ဂါဇာမှာ ယာယီအပစ်ရပ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက် အစ္စရေးပယ်ချ

    တဲလ်အဗစ်၊ နိုဝင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ရဲ့ တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနဲ့ တဲလ်အဗစ်မှာ ဆွေးနွေးခဲ့ပြီး ယာယီအပစ်အခတ်ရပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။ အဲဒီနောက်ပိုင်း များမကြာခင်မှာ အစ္စရေးနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ရာမှာတော့ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးတာမျိုးမရှိတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးကို ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။ အစ္စရေးအနေနဲ့ ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ အင်အားကုန် ဆက်လက်လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ အစ္စရေးတပ်တွေဟာ ဂါဇာမြို့ကို ဝိုင်းရန်ထားပြီး ရှုပ်ထွေးတဲ့ မြို့ပြတိုက်ပွဲဖော်ဆောင်နေတယ်လို့ ပြောပါတယ်။ ဘလင်ကင်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အမေရိကန်အနေနဲ့ အစ္စရေးကို ဆက်လက်ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ဒါပေမယ့် ပါလက်စတိုင်းအရပ်သားတွေကို အကာအကွယ်ပေးဖို့ အစ္စရေးက ခိုင်မာတဲ့ခြေလှမ်းတွေရှိနေရမယ်လို့ ဘလင်ကင်က အာမခံချက်တောင်းဆိုခဲ့ပါတယ်။ ဒီအတောအတွင်း ဂါဇာရှိအကြီးဆေးရုံအနီး…

Read More

နီပေါအနောက်ပိုင်းမှာ အင်အားပြင်မြေငလျင်လှုပ်ခတ်မှု လူ ၁၀၀ ကျော်သေဆုံး

  ခတ္တမန္ဒူ ၊ နိုဝင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) နီပေါနိုင်ငံ အနောက်ဝိုင်း ဝေးလံခေါင်သီတဲ့ဒေသမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လူ ၁၀၀ ကျော်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မြေငလျင်ဟာ ခတ္တမန္ဒူမြို့ရဲ့ အနောက်ဘက် မိုင် ၃၁၀ အကွာရှိ ဂျာဂျာကော့နဲ့ အနောက်ရူခမ်ဒေသတို့မှာအဓိက လှုပ်ခတ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကယ်ဆယ်ရေးသမားတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားပါတယ်။ နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူအပါအဝင် အိန္ဒိယနိုင်ငံ ဒေလီနဲ့ အခြားမြို့ကြီးတွေမှာလည်း ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် တနာရီအတွင်း နောက်ဆက်တွဲငလျင် သုံးကြိမ်လှုပ်ခတ်ခဲ့ပြီး နောက်ထပ်ငလျင်တွေလှုပ်ခတ်နိုင်ခြေကြောင့် ဒေသခံတွေဟာ နေအိမ်ပြင်ပမှာ အိပ်စက်ခဲ့ရပါတယ်။ နီပေါနိုင်ငံဟာ ဟိမဝန္တာတောင်တန်းပေါ်မှာ တည်ရှိပြီး ငလျင်လှုပ်ခတ်မှုဒဏ်ကို မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း နိုင်ငံတွင်းမှာ ငလျင်နှစ်ခုလှုပ်ခတ်မှုကြောင့် လူ…

Read More

This Day in History

  Voice of Myanmar ဒီမိုကရက်တစ်နိုင်ငံရေးသမား ဘားရက်ခ်အိုဘားမားသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၎င်းသည် ပထမဆုံးသော အာဖရိကန်-အမေရိကန် သမ္မတဖြစ်သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၄ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၈၀ ကျပ် ဝယ်ဈေး – ၂၃၃၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၁၂ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၃၂ ကျပ် ဝယ်ဈေး – ၈၉.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၅ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၄ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

MOGE ကိုဒဏ်ခတ်မှု ဘယ်လောက်ထိ အကျိုး‌သက်ရောက်မှု ရှိမလဲ 

  SN (VOM) နစကအတွက် နိုင်ငံခြားငွေ အများဆုံးလာရာ ရေသောက်မြစ် လမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ MOGE ဟာ နစကရဲ့ ပင်မ ဘဏ္ဍာရေးထောက်တိုင်တရပ် ဖြစ်တဲ့အပြင် စစ်တပ်ရဲ့ ပြည်ပ စစ်လက်နက်ဝယ်ယူမှုတွေအတွက်နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာချီ ဘဏ္ဍာငွေအဖြစ် စီးဆင်းနေတဲ့ အဓိက အသက်သွေးကြောကြီးတခု ဖြစ်ပါတယ်။နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နစကဟာ စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ တဘီလီယံကျော်ဖိုး တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို MOGE ကို အရေးယူဒဏ်ခတ်ခြင်းဟာ အမေရိကန်နိုင်ငံသားအနေနဲ့ နစကလက်အောက်ခံ MOGE ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်ပြီးသော်လည်းကောင်း လုပ်ကိုင်ခြင်း…

