်တန်ကို ဆက်သွယ်ပေးထားသော ဘရွတ်ကလင်း တံတားကို ၁၈၈၃ ခုနှစ် မေ ၂၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းတံတားသည် ထိုအချိန်က ကမ္ဘာ့အကြီးဆုံး ကြိုးတံတားဖြစ်ပြီး ၁၃ နှစ်ကြာ တည်ဆောက်ခဲ့ရသည်။

Read More

မြန်မာပြည် အလယ်ပိုင်းက လဝက ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မေ ၂၄ ၊ ၂၀၂၄SP (VOM)အခုရက်ပိုင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ ဒေသတွင်း လက်နက်ကိုင် PDF တွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတာ အဖြစ်များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။” အခုရက်ပိုင်း ဖမ်းဆီးခံရတဲ့ လဝက ဝန်ထမ်းတွေကတော့ ရေစကြို ၊ စစ်ကိုင်း ၊ မုံရွာ ၊ ဒီပဲယင်းနဲ့ တီးတိန်စတဲ့ မြို့နယ်ဘက်တွေမှာဖြစ်တယ် ၊ ဖမ်းဆီးခံရတာ ဝန်ထမ်း ငါးယောက်ထက်မနည်း ရှိနေပြီး ” လို့ ဝန်ထမ်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။မနေ့ မေ ၂၃ ရက် မနက်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့အဝင် ၊ တမာတန်းလမ်းဆုံနားမှာ ဒေသတွင်း လက်နက်ကိုင် PDF…

Read More

ဆိုလာအားသွင်းရာကနေ စစ်တွေ သက္ကယ်ပြင်စျေး မီးလောင် ၊ ဆိုင်ခန်း ၆၀ ကျော် ပျက်စီး

မေ ၊ ၂၄ ၊ ၂၀၂၄TT (VOM)ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ၊ သက္ကယ်ပြင်စျေးမှာ မနေ့ မေ ၂၃ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်ကမီးလောင်မှုဖြစ်ခဲ့တယ်လို့ ပြည်နယ်မီးသတ်ရုံးဆီက သိရပါတယ်။မီးသတ်တပ်ဖွဲ့ဝင် တယောက်က” မီးသတင်းရတာက ညနေ ၃ နာရီ ၁၅ မှာ စတင်ရရှိတယ် ၊ မီးငြိမ်းသတ်ချိန် တနာရီနီးပါးကြာမြင့်တယ် ၊ မီးစတင်လောင်ကျွမ်းရတဲ့ ဖြစ်စဥ်က သက္ကယ်ပြင်စျေးမှာရှိတဲ့ ဖိနပ်ဆိုင်တခုက ဆိုလာအားသွင်းတယ် ၊ အဲ့ဒီဆိုလာက အပူရှိန်လွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်တယ် ၊ အဲ့ဒီကနေ စတင်ပြီး ဆိုင်ခန်း ၆၀ ကျော် မီးကူးစက် လောင်တယ် ၊ ဆုံးရှုံးမှုတန်းဘိုးကိုတော့ စိစစ်တွက်ချက်နေဆဲဖြစ်တယ် ” လို့ ပြောပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက” ပြီးခဲ့တဲ့ ၂၀၂၃…

Read More

ရခိုင်စစ်ဘေးရှောင်တွေ မိုးတွင်း နေထိုင်ရေး အခက်အခဲဖြစ်နေ

မေ ၂၃ – ၂၀၂၄ SN (VOM) နေရပ်မပြန်နိုင်သေးတဲ့ ရခိုင်စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီမှာ နေထိုင်ရေး ဆိုးရွားစွာ အခက်အခဲနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်က အရပ်သားပြည်သူ လေးသိန်းနီးပါး နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။ “ခုထိ နေရပ်မပြန်နိုင်သေးတဲ့သူတွေ ရှိတယ်။ နဂိုကတည်းကမှ ဘေးကင်းလုံခြုံတဲ့ အမိုးအကာတွေ မရှိသလို အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေပါ ရှိနေရတဲ့အထဲ မိုးရာသီရောက်လာတော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ ချက်ပြုတ်ဖို့နေရာ၊ အိပ်မယ့်နေရာတွေအကုန် မိုးရေစိုကုန်ပြီ။ အမိုးအကာအကူအညီတွေ အရေးတကြီး လိုနေပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ မေ ၂၃…

Read More

ယနေ့ ရွှေဈေး (မေ – ၂၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More