တွန်းဇံနယ်မှာ ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်

မေ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ တီးတိန်ခရိုင် ၊ တွန်းဇံမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်စလို့ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာကြောင့် ယာယီတိုက်ပွဲရှောင်တွေဟာ မိုးထဲလေထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ “တွန်းဇံမြို့ပေါ်မှာ နစက တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF တွေကြား တိုက်ပွဲအရှိန်က ရပ်မသွားသေးဘူး ၊ မြို့ရဲ့ ၅၀ ရာခိုင်နူန်းကို PDF တွေက ထိန်းချုပ်ထားသလို ၊ ကျန်တဲ့ မြို့နေရာ ၅၀ ရာခိုင်နူန်းကို နစက တပ်တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ယာယီတိုက်ပွဲရှောင်တွေကတော့ တွန်းဇံမြို့နယ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ ကလေးမြို့နယ်ဘက်ကို တချို့လည်း သွားကြတယ် ၊ အဲ့ဒီအပြင်…

Read More

မူဆယ် – မန္တလေး သွားလာလို့ရပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေ

မေ ၂၄၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် – မန္တလေး သွားလာနေကြပေမယ့် တန်ဆာခ၊ လူစီးခ အရမ်းများနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ” မူဆယ် နဲ့ မန္တလေး လမ်းမှာ တည အိမ်ရမယ်။ မူဆယ် – မန္တလေး က ၂၂၀,၀၀၀ ပါ။ အတက်က ၁၈၀,၀၀၀ ပါဗျ။ အဆင်းကျတော့ ကားခ များတယ်။ အဆင်းက တ‌ေယာက်ပါပါ၊ ၂ယောက်ပါပါ ထွက်ရတာ ကြောင့်မို့လေ။ အတက်ကျတော့ မန္တလေး ကနေသွားမယ် ဆိုရင် ခရီးသည် များတယ်။” လို့ ကားဂိတ် တာဝန်ရှိသူ အမျိုးသား တယောက်က ပြောပါတယ်။ ကားခ ဈေးနှုန်းတွေက ကားတွေပေါ် မူတည်ပြီး နှုန်းထား…

Read More

ကောက်ညှင်းပေါင်း၊ ဘယာကြော်

    ဆူးငှက်       မန္တလေးအငြိမ့် လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုရှိ တယ်။   ချစ်စရာ           – ဟေ့… ကိုဒီပါ။ ခင်ဗျား မင်းသမီးနဲ့ မင်္ဂလာမဆောင် ချင်ဘူးလား။   ဒီပါ      – အမလေး…။ မင်္ဂလာဆောင်ချင်တာပေါ့ကွယ်။   ချစ်စရာ           – မင်္ဂလာဆောင်မယ်ဆိုရင် ကလေးမလေးကို     တစ်သက်လုံး ရိုးမြေကျ ပေါင်းမှာလား။   ဒီပါ      – မေးရက်ပါ့ ချစ်စရာရယ်။ ပေါင်းမှာဗျား၊ ပေါင်းမှာဗျား။   ချစ်စရာ           – ကိုင်း…၊ ပေါင်းမယ်ဆိုရင် ရော့… ကောက်ညှင်း။   ဒီပါ      – ဟင်း… မင်းဟာက ဘာဆိုင်လဲကွယ်။   ချစ်စရာ           – ဆိုင်ပါသော်ကောကွယ်။ အဲဒါမှ မင်္ဂလာဆောင်နဲ့ ကောက်ညှင်းပေါင်းနဲ့…

Read More

ရွှေစျေး အနည်းငယ်ပြန်ကျ

ယနေ့ ရွှေဈေး (မေ – ၂၄ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၆၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တိုက်ပွဲကြောင့် သံတွဲ တမြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်မှု ရှစ်ရက်ထိ ကြာမြင့်လာ

