အောက်တိုဘာ ၃၀၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံတချို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ စစ်မြေပြင်မှာ ကြားညပ်ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အဲဒီ ၆၉ စစ်တပ်နားက ဘုန်းကြီးကျောင်းမှာတော့ လာရှောင်နေလို့ ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီမှာလည်း စစ်တပ်ရှေ့မှာ ဆိုတော့ မရှောင်ရဲဘူး။ ဆိုတော့ သိန္နီဘက် သွားမယ်ဆိုတော့လည်း မသွားခိုင်းဘူး။ အဲဒီမှာ ကိုးကန့်ဘက်က လမ်းတလျှောက်မှာစောင့်နေတယ်။ ကြားညပ်နေတယ်။” လို့ ပိတ်မိနေသူတွေရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။ လားရှိုးကနေတက်လာရင် သိန္နီ မရောက်ခင် ကောင်းဟော်ရွာက လူတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။ သိန္နီဘက်လည်း သွားခွင့် မပေးတာကြောင့် RC ဘုရားကျောင်း၊…
Read Moreမြိုင်မြို့နယ်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ ၅ ဦးသေဆုံး
အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ နှောပင် ကျေးရွာအုပ်စု ကင်းရွာနဲ့ ကန်ရပ်ကြီး ကျေးရွာကြားမှာ မနေ့ အောက်တိုဘာ ၂၉ ရက်ကလူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ ကင်းရွာနားမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာအခုထိမသိရသေးဘူး ၊ အဲ့ဒီ လက်နက်ကြီးကျည် ပေါက်ကွဲလို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ သေဆုံးသူတွေက ကင်းရွာမှာနေတဲ့ ဦးစိုးတင့်ဦး ၄၀ နှစ် ၊ ဒေါ်အေးဆင့် ၆၀…
Read Moreရန်ကုန် တိုက်ခန်းနဲ့ ကွန်ဒိုတွေ စျေးမကျဘဲ အရောင်းအဝယ်အေး
အောက်တိုဘာ ၂၉ – ၂၀၂၃ SN (VOM) လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းနဲ့ ကွန်ဒို ဈေးနှုန်းတွေ ကျဆင်းခြင်းမရှိဘဲ အတက်စျေးမှာငြိမ်နေပြီး အရောင်းအဝယ် အေးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။ လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ၊ ကုန်ကြမ်းဈေးနှုန်းတွေနဲ့ ဆောက်လုပ်ရေးအတွက် ပြုပြင်စရိတ်တွေ ဈေးအဆမတန် မြင့်တက်နေတာကြောင့် တိုက်ခန်း၊ ကွန်ဒိုဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် ဈေးပိုမို မြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အခုက ဈေးကွက်က ဘယ်လိုဖြစ်နေလဲဆိုတော့ ဘိလပ်မြေဈေး၊ သံဈေးတွေ အဆမတန်မြင့်တက်နေသလို တခြားတခြားသော ကုန်ကျစရိတ်တွေလည်း ရှိနေတဲ့အတွက် လတ်တလော တည်ဆောက်ပြီးသား တိုက်ခန်းတွေ၊ ကွန်ဒိုတွေကတော့ ဈေးလျှော့ပြီး ရောင်းလို့မရတဲ့ အခြေအနေပေါ့။ တိုက်ခန်းဈေးက အနည်းဆုံး ကျပ် သိန်း ၆၀၀ ဝန်းကျင်ရှိတယ်။ ကွန်ဒိုဈေးကလည်း အနည်းဆုံး ကျပ် သိန်း…
Read Moreဦးပိန်တံတား ကျိုးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ
မန္တလေး၊ အောက်တိုဘာ – ၂၉-၂၀၂၃ SA(VOM) မန္တလေးမြို့ ၊ အမပူရမြို့နယ်မှာ ရှိတဲ့ ဦးပိန်တံတား အရှေ့ဘက်ခြမ်းက တံတား အခန်း ၂ ခန်း ကျိုးကျခဲ့ပြီး လူအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “အရှေ့ဘက်ခြမ်းကရေတွက်ရင် ပေ ၅၀၀ ခန့်လောက်ပေါ့ တံတားအခန်း ၂ ခန်းပြိုကျသွားပြီးတော့ အောက်မှာ ရေတွေနဲ့ ဗေဒါတွေရှိတယ်၊ အဲ့ထဲကို ကျသွားတဲ့သူတွေကိုတော့ အနီးနားက ဌက်လှေသမားတွေက ကယ်သွားတာ” လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးမှူးက ပြောပါတယ်။ ဦးပိန်တံတား တိုင်အမှတ် ၃၃၉၊ ၃၄၀၊ ၃၄၁ တို့ ကျိုးကျခဲ့တာဖြစ်ပြီး အဲ့ဒီဖြစ်စဥ်ကြောင့် အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၈ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တံတားရဲ့ အရှေ့ဘက်ခြမ်းကို…
Read Moreလှိုင်သာယာ မီးလောင်မှု အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံး
အောက်တိုဘာ ၂၉ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ ရှမ်းချောင်းကျေးရွာ၊ အောင်ချမ်းသာ (၂) လမ်းမှာ မနေ့ အောက်တိုဘာ ၂၈ ရက်၊ ည ၇ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့တဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။ “အိမ်ခြေကတော့ ၃၀ ပတ်ဝန်းကျင် ပါသွားတာတွေ့တယ်။ အိမ်ခြေ ၃၀ ဆိုတာ အရမ်းကြီး အိမ်ခြံ အကျယ်ကြီးတွေမဟုတ်ဘူး။ သူ့ရဲ့အိမ်လေးတွေက အရမ်းစိပ်ပြီးတော့ လိုင်းခန်းတွဲသာသာလောက် အဲ့လိုမျိုးလေးတွေဆိုတော့ အဲ့ဒီ့နားတဝိုက် ကွက်ပြီးပါသွားတာပေါ့။ လူထိခိုက်တာတော့ မကြားမိပါဘူး” လို့ အဲ့ဒီ့ မီးလောင်မှုဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အဲ့ဒီ့…
