ပေကျင်း၊ အောက်တိုဘာ-၂၅-၂၀၂၃ မျိုးဆက်(VOM) လူြုမင်ကွင်းကနေ နှစ်လကြာပျောက်ကွယ်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူဟာ ရာထူးကနေ တရားဝင်ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သူ့ကို ရာထူးကနေ ထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေက တစုံတရာ ရှင်းလင်းချက်မပေးခဲ့သလို သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးခန့်အပ်တယ်ဆိုတာကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းအပါအဝင် တရုတ်စစ်ဘက်ထိပ်တန်းတာဝန်ရှိသူအများအပြား ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီး များမကြာခင်မှာ တရုတ်ကာကွယ်ရေးဝန်ကြီးလည်း ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်တို့ကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီက ရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ သူဟာ စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေးနဲ့ ပတ်သက်ပြီး အကျင့်ပျက်ချစားမှုကြောင့် စုံးစမ်းစစ်ဆေးခံနေရကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့တဲ့လက ဖော်ပြထားပါတယ်။ Ref:BBC Photo:Reuters
Read MoreThus Day in History
Voice of Myanmar တရုတ်နိုင်ငံသည် မြောက်ကိုရီးယားဘက်မှ ကူညီတိုက်ခိုက်ရန် ၁၉၅၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကိုရီးယားစစ်ပွဲအတွင်း ပါ၀င်လာခဲ့သည်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၅ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၆၀ ကျပ် ဝယ်ဈေး – ၃၂၁၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၀ ကျပ် ဝယ်ဈေး – ၂၃၄၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၅ ကျပ် ဝယ်ဈေး – ၄၃၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreမော်လမြိုင် အ.ထ.က ၉ ကျောင်းဝန်းအတွင်း ဒုတိယအကြိမ်မီးလောင်မှုထပ်ဖြစ်ပြီး နှစ် ၁၀၀ ကျော် ရှေးဟောင်း ဦးသာညှင်းကျောင်းမီးလောင်ပျက်စီး
ရန်ကုန်၊အောက်တိုဘာ ၂၅၊၂၀၂၃ GG(VOM) မော်လမြိုင်မြို့၊ ပန်ဘဲတန်းရပ်က အ.ထ.က (၉)ကျောင်း ဝန်းထဲမှာ ဒုတိယအကြိမ်မီးလောင်မှုထပ်မံဖြစ်ပွားပြီး နှစ်ပေါင်း ၁၁၀ သက်တမ်းရှိ ဦးသာညှင်းဓမ္မာရုံကျောင်းဆောင်နဲ့ စာကြည်တိုက် ကွန်ပျူတာအဆောင် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၃ နာရီ ၃၀ လောက်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး level 2 အဆင့်သတ်မှတ်ကာ မီးငြှိမ်းခဲ့ရကြောင်း၊ မနက် ငါး နာရီကျော်မှ မီးငြှိမ်းခဲ့လို့ အချိန် နှစ် နာရီလောက် ငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ “ကျနော်တို့ရောက်တော့မီးကတော်တော်များနေပြီ၊အပေါ်ထပ်တစ်ဆောင်လုံးမီးကူးစက်မှုကကုန်သလောက်ဖြစ်သွားပြီ၊အဲ့ဒါကိုထိန်းနိုင်ဖို့မီးငြှိမ်းသတ်ဖို့ဆောင်ရွက်ကြတယ်ပထမအမျိုးသားကျောင်းပေါ့၊ဦးသာညှင်းအဆောင်ပေါ့၊multimedia room နှစ်ထပ်ဆောင်ပေါ့။ ဘာကြောင့်လောင်လဲတော့မသိရသေးဘူး။လက်ရှိ ကျောင်းသားတွေလည်းတက်နေတဲ့ကျောင်းပါ ” လို့ ဘိုဘိုဝင်းလူမှုကူညီရေးအသင်းက ကိုဘိုဘိုဝင်းကပြောပါတယ်။ လက်ရှိမှာ အဆိုပါ ရှေးဟောင်းကျောင်ဆောင်မီးလောင်ကျွမ်းပြီးပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ပတ်သက်လို့ မီးသတ်တပ်ဖွဲ့က သိန်း ၃၀ ကျော် ဆုံးရှုံး မှုရှိကြောင်း တွက်ချက်ထားတယ်လို့ကနဦးသတင်းအရသိရပါတယ်။ မီးစတင်လောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့သက်ဆိုင်ရာဌာနပေါင်းစုံ…
Read Moreသင်္ဘောသားတွေဆီက လစာဝင်ငွေခွန် ကြိုကောက်မယ့်ကိစ္စ ပြန်လည်စဥ်းစားပေးဖို့ တင်ပြထား
အောက်တိုဘာ ၂၅ – ၂၀၂၃ SN (VOM) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ သင်္ဘောသားတွေဆီက လစာဝင်ငွေကို အခွန်ကြိုတင်ပြီး ကောက်ယူမယ့် ကိစ္စရပ်အပေါ် ပြန်လည်စဥ်းစားပေးဖို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောအလုပ်သမားများအဖွဲ့ချုပ် (MSF) က ပြည်တွင်းအခွန်များဦးစီးဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ လစာ မရသေးသူကို အခွန်ကောက်ခံခြင်းဟာ လက်တွေ့မဆန်သလို သင်္ဘောသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းရှိမှသာ အလုပ်လျှောက်ထားမှုကို အလုပ်ရှင်နဲ့ သင်္ဘောလိုင်း (SRPS) က လက်ခံတာကြောင့် လစာနှုန်းထား ဘယ်လောက်ရမယ်ဆိုတာကို ကြိုတင်ခန့်မှန်းလို့ မရတဲ့အကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူတွေ အနေနဲ့ ဘယ်အချိန် အလုပ်ရမည် ဆိုတာကိုမသိတာကြောင့် အခွန်ဆောင်ရမယ် ဆိုတဲ့အချက်မှာ လက်တွေ့မဆန်တဲ့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနဲ့ အသစ်လျှောက်ထားချိန်မတိုင်မီ ကြိုတင်ခွန်ပေးသွင်းမယ့်အစား အလုပ်ရတဲ့ သင်္ဘောသားတွေဆီက အခွန်ကောက်ခံနိုင်မယ့်နည်းလမ်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့…
Read More“ဟမွန်း” မုန်တိုင်းအရှိန်ကြောင့် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်
အောက်တိုဘာ ၂၄ – ၂၀၂၃ SN (VOM) အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” ရဲ့ အရှိန်ကြောင့် ချင်းနဲ့ ရခိုင်အပါအဝင် ဒေသအချို့မှာ ရုတ်တရက်ရေကြီးခြင်း၊မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “ဟမွန်း” (HAMOON) ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့အတူ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ချင်းပြည်နယ်လို ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကိုလည်းကောင်း ကြိုတင် သတိပြုကြစေလိုတယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “မုန်တိုင်းဖြတ်မယ့်နေရာက ကမ်းရိုးတန်းမြောက်ပိုင်းနဲ့ နီးတယ်။ သူ့ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက မြန်မာနိုင်ငံဘက်ကိုရောက်လာရင် ချင်းတို့၊ ရခိုင်မြောက်ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေရှိမယ်။…
