ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၇ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး

Read More

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအကြောင်း နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဖြေကြားချက်

နေပြည်တော်၊ အောက်တိုဘာ ၂၇၊ ၂၀၂၃ KT (VOM)   ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်ကြတဲ့ ကိုးကန့်တပ်(MNDAA)၊ တအာန်းတပ် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ က စစ်ဆင်ရေးအမည်ကို ၁၀၂၇ လို့ အမည်ပေးပြီး နစက စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့ ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နစက ပြောရေးဆိုခွင့်ရှိသူ ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ခုလိုဖြေကြားထားပါတယ်။   ” ချင်းရွှေဟော်နားလေးကဖောင်ဆိပ်နယ်စပ်ကုန်သွယ်ရေးစခန်း၊ အထက်နဲနဲတက်တဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်၊ သိန္ဒီရဲ့အရှေ့ဘက်မှာလည်းထိတွေတိုက်ပွဲဖြစ်တယ်။ လားရှိုးအရှေ့ဘက်ခြမ်းကရွာတွေမှာလည်းထိတွေတိုက်ပွဲတွေဖြစ်တယ်။ ကွမ်လုံနဲ့ချင်းရွှေဟော်ကြားမှာလည်းတိုက်ပွဲတွေဖြစ်တယ်။ လက်ရှိအခြေအနေအရတော့ ချင်းရွှေဟော်ကနယ်စပ်မျဉ်းပေါ်မှာရှိလို့အခြေအနေကိုထိမ်းသိမ်းပြီးလုပ်နေရပါကြောင်း” ပြောပါတယ်။   “မြန်မာနိုင်ငံနဲ့တရုတ်အစိုးရတို့နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဲလိုဆောင်ရွက်နေချိန်မှာ MMDA အနေနဲ့ချင်းရွှေဟော်၊လောက်ကိုင် ၊ကွမ်လုံတဝိုက်ကိုတိုက်ပွဲများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ချင်းရွှေဟော်ကနယ်စပ် မျဥ်းနဲ့နီးတာကြောင့်လုံခြုံရေးအရဆောင်ရွက်တဲ့နေရာမှာအကန့်အသတ်တော့ရှိပါတယ်၊ ချင်းရွှေဟော်မှာတပ်စခန်းတွေရှိပါတယ်။ပြည်သူ့စစ်စခန်းတွေကျရှုံးခဲ့တာရှိပါတယ်၊…

Read More

ကော့ကရိတ်မြို့ပေါ်မှာလည်း တိုက်ပွဲတွေဖြစ်လို့  မြဝတီ ကုန်သွယ်ရေးလည်း ရပ်တန့်

    ရန်ကုန်၊အောက်တိုဘာ ၂၇ ၊ ၂၀၂၃ GG (VOM)   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက်အစောပိုင်းချိန်ကတည်းက ခုချိန်ထိ စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်KNLA ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။   အဆိုပါ နှစ်ဖက်ထိတွေ တိုက်ပွဲအကြားမှာ အရပ်သား သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရသူတွေရှိနေပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။   ” မနက် ၅ နာရီကျော်ကျော်ထဲက လက်နက်ကြီးသံကြားတယ်၊ အမှတ် ၇ ရပ်ကွက်ပေါ့၊ မနက် ၈ နာရီကျော်လောက်ကျတော့  မြို့ထဲမှာလည်းပစ်ခတ်မှုတွေရှိလာတယ်။  လက်နက်ကြီးတွေလည်းကျတယ်၊ အဆောက်အဦးတွေလည်းမီးလောင်တယ်၊မြို့ပေါ်မှာပဲဖြစ်နေတာ၊ အခုတော့ လက်နက်ငယ်ပစ်ခတ်သံမကြားရတော့ပေမယ့် လက်နက်ကြီးပစ်သံတွေတော့ကြားနေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။   ခုမနက်ဖြစ်ပွားခဲ့တဲ့ ကော့ကရိတ် တိုက်ပွဲမှာ ကော့ကရိတ်မြို့ပေါ်က ခြေလျင်တပ်ရင်း-ခလရ ၉၇ အနောက်ဘက် ဂေါက်ကွင်းဘေးနေရာမှာရှိတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၇ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၃၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၆ ကျပ် ဝယ်ဈေး – ၄၃၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

တိုက်ပွဲတွေကြောင့် လားရှိုးလေဆိပ် ယာယီပိတ်ပြီး ခရီးစဉ်တွေရပ်ဆိုင်း

    အောက်တိုဘာ ၂၇ – ၂၀၂၃ SN (VOM)   ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ပြင်းထန်စွာဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့ လေယာဥ်ကွင်းကို တာဝန်ရှိသူတွေက ဒီကနေ့ အောက်တိုဘာ ၂၇ ရက်၊ မနက် ၉ နာရီမှာ ယာယီပိတ်ခဲ့ပြီး ခရီးစဥ်အားလုံး ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။   လားရှိုးလေဆိပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဘေးကပ်ရပ်မှာတည်ရှိပြီး တိုက်ပွဲတွေကြောင့် လေဆိပ်တာဝန်ရှိသူတွေက လားရှိုးလေဆိပ် လေယာဉ် အဆင်း/အတက်တွေကိုပိတ်ပြီး ပြည်တွင်းက လေကြောင်းခရီးစဉ်တွေ အားလုံးကို ဆိုင်းငံ့ထားကာ လေဆိပ် ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုလည်း အတိအကျ ကြေညာထားခြင်းမရှိဘူးလို့ သိရပါတယ်။   ဒါနဲ့ ပတ်သက်လို့ ပြည်တွင်းလေကြောင်းလိုင်းတခုမှ တာဝန်ရှိသူတဦးက “ဒီနေ့က လားရှိုးကွင်းပိတ်တာပါ။ လေယာဉ်တွေကို လားရှိုးဘက်ကို ဆင်းခွင့်မပြုတာပါ။ ကျွန်မတို့ Air Line မှ…

