ပခုက္ကူ ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ အောင်မြင့်(VOM) ပခုက္ကူ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် နဲ့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က တက္ကသိုလ်ကျောင်းသား ၅၀၀ လောက်ဟာ မြစ်ဆုံစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် ဒီကနေ့နံနက်ပိုင်းက ဧရာဝတီတံတားအောက်မှာလာရောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့ပြင် ပခုက္ကူဒေသခံကဗျာဆရာတွေက ဧရာဝတီမြစ်လယ်သောင်ပြင်မှာ စီမံကိန်ရပ်ဆိုင်းဖို့ ရင်ဖွင့်စကားပြောတာတွေ ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar#ပခုက္ကူ#မြစ်ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းရေး တက္ကသိုလ်ပေါင်းစုံကျောင်းသားတွေဆန္ဒပြ#
Read Moreမိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်ဆိုတဲ့ မော်ဒယ်လ် JNaw
ရန်ကုန် ဖေဖော်ဝါရီ ၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ဖက်ရှင်လန်းလန်းတွေဝတ်ဆင်တတ်တဲ့ မော်ဒယ်လ် JNawက ယောက်ျားလေးတွေထက် မိန်းကလေးချင်း ချစ်ရတာ ပိုစိတ်ချရတယ်လို့ဆိုပါတယ်။ ” နောက မိန်းကလေးချင်း စိတ်ဝင်စားတယ်ဆိုတော့ ၂၀၁၉ ခုနှစ်မှာ မိန်းကလေးချင်း ရည်းစားထားရင် ကောင်းမလားလို့ပါ၊ Tomboy တစ်ယောက်လောက်နဲ့ တွဲရင်ကောင်းမလားလို့ စဉ်းစားနေတယ်၊ မိန်းမချင်းဆိုတော့ ပိုပြီးတော့ Safe ဖြစ်တယ်လေ”လို့ဆိုပါတယ်။ သူမက တကယ်လို့ ကိုယ့်ကချစ်တဲ့သူက Tomboy ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကိုယ့်အပေါ်မှာ စိတ်ရှည်မယ်။ နားလည် ပေးမယ်သူ ၊ ချစ်ပေးနိုင်မယ်။ ဂရုစိုက်ပေးနိုင်မယ်။ရုပ်ချောသည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ နောလေးက အိုကေပါတယ်လို့ပြောပါတယ်။ ” ယောက်ကျားဆိုပြီး ကြိုက်လိုက်ခါမှ ခြောက်နေတဲ့ သူမျိုးနဲ့ ကြုံရတာမကောင်းဘူး၊ အဲဒီလိုဖြစ်မှာလည်း ကြောက်တယ်၊ အဲဒါကြောင့် FA ဘဝကကောင်းတယ်၊ အဲဒီလိုအဖြစ်မျိုးဖြစ်တာ နားထောင်လို့လည်း မကောင်းဘူး၊ ယောကျာ်းတွေ မကောင်းဘူးလို့တော့…
Read Moreဗင်နီဇွဲလားအရေးမှာ တိုက်ရိုက်စစ်ရေးကျူးကျော်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှား သတိပေး
ကရာကတ်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ မျိုးဆက် (VOM) လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံအရေးမှာ တိုက်ရိုက်စစ်ရေး ကျူးကျော်မှုအပါအဝင် သမ္မတ နီကိုးလပ်မာဒူရိုရဲ့ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးတွေလုပ်ဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ ရုရှားနိုင်ငံက