Read More

စီးကြမယ်လေ စက်ဘီး

      ဆူးငှက်     “ဘီးကလေးကိုစီး .. အချစ်အလေးကိုတင်ပြီး ကိုယ်သွားရတာလေ .. အင်မတန်ပျော် .. စကြဝဠာအဆုံးထိနင်းရမလား…”   မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော်စိုင်းထီးဆိုင်လည်း စက်ဘီး စီးခဲ့သည်။အဆိုတော် ဂျေမောင်မောင်ကို သူ့ပြိုင်စက်ဘီးလေးနှင့် မန္တလေးမြို့အနှံ့တွေ့နိုင်သည်။ တစ် ခါတစ်ရံ သမီးငယ်လေးကို ချီပိုးပြီး စက်ဘီးလေးနှင့် ဘီလမ်းပေါ်တွင် တွေ့နိုင်သေး၏။ တစ်ချိန်ကမန္တလေး တက္ကသိုလ် ပင်မ ဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတော လေးရှင်းပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။   သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေ မန်းဆောင်ရှေ့မှာလည်း စက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက် ဘီး ..၊ အုတ်ခုံကြီးသာကျန်တော့ သော အတုမရှိကျောင်းကြီး၏ မကရ်းရုပ်လှေကားခြေမှာယောကျ်ား စီးစက်ဘီးတစ်စီးနှင့် မိန်းမစီးစက် ဘီးတစ်စီးခေါင်းချင်းဆိုင်နေသည်။     ဝင်းလိုက်ရုံမြောက်ဘက်…

Read More

အီရန်မှာ မူးယစ်ဆေးဖြတ်စင်တာ မီးလောင်မှု လူ ၃၂ ယောက်သေဆုံး

  တီဟီရန်၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အီရန်နိုင်ငံမြောက်ပိုင်းရှိ မူးယစ်ဆေးဝါးသုံးစွဲသူူများအတွက် ပြန်လည်ထူထောင်ရေးစင်တာတခုမှာ နိုဝင်ဘာ ၃ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုဟာ တီဟီရန်မြို့တော်မြောက်ဘက် ဂီလန်ပြည်နယ် ကက်စပီယန်ရှိ မြို့တမြို့မှာ သောကြာနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၁၆ ယောက်ကို ဆေးရုံပို့ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို သေဒဏ်ပေးပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုတော့ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့က တာဝန်ရှိသူတွေက ပြောပါတယ်။ အီရန်ဟာ ကမ္ဘာပေါ်မှာ လူတယောက်ချင်း ဘိန်းသုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂကခန့်မှန်းထားပြီး အာဖဂန်ကဘိန်းတွေ တင်ပို့မှုရဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အာဖဂန်ကတင်ပို့တဲ့ ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးတွေကို…

Read More

ဂါဇာမြို့တော်ကို အစ္စရေးစစ်တပ် အလုံးစုံဝိုင်းရံထား၊ ဂါဇာမှာ သေဆုံးသူ ၉၀၀၀ ကျော်ထိမြင့်တက်လာ

  တဲလ်အဗစ်၊ နိုဝင်ဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသကို အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး မြို့တော် ဂါဇာစီးတီးကို အလုံးစုံ ဝိုင်းရံထားကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ ဂါဇာမြို့တော်ကို ဝိုင်းရံထားသလို ကင်းစခန်းတွေ၊ ဌာနချုပ်တွေနဲ့ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို မြေပြင်နဲ့လေကြောင်းထိုးစစ်နဲ့ ခြေမှုန်းတိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ နိုဝင်ဘာ ၂ ရက်က မြေပြင်ထိုးစစ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး သေဆုံးတဲ့အစ္စရေးတပ်ဖွဲ့ဝင်အရေအတွက် ၂၃ ဦးထိမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ ဝန်ကြီးချုပ်နေတန်ယာဟုနဲ့ဆွေးနွေးဖို့ အစ္စရေးကိုရောက်ရှိနေပြီး ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ဂါဇာကနေ အီဂျစ်နိုင်ငံထဲကို ဖြတ်ကျော်မယ့် စစ်ရှောင်တွေထဲမှာ ဗြိတိန်နိုင်ငံသား အယောက် ၁၀၀ လောက်ပါဝင်နေပါတယ်။ အစ္စရေးကို ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက်တိုက်မှုအတွင်း လူ ၁၄၀၀ ကျော်သေဆုံးပြီး ၂၀၀ ကျော်ကို…

Read More

ချင်းပြည်နယ်နဲ့ စစ်ကိုင်း ၊ မကွေးတိုင်းဘက်တွေမှာ ဒီမနက်ပိုင်းကစလို့ နေရာအတော်များများ တိုက်ပွဲဖြစ်နေ

  နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) ဒီမနက် အစောပိုင်းကစလို့ ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ တီးတိန်ကားလမ်းခွဲ ၊ ဖလမ်း – ကလေး ကားလမ်းမှာရှိတဲ့ သိုင်းငင်း ကင်စခန်းနဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ် ၊ ခမ်းပတ် (မြို့နယ်ခွဲ) ရဲစခန်းအပါအဝင် ကလေး – တမူးကားလမ်းက ရာဇဂြိုလ် အကျဥ်းဦးစီးဌာန ၊ ဘဝသစ် ကုန်ထုတ်လုပ်ရေးစခန်း နဲ့ ကောလင်းမြို့ပေါ် မှာ နေရာ အနှံ့အပြား ၊ အပြင် ကန့်ဘလူမြို့နယ် ၊ ချပ်သင်းဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကတော့ ကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၄ နာရီလောက်ကစပြီး ပစ်ခတ်သံတွေကြားရတယ် ၊…

Read More