ကာလကတ္တား၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ တရားမ၀င်မှောင်ခိုတင်သွင်းလာတဲ့ အိန္ဒိယရူပီး ၆ ဒသမ ၇၃ ကုဋေတန်ဖိုးရှိ ရွှေချောင်း ၂၀ ကီလိုဂရမ်ကို အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဟိုရာ့ဒေသမှာ အာဏာပိုင်းတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကောက်ခွန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ နယ်စပ်ရှိ မဏိပူမှ တစ်ဆင့် အနောက်ဘင်္ဂလားနယ်သို့ ရွှေချောင်းတွေကို သယ်ယူလာခဲ့တာလို့ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယနိုင်ငံမှ မဟုတ်တဲ့ နိုင်ငံခြားရွှေအလေးချိန်အတိအကျမှာ ၁၉ ဒသမ ၉၂ ကီလိုဂရမ်ဖြစ်ပြီး ရွှေချောင်း ၁၂၀ အရေအတွက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း အိန္ဒိယအခြေစိုက် NDTV သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားပါတယ်။ ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီလိုတရားမ၀င် ရွှေမှောင်ခိုတင်သွင်းမှုတွေမှာ ရွှေချိန်ပမာဏ ၄၁၅ ကီလိုဂရမ်အထိ အကောက်ခွန်ထောက်လှမ်းရေးတွေက ဖမ်းဆီးရမိခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်နဲ့ နိုင်ငံ…
Read Moreဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားမယ်လို့ သက်မွန်မြင့်ဆို
ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့် ပရိသတ်ချစ်ခင်ခြင်းခံရတဲ့ ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားရမယ်လို့ဆို ပါတယ်။ ‘ဒီနှစ် အကယ်ဒမီ ပေးပွဲကတော့ ပိုရင်ခုန်စရာလည်း ကောင်းပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဇာတ်ကားအမိုက်စားတွေ အကောင်းစားတွေအများကြီး ထွက်လာတယ်။ သရုပ်ဆောင်တွေလည်း ဇာတ်ကောင်တွေတိုင်းမှာ လုံးဝပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတယ်ဆိုတော့ ဒိုင်တွေလည်း တော်တော်လေးကို ခေါင်းစားမယ်လို့ ထင်တယ်။ ပရိသတ်တွေလည်း တော်တော်ရင်ခုန်ရမှာပါ”လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် ဇာတ်ကားပေါင်း ၈၃ ကားရှိပါတယ်။ သူမကတော့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ဖြစ်မယ်လို့ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာ ၊ ဓာတ်ပုံပိုင်းတွေ လုပ်ဆောင်ဖြစ်ပေမယ့် ကားရိုက်နည်းနည်းပါးသွားတယ်လို့သိရပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားရဲ့ ရင်ခုန်မှုပတ်သက်ပြီး ”သက်မွန်တို့က အများကြီးတော့ ပြောလို့…
Read Moreအမေရိကန်နဲ့ နျူစာချုပ်ကိစ္စတင်းမာနေစဉ် မိုင် ၇၅၀၀ အထိပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံ ရုရှားစမ်းသပ်
မော်စကို၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) တာလတ်ပစ်နျူကလီးယား စာချုပ်ကနေ အမေရိကန်နဲ့ ရုရှားတို့က နှုတ်ထွက်မယ်လို့အပြန် အလှန်ခြိမ်းခြောက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ ရုရှားနိုင်ငံက ၎င်းရဲ့ အာအက်စ်-၂၄ ယာစ် တိုက်ချင်းပစ်ဒုံးပျံကို အောင်မြင်စွာစမ်းသပ်လိုက်ပါတယ်။ အဆိုပါ သာမိုနျူကလီးယားဒုံးပျံကို နိုင်ငံမြောက်ပိုင်း အာခန်ဂီလက်ခ်ရှိ ပလီဆက် ဒုံးပစ်လွှတ်စင်မှ နိုင်ငံအရှေ့ဖျားပိုင်းသို့ ပစ်လွှတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ယင်းသို့စမ်းသပ်မှုမှာ အာအက်စ်-၂၄ ယာစ် အဆင့်မြင့် ဒုံးပျံစနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပစ်လွှတ်နိုင်တဲ့ ၀ိသေဒလက္ခဏာတွေကို အတည်ပြုဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုပို-အမ် ဒုံးပျံစနစ်ကို ပြုပြင်မွန်းမံထားတဲ့ အဆိုပါ အာအက်စ်-၂၄ ယာစ် ဒုံးပျံသစ်ဟာ အမြင့်ဆုံးအကွာ အဝေးအဖြစ် မိုင်ပေါင်း ၇၅၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ၁၉၉၁ ခုနှစ်တွင်…
Read Moreကျောက်တော်မြို့ကို ထွက်ပြေးရောက်ရှိလာသူ ၂၅ ဦးကိုဖမ်းဆီးရာမှာ လွှတ်ပေးထားခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ကပြန်လည်ခေါ်ယူ
ကျောက်တော်၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ(VOM) ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝကနေပြီးတော့ ဒေသမတည်မငြိမ်ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်မှာ လာရောက်ခိုလှုံဖို့အတွက် ရောက်ရှိလာခဲ့သူ ၂၅ ဦးတို့ကို အခုလ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့အရေးယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒီ ၂၅ ဦးတို့ကို သံသယနဲ့ဖမ်းဆီးစဉ်မှာပါဝင်သတစ်ဦးဖြစ်တဲ့ ဦးတက်တိုးကို အဲဒီနေ့ကလွတ်ပေးထားခဲ့ပေမယ့် မနေ့က စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ပြန်လည်ခေါ်ယူတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ မိသားစုတွေကနေ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကို လာရောက်အပ်နှံမှုပြုလုပ်သွားဖို့ ရှိနေပါတယ်။ “ဖမ်းဆီးသွားတဲ့ ၂၅ ယောက်ကိုတော့ စစ်တွေမှာရဲစခန်းမှာ ချုပ်ထားပါတယ်။ အဲဒီ ၂၅ ယောက်ကိုဖမ်းတဲ့နေ့မှာပဲ တစ်ယောက်ကိုလွှတ်ပေးထားခဲ့ပါတယ်။ သူနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့။ အဲဒါကို မနေ့ ရဲတပ်ဖွဲ့ကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ပြန်ခေါ်တယ်။ အခုမိသားစုတွေ ရဲစခန်းကိုအပ်ဖို့သွားပါတယ်။”လို့ ကျောက်တော်ဒေသခံ ဦးဇော်ဝင်းကပြောပါတယ်။ အဲဒီဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်နဲ့ ချင်းလက်ဝဒေသတွေမှာ ကုန်သွယ်စီးပွားရေးလုပ်ကိုင်နေကြသူတွေ…
Read Moreရိုဟင်ဂျာတွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စံပြခေါင်းဆောင်တစ်ဦးလို့ ဂျိုလီ ချီးကျူး
ဒါကာ၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာဟာ စံပြခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အမေရိကန် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ချီးကျူးပြောဆိုလိုက်ပါတယ်။ ရှိဟာစီနာလို ခေါင်းဆောင်အများပြား ကမ္ဘာကြီးက လိုအပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်သူ ဂျိုလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကော့ဘဇားဒေသကို နှစ်ရက်ကြာသွားရောက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ၀န်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက်လည်း ဂျိုလီက ချီးကျူးပြောဆိုပြီး ၀န်ကြီးချုပ်ဟာ စံနမူနာယူစရာကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလို့ ပြောဆိုခဲ့ကြောင်း ဟာစီနာရဲ့ မီဒီယာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆန်နူကာရင်က သတင်းထောက်တွေကို ပြောပါတယ်။ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းမစမီ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိပြန်လာရေးနဲ့ လုံခြုံစိတ်ချရတဲ့ ၀န်းကျင်းမျိုး မြန်မာနိုင်ငံဘက် မဖြစ်မနေဖန်တီးပေးရမယ်လို့လည်း ဂျိုလီက ပြောဆိုခဲ့ပါတယ်။…