မေ ၂၄ – ၂၀၂၄GG (VOM)ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် သံတွဲတမြို့လုံးမှာ လျှပ်စစ်မီးပြတ်တောက်နေတာ ရှစ်ရက်အထိ ရှိလာနေပြီဖြစ်လို့ ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။” တိုက်ပွဲဖြစ်လို့ဓာတ်အားတိုင်တွေကျိုးသွားလို့မီးပြတ်တာလို့သိရတယ်။ဖြစ်တဲ့နေရာလည်းသိရပြီးကြားပေမယ့်တိုက်ပွဲကြောင့်သွားပြင်လို့မရသေးဘူးကြားတယ်။အတိအကျတော့သူတို့ထုတ်ပြန်မှသိရမယ်၊ခုထိထုတ်ပြန်တာမရှိဘူး၊တမြို့လုံးတနယ်လုံးမလာဘူး ” လို့ သံတွဲမြို့ခံတယောက်ကပြောပြပါတယ်။လျှပ်စစ်မီးက မေလ ၁၇ ရက်နေ့ညကစပြီး ပြတ်တောက်နေတာ ဒီနေ့မေလ၂၄ ရက်နေ့အထိဖြစ်ကြောင်း၊ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူတွေဒုက္ခရောက်ရသလို၊ ဘဏ်လုပ်ငန်းတွေနှောင့်နှေးသွားသလို အောက်ဆီဂျင်စက်ရုံတွေလည်းလည်ပတ်နိုင်ခြင်းမရှိလို့ လူနာတွေဒုက္ခရောက်ရကြောင်း၊ လျှပ်စစ်မီးအသုံးပြုရတဲ့လုပ်ငန်းတွေ၊ ဆေးရုံတွေ အားလုံးအဆင်မပြေဖြစ်ကာ ဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။“မီးပြတ်တော့လုပ်ငန်းပိုင်းဆိုင်ရာတွေအခက်အခဲဖြစ်တယ်၊ဘဏ်တွေပေါ့။အလုပ်တွေနှောင့်နှေးတာအများကြီးအခက်အခဲတွေကအများကြီးပဲ၊ပိုက်ဆံရှိသူကတော့ မီးစက်လေးနဲ့ဓာတ်ဆီထည့်ရေမောင်းပေါ့၊ လူနာတွေဆိုလည်း ဆေးရုံတင်ဖို့လူနာ၊ဆေးရုံမှာနေမှအဆင်ပြေမယ့်လူနာတွေဆိုလည်း လျှပ်စစ်မီ းမရလို့ ဆေးရုံမတက်ရဘဲကိုယ့်အိမ်မှာကိုဆေးသောက်နေရတယ်၊အောက်ဆီဂျင်စက်ရုံရှိပေမယ့်လည်းမလည်ပတ်နိုင်ဘူး ၊အချက်အပြုတ်ပိုင်းရောအားလုံး အခက်အခဲတွေဖြစ်နေတာပေါ့” လို့ နောက်ထပ်သံတွဲဒေသခံတဦးကပြောပါတယ်။လျှပ်စစ်မီးပြတ်တောက်မှအပေါ် တဖက်တလမ်းကနေ အထောက်အကူပြုတဲ့ သံတွဲမြို့လူမှုကူညီရေးအသင်းအချို့က အချိန်ပိုင်းပြီး မီးစက်မောင်းကာ ဖုန်းအားသွင်းဖို့ စီစဉ်ပေးတာတွေရှိနေပါတယ်။သံတွဲမြို့နယ်ထဲက သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းရှိရာ ဘက်ခြမ်းအနီးက လင်းသီ၊ ရွှေလှေ စတဲ့ ရွာဘက်တွေမှာတိုက်ပွဲတွေက ဖြစ်ပွားနေတာဖြစ်ပြီး သံတွဲမြို့ပေါ်ကအထိ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့သိရပါတယ်။သံတွဲမြို့နယ်ထဲကရွာတွေမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ကျေးရွာနေဒေသခံပြည်သူတွေ…

Read More

ပါပူအာနယူးဂီနီမှာ မြေပြိုမှုကြောင့် လူ ၃၀၀ နီးပါး သေဆုံးဖွယ်ရှိ

ပို့မိုရက်ဘီ၊ မေ-၂၄-၂၀၂၄ မျိုးဆက်(VOM) ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်းရှိ ဝေးခံခေါင်သီတဲ့ ဒေသမှာ ဒီနေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူရာနဲ့ချီသေဆုံးဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီမနက် ၃ နာရီဝန်းကျင်လောက်က အန်ဂါကုန်းမြင့်ရှိ ခေါင်ကလန်ကျေးရွာအနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅၀ ကျော်မြေစာပိခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။ သေဆုံးသူဦးရေဟာ ၃၀၀ နီးပါးထိ မြင့်တက်လာပြီး သူ့အကိုဝမ်းကွဲတွေလည်း ပါတယ်လို့ ပြောပါတယ်။ ကလေးနှစ်ယောက်ကို ကယ်တင်ဖို့ နောက်ကြောင်းပြန်လာတဲ့ အမျိုးသားတယောက်ကတော့ မြေပြိုရာမှာ နစ်မြုပ်သွားတယ်လို့ သူကဆိုပါတယ်။ ဩစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနနဲ့ အခြားနိုင်ငံတကာ သတင်းဌာနတွေက လူ ၁၀၀ ကျော်သေဆုံးတယ်လို့ ရေးသားဖော်ပြထားပါတယ်။ အဲဒီကျေးရွာဟာ မြို့တော် ပို့မော်ရက်ဘီရဲ့မြောက်ဘက် ကီလိုမီတာ ၆၀၀ အကွယ်မှာတည်ရှိပါတယ်။ လက်ရှိမှာတော့ သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပြီး အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ရေးတွေကိုလည်း စတင်နေပြီလို့ ပါပူအာနယူးဂီနီ…

