ရေတိုက်စားမှုကြောင့် မင်းပြားမြို့နယ်က နေအိမ်၊ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီး

ဇူလိုင် ၁၃ – ၂၀၂၆ SS (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေးမြို့မြစ်ရေ တိုက်စားမှု၊ မြစ်ကမ်းပါး ပြိုကျမှုတွေကြောင့် နေအိမ်နဲ့ ဆိုင်ခန်း အလုံး ၃၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂ ရွာထက်မနည်း ရေဝင်ရောက်နေတာဖြစ်ပြီး အဲဒီမြို့အတွင်းက ဦးစိုးတင့်ရပ်ကွက်၊ ပြည်တော်အေးရပ်ကွက်၊ လမ်းမတော်ရပ်ကွက်နဲ့ ရွှေပြည်စိုးရပ်ကွက်တွေမှာ နေအိမ်နဲ့ ဆိုင်ခန်းတွေ မြစ်ထဲကျပြီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “မြစ်ရေကလည်း တက်လာတယ်။ တောင်ကျချောင်းရေတွေကလည်း အရှိန်နဲ့ တဟုန်ထိုး ဆင်းလာတော့ ကမ်းနားတန်းက အိမ်တွေ၊ ဆိုင်တွေ ပျက်စီးကုန်တာ။ ကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ် ရွှေ့ပြောင်းပေးရတယ်။ တချို့ကတော့ တဝက်တပျက် ကျန်နေတဲ့အိမ်မှာ ဆက်နေနေကြတယ်။ တချို့က အိမ်အလုံးလိုက် ပါသွားတော့ နေစရာမရှိကြတော့ဘူး။ ခုချိန် ရေပြန်ကျနေပြီဆိုပေမယ့်…

Read More

International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေ

ဇူလိုင် ၁၃ – ၂၀၂၆ SN (VOM) မန္တလေးတိုင်းအတွင်းက မန္တလေးမြို့၊ ကျောက်ဆည်မြို့နဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့မှာ International School အမည်ခံကာ Private School နဲ့ တွဲဖက် ဖွင့်လှစ်မှုတွေ ရှိနေတယ်လို့ ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။ International School နဲ့ Private School တွေကို နယ်မြေတခုတည်းမှာ ဖွင့်လှစ်ခြင်း၊ ကပ်လျက် ဖွင့်လှစ်ခြင်းတွေ ပြုလုပ်ကာ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းမှာ အမည်စာရင်းသွင်းကာ ပညာရေးဥပဒေကို ပြောင်ကျကျ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ “ဒါက တမင်သက်သက် ခွင့်ပြုထားတာပေါ့။ International နဲ့ Private ကို နှစ်ခုတွဲဖွင့်ပြီး လုပ်စားနေကြတာပေါ့။ အင်္ဂလိပ်ကျောင်း အတက်ပြပြီး မြန်မာကျောင်းကို အတန်းယူတာပေါ့။ လစာကို နှစ်ခုယူတာပေါ့။ အခုလိုလုပ်နေတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ခွင့်ပြုရမှာထက်…

Read More

မုံရွာမှာ မိဘမဲ့ စစ်ဘေးရှောင် ကလေးငယ်တွေ ပရဟိတဂေဟာမှာခိုလှုံ

မုံရွာ ဇူလိုင်-၁၃-၂၀၂၆ MW(VOM ) စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေဟာ မုံရွာမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှခိုလှုံတဲ့ဦးရေ များလာတယ်လို့ ​ဂေဟာက​နေ သိရပါတယ်။ မုံရွာမြို့ သလ္လာရပ် ပေ၈၀လမ်းမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ ချင်းတွင်းမြစ်အနောက်ဖက်ဒေသတွေဖြစ်တဲ့ ယင်းမာပင်၊ ပုလဲဒေသက စစ်ဘေးရှောင် မိဘမဲ့ကလေးငယ်တွေ လာရောက်ခိုလှုံရင်း ပညာသင်နေကြတာဖြစ်ပါတယ်။ “ပရဟိတဂေဟာ စီမံအုပ်ချုပ်မှုကော်မတီအနေနဲ့ စည်းဝေးတိုင်ပင်ပြီး စစ်ဘေးရှောင်ဒေသကကလေးငယ်တွေကို မတ်လက စတင်လက်ခံခဲ့ရာမှာ လက်ရှိအချိန်မှာ ၅၇ဦးအထိ လက်ခံထားတာဖြစ်ပါတယ်။”လို့ ပရဟိတဂေဟာတာဝန်ရှိသူတဦးကပြောပါတယ်။ စစ်ဘေးရှောင်ဒေသက အသက်၄နှစ်ကနေ ၁၄နှစ်အတွင်းရှိ မိဘနှစ်ပါးမဲ့၊ အဖမဲ့၊ အမိမဲ့ ကလေးငယ်ယောကျ်ားလေး ၅၄ဦးဟာ ဂေဟာလက်ကျန်၃ဦးနဲ့အတူ ပညာသင်ယူနေကြတာပါ။ ပရဟိတဂေဟာမှာ အရင်က ပအို့ဝ်၊ ပလောင်၊နာဂနဲ့ ဗမာ မိဘမဲ့ကလေး၉၀ နီးပါးကို ပြုစုစောင့်ရှောက်ထားရာက ကိုဗစ်၁၉ နောက်ပိုင်း နိုင်ငံရေးအခြေအနေကြောင့် တိုင်းရင်းသားကလေးငယ်တွေဟာ နေရပ်ကိုပြန်သွားကြတာပါ။ ပရဟိတဂေဟာမှာ မူလတန်းကျောင်းသား ၁၇ဦး၊ အလယ်တန်းကျောင်းသား ၃၉ဦးနဲ့…

Read More

SKY Villa ပိုင်ရှင်အမှု မူလ ၅ နှစ်ချခံရာကနေ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တာမှာ ထောင်ဒဏ် ၂ နှစ်တိုးကျခံဖို့ အမိန့်ချမှတ်

မန္တလေး၊ ဇူလိုင်- ၁၃- ၂၀၂၆ Voice Of Myanmar မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုပြိုကျမှုနဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဥပဒေပုဒ်မ ၃၀၄-က နဲ့ အောင်မြေသာစံမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့တာကနေ အောင်မြေသာစံခရိုင်တရားရုံးကို ပြင်ဆင်မှုနဲ့ အယူခံတက်တာမှာ ဇူလိုင် ၁၀ရက်​နေ့က ခရိုင်တရားရုံးက​နေ ထောင်ဒဏ် ၂ နှစ်တိုးပြီး ချမှတ်ခဲ့လို့ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ” မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရဲ့ ညွှန်ကြားချက်အရ အောင်မြေသာစံမြို့နယ်တရားရုံးနဲ့ ရာဇဝတ်ကြီးအမှု အမှတ် ၅၅/၂၀၂၆ ကို ပြန်လည်စိစစ်နိုင်ဖို့အတွက် အောင်မြေသာစံခရိုင်တရားရုံမှာ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၃၉ (က )၂၀၂၆ ကို…

Read More

ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်နဲ့ယန်စီ ကြေးနီစီမံကိန်းက CDM ဝန်ထမ်း ၅၀ ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်

