ထိုင်ဝမ်အနီးမှာ တရုတ်စစ်တပ်ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ရက်ပိုင်းအတွင် ပြုလုပ်လာနိုင်

တိုင်ပေ၊ ဒီဇင်ဘာ-၃-၂၀၂၄မျိုးဆက် (VOM)တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ထိုင်ဝမ်အနီး အကြီးစားစစ်ရေးလေ့ကျင့်နိုင်တာကြောင့် တရုတ်လေယာဉ်တင်သင်္ဘောတစင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ပြောပါတယ်။တရုတ်နိုင်ဟာ ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။ ယခုနှစ်အတွင်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ်ပြုလုပ်နေပါတယ်။ခွဲထွက်ရေးသမားအဖြစ် တရုတ်က တံဆိပ်ကပ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီဟာ ဟာဝိုင်အီနဲ ဂူအမ်ကျွန်းအပါအဝင် ပစိဖိတ်ဒေသခရီးစဉ်ကြောင်း တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု လုပ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။တရုတ်လေယာဉ်တင်င်သင်္ဘော ရှောင်နင်းဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သိရှိထားပေမယ့် အသေးစိတ်ကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။ လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာ အောက်တိုဘာလအတွင်း တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး ခိုင်ခိုင်မာမာပြင်ဆင်နေတာကြောင့် ခြိမ်းခြောက်မှုတွေကု မကြောက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက…

Read More

တာချီလိတ်ကနေ PV ပတ်စပို့စ်နဲ့ ထိုင်းနိုင်ငံသွားမယ့်သူတွေကို ယာယီပိတ်ပင်

ZY(VOM)ဒီဇင်ဘာ ၁၊ ၂၀၂၄ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှာ PV (Passport Visit) ပတ်စပို့စ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်မယ့်သူတွေကို နိုဝင်ဘာလ နောက်ဆုံးပါတ်ကစတင်ပြီး ယာယီပိတ်ပင်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်ပြီး အထက်လူကြီး အမိန့်ကြောင့်ဟုဆိုကာ ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။“အရင်တုန်းကတော့ ဂိတ်မှာ ကြားလူကတဆင့် ပိုက်ဆံပေးပြီး ညှိနှိုင်းသွားလို့ရတယ်။ အခုက မရတော့ဘူး။ အကြောင်းအရင်းသေသေချာချာလည်း မသိရပဲ အထက်လူကြီးအမိန့်ကြောင့် သွားလို့မရသေးဘူးဆိုပြီး လှည့်ပြန်ခိုင်းတယ်။ ဘယ်တော့သွားလို့ရမလဲမေးတော့ သူတို့လည်း သေချာမသိသေးဘူးလို့ ပြောတယ်။ ဆေးသွားကုမယ့်သူတွေကိုလည်း ဆေးရုံနဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာ အပြည့်အစုံပါမှ သွားခွင့်ပေးတာ။ သူတို့နဲ့ နီးစပ်တဲ့ ပိုက်ဆံရှိတဲ့လူတွေ၊ လူကြီးသားသမီးတွေတော့ သွားလို့ ရနေတာပဲ”လို့ သတင်းရင်းမြစ်တယောက်က…

Read More

ထိုင်းနဲ့ မလေးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၂ ယောက်သေဆုံးပြီး လူသိန်းချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) မလေးရှားနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် မလေးရှားမြောက်ပိုင်းမှာ လူပေါင်း တသိန်းနှစ်သောင်းကျော်နဲ့ ထိုင်းတောင်ပိုင်းမှာတော့ လူ ၁၃၀၀၀ ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မုန်တိုင်းသတိပေးချက်တွေ ဆက်လက်ရှိနေတာကြောင့် ရေဘေးပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ယခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နှစ်နိုင်ငံစလုံးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရပါတယ်။ ရေကြီးမှုကြောင့် ထိုင်းတောင်ပိုင်းမှာ အိမ်ထောင်စု ငါးသိန်းသုံးသော်ကျော် ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် ပြည်နယ်ခြောက်ခုမှာ အရေးပေါ်အခြေအနေကို ကြေညာထားပါတယ်။ အစိုးရက ပြည်နည်တခုချင်းစီအတွက် ရေးဘေးကယ်ဆယ်ရေးအဖြစ် ဘတ်သန်း ၅၀ သုံးစွဲပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထရောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။ မလေးရှားမှာတော့ ထိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အရှေ့မြောက်ဘက်…

