ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းတွေ ပိတ်ထားရ

ဒေလီ၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းတွေကို နိုဝင်ဘာ ၃ ရက်မစပြီး အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ထားလိုက်ပါတယ်။ မြို့တော်ရဲ့လေထုအရည်အသွေးဟာ ယခုရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ဆိုးရွားစွာကျဆင်းနေကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ လာမယ့်နှစ်ပတ်အတွင်း မိုးရွာသွန်းဖွယ်အခြေအနေရှိကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး အခြေအနေကိုပြန်လည်သုံးသပ်ဖို့ ဒေလီသဘာဝပတ်ဝန်းကျင်ဝန်ကြီးက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပါတယ်။ ဒေလီဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်ပွားလေ့ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ လယ်သမားတွေဟာ ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးနောက် စိုက်ခင်းတွေကို မီးရှို့ခြင်း၊ လေတိုက်နှုန်းနည်းပါးခြင်း၊ ပွဲတော်တွေအတွင်း မီးရှူးမီးပန်တွေဖောက်ခြင်းစတဲ့ အကြောင်းရင်းတွေကြောင့် ဒေလီရဲ့ လေထုအရည်အသွေးဟာ အထူးသဖြင့် ဆောင်းရာသီမှာ ပိုမိုညစ်ညမ်းလေ့ရှိပါတယ်။ အိမ်နီးချင်းပန်ဂျပ်နဲ့ ဟာယာနာပြည်နယ်တွေမှာ စိုက်ခင်းတွေကိုမီးရှို့မှုတွေပြုလုပ်ချိန်ဖြစ်တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း မြို့တော်ရဲ့ လေထုဟာ အညစ်ညမ်းဆုံးဖြစ်ပွားလေ့ရှိကြောင်း ဒေလီ လေထုအရည်အသွေးထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ Ref:BBC…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၆၅ ကျပ် ဝယ်ဈေး – ၂၃၁၅ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၁ ကျပ် ဝယ်ဈေး – ၃၄၁၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၅၀ ကျပ် ဝယ်ဈေး – ၈၈.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၄၄ ယောက် ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP (VOM)     ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာမြန်မာစစ်ဘေးရှောင် ကလေးလူကြီး အယောက် ၄၀ ကျော်ဟာ အိန္ဒိယရဲတွေ ဖမ်းဆီးတာကိုခံရပြီးနောက်ပိုင်း မြန်မာစစ်ဘေးရှောင် တထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုးရေးမြို့ခံတွေဆီက သိရပါတယ်။     ” ပြီးခဲ့တဲ့ နိုဝင်ဘာ တရက်နေ့ မနက်ပိုင်းက မိုးရေးမြို့ရောက် မြန်မာစစ်ဘေးရှောင်တွေထဲက စျေးဝယ်ထွက်တဲ့ လူ ၄၄ ယောက်ကို အိန္ဒိယရဲက ဖမ်းတယ် ၊ အဲ့ဒီထဲက မိန်းကလေးနဲ့ ကလေးသူငယ်တွေကိုမနေ့ အောက်တိုဘာ နှစ်ရက်နေ့က ပြန်လွတ်ပေးတယ်၊ အဲ့ဒီလို ပြန်လွတ်ပေးတာ ၁၀ ယောက်ကျော်ရှိတယ်…

Read More

ယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #ရွှေစျေး

Read More

လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်းကျ အကျဉ်းသားတွေ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်

နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျခံရသူတွေကို တလတကြိမ် မိသားစုက ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က စပြီး ထောင်ဝင်စာတွေ့ခွင့် ပြုထားပေးတယ် ၊ အခုဟာက လာမယ့်နိုင်ဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းကျော် ရောက်ရှိ

