မတ် ၁၇-၂၀၂၂ (VOM) ရွှေစာရံဘုရားပွဲတော်လို့ ပြောလိုက်တာနဲ့ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုရားအမကြီး မိဘုရားစောမွန်လှ တည်ထားကိုးကွယ်ခဲ့တဲ့ ရွှေစာရံစေတီတော် ဆိုတာကို မြန်မာနိုင်ငံသူ/သား တိုင်းက စိမ်းမယ်မထင်ပါဘူး။ ရွှေစာရံစေတီရဲ့ပွဲတော်ဟာ တစ်ချိန်က ရွာသားကြီး စိန်တင်ဟန် ရေးဆက်ခဲ့ပြီး မင်းသမီးကြီး ဒေါ်ညိုညိုစန်း သီဆိုခဲ့တဲ့ ထန်းရွက်ပုတီးသီချင်းနဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အရင်ပွဲတော်ကာလတွေမှာတော့ ဘုရားလာဖူးတဲ့သူတိုင်းဟာ ထန်းရွက်ပုတီးလေးတွေကို အလုအယက်ဝယ်ပြီး ဝတ်ဆင်လေ့ရှိကြပေမယ့် နှောင်းပိုင်းကာလ ရောက်လာတဲ့အချိန်မှာ ထန်းရွက်ပုတီးလေးတွေကို စိတ်ဝင်စားမှုနည်းပါးလာတာ မြင်တွေ့ရပါတယ်။ ရွှေစာရံစေတီတော်မြတ်ကြီးရဲ့ ပွဲတော်ကို ရှေးအရင်က ဘယ်လိုပုံစံမျိုးတွေ ကျင်းပခဲ့သလဲဆိုတာ ရွှေစာရံကျေးရွာသားကြီးဖြစ်တဲ့ အသက် ၈၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဦးကြည်အောင် ကို VOM က မေးမြန်းတင်ဆက်ထားတာ ဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး #ရွှေစာရံ YouTube…
Read Moreနေပြည်တော်မှာ ကားတစ်စီးတိမ်းမှောက်ပြီး (၅)ဦးသေဆုံး၊ (၂၀)ဦးခန့် ဒဏ်ရာရ
မတ် ၁၇-၂၀၂၂ KK(VOM) နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဇဗ္ဗူသီရိအထူးကုဆေးရုံရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက လိုက်ထရပ် ယာဥ်တစ်စီးတိမ်းမှောက်ရာ လူ(၅)ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကသိရပါတယ်။ လယ်ဝေးမြို့နယ်ကနေ အလှူတစ်ခုကို မိသားစုဆွေ မျိုးတွေသွားရောက်တဲ့ကားတစီးဟာ ဇမ္မူသီရီမြို့နယ် ဇဗ္ဗူသီရိအထူးကုဆေးရုံအနီးမှာ မှောက်ခဲ့တာဖြစ်တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက VOM ကို ပြောပါတယ်။ “သူတို့တွေက လယ်ဝေးမြို့နယ်ထဲက မိသားစုဆွေ မျိုးတွေ၊ အလှူသွားရင်း ကားကဘီးပေါက်ပြီး မှောက်တာ လူ၂၅ဦးလောက် ဒဏ်ရာရတယ်”လို့ ပြောပါတယ်။ ယာဥ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၁ ယောက်ရှိပြီး နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပေးဆပ်သူများနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ ဆေးကုသနေသူတွေရဲ့ အခြေအနေကိုမေးကြည့်ရာမှာတော့ “အမျိုသမီးတယောက်က ကားပေါ်မှာတင်ဆုံးတာ၊ ကျန်တဲ့လေးယောက်က…
Read Moreပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ရှုတ်ချ
ဝါရှင်တန်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပထမဆုံးအကြိမ် ခေါ်ဝေါ်သုံးစွဲပြီး ရှုတ်ချပြောဆိုလိုက်ပါတယ်။ မတ် ၁၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့မေးမြန်းမှုအပေါ် သမ္မတဂျိုးဘိုင်ဒင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီအသုံးအနှုန်းဟာ လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် ခွင့်မလွှတ်နိုင်တဲ့ စကားလုံးတွေဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က တုံ့ပြန်ပြောဆိုထားပါတယ်။ ရုရှားသမ္မတပူတင်အနေဖြင့် စစ်ရာဇ၀တ်မှုကျူးလွန်ခြင်းရှိမရှိကို အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက စုံစမ်းမှုတွေပြုလုပ်နေကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျန်ပက်ဆာကီကပြောပါတယ်။ ယူကရိန်းကိုပေးအပ်မယ့် အမေရိကန်ရဲ့ကာကွယ်ရေးအကူအညီတွေမှာ လေယာဉ်ပစ်ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ်တွေ၊ လောင်ချာတွေပါ၀င်ပြီး ယခုသီတင်းပတ်အတွင်း အမေရိကန်ရဲ့အကူအညီဟာ ဒေါ်လာ တစ်ဘီလီယံအထိ တိုးလာတယ်လို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။ ဒါ့အပြင် ပိုလန်နဲ့ မော်လ်ဒိုဗာသို့ ယူကရိန်းနိုင်ငံသားသန်းပေါင်းများစွာ ဖြတ်ကျော်၀င်ရောက်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပိုမိုပေးအပ်မယ်လို့ သူကကတိပြုထားပြီး အစားအသောက်တွေ၊ ဆေးဝါးတွေနဲ့ အခြားအထောက်အပံ့တွေပေးပို့ဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။…
Read Moreပို့ဆောင်ကြေးတွေ အဆမတန်ဖြတ်တောက်တဲ့ FoodPanda ကုမ္မဏီကို အလုပ်သမားတွေက ဆန္ဒပြ
မတ် ၁၇-၂၀၂၂ KK(VOM) Food Panda ကုမ္ပဏီက ပို့ဆောင်ကြေးတွေကို အဆမတန်လျော့ချဖြတ်တောက်လိုက်တဲ့အတွက် ကုမ္မဏီကို သပိတ်မှောက်တဲ့အနေနဲ့ FoodPanda ပို့တဲ့အလုပ်သမားတွေဟာ အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ ရန်ကုန်မှာ မတ်လ ၁၆ ရက်က ပို့ဆောင်ကြေးတွေကို ကုမ္မဏီက ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်း သပိတ်မှောက်တဲ့အနေနဲ့ အလုပ်မဆင်းတာ ဒီကနေ့နဲ့ဆို နှစ်ရက်ရှိပြီလို့ မြောက်ဒဂုံက အလုပ်သမားတဦးက ပြောပါတယ်။ “ဒီလောက် အသက်နဲ့ရင်းပြီး ကားလမ်းပေါ်မှာ နင်းနေရတာကို အခုက တစ်ကြောင်းကို ၃၀၀ လောက်ပဲရတယ် ၊ ၂၅၀ လောက်ပဲရမယ်ဆိုတော့ စဥ်းစားကြည့်လေ ကိုယ်ချင်းမစာတာ၊ အရင်က တစ်ထောင်လောက်ရတာ အဲ့ဒီအတွက် အလုပ်မဆင်းဘူး အရင်သတ်မှတ်ချက်ရမှ ပြန်အလုပ်လုပ်မယ်လို့”လို့ သူကပြောပါတယ်။ FoodPanda ကုမ္မဏီဟာ မတ်လ ၁၅ ရက်က…
Read Moreတောင်ကိုရီးယားမှာ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု ခြောက်သိန်းကျော်ထိ စံချိန်တင်နေ
ဆိုးလ်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်တွေကို အဆုံးသတ်ရန်ပြင်ဆင်နေချိန်မှာ နေ့စဉ်ကူးစက်မှုအရေအတွက်ဟာ ၆၂၁၃၂၈ ထိစံချိန်တင်ခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၄၂၉ ဦးရှိကြောင်း အာဏာပိုင်တွေက မတ် ၁၇ ရက်မှာပြောပါတယ်။ ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်မားနေတာဖြစ်ကြောင့် တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးအေဂျင်စီက ပြောပါတယ်။ လက်ရှိမှာတော့ နေ့စဉ်ကူးစက်မှုနှုန်းဟာ အာဏာပိုင်တွေခန့်မှန်းထားတာထက် ပိုမိုများပြားနေပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားအစိုးရကတော့ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း လူမှုဆိုင်ရာကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ စီစဉ်နေပြီး လူထုကလည်း ဒီကိစ္စကို ထောက်ခံကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့်ထိုးနှံမှုတွေကြောင့် ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ အကြီးအကျယ်မဖြစ်အောင် ကန့်သတ်နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ လက်ရှိချိန်ထိ နိုင်ငံလူဦးရေ ၅၂ သန်းရဲ့ ၆၃…
