အိန္ဒိယမှာ ယာဉ်မတော်တဆမှုတွေကြောင့် တနာရီကြာတိုင်း လူ ၁၉ ယောက်သေဆုံး

  ဒေလီ၊ နိုဝင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း တသိန်းခြောက်သောင်းကျော် သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အစီးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိပေမယ့် ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုအမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ အစီရင်ခံစာမှာ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ယမန်နှစ်မှာ နိုင်ငံတွင်း တရက်ကို လူပေါင်း ၄၆၂ ဦးသေဆုံးပြီး တနာရီကြာတိုင်း လူ ၁၉ ဦးသေဆုံးကြောင်း အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း လမ်းမတော်တဆမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၉ ဒသမ ၄ ရာခိုင်နှုန်းတိုးလာတယ်လို့ အိန္ဒိယပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာသတရပ်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူ ၁၀ယောက်မှာ ခုနှစ်ယောက်ကတော့ လမ်းပေါ်မှာ အရှိန်လွန်မောင်းနှင်မှုတွေကြောင့် မတော်တဆဖြစ်ပြီး သေဆုံးခဲ့ရတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။…

Read More

ကုန်ကြမ်းပစ္စည်း ဈေးတက်မှုနဲ့ ပြတ်လပ်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကြန့်ကြာမှု ဖြစ်နေ

  နိုဝင်ဘာ ၂ – ၂၀၂၃ SN (VOM) ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှု လျော့နည်းနေတဲ့အတွက် လက်ရှိမှာ ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ဝယ်ယူလို့မရတဲ့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးမြောက်ချိန် ကြန့်ကြာနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ‌ပြောပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ လက်ရှိမှာ ပြန်လည် လည်ပတ်နေပြီဖြစ်ပေမယ့် ဆောက်လုပ်နိုင်တဲ့ ပမာဏကတော့ အရင်ကထက် လျော့နည်းနေဆဲဖြစ်သလို ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အခက်အခဲကြောင့် ပြီးစီးမယ့်အချိန်ဟာလည်း သတ်မှတ်ချိန်ထက် ပိုမို ကြာမြင့်မှု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “ဆောက်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေက ငွေကြေးဖောင်းမှုအပေါ် လိုက်ပြီး ဈေးတက်လာတာ။ အခုက အဆောက်အအုံ တလုံးဆောက်ဖို့ နှစ်နှစ်လောက်နဲ့ ပြီးချင်မှ ပြီးတယ်။ ဆိုင်မှာ ကိုယ်လိုချင်တဲ့ ပစ္စည်း size…

Read More

This Day in History

Voice of Myanmar ၂၀၀၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သော ဂျင်မီကာတာသည် အမေရိကန်၏ ၃၉ ဦးမြောက် သမ္မတအဖြစ် ၁၉၇၆ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ရွေးချယ်ခံခဲ့ရသည်။

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၆၀ ကျပ် ဝယ်ဈေး – ၃၂၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၆၀ ကျပ် ဝယ်ဈေး – ၂၃၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၈၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၀ ကျပ် ဝယ်ဈေး – ၄၄၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (နိုဝင်ဘာ- ၂ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ခေတ်ဟောင်း မန္တလေး စကားဝိုင်း

ဆူးငှက်     ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သောအာင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့‌ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်ကကျွန်တော့အိမ်ကလေး၏မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး၊ ဟို .အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ပိတ်စွယ်ရိုင်းတာကြီးဖြစ်သည်။   ယခု ၂၆ ဘီလမ်းမကြီးကမြေသားလမ်းပေါ် ‌ကျောက်ကြမ်းတွေခင်းပြီးကာစ၊ မချောမွေ့သေး ညတိုင်ရောက်လျှင်ခြောက်ဗို့ဘက်ထရီ မီးလုံးလေး၏ အလင်းရောင်မှိန်မှိန်အောက်၌ ရေဒီယိုလေးတစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်ပင်တွေကြား တိုင်ဦးတမ်းကစားနေကြသောပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။   ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ယာတောကြီးပေါ်ကနေ  ဝါတွင်း ကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက်ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။   မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့အရှေ့ရိုးမပေါ်က ‌ခေါင်းပြူလာသော ထွန်းသစ်စ ‌နေရောင်ခြည်ကို အစောဆုံးထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင်…