Read More

This Day in History

Voice of Myanmarအန္တာတိကတိုက်ကို သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ထိန်းသိမ်းရန် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်သည့် Antarctic Treaty သဘောတူစာချုပ်ကို အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံ ၁၂ နိုင်ငံက ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကာ နောက်ပိုင်းတွင် အခြားနိုင်ငံ အများအပြား ဝင်ရောက်လာခဲ့သည်။

Read More

ဂျပန်အနီးမှာ တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ ပူးတွဲပျံသန်း

တိုကျို၊ နိုဝင်ဘာ-၃၀-၂၀၂၄ရတီ(VOM)တရုတ်နဲ့ ရုရှားတို့ဟာ ဂျပန်နိုင်ငံအနီးမှာ လေတပ်ပူးတွဲပျံသန်းမှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း လေယာဉ် ၁၀ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။တရုတ်ဗုံးကြဲလေယာဉ်နှစ်စင်းနဲ့ ရုရှားဗုံးကြဲလေယာဉ် နှစ်စင်းတို့ဟာ မနေ့ကနေ့လယ်ပိုင်းက ဂျပန်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့ကို ဖြတ်သန်းပျံသန်းခဲ့ပြီး နောက်ထပ် ရုရှားလေယာဉ်တစင်းနဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။တိုက်လေယာဉ်နဲ့ ထောက်လှမ်းရေးလေယာဉ်တွေအပါအဝင် တရုတ်စစ်လေယာဉ် ငါးစင်းဟာလည်း အဲဒီဒေသတွေမှာ ပျံသန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။နိုင်ငံအနီးမှာ ဒီလိုပျံသန်းမှုတွေနဲ့ပတ်သက်ပြီး ဂျပန်တိုက်လေယာဉ်တွေကို စေလွှတ်စောင့်ကြည့်ခဲ့ရပြီး ရုရှားနဲ့ ရုတ်လေယာဉ်တွေဟာ လေပိုင်နက်ကိုတော့ ချိုးဖောက်ဝင်ရောက်တာမရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီလေ့ကျင့်မှုဟာ ဂျပန်နိုင်ငံကို ရည်ရွယ်တယ်ဆိုတာ ထင်ရှားနေပြီး သံတမန်ရေးအရ ကန့်ကွက်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒါဟာ ယမန်နှစ် ဒီဇင်ဘာနောက်ပိုင်း ပထဆုံးအကြိမ်ဖြစ်ပြီး ဂျပန်အနီးမှာ တရုတ်နဲ့ ရုရှားလေယာဉ်တွေ ပျံသန်းမှု ကိုးကြိမ်ရှိလာပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ဒေသတွင်းမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ…

Read More

အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်ကို ပြောင်းရွှေ့

နိုဝင်ဘာ ၃၀ – ၂၀၂၄SN (VOM)ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၅၀၀ ဝန်းကျင်ကို အကျဉ်းဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်၊ မနက် အစောပိုင်းက ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက VOM ကို ပြောပါတယ်။ပြောင်းရွှေ့ခံလိုက်ရတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့အကျဉ်းသားအရေးအတွက်နဲ့ အမျိုးအသား၊ အမျိုးသမီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။“ဒီနေ့မနက်ခင်း အရုဏ်ဦး အစောပိုင်းမှာ အကျဉ်းသား ၅၀၀ ဝန်းကျင်လောက်ကို ထောင်ပြောင်းရွှေ့ခဲ့တယ်လို့ ကျွန်တော်တို့ ကနဦး သတင်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ မှန်ကန်ကြောင်းလည်း ကျွန်တော်တို့ အတည်ပြုထားနိုင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး” လို့ သူက ပြောပါတယ်။ပြောင်းရွှေ့ခံရတဲ့သူတွေဟာ…

Read More

ဖယ်ခုံမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ခြောက်ယောက်သေပြီး သုံးယောက်ဒဏ်ရာရ