  နိုဝင်ဘာ ၂ – ၂၀၂၃ SN (VOM) ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းကစလို့ ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၃၅ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ အခုလို ပြည်တွင်း‌ရွှေဈေး အတက်ဘက်သို့ ရောက်ရှိလာခြင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်တပ်ပိတ်ဆို့ အရေးယူမှုနဲ့လည်း သက်ဆိုင်နေပြီး အဲ့ဒီ့လို အရေးယူမှုကြောင့် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့တော့ ရွှေဈေးက သုံးဆယ့်ငါးသိန်းတသောင်းလောက်အထိ နည်းနည်းတက်သွားတယ်။ ကမ္ဘာ့ရွှေဈေး နည်းနည်းတက်တာရယ်၊ ဒေါ်လာဈေးတက်တာရယ်၊ ဒီနှစ်ခုကြောင့် ပြည်တွင်းရွှေဈေး လိုက်တက်လာတာပေါ့။ ဒေါ်လာဈေးတက်တာက အမေရိကန်ရဲ့ ဆန်ရှင်ထိတာနဲ့လည်းဆိုင်မယ်။ အဲ့ဒါကြောင့် ရွှေဈေးပါ လိုက်တက်သွားတာ။ ပြည်တွင်းရွှေဈေးကတော့…

Read More

တရားမဝင်ဒုက္ခသည်တွေကို စတင်နှင်ထုတ်မှုကြောင့် အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် ပါကစ္စတန်ကို စွန့်ခွာ

  အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးရေးလုပ်ငန်းစဉ် စတင်နေပြီး အထောက်အထားမဲ့ ဒုက္ခသည်များကို နိုဝင်ဘာ ၂ ရက်ကစပြီး ထိန်းသိမ်းရေးစခန်းတွေကို စတင်လွှဲပြောင်းပေးနေပါတယ်။ အာဖဂန်မှာ တာလီဘန်တို့ အာဏာပြန်လည်ရရှိပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် အာဖဂန်ပြည်သူအများအပြားဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို ထွက်ပြေးခဲ့ကြရပါတယ်။ မြို့တော်အစ္စလာမ္မာဘတ်ရှိ အာဖဂန်ဒုက္ခသည်တွေ နေထိုင်ရာနေရာအချို့ကို ပါကစ္စတန်အာဏာပိုင်တွေက ဖြိုချမှုတွေပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေအနေနဲ့ တရားမဝင်နေထိုင်ဖို့ ကြိုးစားတဲ့လုပ်ရပ်တွေကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ ု အာဏာပိုင်တွေကပြောပါတယ်။ အာဖဂန်ဒုက္ခသည်အများအပြားဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် နေရပ်ပြန်နေကြပြီး ကုန်တင်ကားတွေနဲ့အတူ နယ်စပ်လမ်းကြောင်းတလျှောက်မှာ တန်းစီနေကြပါတယ်။ လက်ရှိချိန်ထိ အာဖဂန်ဒုက္ခသည် တသိန်းခြောက်သောင်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ခွာသွားပြီဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောပါတယ်။ ပါကစ္စတန်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အာဖဂန်နိုင်ငံသားတွေ ပါဝင်နေတယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ယုံကြည်နေပါတယ်။ ပါကစ္စတန်မှာ အထောက်အထားမဲ့…

Read More

နျူကလီးယားလက်နက် ထိန်းချုပ်ရေး တရုတ်နဲ့အမေရိကန် ဆွေးနွေးမယ်

  ဝါရှင်တန်၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့အမေရိကန်တို့ဟာ လာမယ့်သီတင်းပတ်မှာ ဆွေးနွေးကြမှာဖြစ်ပြီး ဒါဟာ သမ္မတအိုဘားမားလက်ထက်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဝေါလ်စရိဂျာနယ်က ရေးသားဖော်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မကြာသေးမီက ဝါရှင်တန်ကိုသွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အပြင် ရေကြောင်းဆိုင်ရာ အငြင်းပွားမှုတွေကို သီးခြားဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲကို လာမယ့် တနင်္လာနေ့ နိုဝင်ဘာ ၆ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အရေိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ မယ်လိုရီစတိဝပ်နဲ့ တရုတ်နိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာနအကြီးအကဲဆန်ရှီအိုဘိုတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် အချိန်အသေးစိတ်နဲ့ ဆွေးနွေးမယ့်အခြေအနေတို့ကို ရိုက်တာရဲ့ မေးမြန်းမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝါရှင်တန်ရှိ တရုတ်သံရုံးတို့က မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှုတွေအပေါ် အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုတွေကို ကိုးကားပြီး မဟာဗျူဟာတည်ငြိမ်ရေးဆိုင်ရာ ရှေ့ဆက်ဆွေးနွေးမှုတွေကို စတင်ဖို့…

Read More