Read Moreစစ်ပွဲတွေကြောင့် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်မှုဖြစ်နေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်ရှိလာနေ
စစ်တွေ၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက စစ်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာတချို့တို့ဟာ ပိတ်မိနေပြီး ဆက်သွယ်သွားလာရေး အခက်အခဲနဲ့ကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်အထိရှိလာနေ ပြီဖြစ်ပါတယ်။ အဲဒီကျေးရွာတွေအနေနဲ့ အခုလိုပိတ်မိနေတာဟာ နှစ်လနီးပါးအထိကြားမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ ဖြစ်တာကြောင့် ရိက္ခာသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို မရရှိတာကြောင့်ဖြစ်ပါတယ်။ “ကျွန်တော်တို့ရွာသားတွေ ဘယ်မှသွားလာလို့မရဘဲ ပိတ်မိနေတာ အခုဆိုရင် နှစ်လလောက်ရှိလာနေပြီပေါ့နော်။ အလုပ်အကိုင်တွေလည်းမလုပ်ရဘူး။ ဒါကြောင့် စားရေးသောက်ရေးအခက်အခဲတွေရှိနေပါတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်။”လို့ ပိတ်မိကျေးရွာသားတစ်ဦးက ပြောပါတယ်။ အခုလိုမျိုးပိတ်မိနေတဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းမှာ ကျေးရွာ ၅ ရွာ၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအထက်ပိုင်းမှာ ကျေးရွာ ၃ ရွာအပြင် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ “ရိက္ခာပြတ်နေတဲ့ကျေးရွာ အားလုံးက မြို့နယ်လေးမြို့နယ်အတွင်းမှာဆိုရင် ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ အခုအခြေအနေက…
Read Moreမတူပီက စစ်တပ်ရှေ့တွေ ညအချိန်ဖြတ်သန်းသွားလာခွင့်မရှိ
မတူပီ ဖေဖော်ဝါရီ ၇-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် မတူပီမြို့ အထွက်ဖက်မှာ တည်ရှိတဲ့ တပ်မတော်တပ်ရင်း တွေရဲ့ ရှေ့ကနေ ညနေ ၇ နာရီ ကနေ မနက် ၅ နာရီ ကြား ကာလမှာ ဖြတ်သန်း မသွားဖို့ တပ်မတော်ဖက်ကနေ အမိန့်ထုတ်ကြေညာထားတယ် လို့ မတူပီမြို့ဒေသခံတွေကပြောပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ နဲ့ နေ့လယ်ချိန် ဖြတ်သန်းသွားလာတဲ့ အခါမှာလည်း တပ်ရင်းတွေ ရှေ့ရောက်ရင် ဖုန်းပြောတာတို့ ဓာတ်ပုံရိုက်တာတို့ စတဲ့အရာတွေ ကိုလည်း မပြုလုပ်ကြဖို့နဲ့ မြို့တွင်းမှာ တူမီး လေသေနတ်စတာတွေ ထမ်းပြီး မသွားလာကြဖို့ ၊ လူစိမ်းတွေ ၀င်ရောက်လာရင် ချက်ခြင်း အသိပေးဖို့ ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ် အတွင်းမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ကနေစပြီး ထုတ်ပြန်ထားတာ…
Read Moreဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့တဲ့အပေါ် စောင့်ကြည့်ပြီး သင့်သလိုဆောင်ရွက်သွားမယ်လို့ အတိုက်အခံတွေဆို
