ဂါဇာမြောက်ပိုင်းကို အစ္စရေးက တင့်ကားတွေနဲ့ဝင်ပြီး တိုက်ခိုက်

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းကို တင့်ကားတွေနဲ့ဝင်ရောက်ပြီး ဟားမတ်စ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ နောက်ထပ်တိုက်ပွဲအဆင့်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ဂါဇာကို များမကြာခင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆေးရုံအချို့ကလွဲပြီး ကျန်တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ရပ်တန့်လို့နေပါတယ်။ အစ္စရေးဟာ ဂါဇာကိုပို့မယ့် လောင်စာဆီလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဟားမတ်စ်တွေဟာ လောင်စာဆီတွေကို သိုလှောင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။ ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေမှာလည်း အလားတူလောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး လာမယ့်နာရီပိုင်းအတွင်း လုပ်ငန်းတွေရပ်ဆိုင်းရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဂါဇာဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၆၅၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကနဦးတိုက်ခိုက်မှုအတွင်း…

Read More

မကွေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း နေအိမ်တရာကျော် မီးရှို့ခံရလို့ မီးဘေးဒုက္ခသည်တွေ အခက်ခဲဖြစ်

  အောက်တိုဘာ ၊ ၂၆ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲ ရေစကြိုနဲ့ ပေါက်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း လူနေအိမ် တရာကျော် မီးရှို့ခံရပြီး အဝတ်အထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ရေစကြိုမြို့နယ်မှာ နေတဲ့ နေအိမ် မီးရှို့ခံရသူ တယောက်က ” အခုလ ၁၇ ရက်က ရေလယ်ကျွန်း ဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ငါးရက်ကြားတယ်၊ အဲ့ဒီ အချိန်မှာ ရေလယ်ကျွန်း ဒေသတခုလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ကူနီရွာမှာ နေအိမ် ခုနှစ်လုံး ၊ ကျွန်းကလေးရွာမှာ နှစ်လုံး ၊ လှေခုတ်ရွာမှာ လေးလုံး ၊ ကျွန်းညိုရွာမှာ သုံးလုံး ၊ နွယ်နီရွာမှာ နှစ်လုံး ၊…

Read More

This Day in History

Voice of Myanamr တောင်ကိုရီးယားသမ္မတ ပတ်ချောင်ဟီနှင့် သက်တော်စောင့်များအပါအဝင် ငါးဦးကို ၎င်း၏မိတ်ဆွေရင်းဖြစ်သူ ထောက်လှမ်းရေးအကြီးအကဲ ကင်ဂျေးကျူက ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #October26th #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3183

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၅၀ ကျပ် ဝယ်ဈေး – ၃၂၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၆ ကျပ် ဝယ်ဈေး – ၄၃၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

