ဂါဇာမှာ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုမှု အစ္စရေးပယ်ချ

    တဲလ်အဗစ်၊ အောက်တိုဘာ -၂၈-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက အောက်တိုဘာ ၂၈ ရက်မှာ ဒေါသတကြီးပယ်ချလိုက်ပြီး သူကိုယ်သူ ကာကွယ်သွာမယ်လို့ ကတိပြုလိုက်ပါတယ်။ အစ္စရေးနဲ့ဟာမတ်စ်တို့အကြား ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို လူသားချင်းစာနာထောက်ထားမှုအရ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်တောင်းဆိုခဲ့ပါပေမယ့် အစ္စရေးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှ အပစ်အခတ်ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲ ၁၂၀ ၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ ကြားနေမဲ ၄၅ မဲနဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့တရားဝင်မှု ဒါမှမဟုတ် အစ္စရေးကိစ္စမှာ ကြားဝင်ဖို့ ပတ်သက်ဆက်ယှက်မှု တအောင်စတောင်မရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂျီလက်အာဒန်က ပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကန့်ကွက်မဲပေးခဲ့ပေမယ့် ဂါဇာမှာ…

Read More

မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား ကိုယ့်ကိုကိုယ် သတ်သေ

  ဝါရှင်တန် ၊ အောက်တိုဘာ-၂၈-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာ လူ ၁၈ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားကို သုံးရက်ကြာ ရှာဖွေပြီးနောက် သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၄၀ အရွယ် ရောဘတ်ကတ်ဆိူသူဟာ ကိုယ့်ကို ကိုသေနတ်နဲ့ပစ်ခတ်သေဆုံးနေတာကို တွေ့ရှိခဲ့ကြောင်း ပြည်သူ့ဘေးကင်းရေး မိန်းကော်မရှင်နာ မိုက်ကယ် ဆာ့ ချာ့က ပြေ ပြာတယ်။ ရဲတပ်ဖွဲ့က ဒေသခံတွေကို အိမ်ထဲမှာသာ နေထိုင်ကြဖို့ညွှန်ကြားချက်ကို ရုတ်သိမ်းပြီးနောက် နာရီပိုင်းအကြာမှာ သံသယရှိသူကို သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှု ကြောင့် သေဆုံးသူ တွေထဲမှာ သက်ကြီးအမျိုးသားတ ယောက် တက်သစ်စအားကစားသမားတ ယောက်နဲ့အသက် ၁၄ နှစ်မှ ၇၆ နှစ်ကြား နားမကြားသူလေး ယောက်တို့ ပါဝင်ပါတယ်။ “ဗုဒ္ဓဟူးနေ့ညက ပစ်ခတ်မှုမှာ သံသယရှိသူကို ရှာဖွေတွေ့ရှိခဲ့ပြီးပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာအနီး…

Read More

This Day in History

  Voice of Myanmar ဆိုဗီယက်ခေါင်းဆောင် နီကီတာခရုချော့ဗ်သည် ကျူးဘားရှိ ဆိုဗီယက်ဒုံးကျည်စခန်းများကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ကြောင်း ၁၉၆၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အမေရိကန်ကို အသိပေးခဲ့ပြီး အမေရိကန်ကလည်း ကျူးဘားကို မတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးနောက် ကျူးဘားဒုံးကျည်အရေးအခင်း အဆုံးသတ်ခဲ့သည်။  

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၂၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၈၀ ကျပ် ဝယ်ဈေး – ၃၄၂၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၅၀ ကျပ် ဝယ်ဈေး – ၈၈.၉၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၇ ကျပ် ဝယ်ဈေး – ၄၃၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၈ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