Read More

မိုရေးမှာ စျေးဝယ်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို အိန္ဒိယရဲက ဖမ်းဆီးစစ်ဆေးနေ

နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ရဲ့ မနက်ခင်းစျေးမှာ စျေးဝယ်သွားတဲ့ မြန်မာနိုင်ငံ ၄၄ ယောက်ကို ဒီကနေ့ နိုဝင်ဘာ တရက် မနက်ပိုင်းက အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်စပ်ကုန်သည်များဆီက သိရပါတယ်။ ” အခါတိုင်းလည်း မိုးရေးမြို့ဘက်က မနက်စျေး (ဒေသအခေါ် ကသည်းစျေး) ကို မြန်မာတွေ စျေးရောင်း စျေးဝယ်သွားကြတယ် ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ် နှစ်ဂိတ်ရှိတယ် ၊ 1 ဂိတ်နဲ့ 2 ဂိတ် နန်းဖာလုံ ဂိတ် ဖြစ်တယ် ၊…

Read More

၁၀၂၇ စစ်ဆင်ရေးဖြစ်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်တဲ့ ဧရိယာတွေက ဒေသခံတွေပြောတဲ့ မြေပြင်အနေအထား

  နိုဝင်ဘာ ၁-၂၀၂၃ Sh V(VOM)     စစ်ရေးအခြေအနေ   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအနှံ့အပြားမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ ဖြစ်တဲ့ MNDAA, TNLA, AA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ BPLA, Mandalay PDF တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်တပ်၊ ရဲစခန်း၊ပြည်သူ့စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ငွေလိမ်ဂိုဏ်း တွေကို အဓိကထား ထိုးစစ်ဆင်မယ်ဆိုပြီး တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။   ကိုးကန့် ဘက်ကတော့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်တပ်ခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့လက်နက်ချ အလင်းဝင်လာသူ အများအပြားရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။   စစ်ပွဲအခြေအနေကို လေ့လာနေတဲ့ ဒေသခံတယောက်ပြောပြတာကတော့ “ စဖြစ်တဲ့နေ့က စစ်တပ်ကုန်းတွေက…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ နှုတ်ထွက်ရေးဆန္ဒပြပွဲ လူနှစ်ယောက်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ

  ဒါကာ၊ နိုဝင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၃၁ ရက်ကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားပြီး လူနှစ်ယောက်သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေအတွင်း မြို့တော်ဒါကာမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ သေဆုံးသူတွေဟာ ပါတီကစီစဉ်ထားတဲ့ သုံးရက်ကြာ ဆန္ဒပြပွဲပထမရက်မှာ ရဲတပ်ဖွဲ့က သေနတ်ဖြစ်ပစ်သတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီမှ တာဝန်ရှိသူတွေကပြောပါတယ်။ ပဋိပက္ခတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၁၅ ဦးအပါအဝင် လူ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ Ref:BBC  

Read More

မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန် အရေးယူပိတ်ဆို့

  ဝါရှင်တန်၊ နိုဝင်ဘာ-၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလုပ်ငန်းဟာ မြန်မာအာဏာပိုင်တွေကို နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီပြီး ဝင်ငွေရှာဖွေပေးနေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုအရေးယူပိတ်ဋဆို့မှုဟာ ဒီဇင်ဘာ ၁၅ ရက်ကစတင် သက်ဝင်မှာဖြစ်ပြီး မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းရဲ့ ငွေကြေးအကျိုးအမြတ်စီးဆင်းမှုတွေကို ပိတ်ဆို့သွားမှာဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ဟာ မြန်မာစစ်တပ်အတွက် ရုရှားဆီကနေ လက်နက်တွေ တင်သွင်းပေးနေတယ်လို့ စွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းသုံးခုနဲ့ လူပုဂ္ဂိုလ်ငါးဦးတို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ အရေးယူပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေကတော့ Sky Royal Hero ကုမ္ပဏီ၊ Suntac Technologies ကုမ္ပဏီနဲ့ Suntac International Trading ကုမ္ပဏီတို့ဖြစ်ပြီး လူပုဂ္ဂိုလ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊…

Read More