Read More

မော်လမြိုင် အ.ထ.က ၉ ကျောင်းမီးလောင်မှုနဲ့ပတ်သက်လို့ အမျိုးသမီး တဦး ဖမ်းဆီးခံရ

ရန်ကုန် ၊ အောက်တိုဘာ ၂၇ ၊၂၀၂၃ GG (VOM)   မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်က အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု နဲ့ပတ်သက်ပြီး အမျိုးသမီးတစ်ဦး ကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်မှုအရသိရပါတယ်။   အဆိုပါ ကျောင်းအတွင်း မီးလောင်မှုမဖြစ်ခင်မှာ စက်ဘီးနဲ့ အမျိုးသမီးတစ်ယောက်က ရောက်လာပြီး ကျောင်းကို မီးစတင်ရှို့တဲ့အကြောင်း cctv မှတ်တမ်းအရ တွေ့ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ် အပြီး အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။   ” တမြို့လုံးက cctv တွေကို ထိန်းချုပ်စင်တာကနေ အကုန်ပြန်ကြည့်လို့ရနေတာလေ၊ အဲ့တော့ အမှတ် ၉ ကျောင်းလမ်းမှာ ဘာတွေဖြစ်ခဲ့လဲပြန်ကြည့်ရတယ်၊ ရှို့မီးလို့တော့ သိရတာပဲ၊ ဘယ်သူကို ဖမ်းသွားတယ်၊ဘယ်သူဘယ်ဝါဆိုတာတော့ သေချာမသိရသေးပါဘူး ” လို့ မော်လမြိုင် ဒေသခံတစ်ဦးက ပြောပါတယ် ။   ကျောင်းမီးလောင်မှုနဲ့ပတ်သက်ပြီး…

Read More

ရှမ်းပြည်နယ် မြောက်ပိုင်း နေရာအနှံ့ အပြား တိုက်ပွဲ ဖြစ်ပွား

  အောက်တိုဘာ ၂၇၊ ၂၀၂၃ ShyV(VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ အစောပိုင်းကစ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “အေတီဂိတ် ပိတ်ထားပြီ။ အေးရှားဝေါလ်ဂိတ် ကြေမွနေပြီ။ လူတွေထိထားတယ်။ ထိခိုက် သေဆုံးမှု ဘယ်နှယောက်ဆိုတာ အသေးစိတ် မသိရသေးဘူး ” လို့ ဒေသခံ တဦးက ပြောပါတယ်။   ချင်းရွှေဟော် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်လည်း ဒီမနက်ကစ နှစ်နိုင်ငံ ကုန်သွယ်မှု ပိတ်ထား လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။   “ချင်းရွှေဟော်နားက စခန်း ကျပြီကြားတယ်။ လောက်ကိုင်လည်း အခြေအနေ မကောင်းဘူး။ ရေပူလည်း တိုက်နေတယ် လားရှိုးမှာတော့၆၈ တပ် လာပစ်ခံရတာ ” လို့ ဒေသခံ…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အကြီးစား နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားစစ်တပ် ထုတ်ပြန်

  မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ဟာ အကြီးစားနျူကလီးယားတိုက်ခိုက်မှုကို အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလေ့ကျင့်မှုမှာ ရန်သူရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေကို တုံ့ပြန်တာတွေလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူကပြောပါတယ်။ နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်တာနဲ့ ပတ်သက်ပြီး သမ္မတပူတင်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူးစမ်းသပ်မှုတွေအားလုံးကို တားမြစ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်ကနေ ရုရှားနှုတ်ထွက်ဖို့ကို ရုရှားပါလီမန်က ထောက်ခံခဲ့ပြီးနောက် အခုလို နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားဆိုင်အရာ အသင့်အနေအထားရှိနေရေးကို ပုံမှန်အတိုင်းလုပ်ဆောင်နေကြပြီး ရုရှားဟာ အောက်တိုဘာလကုန်ပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်လေ့ကျင့်မှုမှာတော့ ရန်သူတွေရဲ့ နျူကလီးယားတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် မဟာဗျူဟာထိုးစစ်အဖွဲ့က အကြီးစားနျူကလီးယားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ အခြားသောလက်နက်တွေကို လက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ Ref:BBC…

Read More

အမေရိကန် လူဝစ်စတန်မြို့မှာ ပစ်ခတ်မှုကြောင့် ၂၂ ယောက်သေဆုံး၊ လွတ်မြောက်နေတဲ့ သေနတ်သမားကို အပူတပြင်းရှာဖွေနေ

  ဝါရှင်တန်၊ အောက်တိုဘာ-၂၆ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဟာ မိန်းပြည်နယ်ရှိ လူဝစ်စတန်မြိုမှာ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ လမ်းကြားတခုအတွင်းရှိ လူတွေကို ပစ်ခတ်ပြီးနောက် အနီးအနားရှိ ဘားနဲ့ အခြားနေရာတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမားလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး အပူတပြင်းရှာဖွေနေကြပါတယ်။ မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သံသယရှိသူရဲ့ ဓါတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာ တံခါးတွေပိတ်ပြီး နေထိုင်ကြဖို့ သတိပေးထားပါတယ်။ သေနတ်သမားဟာ အသက် ၄၀ နှစ်အရွယ် ရောဘတ်ကတ်ဆိုသူဖြစ်ပြီး အန္တရာယ်ရှိသူအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။…

Read More