ဇန်နဝါရီ ၊၄၊ ၂၀၂၆ Shy V (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့မှာ လက်ရှိအချိန်ထိ အစိုးရတပ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ခုချိန်ထိ ကသာမြို့ထဲမှာပါ။ ဘေးကင်းပါသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ ကသာမှာတိုက်ပွဲ ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးစစ်ရှောင်ကြတယ်ဆိုတဲ့ သတင်းက ဘယ်က ရတာလဲတော့ မသိဘူး။ လက်ရှိအချိန်အထိတော့ ရုံးကြီး၊ ရဲစခန်း၊ အကျဉ်းထောင်၊ တပ် အားလုံး ဘာသံမှ မကြားသေးပါဘူး။ ရပ်ကွက်ထဲမှာတော့ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စိမ့်ဝင်နေလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။ “ကသာမြို့က အားလုံး အေးဆေးပါ။ တပ်မတော် အပြည့်အဝ ထိန်းချုပ်ထားဆဲပါ။” လို့ အစိုးရတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။ ယမနေ့ ဇန်နဝါရီ ၂ ရက်နေ့ည…
Read Moreပဲခူးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲဖြစ်ပွားနေ
ဇန်နဝါရီ ၄ – ၂၀၂၆ SS (VOM) ပဲခူးတိုင်းက မြို့နယ်တချို့မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတဲ့အတွက် လူသေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်းအတွင်းရှိ ရေတာရှည်တကြော တပြိုင်တည်း စစ်ရေး ဖော်ဆောင်နေသလို ပဲခူး၊ နတ်တလင်း၊ ကြို့ပင်ကောက်နဲ့ ပေါက်ခေါင်း မြို့နယ်တွေမှာလည်း အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှုနဲ့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။ “ဒီ ကြို့ပင်ကောက်မှာ ဆိုရင်တော့ အစိုးရတပ်က မြေပြင်မှာလည်း အဆက်မပြတ် အင်အားတွေဖြည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေသလို လေကြောင်း တိုက်ခိုက်တာတွေလည်း ဆက်တိုက်ကို လုပ်နေတာ…
Read Moreမန္တလေးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား
မန္တလေး-ဇန်နဝါရီ ၄- ၂၀၂၆ VOM မန္တလေးမှာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက် မနက် ၄နာရီ ၂၀က မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့သလို နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို မနက် ၇နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့တဲ့ သဝဏ်လွှာကို ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ဖတ်ကြားခဲ့ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော် နှစ်ထောင်ကျော်တက်ရောက်တာတွေ့ရပါတယ်။ တဆက်တည်းမှာဘဲ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲမှာ ရိုးရာခြင်းလုံး၊ လက်ဝှေ့၊ဖူဆယ်၊ထုပ်ဆီးတိုး၊ အပြေးပြိုင်၊စစ်တုရင်နဲ့ မီနီမာရသွန် ပြိုင်ပွဲတွေကျင်းပပြီး အစိုးရအဖွဲ့ဝင်တွေက ဆုချီးမြှင့်ခဲ့ကြပါတယ်။ #voiceofmyanmar #VOM #၇၈နှစ်ပြည့်လွတ်လပ်ရေးနေ့
Read Moreနန်းမွေစံ ပြန်လာပြီ
ဇန်နဝါရီ ၄ – ၂၀၂၆ SN (VOM) ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ မော်ဒယ်နန်းမွေစံ ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ မော်ဒယ် နန်းမွေစံဟာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ အခကြေးငွေယူကာ ဖြန့်ဝေမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ နဲ့ အမှုဖွင့် အရေးယူခံခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ “လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်တဲ့အထဲမှာ သမီးနန်းမွေစံ ပါလာပါပြီ”…
Read Moreရွေးကောက်ပွဲပထမပိုင်းရဲ့ အားနည်းချက် ချို့ယွင်းချက်ဘာတွေရှိသလဲ
မန္တလေး-ဇန်နဝါရီ၄-၂၀၂၆ VOM မန္တလေးတိုင်းတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ဟာ လွတ်လပ်ရေးနေ့အခမ်းအနားကို တိုင်း(တစည)ရုံးမှာကျင်းပပြီး ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေနေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ ဇန်နဝါရီ ၄ရက်မနက်က ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအပြီး မန္တလေးတိုင်း တစညပါတီဥက္ကဋ္ဌ ဒေါ်သောင်းသောင်းနုကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲပထမပိုင်းမှာ ဘာအားနည်းချက်တွေ တွေ့ထားသလဲလို့ စမေးကြည့်တော့ #voiceofmyanmar #VOM #တစည #ဒေါ်သောင်းသောင်းနု ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
Read Moreအိုးဘိုထောင်က လွတ်ငြိမ်းသက်သာ
