မန္တလေး၊ ဇွန်- ၅- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်၊ အကွက် ၄၁၈ မှာ ကာလကြာရှည်စွာ ထိန်းသိမ်းခံထာရသူ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေကို မိဘနဲ့ နေရပ်ဆီကို ပြန်လည်အပ်နှံဖို့ အစီအစဥ် ရှိ မရှိဆိုတဲ့ မေးခွန်းကို အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (တတိယနေ့အခမ်းအနား) မှာ လွှတ်တော်ဥက္ကဋ္ဌကတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးကျော်ဆန်း မေးမြန်းတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ” လူကုန်ကူးမှုများတွင် ပြစ်မှုကျူးလွန်သူ တရားခံ ဖမ်းဆီးရမိတဲ့ အမှုများ၌…
Read Moreမုံရွာမြို့က ပျက်ဆီးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေ ပြန်လည်ပြုပြင်ပြီး ရုံးခန်းတွေပြန်ဖွင့်နိုင်ရေး လွှတ်တော်မှာ မေး
မုံရွာ -ဇွန်-၅-၂၀၂၆ MW(VOM) တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၅ ရက် မနက်က မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်မှာ ကျင်းပရာမှာ ကြယ်ပွင့်ပြမေးခွန်း ၇ ခုနဲ့ တိုက်တွန်းကြောင်း အဆို ၁ ခုတင်သွင်းခဲ့ပါတယ်။ မုံရွာမြို့က ပျက်ဆီးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေ ပြန်လည်ပြုပြင်ပြီး ရုံးခန်းတွေပြန်ဖွင့်နိုင်ဖို့ အစီအစဥ်ရှိမရှိမေးခွန်းကို မုံရွာမြို့နယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြူကြူစိန်ကမေးမြန်းတဲ့အခါ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုးက ဖြေကြားခဲ့တာပါ။ “ပြုပြင်ဖို့ရုံး ၉ရုံး အကြမ်းဖက်အဖွဲ့မီးရှိုခံရတဲ့ရုံး၁ရုံး ကိုယ်ထူကိုယ်ထရုံး၁ရုံးကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာတောင်းခံပြီး ရရှိရင်အမြန်ပြီးအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဘဏ္ဍာငွေမရရင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှာ ဘဏ္ဍာငွေလျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဥပစာသန့်ရှင်းရေးဆောင်ရွက်ရမယ့် သလ္လာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို ၂၀၂၆ ခုနှစ်ဇွန်လ၁ရက်နေ့က အပြီးဆောင်ရွက်ခဲ့ပြီဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ရုံးကိုတော့နယ်မြေတည်ငြိမ်အေးချမ်းရင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။”လို့ လုံနယ်ဝန်ကြီးကဖြေပါတယ်။ မုံရွာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့…
Read Moreပြည်ပရောက် CDM တွေ ပြည်တွင်းပြန်ဝင်ပါက အဖွဲ့စုံစစ်ဆေးပြီး ပြစ်မှုကျူးလွန်ထားခြင်းမရှိရင် ပတ်စ်ပို့သိမ်း ခံဝန်ထိုး ပြန်လွှတ်ပေးနေ
ဇွန် ၅ ၊ ၂၀၂၆ GG (VOM) ပြည်ပရောက်နေတဲ့ CDM ဝန်ထမ်းတွေ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်လာပါက လေဆိပ်မှာတင် အဖွဲ့စုံနဲ့ ခေါ်ယူစစ်ဆေးတာမျိုး ပြုလုပ်ပြီး စစ်ဆေးနေချိန်မှာ ရက်အနည်းငယ်ထိန်းသိမ်းခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ CDM တယောက်က ပြောပါတယ် ။ မေ ၂၉ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့ပြီး ဇွန် ၂ ရက်နေ့မှာမှ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ကြောင်း ၊ ထိန်းသိမ်းခံရတဲ့ ရက်ကြာချိန် ကတော့ တယောက်နဲ့ မတူနိုင်ဘူးလို့ သိရပါတယ်။ ” မေ ၂၉ ရက်မှာ စင်္ကာပူကနေ ပြန်လာတယ်။ ၃ နာရီ ၂၀ မှာ လေယာဥ်ဆိုက်တယ်။ Immigration မှာ Passport Scan ဖတ်တော့ Blacklist ထွက်နေလို့ သေချာပြန်စစ်တယ် ။စစ်ဆေးမေးမြန်းစရာလေးတွေ ရှိလို့ပါဆိုပြီး…