ဇူလိုင် ၁၃-၂၀၂၆ KKA(VOM) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစီမံကိန်းကုမ္ပဏီတွေက အာဏာသိမ်းမှုဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြတဲ့ ဝန်ထမ်းတွေထဲက စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်း ၅၀ကျော် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ ညှိုနှိုင်းကူညီဆောင်ရွက်ပေးခဲ့သူ တ၃ဦးက ဇူလိုင် ၁၃ရက်မှာ VOMကိုပြောပါတယ်။ “စားဝတ်နေရေး ခက်လာပြီး ရပ်တည်ဖို့ခက်လာတဲ့အတွက် ကုမ္ပဏီဘက်နဲ့ဆွေးနွေးတာ‌ ‌တွေ အချိန်ပေးပြီး လုပ်ခဲ့ရတယ်။သူတို့က CDM လုပ်ထားတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ ပြစ်ချက်တွေမရှိတာရယ် ၊လုပ်သက်ရင့်တွေဖြစ်နေတာရယ်ကြောင့် ငဲ့ညှာပြီး အလုပ်ပြန်ဝင်ခွင့်ရတာဖြစ်တယ်။”လို့ ကူညီဆောင်ရွက်ပေးသူကပြောပါတယ်။ ၂၀၂၁ခုနှစ် အာဏာထိမ်းမှုစတင်ကတည်း အဲဒီကုမ္ပဏီက ဝန်ထမ်း ရာချီဟာ CDM ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၆နှစ်နီးပါးရောက်လာချိန်မှာတော့ မိသားစု စားဝတ်နေရေး ကြပ်တည်းတာ၊သားသမီးတွေရဲ့ ပညာရေးစရိတ်ခက်ခဲတာ စတာတွေကြောင့် ဇူလိုင် ၁ရက်နေ့ကစတင်ပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုလို ပြန်လည်ဝင်ရောက်နိုင်ဖို့ ညှိုနှိုင်းဆွေးနွေးတာတွေကို…

Read More

အဆိုတော် တသသကို ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့ပဲ ဆက်လက် အရေးယူမယ်

ဇူလိုင် ၁၃ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း အချုပ်ခန်းမှ လွတ်မြောက်ခဲ့တဲ့ အဆိုတော် တသသကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည် ဖမ်းဆီးထားပြီး အမှုဟောင်းနဲ့သာ ဥပဒေအတိုင်း ဆက်လက် အရေးယူမှာဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဆိုတော် တသသကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သူမ လက်ရှိနေထိုင်ရာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “သူက သူပြန်အဖမ်းခံရမှာ သိတယ်လို့ ပြောတယ်။ ဖမ်းတော့လည်း အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အဖမ်းခံပါတယ်။ သူက အမှုဟောင်းဖြစ်တဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပြဏ်ဒဏ်ကျခံဖို့ ကျန်ရှိနေသေးတဲ့အတွက် အဲဒီအမှုအတိုင်းပဲ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။…

Read More

သူတို့အိမ် အခန်း (၁၆၈)

ဆူးငှက် စာအကြောင်း ပေအကြောင်း ပန်းချီအကြောင်း ————————————————- ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က နွေဒေသ စာအုပ်ဆိုင်က ရွှေဒေသ ဟု အမည်ပြောင်းလဲခဲ့သည်။ ကျွန်တော်က နေ့စဉ်နီးပါး ရောက်ဖြစ်နေ၏။ မနက်ခင်းမှာ ဆရာအုန်းမြင့်လှိုင်တို့ မိသားစုလည်း ရောက်လာတတ်သည်။ ဆရာအုန်းက လက်ဖက်ရည် ဖန်ကျကျတစ်ခွက်နှင့် ကြက်ဥ အုမ္မလက်ကို စားတတ်သည်။ ခဏနေလျှင် ကဗျာဆရာမ မစိမ်းပင် က စက်ဘီးနှင့် ရောက်လာသည်။ ဆရာအုန်းနှင့် မစိမ်းပင် တွေ့လျှင် စာအကြောင်း ပေအကြောင်းထက် လက်ရွေးစင် ကျမ်းများထဲက အချက်အလက်များကို ဆွေးနွေးပြောဆို ငြင်းခုန်တတ်သည်။ ငြင်းခုန်ရင်း ရွှေဒေသ၏ စာအုပ်စင်ပေါ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသည့် လက်ရွေးစင်ကျမ်းကို ယူကာ အဖြေမှန်ရှာတတ်သည်။ ရွှေဒေသတွင် ကိုထိန်လင်း(လင်းသူ) က ရန်ကုန်ရှိ ပန်းချီကိုလှမိုးကို ခေါ်လာကာ ဆိုင်ထိုင်ခိုင်းတော့ ကျွန်တော်လည်း ကိုလှမိုးနှင့် စကားပြောဖော်ရသွားသည်။…