Read More

မုံရွာမှာ အငြိမ်းစား ရဲအရာခံဗိုလ်တယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

မေ ၊ ၂၄ ၊ ၂၀၂၄SP (VOM)လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အမှတ် ၂ နယ်မြေရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ရဲအရာခံဗိုလ် တယောက်ကို ဖမ်းဆီးထားတယ်လို့ မုံရွာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။” အငြိမ်းစား ရဲအရာခံ ဝင်းနိုင်ဆိုတာ အရင်က မုံရွာ စက်မှုဇုန် ရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်တယ် ၊ အဲ့ဒီနောက် ရခိုင်ဘက်က အမ်းရဲစခန်းကို အပြောင်းကျတယ် ၊ နောက်တော့ ရဲတပ်ရင်း တခုမှာ တာဝန်ကျပြီး အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစား (ပင်စင်) ယူတယ် ၊ အဲ့ဒီနောက် သူနဲ့ ကျနော်တို့ အဆက်သွယ်မရှိတော့ဘူး ၊ သူတို့မိသားစုဘယ်မှာနေသလဲဆိုတာ မသိရဘူး…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၄- ၅-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ၂၄- ၅-၂၀၂၄(VoiceOfMyanmar)ဂျုံစေ့အမျိုးမျိုးဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 155000/160000/ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 155000/ 160000ဂျုံ (ကလေး) – ၆၀ ပိဿာ – 125000/ 130000ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 135000/ 140000ဂျုံ (AUS) – ၁ ပိဿာ – 3300 (ygn)ဂျုံဖွဲ – ၁…

Read More

မုန်တိုင်းလမ်းကြောင်း ပြောင်းနိုင်သေးတဲ့အတွက် သတိပြုဖို့ လို

မေ ၂၄ – ၂၀၂၄ SN (VOM) လက်ရှိ ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်နိုင်ပေမယ့် လမ်းကြောင်း ပြောင်းနိုင်သေးတဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “လောလောဆယ် ခန့်မှန်းတာတော့ မြန်မာဘက်ကို မဝင်ဘူးပေါ့။ ဒါပေမယ့် မုန်တိုင်းလမ်းကြောင်းက အမျိုးမျိုး ပြောင်းလဲနိုင်သေးတဲ့ အနေအထားတော့ ရှိသေးတယ်။ အထူးသဖြင့် မေ ၂၅ ၊ ၂၆ ၊ ၂၇ အဲ့ရက်တွေကတော့ မုန်တိုင်းသတင်းတွေကို ပိုပြီး သတိပြု စောင့်ကြည့်ဖို့ လိုတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မေ ၂၄ ရက်၊ မနက်…

Read More

ရန်ကုန်-မန္တလေးလမ်းက ကညွတ်ကွင်းရထားလမ်းပိုင်း မိုင်းခွဲခံရလို့ ရထားခရီးစဉ်တွေ ရပ်ဆိုင်း

မေ ၂၄ – ၂၀၂၄GG (VOM)ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြားကရထားလမ်း မိုင်းခွဲဖျက်ဆီးခံရလို့ ရထားခရီးစဉ်တွေ ယာယီရပ်ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။မေလ ၂၄ ရက်ဒီနေ့ မနက်အစော ၂ နာရီလောက်မှာ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကြားမှာရှိတဲ့မိုင်တိုင် ၁၂၆/၇-၈ ကြား၊ ပတ္တာရွာလမ်းကူးအနီးမှာ မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး အဆန်လမ်းက အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ခဲ့သလို ကွန်ကရစ်ဇလီဖား ၅ တုံးလောက် ပျက်စီးကာ အစုန်လမ်းကလည်း အတွင်းသံလမ်း ၄ ပေလောက် ပြတ်ထွက်ပြီး ကွန်ကရစ်ဇလီဖား ၅ တုံးလောက် ပျက်စီးခဲ့တယ်လို့သိရပါတယ်။” ရထားလမ်းပျက်စီးသွားလို့ခရီးစဥ်တွေရပ်နေတယ်၊ကုန်ရထားနဲ့ကျန်ရထားတွေကို ညောင်လေးပင်နဲ့ ဖြူးဘူတာမှာရပ်ထားရတယ်။ရထားပြင်ဆင်မှုတော့လုပ်နေကြတုန်းပဲ ” လို့ ဖြူးဘူတာမှအမည်မဖော်လိုသူ ရထားဝန်ထမ်းတယောက် ကပြောပါတယ်။ခုမေလ ၁ ရက်နေ့ကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ဖြူးမြို့၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်းမိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ပါတယ်။အလားတူဇန်နဝါရီလ ၄ ရက်နေ့ကလည်း…

Read More