တောင်ကြီး၊ ဇန်နဝါရီ- ၁၅- ၂၀၂၁ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က NLD ရှမ်းပြည်နယ်ပါတီရုံးခွဲမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဘယ်လိုတွေတောင်းဆိုခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး SNLD ပါတီ အတွင်းရေးမှူး(၁) ဦးစိုင်းကျော်ညွန့်က မီဒီယာတွေကို ဖြေကြားခဲ့တဲ့ ရုပ်သံသတင်းဖြစ်ပါတယ်။ #VOM #voiceofmyanmar #NLD #SNLD
Read Moreကော့သောင်းမှာ ဂက်စ်အိုးတင်လာတဲ့ ၁၀ ဘီးကားမှောက် နေအိမ် ၃ လုံးနဲ့ လူတစ်ဦး မီးလောင်သေဆုံး
ဇန်နဝါရီ ၁၅-၂၀၂၁ ကောင်းလက်ျာ(VOM) တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပု လဲလမ်းပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက ဂက်စ်အိုးတွေတင်လာတဲ့ ၁၀ ဘီးကား တိမ်းမှောက်ခဲ့ရာ လူနေအိမ် ၃ လုံး မီးလောင်ပျက်ဆီးပြီး လူ တစ်ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” လျှပ်စစ်မီးပေးတဲ့ မီးစက်တွေကို ဂတ်စ်အိုးလိုက်ပို့သူပါ။ ကားဒရိုင် ဦးသောင်းစိန်က အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တာပါ။ အမှုလည်း သူ့ကိုဖွင့်ထားပါတယ်”လို့ ကော့သောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဂတ်စ်အိုးတွေတင်လာတဲ့ ၁၀ ဘီးကား ကုန်တင်ယာဉ်ဟာ ၁၂မိုင်စခန်း ဘက်ကနေ မြို့တွင်းကို မောင်းလာချိန် အခင်းဖြစ်နေရာမှာ အရှိန်လွန် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဂတ်စ်အိုးအချို့ပေါက်ကွဲကာ ကားမီးလောင်ခဲ့ရာကနေ အနီးရှိ လူနေအိမ်အချို့ကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်တဲ့နေရာကို ကော့သောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊…
Read Moreတ.စ.ည ပါတီရဲ့ တတိယမြောက်ဥက္ကဋ္ဌ ဦးသန်းတင် ကွယ်လွန်
ဇန်နဝါရီ ၁၅-၂၀၂၁ သိင်္ဂီထွန်း(VOM) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တ.စ.ည)ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းတင်ဟာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ညပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပါတီရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ဥက္ကဋ္ဌကြီးကွယ်လွန်တဲ့အပေါ် ပါတီဌာနချုပ်အနေနဲ့ကတော့ မိဘတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဆုံးရှုံးသွားတာဖြစ်လို့ ဌာနချုပ်က တာဝန်ရှိတဲ့သူတွေ လိုက်ပို့ပါမယ်။ ပါတီအနေနဲ့ ဆက်လုပ်မယ့်ကိစ္စကတော့ CEC အစည်းအဝေးထိုင်ပြီးမှပဲ ဘယ်လိုလုပ်မလဲသိပါမယ်။ ဥက္ကဋ္ဌကြီးကလည်း နေမကောင်းဖြစ်နေတာ အချိန်အတော်ကြာပြီဖြစ်နေတော့ သူနေမကောင်းစဉ်ကတည်းက ဒီမှာရှိတဲ့တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး အဲ့ဒီ နှစ်ယောက်က အိန္ဒြေမပျက် လုပ်နေပါတယ်”လို့ တ.စ.ည ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီကပြောပါတယ်။ ပါတီဥက္ကဋ္ဌကြီးဟာ အရင်က တပ်မတော်သားဖြစ်ခဲ့တာကြောင့် သူ့ကို မင်္ဂလာဒုံ စစ်သချိုင်္င်းမှာပဲ မီးသဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။ တ.စ.ည ပါတီအတွင်း ဆက်လက်လုပ်ဆောင်ရမယ့်ကိစ္စတွေကိုတော့ ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေ မရှိတော့တဲ့အချိန်ရောက်မှသာ ပါတီညီလာခံခေါ်ပြီး အစည်းအဝေးဆက်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။…
Read Moreထိုင်းရဲစခန်းမှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီးကို ရဲအရာရှိက မုဒိမ်းမှုကျူးလွန်