မန္တလေး၊ဇန်နဝါရီ ၄-၂၀၂၆ VOM ဒီကနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာပေးတဲ့အထဲမှာ မန္တလေး အိုးဘိုထောင်က ၂၈၃ယောက်လွတ်မြောက်ပြီး မန္တလေးတိုင်းအတွင်းက စုစုပေါင်း အကျဥ်း သား ၁၁၆၇ ယောက် လွတ်မြောက်တယ်လို့ အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းကနေ သိရပါတယ်။ အိုးဘို ထောင် ၂၈၃၊ မြင်းခြံ ၁၆၊ မိတ္ထီလာ ၄၆၊ ရမည်းသင်း ၁၈၁ ၊ညောင်ဦး၂၀ နဲ့ ကုန်ထုတ်စခန်းတွေက ၆၂၁ စုစုပေါင်း ၁၁၆၇ ယောက်လွတ်မြောက်တယ်လို့ စာရင်းအရသိရပါတယ်။ ဒီကနေ့လွတ်မြောက်သူတွေကို မန္တလေးတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကားပြောကြားပြီး လမ်းစရိတ်ချီးမြင့်ငွေပေးအပ်ကာ နေရပ်အသီးသီးကို ပြန်ခွင့်ပြုလိုက်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်၊…
Read Moreစစ်ကိုင်းတိုင်းထဲက ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဖမ်းထားတဲ့ ဗုဒ္ဓဂါယာက ဝင်းဝင်းမြန်မာကျောင်းဆရာတော်ကို ခံဝန်ချက်နဲ့ ပြန်လွှတ်လိုက်ပြီ
ဇန်နဝါရီ ၄ ၊ ၂၀၂၆ GG (VOM) ဒေသတွင်း လက်နက်ကိုင် အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ အိန္ဒိယ – မြန်မာ သာသနာပြု ဆရာတော် ဒေါက်တာဝိသုတ ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ ဆရာတော်ကြီး လွတ်မြောက်ရေး အတွက် ဆောင်ရွက်နေတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။ ဆရာတော် ဒေါက်တာဝိသုတ ကို ရွှေဘိုမြို့ကို နောက်မလာဖို့ ခံဝန်ချက်နဲ့အတူ ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ကြောင်း ၊ လက်ရှိအထိတော့ ရန်ကုန်ကို ရောက်ရှိမလာ သေးဘူးလို့ သိရပါတယ်။ ဆရာတော်ကြီး လွတ်မြောက် လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် သုနန္ဒက” ဆရာတော်ကြီး ဒီနေ့ ပြန်လွတ်ပြီ ။ ခံဝန်ပေါ့လေ…
Read Moreပွင့်ဖြူ နဲ့ အောင်လံမြို့နယ်မှာ တရက်တည်း အုပ်ချုပ်ရေးမှူး အပါအဝင် ငါးယောက် အသတ်ခံရ
ဇန်နဝါရီ ၄ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ အောင်လံမြို့နယ် နဲ့ ပွင့်ဖြူ မြို့နယ်မှာ မနေ့က တရက်တည်းမှာတင် အုပ်ချုပ်ရေး မှူးအပါ လူငါးယောက် အသတ်ခံ ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဥ်တွေက ဇန်နဝါရီ ၃ ရက်နေ့ ၊ မနက် ၆ နာရီ လောက်မှာ ပွင့်ဖြူမြို့နယ် ၊ကျောင်းကုန်းရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဦး နဲ့ ကျေးရွာ ဒေသခံတွေ ဖြစ်တဲ့ ဦးရင်မင်းထွန်း ၊ ဦးအောင်အောင် ၊ မောင်အောင်မြင့်သူ ဆိုသူတို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ အုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်ဟာ ကျောင်းကုန်းရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ပေါ်တော်မူ ဘုန်းကြီး ကျောင်းကို သွားရောက်စဥ်…
Read Moreစစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ
ဇန်နဝါရီ ၅ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက ကသာ၊ ဘုတလင်၊ ဗန်းမောက်၊ ဝက်လက်၊ ဆားလင်းကြီး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး အစရှိတဲ့ မြို့တွေအပါအဝင် တခြားသော မြို့နယ်တချို့မှာ စစ်ရေး ပြင်းထန်နေတယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၄ ရက်၊ နေ့လယ် ၁ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကလည်း ဆားလင်းကြီးမြို့နယ်ရှိ မတောင့်တကျေးရွာ တိုက်နယ်ဆေးရုံမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ “သုံးယောက်က နေရာမှာတင် ပွဲချင်းပြီး…
Read Moreစိတ်အားလူအား ၊ အနားယူအပန်းဖြေ ၊ နေချင်မိသေး
ဆူးငှက် ငယ်ဘဝကိုပြန်တွေးလိုက်တော့ မေးခွန်းတစ်ခုကခေါင်းထဲသို့ ရုတ်ချည်းပေါ်လာသည်။ “ဘာလို့ အားနေတာပါလိမ့်…” တဲ့။ ဟုတ်သည်၊ ငယ်ဘဝကိုပြန်တွေးလိုက်တိုင်း အားနေတဲ့ ရက်တွေက များနေတာကိုး။ ထိုအခါ ပြန်လှန်မေးခွန်းထုတ် စရာတစ်ခုကလည်း ရှိလာချေ၏။ “ကလေးဘဝပဲဗျာ၊ ဘာလုပ်စရာ ရှိတာမှတ်လို့၊ အားမနေပေဘူးလား” ဟူလို့။ တကယ်တော့ ငယ်ဘဝဟုသာ သိမ်းကျုံးခေါ်လိုက်ရသည်။ သေချာပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့က အထိ အားနေသေးသည် မဟုတ်လော။ ဘာလို့များ တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေများလာမှ အားလပ်မှု၏ တန်ဖိုးကိုသိလာသည်။ အားလပ်ခြင်း၏ အရသာ ကိုသိလာသည်။ အားလပ်မှုဆိုသည်နှင့်အတူ နောက်ကွယ်မှ ဝါသနာပါသည့်၊ နှစ်ခြိုက်သည့်လုပ်ငန်းများကို စိတ်လို လက်ရ လုပ်ကိုင်နိုင်၍ ဝမ်းသာပီတိဖြစ်ရခြင်းဟူသည်ကလည်း ကပ်ပါလာသည် မဟုတ်လော။ ပြေးဟယ် လွှားဟယ် အလုပ်ရှုပ်နေချိန်မှာ စိတ်တွေက အများသား။ မပြတ်သေးသော အလုပ်တစ်ခုအတွက် နောက်ဆံတင်း။…
Read More