Read Moreယူကရိန်းစစ်ပွဲမှာ လေးယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ်တဦး သေဆုံးပြန်
ကိယက်ဗ်၊ မတ်-၁၇-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ယူုကရိကန်သမ္မတ ဇီလန်စကီးကပြောပါတယ်။ အဲဒီရုရှားစစ်ဗိုလ်ချုပ်ရဲ့အမည်ကို ယူကရိန်းသမ္မတက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ဗိုလ်ချုပ် Oleg Mityaev ဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေး၀န်ကြီးဌာန အကြံပေးတဦးက ထုတ်ဖော်ပြောကြားထားပါတယ်။ ရုရှားစစ်ဗိုလ်ချုပ်ဟာ မာရီယူပိုလ်မြို့အနီးတိုက်ပွဲအတွင်း ယူကရိန်းအေဇော့ဗ်တပ်ရင်းရဲ့ သုတ်သင်မှုကို ခံခဲ့ရတယ်လို့ယူကရိန်း သတင်းဌာနတွေက ဆိုပါတယ်။ သူဟာ ယူကရိန်းတပ်တွေရဲ့ သုတ်သင်ခြင်းကိုခံရတဲ့ လေးဦးမြောက် ရုရှားစစ်ဗိုလ်ချုပ်လည်းဖြစ်ပါတယ်။ လက်ရှိချိန်ထိ ယူကရိန်းမှာပြုလုပ်တဲ့ စစ်ဆင်ရေးတွေမှာ ရုရှားဗိုလ်ချုပ်၂၀ ဦးက ဦးဆောင်နေတယ်လို့ လေ့လာသူတွေက ပြောဆိုထားပြီး လက်ရှိအခြေအနေအရ ရုရှားစစ်ဗိုလ်ချုပ် ငါးပုံတပုံဟာ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ သဘောဖြစ်ပါတယ်။ ယူကရိန်းမှာ ရုရှားထိပ်တန်းတာ၀န်ရှိသူအဆင့်တွေကို ပစ်မှတ်ထားသုတ်သင်ဖို့ ရည်ရွယ်ထားတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ရှိကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အတွင်းစည်းက တာ၀န်ရှိသူတဦးက…
Read Moreစစ်တွေကမ်းခြေမှာ သျှစ်သောင်းမြောက် (သဲပုံစေတီ)ပွဲ ကျင်းပ
မတ် ၁၆- ၂၀၂၂ SW (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေမှာ ရခိုင်ရိုးရာ သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို ဒီကနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကနေ ညပိုင်းအချိန်ထိ လူအမြောက်အမြားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီ သျှစ်သောင်းမြောက်ပွဲတော်ကို သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ရခိုင်မင်္ဂလာစည်တော်ကိုတီးပြီးတော့ ပင်လယ်ကမ်းခြေကသဲတွေနဲ့ ဘုရား၊ ပုထိုးပုံတွေ၊ ရခိုင်တို့ရဲ့ တန်ဖိုးထားရတဲ့အရာတွေကို ပုံဖော်ပြုလုပ်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ဒီနေ့ကျင်းပတဲ့ပွဲတော်ကို လူပေါင်း ထောင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်တွေဟိုတယ်အဝင်လမ်းနဲ့ ကမ်းနားလမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့တာတွေအထိ ဖြစ်ခဲ့ပါတယ်။ သျှစ်သောင်းမြောက်ပွဲတော်ကို ရှေးရခိုင်ဘုရင်မင်းမြတ်တွေလက်ထက်ကတည်းက ကျင်းပခဲ့တာဖြစ်တယ်လို့သိရပြီး ဒီနေ့မှာလည်း စစ်တွေဒေသခံတွေက ရိုးရာအမွေအနစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ ပွဲတော်ကို ကျင်းပရတာလို့ ပြောဆိုကြပါတယ်။ #voiceofmyanmar #VOM #စစ်တွေ #သျှစ်သောင်းမြောက်ပွဲ #သဲပုံစေတီပွဲ
Read Moreလှည်းစစ်တမ်း