တိုက်ပွဲတွေကြောင့် မန္တလေး -မူဆယ် ပြည်ထောင်စု ကားလမ်မကြီးမှာ သွားလာမှုနည်း

  အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၃   SP + Shy V ( VOM)   ရှမ်းပြည်မြောက်ပိုင်းမှာ မနေ့ အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် မန္တလေး ၊ လောက်ကိုင် ၊ လားရှိုး ၊ ကွက်ခိုင် ၊ မူဆယ်ကားလိုင်းတွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။   လောက်ကိုင်မှာ ရောက်နေတဲ့ ဒေသခံ ကားသမားတယောက်က ” မန္တလေး ဆင်းမယ့် ခရီးသည်တွေ တင်ထားပြီး လမ်းအခြေအနေရ ကားက မထွက်ရသေးဘူး ၊ ကားကွင်းထဲမှာ ပိတ်မိနေတဲ့ ကားတွေ အများကြီးရှိတယ် ၊ လမ်းပွင့်တာနဲ့ ဆင်းဖို့ အရန်သင့်စောင့်ရတယ် ၊လောက်ကိုင်မြို့ထဲမှာတော့ ဒီမနက် လူသွား လူလာတွေရှိတယ် ၊ အတက်ကားကတော့…

Read More

ပြည်တွင်းကားဈေးကွက် အကျဈေးနဲ့ အရောင်းအဝယ် ပုံမှန် ဖြစ်နေ

  အောက်တိုဘာ ၂၇ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း အကျဈေးနဲ့ အရောင်းအဝယ် ပုံမှန် ဖြစ်နေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကြောင့် အမြင့်ဆုံးဈေးတန်းကို ရောက်ရှိခဲ့တဲ့ ပြည်တွင်းကားဈေးနှုန်း‌တွေဟာ အခုအောက်တိုဘာလအတွင်း အမျိုးအစားအလိုက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းလောက် ဈေးပြန်လည်ကျဆင်းလာနေတယ်လို့ သိရပါတယ်။ “လက်ရှိ ကားဈေးကွက်အခြေအနေကတော့ ပုံမှန်ပါပဲ။ ပုံမှန်ပါပဲဆိုတာက အရောင်းအဝယ် တအားကြီးဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ လုံးဝ မရောင်းရဘူးဆိုတာလည်း မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ လိုအပ်ချက်ရှိတဲ့ကားကတော့ ဝယ်ကြ၊ ရောင်းကြတယ်။ ဒါပေမယ့် တက်သွားတဲ့ ဈေးနဲ့တော့ ဝယ်ကြတာမဟုတ်ဘူး၊ ချပေးတဲ့ဈေးကျမှ ဝယ်ကြတာ။ ကားဈေးက အရင်က ဖြစ်သင့်ဖြစ်ထိုက်တာထက် ဆွဲတင်လိုက်ကြတော့ ထိုက်သင့်တဲ့ဈေးထက် ကျော်လွန်သွားတာပေါ့။ အခု အခြေအနေအားလုံး ငြိမ်တဲ့အချိန်မှာတော့…

Read More

တရုတ်ဝန်ကြီးချုပ်ဟောင်း လီကားကျန် နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်

  ပေကျင်း၊ အောက်တိုဘာ-၂၇-၂၀၂၃ မျိုးဆက်(VOM)   တရုတ်ဝန်ကြီးချုပ်ဟောင်း လီကားကျန်ဟာ အသက် ၆၈ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။   ဝန်ကြီးချုပ်ဟောင်းလီကားကျန်ကို အသက်ရှင်ဖို့ အစွမ်းကုန်ကုသမှုတွေလုပ်ခဲ့ပေမယ့် အောက်တိုဘာ ၂၆ ရက် ညသန်းခေါင်ကျော ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။   ယခုနှစ်မတ်လမှာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ လီကားကျန်ဟာ ရုတ်တရက်နှလုံးဖောက်ကာ ရှန်ဟိုင်းရှိဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။   သူဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်ခေါင်ဆောင်ဖြစ်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံခဲ့ရပေမယ့် သမ္မတရှီကျင်းပင်နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့ခြင်းမရှိသူတယောက်ဖြစ်ပြီး တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အထီးကျန်နေခဲ့သူဖြစ်ပါတယ်။   ဝန်ကြီးချုပ်ဟောင်းလီသေဆုံးမှုဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေအကြား သဘောထားပျော့ပြောင်းတဲ့ ပြုပြင်ပြောင်းလဲရေးသမားတယောက်ဆုံးရှုံးသွားဖြစ်ပြီး သမ္မတရှီကျင်းပင်ရဲ့ လုပ်ပိုင်ခွင့်အာဏာကျင့်သုံးမှုအပေါ် အပြန်အလှန်ထိန်းကျောင်းနိုင်မှု  နည်းပါးသွားမယ့် သဘောရှိကြောင်း Carnegie…