နိုဝင်ဘာ-၂၈-၂၀၂၄ZY(VOM)ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှာ မနေ့နိုဝင်ဘာလ ၂၇ရက်၊ ညနေပိုင်းအချိန်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ တလသားအရွယ် ကလေးငယ်အပါအဝင် ခြောက်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ကုန်းပေါကျေးရွာကို နိုဝင်ဘာလ ၂၇ရက်၊ ညနေ ၃နာရီဝန်းကျင်မှာ ဖယ်ခုံမြို့ဖက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ခုနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က ပစ်ခတ်လိုက်တယ်ဆိုတာကိုတော့ VOM အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။“ခြောက်ယောက်သေတဲ့အထဲမှာ တမိသားစုထဲက သုံးယောက်ပါတယ်။ လက်နက်ကြီးတွေက အတွဲလိုက်ပစ်တာ ထင်တယ်။ ခြောက်လုံး၊ ခုနှစ်လုံးဆက်တိုက် ကျလာတော့ ဘယ်လိုမှ ရှောင်ချိန်မရလိုက်ဘူး။ သုံးယောက်ကတော့ ဒဏ်ရာရတယ်၊ နှစ်ယောက်က မစိုးရိမ်ရဘူး။ တယောက်က စိုးရိမ်ရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ကုန်းပေါကျေးရွာဟာ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး အခြားဒေသက စစ်ဘေးရှောင်တွေ လာရောက်ခိုလှုံနေတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ဖယ်ခုံမြို့နဲ့ ကပ်ရက်တည်ရှိတဲ့ မိုးဗြဲမြို့မှာတော့…

Read More

တောင်ကိုရီးယားမှာ ဆီးနှင်းတွေ အကြီးအကျယ်ကျလို့ လေးယောက်သေ၊ လေယာဉ်ခရီးစဉ် ၁၄၀ ကျော်ဖျက်သိမ်း

ဆိုးလ်၊ နိုဝင်ဘာ-၂၈-၂၀၂၄ ရတီ(VOM) တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆီးနှင်းတွေ ထူထပ်စွာကျဆင်းနေပြီး သေဆုံးသူ လေးယောက်ထိ ရှိလာပါတယ်။ ၁၉၀၇ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း မြို့တော်ဆိုးလ်မှာ ဆောင်းရာသီဆီးနှင်းကျဆင်းမှု တတိယမြောက်အပြင်းထန်ဆုံးဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဒီကနေ့မနက် ၁၀ နာရီမှာ မြို့တော်တဝိုက်မှာ ဆီးနှင်းထူထပ်စွာ ကျရောက်မယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး မနက် ၈ နာရီကျော်မှာတော့ ဆီးနှင်းတွေ ၄၀ စင်တီမီတာထိ ကျဆင်းလာတာကြောင့် လေယာဉ်ခရီးစဉ် ၁၄၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ မနေ့ကနှောင်းပိုင်းမှာ ဂေါက်ကွင်တခုရှိ နှင်းတွေထဲနေတဲ့ ပိုက်ကွန်တခုပြိုကျမှုကြောင့် လူတယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့ကာ ကားပါကင်မှာ အကာအကွယ်တဲပြိုကျမှုကြောင့် နောက်တယောက် သေဆုံးခဲ့ပါတယ်။ မြို့တော်အရှေ့ဘက် အဝေးပြေးလမ်းတွေပေါ်မှာလည်း ယာဉ်မတော်တဆမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦးထိရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။…

Read More

ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးမယ့်စနစ်ကြောင့် ကျောင်းသားတိုင်း နှစ်ကုန်ရင် ပြန်အပ်ရမယ်