Read Moreမာန်အောင်လေဆိပ်ကို ATR 72-600 လေယဥ်ဆင်းသက်နိုင်အောင် ၂၀၂၇-၂၀၂၈ မှာ အဆင့်မြှင့်တင်လုပ်ဆောင်ပေးမယ်
နေပြည်တော် ဇွန် ၅ – ၂၀၂၆ KKL(VOM) ATR 72-600 လေယဥ်ဆင်းသက်နိုင်အောင်ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ထဲမှာရှိတဲ့ စမုံတဲ လေယဥ်ကွင်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းကို၂၀၂၇-၂၀၂၈ မှာစတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလှ ကပြောပါတယ်။ ဒီကနေ့ နေ့လယ်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး တတိယနေ့မှာ မန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း မေးမြန်းတဲ့ မာန်အောင်မြို့နယ်၊ စမုံတဲ လေယာဉ်ကွင်းကို တိုးချဲ့ဆောက် ပေးရန် အစီအစစဉ် ရှိ/မရှိနဲ့ တိုးချဲ့ဆောက်လုပ်ပေးမယ်ဆိုရင် မည်သည့် ဘဏ္ဍာနှစ်မှာ တည်ဆောက်ပေးမည်ကို သိရှိလိုတဲ့ အပေါ် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ပြန်လည် ဖြေကြားခဲ့မှုအရ သိရတာ ဖြစ်ပါတယ်။ စမုံတဲ လေယဥ်ကွင်းတိုးချဲ့ဆောင်ရွက်ဖို့ လက်ရှိလေယာဉ်ပြေးလမ်းကို ၄၅၀၀ x ၁၀၀ ပေကနေ ပြေးလမ်းတောင်ဘက်ကို ၁၅၀၀x၁၀၀ ပေ…
Read Moreဒုဋ္ဌဝတီ တံတားကျိုးလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ တံတားဦးနဲ့ မန္တလေးကို ခွင့်ပြုချက်ရတာနဲ့ ရထား (သို့မဟုတ်) ကားရထား တရက် နှစ်ကြိမ်ပြေးဆွဲပေးမယ်
မန္တလေး၊ ဇွန်- ၄- ၂၀၂၆ SA(VOM) မန္တလေး၊ ပုလိပ်၊ တံတားဦး လမ်းပိုင်း ကို မီးရထား (သို့မဟုတ်) ကားရထား ပြေးဆွဲပေးနိုင်ဖို့ အစီအစဥ်ရှိ မရှိ ကို မြစ်သားမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း က ဒီကနေ့ ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (ဒုတိယနေ့)မှာ လွှတ်တော်ဥက္ကဋ္ဌက တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ” တံတားဦးမြို့ အနီး အမြန်လမ်းပေါ်က မိုင်တိုင်(၃၅၈)အနီးမှာရှိတဲ့ ဒုတ္ထဝတီမြစ်ကူးတံတားမှာ မြေငလျင်လှုပ်စဉ်က ပြိုကျပျက်စီးသွားသဖြင့် ပြုပြင်နေဆဲဖြစ်ပါတယ်။သို့ပါ၍ တံတားဦးမြို့နယ်ရှိ ဒေသခံများမှာ ပလိပ်၊မြစ်ငယ်ဘက်မှ ပတ်၍ သွားရပါတယ်။ တံတားဦးမှ မန္တလေးသို့ ဆိုင်ကယ်ဖြင့်သွားမည်ဆိုပါက ယခင်အမြန်လမ်းမှ သွားလျှင် တစ်နာရီကြာမောင်းရ၍ ယခုမြစ်ငယ်လမ်းမှ သွားလျှင် နှစ်နာရီကြာမောင်းနေရပါတယ်။ဆီဈေးကြီးချိန်ဖြစ်၍ တံတားဦးမှ မန္တလေးသို့…
Read Moreစစ်ရှောင်များ စိတ်ပျက်အားငယ်မှုမရှိကြရန်နှင့် လိုအပ်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ပြော