ဘန်ကောက်၊ ဇန်နဝါရီ-၁၅-၂၀၂၁ မျိုးဆက် (VOM) ထိုင်းနိုင်ငံ ဆူရက်ဌာနီပြည်နယ်က ဒေသခံရဲစခန်းတစ်ခုမှာ မူးယစ်ဆေးဝါးမှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ မုဒိမ်းမှုကျူးလွန်ခဲ့သူ အရာရှိဟာ ဆူရက်ဌာနီပြည်နယ် ကော့စမွီခရိုင်မှာရှိတဲ့ ဘိုဖတ်ရဲစခန်းမှာ အမှုစစ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ကျူးလွန်သူ ရဲအရာရှိကို တာဝန်ကနေရပ်ဆိုင်းဖို့ ဆူရက်ဌာနီပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆာသစ်ဖိုပီနစ်က ဇန်နဝါရီ ၁၃ ရက်မှာ အရေးပေါ်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စကို ခုနှစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ စည်းကမ်းထိန်းသိမ်းရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးလိုက်ပါတယ်။ ဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၃ ရက် နံနက် ၁ နာရီ ၅၀ မိနစ်နဲ့ ၂ နာရီ ၃၀ မိနစ်အကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ဘိုဖတ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်မြန်မာအမျိုးသမီးကို ရဲအရာရှိက တစ်ခြားအခန်းတစ်ခုကို ခေါ်ယူသွားပြီး…
Read Moreပြည်အကျဉ်းထောင်က အချုပ်သား ၂ဦး ကိုဗစ်ပိုးတွေ့လို့ ထောင်ကိုအသွားအလာကန့်သတ်
ဇန်နဝါရီ ၁၅ -၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်မြို့အကျဉ်းထောင်က အချုပ်သား ၂ ဦးမှာ ကိုဗစ်-၁၉ပိုးတွေ့ရှိတာကြောင့် ပြည်မြို့ကုတင် ၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးထားတယ်လို့ သိရပါတယ်။ ” နေမကောင်းလို့ ပြရင်းနဲ့ ပိုးတွေ့တာလို့သိရတယ်။ အချုပ်သားတွေဆိုတော့ ရုံးထုတ်ရတာတွေရှိတာပေါ့။ ပိုးတွေ့သူနဲ့ထိစပ်တဲ့ ၃၂ ဦးကိုတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်။ သူတို့ကိုလည်း ဆေးစစ်မယ်လို့သိရတယ်”လို့ ပြည်အကျဉ်းထောင်မှ အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးကပြောပါတယ်။ အချုပ်သား ၂ ဦးမှာ ပိုးတွေ့ရှိကြောင်းကို မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်ဆေးသိရှိရတာဖြစ်ပြီး ပိုးရှိကြောင်းသိရှိပြီးနောက်ပိုင်း ပိုးတွေ့လူနာ နှစ်ဦးကို မိုးမေတ္တာ နာရေးကူညီမှုအသင်းက Covid-19 သီးသန့်ယာဉ်နဲ့ တင်ဆောင်ကာ ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ “မနေ့ကပေါ့ ကျန်းမာရေးဌာနကဆက်သွယ်တော့ ကျနော်တို့အကျဉ်းထောင်ကိုသွားတယ်။ ဆက်သွယ်တော့မှ လမ်းကြောင်းထွက်တာပေါ့။ကိုဗစ်တွေ့တဲ့ ၂ယောက်ကိုခေါ်တယ်။ခေါ်ပြီး ဆေးရုံကြီးကိုပို့ပေးခဲ့တယ်။ ကျနော်တို့က အသေးစိတ်တော့မသိဘူး”လို့ မိုးမေတ္တာ နာရေးကူညီမှုအသင်းမှာ ကူညီပေးနေသူ…
Read Moreကန်တော်ကြီးပတ်လမ်းမှာ ကားတစ်စီး အရှိန်လွန်တိမ်းမှောက် လူ နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရရှိ
ဇန်နဝါရီ ၁၅ -၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ တိရိစ္ဆာန်ရုံအနီးမှာ မနေ့ ဇန်နဝါရီ ၁၄ရက်ညပိုင်းက ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၄ဦးထဲက ၂ဦး ပွဲချင်းပြီးသေဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ HLT Foundationအဖွဲ့ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းက VOMကိုပြောပါတယ်။ ” သတင်းရတာကတော့ ည ၁၂နာရီလောက်မှာ သတင်းရတယ်။ ရောက်တဲ့အချိန် လမ်းပေါ်မှာ ၂ယောက်က ပွဲချင်းပြီးသေသွားတယ်။ ကားက ခေါင်မိုးတစ်ခုလုံးပွင့်ပြီး လူတွေက လမ်းပေါ် ပြုတ်ကျသွားတာ။ ကားပေါ်ကပြုတ်ကျပြီး လမ်းနဲ့ ခေါင်းနဲ့ သွားရိုက်မိတာ။ အဓိက ခေါင်းတွေထိပြီး သေသွားတာ”လို့ ဦးဟန်လင်းထွန်းကပြောပါတယ်။ ဒဏ်ရာရရှိသူနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ တစ်ဦးမှာ ခေါင်းကွဲဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဥက္ကဋ္ဌ ဦးဟန်လင်းထွန်းကပြောပါတယ်။ ကန်တော်ကြီးပတ်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗဟန်းမြို့မရဲစခန်းကို VOMက ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ “ယာဉ်တိုက်မှုနဲ့ပတ်သတ်ပြီး…