Ms(VOM)နိုဝင်ဘာ၂၈၊၂၀၂၄ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးမယ့်စနစ်ကြောင့် ကျောင်းသားတိုင်း နှစ်ကုန်ရင် အစိုးရကထုတ်ပေးတဲ့ ကျောင်းဖတ်စာအုပ်များကိုပြန်အပ်ရမှာဖြစ်တယ်လို့ အခြေခံပညာသင်ကျောင်းတွေကနေ သိရပါတယ်။လာမယ့်၂၀၂၅ -၂၀၂၆ ခုနှစ် စာသင်နှစ်ကစပြီး ဖတ်စာအုပ်များလက်ဆင့်ကမ်းသုံးမယ့်စနစ် စတင်မှာဖြစ်လို့ အခုနှစ်ဖြေရမယ့် စာမေးပွဲနောက်ဆုံးနေ့မှာ ကျောင်းတိုင်းမှာရှိတဲ့ကျောင်းသားအားလုံး ဖတ်စာအုပ်တွေပြန်အပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။” ဖတ်စာအုပ်တွေ စာမေးပွဲဖြေပြီးနောက်ဆုံးနေ့မှာပြန်အပ်ရဖို့တွေ အတန်းတိုင်းညွှန်ကြား ထားပါတယ်။ပညာရေးဝန်ကြီးဌာနကနေ သက်ဆိုင်ရာ အခြေခံပညာကျောင်းတွေရဲ့ကျောင်းအုပ်တွေ ကတစ်ဆင့် အသိပေးထားတာပါ။လက်ရှိက ကျောင်းသားကျောင်းသူတွေနဲ့ ကလေးမိဘတွေအားလုံးကို ဖတ်စာအုပ်ကိစ္စတွေအသိပေးထားမှုရှိပါတယ်လို့ ကမာရွတ်မြို့နယ် ၊အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ထမ်း တယောက်ကပြောပါတယ်။အဆိုပါ ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးရမယ့်စနစ် ကို ပညာရေးဌာနက ပြုလုပ်တာဟာ ဖတ်စာအုပ်တွေ ပုံနှိပ်ထုတ်ဝေရေးမှာ အခက်ခဲရှိတာ ကြောင့် နဲ့ ပညာရေးဘတ်ဂျက်ကို အသုံးပြုဖို့လျော့ချလိုတာကြောင့်လား ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ပညာရေးအသိုင်းအဝိုင်းမှာဖြစ်ပေါ်နေပါတယ်။” အဲဒီလက်ဆင့်ကမ်းစနစ်က ကျောင်းစာသင်နှစ်စကမဟုတ်ပဲ အခုမှပြောတော့ ကလေးတွေ အနေနဲ့ အခက်ခဲတွေရှိမှာပါပဲ။အဓိက ကတော့ဖတ်စာအုပ်ကို မှတ်စုအနေနဲ့ မှတ်တာ လျှောက်ခြစ်တာတွေရှိရင် နောက်တတန်းမှာ ပြန်သုံးမယ့်ကလေးအတွက် စာသင်ကြားဖို့ရှုပ်သွားတာ၊…

Read More

ဖားကန့်မှာ စက်သုံးဆီရှားပါးလာမှုကြောင့် တနိုင်တပိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အခက်ကြုံ

နိုဝင်ဘာ ၂၈ – ၂၀၂၄SS (VOM)ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း အခု နိုဝင်ဘာလ တတိယအပတ်မှစတင်ကာ စက်သုံးဆီ ရှားပါးမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ပွင့်လင်းရာသီ တနိုင်တပိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ဖားကန့်မြို့ပေါ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင် ၁၇ ဆိုင်အနက် လက်ရှိမှာ နှစ်ဆိုင်သာ လက်ကျန်ဆီကို ရောင်းပေးနေပြီး ကျန်တဲ့ဆိုင်တွေ အားလုံး ပိတ်ထားတာကြောင့် လက်လီ အရောင်းဆိုင်ငယ်တွေမှာ ဈေးကြီးပေးဝယ်နေရတယ်လို့ သိရပါတယ်။“အခုရောင်းပေးနေတဲ့ အရောင်းဆိုင်နှစ်ဆိုင်ကလည်း ကြာရှည်မခံနိုင်လောက်ဘူး။ နောက်တပတ်လောက်ဆို ဆီပြတ်သွားနိုင်တယ်။ ဆီရှားလာလို့ လမ်းဘေးဆိုင်လေးတွေမှာ မတန်တဆဈေးပေးပြီး ဝယ်နေရတယ်။ တနိုင်တပိုင် ကျောက်တူးပြီး လုပ်ကိုင်စားသောက်နေတဲ့ အသေးစား ကျောက်မျက်တူးဖော်ရေးသမားတွေ အလုပ်ဆက်လုပ်နိုင်ဖို့ ခက်ခဲလာကြပြီ။ စက်သုံးဆီအခြေအနေ ဒီထက်ပိုဆိုးလာရင် လုပ်ကွက်တွေကို ရပ်ထားရမယ့် အနေအထားကို ရောက်သွားနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ဒေသအတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့်…

Read More