ဇွန် ၄-၂၀၂၆ KKA (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ယာယီတိမ်းရှောင်စခန်းကို ရောက်ရှိခိုလှုံနေတဲ့ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြရန်နဲ့ လိုအပ်ချက်များကို ပြည်နယ်အစိုးရက အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားလိုက်ပါတယ်။ ဇွန်လ (၂) ရက် ညနေပိုင်းက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဦးမော်ရာဟူးခြံအတွင်းရှိ ယာယီတိမ်းရှောင်စခန်းကို သွားရောက် လှူဒါန်းထောက်ပံ့မှုများ ပြုလုပ်အပြီးမှာ ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ” စခန်းရှိ ပြည်သူများအနေနဲ့ စိတ်ပျက်အားငယ်မှု မရှိကြဖို့၊ မိုးရာသီကာလဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့နဲ့လိုအပ်ချက်ေတွရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးကြဖို့၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ကလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်”လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ အဲဒီ ယာယီတိမ်းရှောင်စခန်းမှာ ဝိုင်းမော်မြို့နယ်၊ သာဂရကျေးရွာက ရွှေ့ပြောင်းတိမ်းရှောင်လာရတဲ့အိမ်ထောင်စု (၃၄၁) စု ခိုလှုံနေထိုင်လျက်ရှိပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က တစ်အိမ်ထောင်လျှင် (၂၄) ပြည်ပါ…
Read Moreအသက်ဝင်လာတဲ့ မုံရွာက စစ်ကိုင်းတိုင်းလွှတ်တော်
မုံရွာ-ဇွန်-၄-၂၀၂၆ MW(VOM) တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ၄ရက် နံနက်၁၀နာရီက မုံရွာမြို့စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းတွေ အဖြေတွေနဲ့ ပြန်လည်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ အစည်းအဝေးကို လွတ်တော်ဥက္ကဌဦးတင့်လှိုင်မြင့်၊ ဒုဥက္ကဌဦးမျိုးသန့်၊နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ် ဦးကိုလေးနဲ့ဝန်ကြီးတွေ လာရောက်လေ့လာကြတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ်၊ ပါမောက္ခနဲ့ ကျောင်းသား၊ကျောင်းသူတွေ၊ မုံရွာမြို့ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေတက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ခန္တီး၊ မြင်းမူ၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ မင်းကင်း၊ မုံရွာ၊ အရာတော်နဲ့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း ၁၀ခုမေးမြန်းကြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဝန်ကြီးတွေက ဖြေကြားခဲ့ကြပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းမှာရှိတဲ့ အဆင်ခြင်မဲ့ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့်မြစ်ကြောင်းပျက်ဆီးတာ ပြဒါးညစ်ညမ်းတာနဲ့ ဆိုင်ယာနိုက်ဓာတုပစ္စည်းတွေရဲ့ ဘေးအန္တရာယ်တွေက ကာကွယ်တားဆီးနိုင်ရေး တိုက်တွန်းကြောင်းအဆိုကို မော်လိုက်မြို့နယ်အမှတ်၁လွတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာသိန်းကအစည်းအဝေးကို တင်သွင်းရာမှာ ဖောင်းပြင်မြို့နယ်အမှတ်၁ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးတင်မင်းထွဋ်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။ တင်သွင်းလာသောအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးဖို့ သင့် ၊မသင့်လွှတ်တော်ကိုယ်စားလှယ်တွေထံ အဆုံးအဖြတ်ရယူရာမှာ လက်ခံဆွေးနွေးသင့်ကြောင်း အားလုံးကဆုံးဖြတ်ကြတဲ့အတွက်…
Read Moreသူတို့အိမ် အခန်း (၁၃၁)
