ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှု အစ္စရေးဝန်ကြီးချုပ် ပယ်ချ

  တဲလ်အဗစ်၊ အောက်တိုဘာ-၃၁-၂၀၂၃ မျိုးဆက်(VOM) ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုတွေကို ပယ်ချကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတာဟာ ဟားမတ်စ်တွေကို လက်နက်ချဖို့၊ အကြမ်းဖက်ဝါဒကို အရှုံးပေးဖို့၊ ရိုင်းစိုင်းတဲ့လုပ်ရပ်တွေကို လက်မြှောက်ဖို့ အစ္စရေးကို တောင်းဆိုတာဖြစ်ကြောင်း ဝန်ကြီးချုပ်နေတန်ယာဟုက ပြောပါတယ်။ ဂါဇာရဲ့ အခြေအနေဟာ နာရီနဲ့အမျှ ဆိုးရွားလာနေကြောင်း ယူနီဆက်ဖ်က သတိပေးထားပြီး တချိန်တည်းမှာတော့ ကုလသမဂ္ဂအကူအညီပေးရေးအေဂျင်စီတွေဟာ ဂါဇာမှာအပစ်အခတ်ရပ်စဲရေးအတွက် လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာ ကြိမ်ဖန်များစွာ တောင်းဆိုနေကြပါတယ်။ ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းကို ခြေလျင်တပ်တွေ၊ တင့်ကားတွေနဲ့အတူ မြေပြင်ထိုးစစ်ဆင်နေပါတယ်။ ယခုလအစောပိုင်းမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးပြီး ဂါဇာမှာတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၈၃၀၀ ထိသေဆုံးခဲ့ပါတယ်။ Ref:NHK  

Read More

This Day in History

Voice of Myanmar အမေရိကန်သမ္မတ လင်ဒန်ဘီဂျွန်ဆင်သည် မြောက်ဗီယက်နမ်တွင် အမေရိကန်၏ ဗုံးကြဲတိုက်ခိုက်မှုများကို အဆုံးသတ်ရန် ၁၉၆၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် အမိန့်ပေးခဲ့သည်။

Read More

မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်

  အောက်တိုဘာ ၃၀၊ ၃၀၂၃ Shy V အရှေ့မြောက် ကုန်သွယ်ရာလမ်းဖြစ်တဲ့ မူဆယ် – မန္တလေး လမ်းပိတ်သွားတာကြောင့် မူဆယ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးတက်၊ တချို့ ဆိုင်တွေပိတ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ဆိုင်ပိတ်တော့မယ်။ ပစ္စည်းက ပြတ်နေပြီ။ လမ်းပိတ်ထားတော့ မှာတာတွေလဲ ပြန်မရောက်နိုင်ဘူး။ ၂ ရက် ပိတ်မယ်။” လို့ မူတယ်က ကုန်စုံဆိုင် ဝန်ထမ်းတယောက်က ပြောပါတယ်။ ခါတိုင်းတွေမှာတော့ တလ မှ တရက် ပိတ်တာ ဖြစ်ပေမယ့် လတ်တလော အောက်ဘက်ပိုင်းက ကုန်တွေ မရောက်နိုင်တာကြောင့် မြန်မာဘက်က ကုန်တွေ ပြတ်ကုန်တာလို့ ဆိုပါတယ်။ “ကွန်မတို့ဘမှာတဲ့ ပစ္စည်း တင်လာတဲ့ ကားတွေက လမ်းမှာ ပိတ်နေတာရှိတယ်။ တချို့က ပြန်လှည် ရတယ်။ မုန့် အစ်ုတွေဆို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၃၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၄၀ ကျပ် ဝယ်ဈေး – ၃၁၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၅၀ ကျပ် ဝယ်ဈေး – ၂၃၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၀ ကျပ် ဝယ်ဈေး – ၆၈၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၀ ကျပ် ဝယ်ဈေး – ၄၄၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၃၁ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

နမ့်ဖတ်ကာမှ လက်နက်ကြီး ကျကွဲလို့ ပြည်သူ သုံးဦး သေဆုံး

  အောက်တိုဘာ ၃၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ၊ ပြည်‌ထောင်စု လမ်းမပေါ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲကျော်ခန့်က တိုက်ပွဲ ဖြစ်ပွားတာမရှိပဲ လက်နက်ကြီး တလုံးကျကွဲလို့ လမ်း‌လျှောက်နေတဲ့ ပြည်သူ သုံးဦး ထိမှန်သေဆုံးသွားကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ “ဟုတ်တယ်။ ၃ ယောက်။ မိန်းကလေး ၁ ယောက်၊ ယောက်ျားလေး ၂ ယောက်။ သုံးယောက်စလုံး နမ့်ဖတ်ကာကပဲ။ သုံးယောက်စလုံးဆုံးတယ်။” လို့ မေတ္တာရှင်လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက VOM ကို ပြောပါတယ်။ သေဆုံးသွားသူတွေက အသက် ၁၈ နှစ်၊ ၁၉ နှစ်နဲ့ ၂၆ နှစ် အရွယ်တွေဖြစ်ပြီး နေအိမ်တွေ ထိခိုက်တာတော့ မရှိဘူး လို့ သူက…

Read More

ဒီပဲယင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူ ၃၀ နီးပါး သတ်ဖြတ်ခံရ