အရုဏ်တော် အလှူခံ တီးဝိုင်းများ

    ဆူးငှက်     မန္တလေးတွင် အလှူခံ တီးဝိုင်းများခတ်စားခဲ့ဖူးသည်။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ အတွက်ဆွမ်းလောင်းသင်း အတွက် စသည်ဖြင့် တီးဝိုင်းများဖြင့် မြို့လုံးပတ်လည် အလှူခံ ထွက်ကြသည်။ထိုတီးဝိုင်းများက လျှပ်စစ်အော်ဂင်ပါသည်။ ဒိုးချောင်ပါသည်။ အုပ်စုံပါသည်။ ပုလွေပါသည်။‌ေလမှုတ်တူရိယာက ၂လက်လောက်လည်း ပါသည်။ အမျိုးသား အမျိုးသမီး အဆိုတော်တွေလည်းပါသည်။   တီးဝိုင်းအဖွဲ့တွင် တီးမှုတ်သူ အချို့က ပညာရှင်‌ေကြးစားများဖြစ်သော်လည်းအဆိုတော်များအပါအဝင် အများစုက အရပ်သားများဖြစ်သည်။ ထိုတီးဝိုင်းများတွင်‌ေရှ့က ဆိုက်ကားပေါ်တွင် တီးဝိုင်းဆိုင်းဘုတ်နှင့် ခြေလျင်လိုက်သည်။ ‌ေအာ်လံပါသည်။ ‌ေနာက်က ဆိုက်ကားမှာ မီးစက် အသံချဲ့စက်ပစ္စည်းများတင်သည်။ ‌ေနာက်က ဆိုက်ကားပေါ်မှာ တစ်ဘက်က ဒိုးချောင်နှင့် တစ်ဖက်က အုပ်စုံပါသည်။ ‌ေနာက်ကဆိုက်ကားမှာ‌ေအာ်ဂင် တင်သည်။တီးခတ်သူတွေက ထိုဆိုက်ကားများနှင့် ယှဉ်ပြီးခြေလျင်လိုက်သည်။ ထို့အတူပုလွေ‌ေလမှုတ်အဖွဲ့နှင့် အဆိုတော်များကလည်း တစ်အုပ်တမကြီးခြေလျင်လိုက်ကြသည်။ထိုတီးဝိုင်းများကတော့ အများဆုံးသီဆိုကြတာ မန္တလေးသီချင်းများဖြစ်သည်။   မန္တလေးသီချင်းဆိုသည်လျှင်ပင် ‌ေအာင်မင်္ဂလာ…

Read More

ကုလအကြီးအကဲ ဂူတာရက်စ် ရာထူးကနေ နှုတ်ထွက်ပေးဖို့ အစ္စရေးတောင်းဆို

  တဲလ်အဗစ်၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနှဲ့ ဟားမတ်စ်အဖွဲ့တို့ရဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ် မှတ်ချက်ပြုပြောဆိုခဲ့တဲ့အပေါ် အစ္စရေးက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပြီး ဂူတာရက်စ်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ ဟားမတ်စ်အဖွဲ့က အရပ်သားတွေကို တိုက်ခိုက်တာနဲ့ ပြန်ပေးဆွဲတာတွေ ပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုဟာ အကြောင်းမဲ့ဖြစ်လာမဟုတ်ဘူးဆိုတာကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးကြောင်းနဲ့ ပါလက်စတိုင်းတို့ဟာ ၅၆ နှစ်ကြာ နယ်မြေသိမ်းပိုက်ခြင်းကို ခံခဲ့ရကြောင်း သူကပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောဆိုခဲ့တဲ့အပါ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟန်က ကုလသမဂ္ဂအကြီးအကဲကို ဝေဖန်ပြောဆိုခဲ့ပြီး ဂူတာရက်စ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေနဲ့ ရာထူးကနေနှုတ်ထွက်ပြီး တောင်းပန်ဖို့နဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးအပြင် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီလက်အာဒန်တို့က တောင်းဆိုခဲ့ပါတယ်။ Ref:NHK Photo:AP  

Read More

အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေ တပတ်အတွင်း ၁၃ ကြိမ် တိုက်ခိုက်ခံရ

  ဝါရှင်တန်၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်နဲ့ဆက်နွယ်နေတဲ့ အဖွဲ့တွေက အောက်တိုဘ ၁၇ ရက်ကနေ ၂၄ ရက်အတွင်း ၁၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီရန်မှာ အမေရိကန်အခြေစိုက်စခန်းတွေ တိုက်ခိုက်ခံရမှု ၁၀ ကြိမ်၊ ဆီးရီးယားမှာ သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ပက်ရိုင်ဒါက ပြောပါတယ်။ အမေရိကန်အခြေစိုက် အင်န်ဘီစီ သတင်းဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆီးရီးယားတောင်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းကို မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီးနောက် ဒါတွေကို တုံ့ပြန်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဖြည့်တင်းတာအပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးအနေအထားကို မြှင့်တင်ဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ညွှန်ကြားလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့တို့အကြား…

Read More

သီတင်းကျွတ်ပိတ်ရက်မှာ ရန်ကုန်ကနေ နေပြည်တော်၊ ပုဂံ၊ ပြည်၊ မော်လမြိုင်ကို အထူးရထားတွေ ပြေးဆွဲမယ်