ဆူးငှက် လုပ်သားထု အစည်းအဝေးက အတွေ့အကြုံ ———————————————— သည် တနင်္ဂနွေ လုပ်သားထု အစည်းအဝေးက လူစုံတက်စုံ တက်ရောက်ကာ စိတ်ဝင်စားမှု အပြည့်ရှိကြသည်။ အစည်းအဝေးမတိုင်မီကပင် လုပ်သားအချင်းချင်း အစည်းအဝေးတွင် ဆွေးနွေးပြောဆိုကြမည့် အကြောင်းအရာတွေကို တိုင်ပင်နေကြသည်။ သည်အစည်းအဝေးကို စိတ်ဝင်းစားကြသည်မှာ ဘဏ္ဍာရေးနှစ် တစ်နှစ်စာအတွက် လုပ်သားထု သက်သာချောင်ချိရေး ရံပုံငွေကို အတည်ပြုမည့် အစည်းအဝေးမို့ ဖြစ်သည်။ နံနက် ၉နာရီကို အစည်းအဝေး ခေါ်ထားရာ ၉နာရီမထိုးမီကပင် လူစုံနေသည်မို့ စောင့်စရာမလိုဘဲ အချိန်တိကျစွာ အစည်းအဝေး စတင်နိုင်ခဲ့၏။ သည်နေရာတွင် ဤအလုပ်ရုံမှ ဦးဆောင် လူကြီးများက သူတို့ တက်ရောက်ရသည့် မြို့နယ်အဆင့် တုင်းအဆင့် အစည်းအဝေးများတွင် ဖိတ်စာတွင်ပါသော အစည်းအဝေးအချိန်အတိုင်း ဘယ်သောအခါမှ တိကျစွာ မစနိုင်ဘဲ အနည်းဆုံး နာရီဝက် တစ်နာရီ နောက်ကျမှ အစည်းအဝေးစတင်နိုင်ခြင်းကို စိတ်ပျက်နေကြသောကြောင့် မိမိ…
Read Moreအိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ QUAD နှင့် တရုတ်-မြန်မာ ပထဝီနိုင်ငံရေး
MT(VOM) ၂၁ ရာစု၏ ကမ္ဘာ့ပါဝါချိန်ခွင်လျှာသည် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသဆီသို့ သိသိသာသာ ရွေ့လျားလာခဲ့သည်။ ထိုရွေ့လျားမှုတွင် အရှေ့တောင်အာရှကုန်းမြေနှင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ရေပြင်သည် မဟာဗျူဟာမြောက် အချက်အချာ အချက်အခြာများ ဖြစ်လာကြသည်။ အထူးသဖြင့် အမေရိကန်ဦးဆောင်သော QUAD (Quadrilateral Security Dialogue) မဟာမိတ်အုပ်စု၏ တရုတ်နိုင်ငံကို ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရှာသည့် ဗျူဟာမြောက် ရုန်းကန်မှုတို့ ကြောင့် မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေး၏ အလယ်ဗဟို (Geopolitical Hotspot) သို့ ရောက်ရှိလာခဲ့သည်။ QUAD ၏ ဗျူဟာမြောက်ရည်မှန်းချက်နှင့် အရှေ့တောင်အာရှ အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် အော်စတြေးလျ (၄) နိုင်ငံဖြင့် ဖွဲ့စည်းထားသော QUAD အဖွဲ့သည် စစ်ရေးမဟာမိတ်ဟု တရားဝင်မကြေညာသော်လည်း၊ ၎င်းတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ…
Read Moreကျောင်းသုံးပုံနှိပ်စာအုပ် အပြည့်အဝမပေးနိုင်တဲ့ ကျောင်းတချို့ ရှိနေ
ဇွန် ၃ – ၂၀၂၆ SS (VOM) အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အခမဲ့ ထောက်ပံ့ပေးတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ပုံနှိပ်စာအုပ် အပြည့်အဝ မပေးနိုင်တာတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ ကျောင်းအပ်နှံမှု နောက်ကျတဲ့ ကျောင်းသား၊ ကျောင်းသူ အများစု ပုံနှိပ်စာအုပ် မရရှိသေးတာလို့ သိရပြီး VOM က ရရှိတဲ့ သတင်း အချက်အလက်တွေအရ ကော့ကရိတ်နဲ့ မန္တလေးမြို့က ကျောင်းတချို့မှာ ကျောင်းသားဦးရေအလိုက် ပုံနှိပ်စာအုပ်တွေ ပေးဝေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ “ကော့ကရိတ် အ.ထ.က (၂) ကျောင်းမှာ ပုံနှိပ်စာအုပ် အပြည့်အဝမရှိပါဘူး။ အဲဒါကြောင့် ကလေးတွေမှာ ပုံနှိပ်စာအုပ်မရှိကြဘူး။ ကျောင်းစတက်တဲ့နေ့မှာ ဆရာမက ကလေးကို စာအုပ်ပါလားမေးပါတယ်။ ကလေးကလည်း ကျောင်းကမပေးလို့ မပါဘူးလို့ မပါဘူးလို့ ဖြေပါတယ်။ အဲဒါကို ဆရာမက ကလေးကိုရိုက်ပါတယ်။…
Read More