ဆူးငှက် မန္တလေးက ဧရာဝတီမြစ်ကမ်းဘေးဆိုပေမယ့် တစ်လျှောက်လုံးကျွမ်းဝင်ခဲ့တာက လှည်းတွေပါပဲ။ လှည်းဆိုတာ ကျေးလက်မှာ သယ်ယူပို့ဆောင်ရေးအတွက် သာမက မိသားစု အဆောင်အယောင် အနေနဲ့လည်း အသုံးဝင်ပါတယ်။ အိမ်နဲ့ယာခင်း ကုန်စည်သယ်ပို့အပြင် တစ်ရွာနဲ့တစ်ရွာ အကူးအသန်းမှာလည်း ‘လှည်း’နဲ့ပါပဲ။ အဆောင်အယောင်ဆိုတာက ရွာဦးကျောင်း ဆရာတော် သာရေးနာရေး သွားလာတော့ ပန်းပုရုပ်လုံးလှည်းဦးကင်း၊ ရွှေပိန်းချလှည်းအိမ်၊ လှည်းယဉ်ကျော့နဲ့ လှပေ့ကြာ့ပေ့ ဆိုတဲ့ တစ်ရှဉ်းနဲ့ပါပဲ။ သာမန်ရွာသူရွာသားကတော့ ကုန်တင် လှည်းကြမ်းပေါ် စုပြုံတက်ပြီး ပျော်ပျော်ပါးပါးသွားလာကြတာပါ။ မြန်မာပြည်မှာက လှည်းကို ကျေးလက်မှာသာ သုံးကြတာမဟုတ်ပါဘူး။ မြို့ပြမှာလည်း သုံးကြပါသေးတယ်။ တစ်ချိန်က ဒုတိယမြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမှာ လှည်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစု မတိုင်မီကလောက်ထိ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ဝန်းကျင် ကျွန်တော်တို့ ငယ်ငယ်ကဆိုရင်ပဲ မန္တလေးရဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာလည်း အဓိကအသုံးပြုတဲ့ ယာဉ်ပါပဲ။ အနောက်မြစ်ဆိပ်က ကုန်တွေ ဈေးချိုလို၊…
Read Moreရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ ခရီးသည်တင်ကား ၂ စီး မိုင်းစထိမှန် ပစ်ခတ်ခံရလို့ လူ ၁ ဦး သေဆုံး ၊ ၈ ဦး ဒဏ်ရာရ
မတ် ၊ ၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ၁၁ ပေါက်ကျေးရွာအနီး ၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ မြစ်ကြီးနားကနေ ရွှေဘိုမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင် ကား ၂ စီးမှာ မိုင်းစထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေဘို မြစ်ကြီးနား ကားသမားတွေဆီက သိရပါတယ်။ ဖြစ်စဉ်နေရာမှာ ရှိခဲ့တဲ့ ခရီးသည်တဦးက”ကျနော်တို့ ရှေ့ကကား ပစ်ခံရတာပါ၊ ကျနော်တို့လည်း ရင်တထိတ်ထိတ်လိုက်ခဲ့ရတာပါ၊ ယာဉ်အကူအမျိုးသမီးနဲ့ ယာဉ်မောင်းအမျိုးသား သေတယ်လို့ကြားတယ်၊ လေယာဉ်လက်မှတ်ကလည်း မလွယ်တော့ ကုန်းကြောင်းကသွားတဲ့အခါမှာ အခုလိုဖြစိနေတော့ ဘုရားတနေရတာပေါ့ဗျာ”လို့ ပြောပါတယ်။ ” လမ်းမှာ ကားတွေက မိုင်းမိတာပါ ၊ ပြီးမှ ပစ်ခတ်ခံရတာ…
Read Moreကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဂျပန်ကြိုးစားအားထုတ်တော့မည်
တိုကျို၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်လာရေးအပါအ၀င် ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှီယိုရှီမာဆာက မတ် ၁၅ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ဝေဖန်မှုနဲ့ ရုရှားတပ်ဖွဲ့၀င်တွေ ချက်ချက်ရုပ်သိမ်းရေးတောင်းဆို တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီနှောင်းပိုင်းကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားက ဗီတိုအာဏာသုံးပယ်ချလိုက်တာကို ရည်ညွှန်းပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ ရုရှားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အထူးတာ၀န်ရှိတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။ အဖွဲ့၀င်နိုင်ငံတွေရဲ့ ရှုပ်ထွေးတဲ့အကျိုးစီးပွားတွေရှိနေတာကြောင့် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ လွယ်ကူမှာတော့ မဟုတ်ကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲလိုတဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး ရည်မှန်းချက်ကို ရောက်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ ဟာယာရှီယိုရှီမာဆာက ပြောပါတယ်။ …
Read More