Read Moreယာဉ်တိုက်မှုကြောင့် အသိတရားတွေ ထပ်တိုးသွားတယ်ဆိုတဲ့ ဦးကျော်သူ
Entertainment- ဇန်နဝါရီ- ၁၅- ၂၀၂၁ မျက်ပြေ(VOM) နိုင်ငံကျော် အနုပညာရှင် ဦးကျော်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နာရေးကူညီမှု အသင်းကားမောင်းနေရင်း ကားငါးစီးဆင့်တိုက်ခံလိုက်ရပြီးနောက်မှာ အသိတရားတစ်ခုရလိုက်တယ်ဆိုတာနဲ့ ကျော်သူ နာမှုကူညီရေးအသင်းဥက္ကဋ္ဌ (အကယ်ဒမီ)ဦးကျော်သူနဲ့ အင်တာဗျုးမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #ဦးကျော်သူ #နာမှုကူညီရေးအသင်း #ယာဉ်တိုက်မှု #Entertainment
Read Moreရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ အစွမ်းထက်ဒုံးပျံသစ် မြောက်ကိုရီးယား ထုတ်ဖော်ပြသ
ပြုံးယမ်း၊ ဇန်နဝါရီ-၁၅-၂၀၂၁ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံအမျိုးအစားသစ်ကို ထုတ်ဖော်ပြသလိုက်ပြီး ဒါဟာ ကမ္ဘာ့ပေါ်မှာ အစွမ်းအထက်ဆုံးလက်နက်ဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ခေါင်းဆောင်ကင်ဂျုံအန်ကြီးကြပ်တဲ့ စစ်ရေးပြပွဲတစ်ခုမှာ အဲဒီဒုံးပျံသစ်အပြင် အခြားဒုံးပျံအချို့ကိုလည်း ပြသခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ရေးပြပွဲဟာ အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ အချိန်အနည်းငယ်အလိုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးရန်သူဖြစ်တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ နိုင်ငံရေးအစည်းအဝေးတစ်ရပ်မှာ ကင်ဂျုံအန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒုံးပျံသစ်ဟာ ယခင်ကမတွေ့ဖူးသေးတဲ့ လက်နက်ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ စစ်ရေးပြပွဲမှာ ကမ္ဘာ့အစွမ်းထက်ဆုံး ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်တဲ့ ဒုံးပျံအခြားဒုံးပျံတွေကို ပြသခဲ့ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အင်အားကို ပြသခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ Ref: BBC Photo:KCNA #voiceofmyanmar #VOM #ပြုံးယမ်း
Read Moreစပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်
ဇန်နဝါရီ-၁၅-၂၀၂၁ တင်ထားဆွေ သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို…
Read MoreVOM ရဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညနေခင်း သတင်းတင်ဆက်မှု
– အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု – NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ကယန်းလူမျိုးရေးရာဝန်ကြီးနေရာအရွေးချယ်ခံထားရတဲ့ ဦးခွန်းတင်နုတို့ တောင်ကြီးမြို့မှာ တွေ့ဆုံ – ရွှေတွင်းကျေးရွာက NLD ဒု-ဥက္ကဋ္ဌကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး – လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန် – မိုးကုတ်အနောက်ပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျောက်တူးသမားတွေကို ဆက်ကြေးလာကောက် – ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်အချို့ ကိုဗစ်ပိုးတွေ့လို့ ရဲစခန်းကို အသွားအလာကန့်သတ် – တစ်သျှူးငှက်ပျောခြံထဲမှာ တရုတ်နိုင်ငံသား အလောင်း ၁ လောင်းတွေ့ – ကိုဗစ်ကြောင့် အိမ်ခြံမြေဈေးကွက် ဇူလိူင်လလောက်မှ ပြန်ပြီးအသက်ဝင်နိုင်ဖို့ မျှော်လင့်ရမယ် – တက္ကသိုလ်ဝင်တန်းဖြေထားပြီးသူတွေ အမှတ်စာရင်း အွန်လိုင်းကကြည့်နိုင်တော့မယ် – ကိုဗစ်ရောဂါက မျိုးရိုးဗီဇပြောင်းလဲလို့ ကူးစက်မှုမြန်တဲ့အတွက် ဂရုစိုက်ဖို့လိုအပ် VOM…
Read More