Read More

ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းရုံးဖွင့်ပွဲ

ဇူလိုင် ၁၂-၂၀၂၆ VOM မြန်မာတနိုင်ငံလုံးမှာ တတိယအင်အားအ​ကောင်းဆုံးပါတီတခုဖြစ်တဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဟာ ဒီက​နေ့ ဇူလိုင် ၁၂ ရက်​​နေ့မနက်က မန္တ​လေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တ​လေးတိုင်းရုံးဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီ​နေ့ကျင်းပတဲ့ ကျားဖြူပါတီတိုင်းရုံးဖွင့်ပွဲကို တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ၊​ တောင်သူလယ်သမားပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ လူမှုစီးပွားဖွံ့ဖြိုး​ရေးပါတီ၊ ပြည်သူ့​ရှေ့​ဆောင်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု​လေဘာပါတီ စတဲ့ပါတီ ၇ခု​ထက်မနည်း တက်​ရောက်တာ​တွေ့ရပါတယ်။ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ မန္တ​လေးတိုင်းနဲ့ စစ်ကိုင်းတိုင်း ဥက္ကဌ ဦးသီဟစစ်နိုင် (ခ) ဦးညို​ဇေယျက ရုံးဖွင့်ပွဲနဲ့ သူတို့ပါတီအ​ကြောင်း VOM ကို ​ပြောပြ​ပေးခဲ့ပါတယ်

Read More

ထိုင်းနိုင်ငံမှာ တပတ်အတွင်း မြန်မာနိုင်ငံသား အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံရ

ဇူလိုင် ၁၂ – ၂၀၂၆ SS (VOM) ထိုင်းနိုင်ငံမှာ ဇူလိုင် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တပတ်တာကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၁၁ ရက်က နခွန်စီထမ္မရာဇ်ခရိုင်အတွင်း ကားသုံးစီးနဲ့ တရားဝမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်နဲ့ ထိုင်းလူမျိုး ငါးယောက်ကို ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ချွန်ဖွန်ခရိုင်ကနေ ဆောင်ခလာခရိုင်ကို သွားရောက်ကြမယ့်သူတွေဖြစ်ကာ အဲဒီကနေတဆင့် တတိယနိုင်ငံကို ဆက်လက် ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။ “ထိုင်းရဲတပ်ဖွဲ့က သတင်းရလို့ စောင့်ဖမ်းတာ။ ‘Fast74 Shadowless Road’ မဟာဗျူဟာနဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ သိရတယ်။…

Read More

ရေကြီး၊ မြေပြိုမှုကြောင့် ရခိုင် – အိန္ဒိယ ကုန်သွယ်ရေးလမ်းပိုင်းမှာ ကုန်တင်ကား ရာနဲ့ချီပိတ်မိနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်နေ

ဇူလိုင် ၁၂ – ၂၀၂၆ SN (VOM) မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ (မီဇိုရမ်ပြည်နယ်) ကြားရှိ အဓိက ကုန်သွယ်ရေးလမ်းပိုင်းမှာ ကုန်တင်ကား အစီးရေ ရာနဲ့ချီ ပိတ်မိနေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှစတင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ် (Lawngtlai) နဲ့ လန်ဂလိုအိ (Lunglei) မြို့အနီးမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက တက်ပုချေကျေးရွာမှာလည်း ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာကုန်သည် အများအပြားနဲ့ ကုန်တင်ကားအစီးရေ ၃၀၀ ဝန်းကျင်လောက်ဟာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတာဟာ လက်ရှိမှာ ငါးရက်ထက်မနည်း ကြာမြင့်လာပြီဖြစ်တဲ့အပြင် ချင်းပြည်နယ်၊…

Read More