  ရန်ကုန်၊အောက်တိုဘာ ၂၅ – ၂၀၂၃ GG (VOM) သီတင်းကျွတ်ကာလအတွင်းမှာ ရန်ကုန်ကနေ ပုဂံ၊ပြည်၊နေပြည်တော်၊မော်လမြိုင်ကို အထူးရထားခရီစဉ်တွေ ပြေးဆွဲပေးသွားမယ်လို့ မြန်မာမီး ရထားဌာနကသိရပါတယ်။ အထူးရထားပြေးဆွဲမှုအနေနဲ့ သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ၃၀ ရက်နေ့အထိ ရန်ကုန် – မော်လမြိုင် ၊ ရန်ကုန် -နေပြည်တော် ၊ ရန်ကုန် – ပြည် ၊ ရန်ကုန် – ပုဂံ ခရီးစဉ်တွေကို အစုန် အဆန် ရထားတွေပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။ ” နေပြည်တော်ကနေရန်ကုန်ကိုက ၂၇ ရက် အသွားရထားပဲရှိတယ်၊အပြန်ရထားက ၃၀ ရက်နေ့မှာပြန်ရှိမယ်၊ပုဂံကလည်း ရန်ကုန်ကနေ ၂၈ ရက်မှာ တစ်ရက်အသွားရထားရှိတယ်၊ပုဂံကအပြန်ရထားက ၃၀ ရက်နေ့မှပြန်ရှိမယ်၊ရထားလက်မှတ်ခတွေက ပုံမှန်နူန်းထားတွေအတိုင်းပါပဲ ၊ လုံခြုံရေး အပိုင်းကလည်း ရှိပါတယ်၊ရန်ကုန်တိုင်းအတွင်းလည်းသေချာစီစဉ်ထားပါတယ်” လို့ မြန်မာ့မီးရထား တိုင်းအမှတ်…

Read More

ကေပေါ့ Black Pink အဖွဲ့ဝင် ဂျီဆိုး ချစ်သူဖြစ်သူ မင်းသားအန်ဘိုဟွန်းနဲ့ လမ်းခွဲကြောင်း ကြေညာ

  ဆိုးလ် ၊အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် Black Pink အဖွဲ့က အဆိုတော် ဂျီဆိုးဟာ ချစ်သူဖြစ်သူ သရုပ်ဆောင်မင်းသား အန်ဘိုဟွန်းနဲ့လမ်းခွဲလိုက်ပြီၤလို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ဂျီဆိုးနဲ့ အန်ဘိုဟွန်းတို့ ချစ်သူတွေအဖြစ် ချိန်းတွေ့နေကြကြောင်း ဂျီဆိုးရဲ့ မန်နေဂျာက ထုတ်ဖော်ပြောဆိုပြီးနောက် နှစ်လအကြာမှာ အခုလိုက် လမ်းခွဲလိုက်တာဖြစ်ပါတယ်။ နာမည်ကျော်ကေပေါ့အဖွဲ့ Black Pink အဖွဲ့က ကြယ်ပွင့်အဆိုတော်တွေဟာ သူတို့ရဲ့ဘဝနေထိုင်ဖြတ်သန်းမှုတွေကို ထုတ်ဖော်ပြောဆိုလေ့သိပ်မရှိတာကြောင့် ဂျီဆိုးရဲ့ ကြေညာချက်ဟာ ပရိတ်သတ်တွေအတွက် ဂယက်ရိုက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ကိုယ်စီအလုပ်တွေများနေတာကြောင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်တာဖြစ်ကြောင်း ဂျေဘီတီစီ ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။ နာမည်ကြီး ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ Itaewon Class မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကိုရီးယားမော်ဒယ်နဲ့သရုပ်ဆောင်ဖြစ်သူ အန်ဘိုဟွန်းဟာ သူနဲ့ ဂျီဆိုးရဲ့ ပတ်သက်မှုကို သြဂုတ်လအတွင်းက ဝန်ခံခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျီဆိုးဟာ ကမ္ဘာကျော်…

Read More