Read Moreငါန်းဇွန်မှာ မြို့နယ်ဦးစီးမှူး နှစ်ယောက်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့က နှစ်ယောက် ပစ်သတ်ခံရ
အောက်တိုဘာ ၊ ၂၅ ၊ ၂၀၂၃ SP(VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ်မှာ မနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြို့နယ်အဆင့် ဦးစီးအရာရှိ နှစ်ယောက်နဲ့ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လူ နှစ်ယောက် စုစုပေါင်းလေးယောက် ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီခွဲ ၄ နာရီဝန်းကျင်လောက်မှာ မြို့သာ – တံတားဦးကားလမ်း ၊ တူရွင်းဘို့ရွာနားမှာ အသက် ၅၄ နှစ်အရွယ် ငါန်းဇွန်မြို့နယ် ၊ လမ်းဦးစီးဌာနက ဦးစီးအရာရှိနဲ့ အသက် ၆၄ နှစ်အရွယ် စားသုံးသူရေးရာ ဦးစီးဌာနက ဦးစီးအရာရှိ(ငြိမ်း) တို့ နှစ်ယောက်ဟာမြင်းခြံခရိုင်ရုံးမှာ စာရွက်စာတမ်းတွေ စစ်ဆေးခံပြီးနောက် မြင်းခြံကနေ…
Read Moreအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံး
ဂါဇာစီးတီး၊ အောက်တိုဘာ-၂၄-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသိကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း ဟားမတ်စ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဂါဇာရှိ ဟားမတ်စ်တွေရဲ့ ပစ်မှတ် ၄၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ ဟားမတ်စ်အဖွဲ့ တပ်မှူးအများအပြားသေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ အစ္စရေးဓါးစာခံနှစ်ယောက်ကို ထပ်ပြီးလွှတ်ပေးခဲ့ပေမယ့် တိုက်ခိုက်မှုတွေကို အရှိန်လျှော့မှာ မဟုတ်ဘူးလို့ အစ္စရေးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒီအတောအတွင်းမှာ ဂါဇာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။ လက်ရှိမှာတော့ ဂါဇာရှိဆေးရုံသုံးပုံတပုံဟာ လျှပ်စစ်မီး၊ ဆေးဝါး၊ ဝန်ထမ်းနဲ့ သောက်သုံးရေမလုံလောက်မှုကြောင့် လုပ်ငန်းတွေရပ်ဆိုင်းနေပါတယ်။ အစ္စရေး၊ အမေရိကန်၊ ဗြိတိန်နဲ့ အခြားအင်အားကြီးနိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ်…
Read Moreရွှေဘို ပြည်သူ့ဆေးရုံကြီးမှာ ပေါက်ကွဲမှုနဲ့ မနေ့က စစ်ကိုင်းတိုင်းအတွင်း ပစ်ခတ်တာတွေကြောင့် ဘုန်းကြီး တပါးပျံတော်မူ ၊ လူ လေးယောက် သေဆုံး
အောက်တိုဘာ ၂၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ရွှေဘိုပြည်သူ့ဆေးရုံကြီးနားမှာ မနေ့ အောက်တိုဘာ ၂၃ ရက် ၊ မနက် ၁၁ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီးထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။ ” ဆေးရုံကို ဗုံးလာခွဲတဲ့ သူက ၊ ဆေးရုံဝန်းထဲရောက်တော့ ဗုံးမဖောက်ခွဲခင် ဗုံးက သူ့လက်ထဲမှာတင် ပေါက်ကွဲသွားတာပါ ၊ အဲ့ဒါကြောင့်ဆေးရုံ ပြတင်းတံခါး တချို့ပျက်စီးသွားတယ် ၊ ဗုံးလာခွဲတဲ့ သူလည်း လက်ပြတ်သွားတယ် ၊ တကိုယ်လုံး မီးလောင်ဒဏ်ရာတွေရပြီး စုပ်ပြတ်သွားတယ် ၊ နောက်ပြီး အဲ့ဒီလို ဗုံးကွဲတဲ့အချိန်မှာ ဗုံးခွဲဖို့လာတဲ့သူ တယောက်လည်း ထွက်ပြေး လွတ်မြောက်သွားတယ် ၊ ဗုံးလာခွဲတဲ့သူကတော့ လက်ထဲမှာ ကွဲတဲ့အတွက်…
Read More