နေပြည်တော် ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့တဲ့ အဆိုပေါ်မှာတော့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ၄၁၄မဲ ကန့်ကွက်မဲ၁၉၁မဲ ကြားနေမဲ၆မဲနဲ့ လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကိုယ့်ဘက်ကိုယ် လိုတာပဲပြောနေကြပြီးတော့ သင်လျော်တဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို ဗိုလ်မှုးချုပ်မောင်မောင်က ဒီအဆိုကို သဘောမတူခဲ့လို့ ကန့်ကွက်မဲပေးခဲ့တယ် အဆိုက အတည်ပြုပြီးသွားတဲ့အတွက် ကော်မတီဖွဲ့ခဲ့ရင် ဘယ်လိုအချိုးအစားနဲ့ ပါဝင်ရမယ်ဆိုတာ ပြောဖို့စောသေးပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။ #voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေး
Read MoreRed Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်တင်ထားတာမရှိ
ရန်ကုန် ဖေဖေါ်ဝါရီ၆-၂၀၁၉ TGH (VOM) အီလက်ထရွန်းနစ်ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုပေးတဲ့ Red Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခဲ့တာမရှိသလို ခွင့်ပြုခဲ့တာလည်းမရှိတဲ့အတွက် သက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ “သူတို့ ဘာအလုပ်လုပ်လဲ။ သူတို့နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေက ဘာတွေလဲ။ ပင်နံပါတ်ထုတ်ပေးတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့က ဒီဟာတွေပေါ်မှာ မဝေဖန်လိုပါဘူး။ စဉ်းစားကြည့်ပါ။ လက်ရှိ ဖြစ်ပွားနေတဲ့ Red dot ကိစ္စကတော့ ဗဟိုဘဏ်နဲ့ ဘာမှသက်ဆိုင်ခြင်းမရှိဘူး။ ဗဟိုဘဏ်ကလည်းခွင့်မပြုထားပါဘူး။ အဲဒီပင်နံပါတ်တွေက ဘယ်ကရလဲ။ သူတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုမေးကြည့်ရင် သိမှာပါ”လို့ ဆိုပါတယ်။ ထို့အတူပဲ Red Dot နဲ့ပူးပေါင်းကာ ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ ကိုယ်စားလှယ်တချို့ကလည်း စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း စားသုံးသူကာကွယ်ရေးဥပဒေဟာ စားသုံးသူကိုပဲကာကွယ်ပေးတာဖြစ်ပြီး ကုန်စည် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်မဟုတ်ဘဲ…
Read Moreပြည်ဝင်ဗီဇာနဲ့မကိုက်ညီပဲ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံခြားသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုအရ ပြည်နှင်ဒဏ်ပေးပြီး အမည်မည်းစာရင်းသွင်းမယ်
ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်၈လအတွင်း တရားမဝင်အထောက်အထားမဲ့ နေထိုင်ခြင်း ၊ဗီဇာရက် လွန်နေခြင်း၊ လူခိုးသွင်းခြင်း အပါအ၀င် နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ ပြစ်မှု ၊ပြစ်ဒဏ်ပေါင်း ၅၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ ဒီပြစ်မှုတွေထဲမှာ တရားမဝင်အထောက်အထားမဲ့နေထိုင်သူ ၊ လဝကအက်ဥပဒေ ၃(၁)/၁၃(၁)မှာ (၃၅)မှု၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှု၊ လဝက အက်ဥပဒေ ၄(၂)/၁၃(၁) မှာ (၁)မှု၊ ရောက်ရှိနေထိုင်ကြောင်း Form – C တိုင်ကြားရန်ပျက်ကွက်မှုင်း ၊ နမတ နည်းဥပဒေ ၁၄(၆)/နမတ အက်ဥပဒေ ၅(၁)မှာ (၁၀)မှုကို ၂၀၁၈ မေလကနေ ဒီဇင်ဘာလအတွင်းမှာ အရေးယူခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအ ဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “တရားမဝင်အထောက်အထားမဲ့…
Read More