  အောက်တိုဘာ ၊ ၃၁ ၊ ၂၀၂၃ SP ( VOM)   စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့မှာရှိတဲ့ ရွာပေါင်း ၊ ရှစ် ရွာမှာနေတဲ့ လူ ၃၀ နီးပါး ဒီရက်ပိုင်းအတွင်း သတ်ဖြတ်ခံရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။   “အသတ်ခံရတဲ့ လူတွေက သီတင်းကျွတ် လပြည့်နေ့ ဝန်းကျင်က သတ်ခံရတာဖြစ်တယ် ၊ သိမ္ဘာရွာက ကိုအောင်နိုင် ၃၅ နှစ် ၊ ဇော်မျိုးအောင် ၃၄ နှစ် ၊ အမည်မသိရသေးတဲ့ လူ နှစ် ယောက် ပေါင်း လေးယောက် သတ်ခံရတယ် ၊ အဲ့ဒီ အပြင် ဘုတ္ထန်းရွာက ကိုကြည်ဝင်း သတ်ခံရတယ် ၊ နောက်ပြီး ရှမ်းတောရွာမှာက ကိုငြိမ်းမင်းဦး (ပန်းပုရွာ…

Read More

လွမ်းစရာ့ ကထိန်ပွဲ

  ဆူးငှက်     မန္တလေးတွင် “ရတနာပုံမ်‌နေပြည်တော်””‌‌ခေတ်ကတည်းက ကထိန်ပွဲများကိုလည်းရွှေမြို့တော်တွင် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ရာ ဘာသာ သာသနာ စည်ပင်ခဲ့သည့် မင်းနေပြည်တော်တွင် ၁၂၄၇ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူ ပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေ များကြောင့်ရွှေမြို့တော်တွင်း သီတင်းသုံးနေထိုင်တော် မူကြသော ‌ထေရ်ကြီးဝါကြီးများမှအစ စာချ စာသင်သံဃာများအလယ်၊ ကိုရင်၊ သူတော်အဆုံး သာသနာ့ ဝန်ထမ်း သူတော်စင်များသည်လည်း ဘာသာ သာသနာဆိုင်ရာစောင့်ရှောက်မှုနှင့် ပစ္စည်းလေးပါးအစစ ညှိုးနွမ်း ချို့တဲ့တော်မူ ခဲ့ကြသည်။   ထိုအခြေအနေတွင် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ သက္ကရာဇ်၁၂၅၈ (ခရစ် – ၁၈၉၆) ခု၌ မလွန်ဈေးဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ၁၂၆၀ (ခရစ် – ၁၈၉၈)ခုတွင် ပရိယတ္တိ သာသနဟိတ အသင်းကြီးကို လည်းကောင်း တည်ထောင်နိုင်ခဲ့ကြသည်။   ထို့နောက်၁၂၉၇ (ခရစ် –…

Read More

သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းဌာနကို ချိပ်ပိတ်တာဟာ သတင်းလွတ်လပ်ခွင့်ကို ကျဆင်းစေတယ်လို့ သတင်းသမားတွေပြော

အောက်တိုဘာ ၃၀ – ၂၀၂၃ SN (VOM)   ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို ချိပ်ပိတ်ပြီး သတင်းထောက်ကိုဖမ်းဆီးတာဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။   “ဒီအမ်ဂျီက သတင်းထောက်နဲ့ ရုံးစောင့်သူကို ဖမ်းဆီးသွားတဲ့ ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါပေမယ့် ဒီလိုပဲ မြန်မာနိုင်ငံရဲ့အခြားနေရာတွေမှာလည်း ဖြစ်နေတာပဲလို့ဆိုရင်လည်း ဆိုကြမှာ။ သို့ပေမယ့် ရခိုင်ပြည်နယ်က သတင်းတွေကို နေ့စဥ် တင်ဆက်နေတဲ့သတင်းဌာနတခုကို ရပ်တန့်အောင် လုပ်တာ၊ သတင်းသမားကို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်က သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတာဖြစ်သလို ရခိုင်အခြေစိုက် သတင်းသမားတွေ ပိုပြီး မလုံခြုံတဲ့ အနေအထားဖြစ်စေတယ်။ သတင်းသမားတယောက်အနေနဲ့ဖမ်းဆီးတာ၊ ပစ္စည်းတွေ သိမ်းဆည်းတာကို ကန့်ကွက်ရှုတ်ချပါတယ်” လို့ သတင်းစာဆရာတဦးက ပြောပါတယ်။…

Read More

မန္တလေးမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားမြတိုက်ခံရလို့ သိန်း တထောင်ကျော်ပါသွား

  အောက်တိုဘာ ၃၀-၂၀၂၃ Voice Of Myanmar(VOM)   မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားက ပေါ်ဦး ရွှေဆိုင်ဟာ အောက်တိုဘာ ၃၀ ရက် ဒီကနေ့မနက် ရှစ်နာရီကျော်ခန့်က ရွှေထည်ပစ္စည်းမျိုးစုံ သိန်းတထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။   ရဲနဲ့နီးစပ်သူတဦးက ” မနက် ၈နာရီကျော်မှာ ဖြစ်တာ၊ အမျိုးသား လေးဦးက ဆိုင်ထဲကို သေနတ်ကိုင်ဝင်လာပြီး ကောင်တာကို  နှစ်ချက်ပစ်တယ်၊ ပြီးတော့ ရွှေထည်တွေ ယူသွားတယ်၊ ခန့်မှန်း သိန်း(၁၂၀၀)ကျော် ပါသွားတယ်”လို့ ပြောပါတယ်။   ဖြစ်စဉ်မှာ ရွှေဆိုင်ရှေ့ကို စိစစ်ဆဲအမျိုးသား လေးဦးက သေနတ်အတို တလက်ကိုင်ဆောင်ကာ ဆိုင်ကယ် နှစ်စီးနဲ့ရောက်လာခဲ့ပြီး ရွှေဆိုင်အတွင်းဝင်လာခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းက ကောင်တာကို သေနတ်နဲ့ နှစ်ချက် ပစ်ကာ…

Read More