Read More၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကနေ ဒုသမ္မတဟောင်းမိုက်ပင့်စ် နှုတ်ထွက် ဝါရှင်တန်၊ အောက်တိုဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီသမ္မတရွေးကောက်ပွဲဟာ သူ့အတွက် အချိန်မကျသေးဘူးလို့ မိုက်ပင့်စ်ကပြောဆိုထားပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ဦးဆောင်တဲ့ ပြိုင်ဆိုင်မှုမှာ မဲဆွယ်မှုတွေကို ပထမဆုံးရပ်ဆိုင်းလိုက်တဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်မှုတွေကနေ နှုတ်ထွက်ကြောင်း၊ ဒါပေမယ့်လည်း ကွန်ဆာဗေးတစ်တန်ဖိုးတွေအတွက် တိုက်ပွဲတွေကိုတော့ ဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူးလို့ မိုက်ပင့်စ်က ပြောပါတယ်။ အသက် ၆၄ နှစ်အရွယ် မိုက်ပင့်စ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့တဲ့ လွှတ်တော်ကို ဝင်ရောက်စီးနှင်းမှုတွေဖြစ်ပွားပြီးနောက် သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ လူသိရှင်ကြားလမ်းခွဲခဲ့သူဖြစ်ပြီး ဂျိုးဘိုင်ဒင်ရဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို ကွန်ဂရက်မှာ ထောက်ခံခဲ့တာကြောင့် ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ဆုံးရှုံးခဲ့ပါတယ်။ ရီပတ်ဘလီကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများမှ…
Read Moreဂါဇာမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ် ဒုတိယအဆင့် စတင်
တဲလ်အဗစ်၊ အောက်တိုဘာ-၂၉-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ မြေပြင်ထိုးစစ်ဟာ ဒုတိယအဆင့်ရောက်ရှိနေပြီး ဟားမတ်စ်တွေနဲ့ စစ်ပွဲဟာ ရှည်လျားပြီး ကြာရှည်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးတပ်မှူးတွေဟာ ဂါဇာကမ်းမြှောင်တခွင်လုံးကို တပ်တွေဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း နေတန်ယာဟုက ရုပ်မြင်သံကြားမိန့်ခွန်းတရပ်မှာ အတည်ပြုပြောဆိုပါတယ်။ ဒေသခံတွေအနေနဲ့ ဂါဇာေတောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့နဲ့ မြောက်ပိုင်းဟာ စစ်မြေပြင်ဖြစ်နေပြီဖြစ်ကြောင်း သတိပေးစာရွက်တွေကို ဂါဇာစီးတီးပေါ် အစ္စရေးက ကြဲချသတိပေးထားပါတယ်။ ဂါဇာဒေသမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး ဒေသခံတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်တောက်နေပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း တူရကီသမ္မတက စွပ်စွဲလိုက်ပြီးနောက် တူရကီရှိ သံတမန်တွေကို အစ္စရေးက ပြန်ခေါ်ခဲ့ပါတယ်။ အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ကျော်သေဆုံးပြီး ၂၂၉ ဦး ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။…
Read Moreပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်
အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၃ SP ( VOM) သမ္မတ ဦးသိန်းစိန် လက်ထက်က ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးဟောင်း ဦးရဲထွဋ် ကို မနေ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းက သက်ဆိုင်ရာက မေးမြန်း စစ်ဆေးစရာတွေ ရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲ့ဒါကြောင့် ဒီမနက်မှာ ဦးရဲထွဋ်ရဲ့ ဖုန်း နှစ်လုံးကို ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ၊ အဲ့ဒီ အပြင် သူ့ရဲ့ လူမှုကွန်ရက် Face book ကနေတဆင့် ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး ။ ဦးရဲထွဋ်နဲ့ နီးစပ်တဲ့ သူတယောက်က ” ဒီမနက်မှာ ကြားရတဲ့ သတင်းက ၊…
Read MoreThis Day in History
Voice of Myanmar တရုတ်နိုင်ငံသည် တအိမ်ထောင် ကလေးတယောက်မူဝါဒကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် အဆုံးသတ်လိုက်ပြီး ၂၀၁၆ ခုနှစ်မှစ၍ ဇနီးမောင်နှံများအနေဖြင့် ကလေးနှစ်ဦးယူခွင့်ရရှိခဲ့သည်။
Read Moreမန္တလေးက သီတင်းကျွတ်ပွဲ
ဆူးငှက် မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။ ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။ မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့်…
Read More