Read More

နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းမှာ လက်နက်ကြီးကျလို့ ၄ ဦး သေဆုံး ၆ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၇၊ ၂၀၂၃ Shy V(VOM)   ရှမ်းပြည်မယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ နမ့်ခမ်းမြို့တွေမှာ ‌ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ရပ်ကွက်ထဲ လက်နက်ကြီး ကျကွဲလို့ ကျည်စတွေ ထိမှန်ကာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။   “ဟုတ်တယ်။ ရပ်ကွက် ၄ မှာ ကျတယ်။ ၂ ယောက် သေဆုံး ၅ ယောက် ဒဏ်ရာရတယ်။ ကွတ်ခိုင်ဆေးရုံ ပို့နေတယ်။ အသက် ၇ နှစ်အရွယ်ကလေးနဲ့ အသက် ၃၀ ကျော် အရွယ်အမျိုးသမီး သေဆုံးသွားတယ်” လို့ ဒေသ ခံ တဦးက ပြောပါတယ်။    …

Read More

ရန်ကုန်အပါအဝင် မြို့နယ် ၅ ခုကို ညမထွက်ရအမိန့်ပယ်ဖျက်တာနဲ့ အချိန်တွေ ဖြေလျှော့ပေး

  ရန်ကုန်၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၃ GG( VOM)   ရန်ကုန်တိုင်း နဲ့ သထုံမြို့နယ်ကို ညမထွက်ရသတ်မှတ်ထားတဲ့အချိန်တွေ ဖြေလျော့လိုက်ပြီး မင်းဘူး၊မကွေး၊မိတ္တီလာမြို့နယ်တွေကိုတော့ညမထွက်ရအမိန့်ထုတ်ထားတာကို ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။   ” အချိန်ပဲ လျှော့လျှော့ ၊ညမထွက်ရအမိန့်မရှိတော့လည်း ခုကာလက ညဘက်တွေကို အပြင်မထွက်တာအကောင်းဆုံးပါ၊ တခုခုဖြစ်ရင်ကိုယ်ကအရင်ခံရမှာဆိုတော့ အချိန်တိုင်း သတိထားတာမမှားပါဘူး၊ညမထွက်ရအမိန့်မရှိတော့ဘူးဆိုပြီး ထွက်ကြလို့ ဖြစ်ရင်တော့ အဖေကယ်ပါ အမေကယ်ပါဆိုလည်းမရဘူး ၊ ပြောသာပြောရတာ ရန်ကုန်ကတော့ ညလည်းထွက်နေကြတာပဲ။သူတို့အခု မဖြေလျှော့ပေးခင်ကလည်း ဘားတွေ နိုက်ကလပ်တွေသွားနေကြတာပဲ ” လို့  ရန်ကုန်ဒေသခံ ​တ‌ယောက်က ပြောပါတယ်။   ရန်ကုန်တိုင်းမှာ အရင်က ညမထွက်ရအမိန့်သတ်မှတ်ထားတဲ့အချိန်က ည ၁၂ နာရီမှာ မနက် ၄ နာရီအစား လက်ရှိမှာ မနက်အစော ၁နာရီကနေ ၃ ရီအတွင်းသာ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။…

Read More