သတိပေးပြောဆိုလိုက်ပါတယ်။ တိုက်ရိုက်စစ်ရေးကျူးကျော်မှုမှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်အာဏာပိုင်တွေကို ဖြုတ်ချဖို့ အမေရိကန်က စစ်ရေးအင်အား အသုံးပြုနိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေ ရှိနေဆဲဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဖေဖော်ဝါရီ ၇ ရက်ကသတိပေးပြောဆိုပါတယ်။ လွန်ခဲ့တဲ့လက နောက်ထပ်ခြောက်နှစ် သမ္မတသက်တမ်း တာဝန်စတင်ထမ်းဆောင်ဖို့ ကျမ်းကျိန်ခဲ့တဲ့ သမ္မတ မာဒူရိုကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ဗင်နီဇွဲလား နိုင်ငံသား သောင်းပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဌနဲ့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာပြီး သမ္မတမာဒူရို ရာထူးမှ…
Read Moreတောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းကြောင့် ဒေသခံတွေစိုးရိမ်
ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၈-၂၀၁၉ လမင်း(ပြည်) (VOM) ဖေဖော်ဝါရီလ ၈ ရက်နေ့မနက်ပိုင်းက ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်က တောင်နဝင်းဆည်ကျိုးတယ်လို့ ကောလဟာလသတင်းများ ပျံ့နှံ့ခဲ့ပြီး ဒေသခံတွေဟာ စိုးရိမ်နေကြပါတယ်။ ” ဆည်ကျိုးပြီးရေတွေဝင်လာတယ်ဆိုတာကြောင့်ဆည်အောက်ပိုင်းကကျေးရွာနေပြည်သူများသာမက ပေါက်ခေါင်းမြို့မှာနေတဲ့သူတွေလည်းပြေးကြလွှာကြနဲ့စိုးရိမ်ထိတ်လန့်ကြတယ် ” ဟုပေါက်ခေါင်းမြို့နေ ဒေသခံတစ်ဦးကဟြေပါတယ်။ ယခုလက်ရှိမှာ ဆည်ကျိုးသည့်မဟုတ်မမှန်ကောလဟာလသတင်းကြောင့် တောင်နဝင်းဆည်ကို လာရောက်ကြည့်ရှု့ကြတဲ့သူများနေပြီး တောင်နဝင်းဆည်အနီးပတ်ဝန်းကျင်ရှိရွာတွေနဲ့ ပေါက်ခေါင်းမြို့ထဲမှာ တောင်နဝင်းဆည်ကျိုးတာဟာ မဟုတ်မမှန် ကောလဟာလသတင်းဖြစ်ကြောင်း ပြည်သူများစိုးရိမ်မှု့မရှိအောင် အသံချဲ့စက်များနဲ့ လိုက်လံသတိပေးနေပါတယ်။ #voiceofmyanmar#ပေါက်ခေါင်း#တောင်နဝင်းဆည်ကျိုးတယ်လို့ကောလဟာလသတင်းကြောင့်ဒေသခံတွေစိုးရိမ်#
Read Moreရုပ်ရှင်ကားကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ကျော်ရဲအောင်ပြော
ရန်ကုန်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ သင်းသဒ္ဒါ (VOM) ရိုက်တာ ပီပြင်စွာသရုပ်ဆောင်တတ်တာကြောင့် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိရနေတဲ့ သရုပ်ဆောင် ကျော်ရဲအောင်ကတော့ ရုပ်ရှင်ကားတွေကို ဗီဒီယိုလို ပြီးပြီးရောရိုက်နေကြတယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ် “ကျွန်တော် ဇာတ်ကားရိုက်ကူးမှု တော်တော်လေးကို ကြဲတာက မရိုက်တော့တာပါ၊ ဘယ်လိုလည်းဆိုတော့ ကားတွေကပြီးပြီးရော ရိုက်လာကြတယ်၊ ရုပ်ရှင်ကားကြီးကို ဗီဒီယိုလိုပြီးပြီးရော ရိုက်နေကြတော့ ဘယ်လိုတွေ ရိုက်တော့မလဲ၊ ကျွန်တော်တော့ လိုက်မမှီတော့လို့ ခဏရပ်ထားတယ်၊ တစ်ကားချင်းလောက်ပဲ ခင်ရာခင်ကြောင်း လက်တွဲရိုက်ခဲ့တဲ့သူတွေလောက်ပဲ ရိုက်ဖြစ်တော့တာပါ”လို့ ပြောပါတယ်။ သူကတော့ ဖေဖော်ဝါရီ ၇ ရက်က မိတ်ဆက်ခဲ့တဲ့ Fortune Tv စတင်မိတ်ဆက်ပွဲ နဲ့ ပျော်ရွှင်ပါပွဲတော် ကျင်းပမယ် စာနယ်ဇင်း မိတ်ဆက်ပွဲကို ပြည်လမ်းရှိ Novotel Hotel ကို ပွဲတက်ရောက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ ဟာသဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။…
Read Moreထိုင်းဘုရင်ရဲ့အမတော် မင်းသမီးယူဘိုရာတာနာ ဝန်ကြီးချုပ်ရာထူး ဝင်ရောက်ယှဉ်ပြိုင်မယ်
ဘန်ကောက်၊ ဖေဖော်ဝါရီ ၈-၂၀၁၉ မျိုးဆက် (VOM) ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့ အကြီးဆုံးအစ်မဖြစ်သူ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အသက်၆၇နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးယူဘိုရာတာနာမာဟစ်ဒို ဟာ ထိုင်းရတ်ဆာချက်ပါတီအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အဆိုပါပါတီကနေ ယင်းကိစ္စကို ဖေဖော်ဝါရီ ၈ ရက်က အံ့အားသင့်ဖွယ် ကြေညာလိုက်တာဖြစ်ပါတယ်။ မင်းသမီးကို ပါတီရဲ့တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်တင်သွင်းလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း မှတ်ပုံတင်ပြီးနောက် ထိုင်းရတ်ဆာချက် ပါတီရဲ့အကြီးအကဲ ပရီချာပိုပေါင်ပါနစ်က သတင်းထောက်တွေကို အတည်ပြုပြောဆိုပါတယ်။ ထိုင်းတော်ဝင်မိသားစု အစဉ်အလာအရ နိုင်ငံရေးကိစ္စတွေနဲ့ ကင်းအောင်နေရတဲ့အတွက် ယခုကိစ္စရပ်မှာ ကြိုတင်မျှော်မှန်းမထားတဲ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုဖြစ်ပြီး မင်းသမီးဟာ ၁၉၇၀ပြည့်လွန်နှစ်တွေအတွင်း သူမရဲ့ တော်ဝင်အမည်ကို စွန့်လွှတ်ထားသူဖြစ်ပါတယ်။ မင်းသမီး ယူဘိုရာတာနာရဲ့ အမည်တင်သွင်းမှုကို…
Read Moreကရင်နီလူငယ် သပိတ်စခန်း ထပ်မံဖြိုခွဲခံရ
လွိုင်ကော်၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ ထူးသာဦး(VOM) ဗိုလ်ချုပ်ကြေးရုပ်ထုကို လွိုင်ကော်မှာ ထားရှိမယ့် ကိစ္စနှင့်ပတ်သက်ပြီး လွိုင်ကော်NLDပြည်နယ်ရုံးရှေ့မှာ ကန့်ကွက်ထိုင်သပိတ်ဆင်နွှဲနေတဲ့နေရာကို ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်းမှာ ထပ်မံဝင်ရောက် စီးနင်းလိုက်ပါတယ်။ “လူငယ်ကိုးယောက်ဖမ်းသွားတယ်၊အခုဖမ်းတဲ့ထဲမှာ ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးနေတဲ့ မီဒီယာလဲပါတယ် ကင်မရာတွေလည်းအားလုံးသိမ်းသွားတယ်၊ လက်ရှိအချိန် သပိတ်စခန်းနေရာကို ရဲတပ်ဖွဲ့ဝင်တွေ နေရာယူထားပြီး မည်သူမှဝင်လို့မရအောင် တာဆီးထားတယ် ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။ လူငယ်များအနေနဲ့က ကြေးရုပ်ထုကိုဖျက်သိမ်းပေးဖို့၊ မဖြစ်မနေလုပ်မယ်ဆိုပါက တပြည်နယ်လုံးမဲပုံးထောင်ပြီး ပြည်သူ့ဆန္ဒခံယူဖို့ ၊ NLDအနေနဲ့ ရုပ်ထုကိုမဖြစ်မနေထားမယ်ဆိုရင် အများပြည်သူပိုင် ပန်းခြံမှာမထားဘဲ ပါတီနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့၊ပရဟိတအသင်းလုပ်မယ်ဆိုရင်လည်း ပရဟိတနဲ့သက်ဆိုင်တဲ့ နေရာမှာထားဖို့ စသည့်အချက်တွေကို တောင်းဆိုထားတာဖြစ်ပါတယ်။ ” သပိတ်စခန်းကို ဝင်စီးလိုက်တဲ့သဘောပါ၊ အခုအဲ့နေရာကိုရဲတွေ နေရာယူထားတယ်၊ ဘယ်သူ့ကိုမှပေးမဝင်တော့ဘူး ” လို့ ခွန်းသောမတ်စ် က ပြောပါတယ်။ ဖေဖေါ်ဝါရီ၇ရက် ညနေပိုင်းက…
Read Moreစည်ပင်ရွေးကောက်ပွဲမှာအနိုင်ရရင် ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတဲ့ ထက်ထက်ထွန်း
ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ၂၀၁၆ ခုနှစ်က Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုရှင် အလှမယ် ထက်ထက်ထွန်း ကတော့စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတယ်လို့ဆိုပါတယ်။ ”လောလောဆယ်ကတော့ ကော်မတီနေရာက ၀င်ရောက်ယှဉ်ပြိုင်တယ်။ နောက်ဆုံး ဒုတိယမြို့ တော်ဝန်နေရာ ထိမှန်းတယ်။ ဒီကနေ ဒုမြို့တော်ဝန်အထိ ပြိုင်လို့ရတယ်ဆိုတော့ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက် ထိုက်တန်အောင် ကြိုးစားလုပ်ဆောင်မှာပါ”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မြို့တော် စည်ပင်သာယာရေး ကော် မတီဝင်အဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အခုဝင်ပြိုင်ကတော့ မဲဆန္ဒနယ် ၃က ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မဲဆန္ဒနယ် ၆ ခုရှိပါတယ်။ လူဦးရေ အိမ်ခြေအရေလည်း အသီးသီးသွားထားပါတယ်။ မဲဆန္ဒနယ်ကတော့ ၃ မှာတော့ မြို့နယ်ပေါင်း ၁၂ မြို့နယ် ပါပါတယ်။ မြို့နယ်တွေကတော့ ကြည့်မြင်တိုင်၊ စမ်းချောင်း…
Read Moreလွိုင်ကော် ကရင်နီလူငယ် သပိတ်စခန်းဖြိုခွဲခံရ
လွိုင်ကော် ဖေဖေါ်ဝါရီ ၇- ၂၀၁၉ ထူးသာဦး (VOM) လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးရှေ့မှာ သပိတ်စခန်းထိုင်နေတဲ့ လူငယ်တွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သပိတ်ခန်းကို ဖြိုခွင်းလိုက်ပါတယ်။ သပိတ်စခန်းဖျက်သိမ်းပေးဖို့ ယနေ့ မွန်းလွှဲပိုင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ လွိုင်ကော်စခန်းမှူးတို့ လာရောက်ပြောဆိုခဲ့ပြီး နာရီဝက်အကြာ ရဲအင်အား တစ်ရာဝန်းကျင် သပိတ်စခန်းကို ရောက်ရှိလာကာ ကရင်နီလူငယ်များ ဖမ်းဆီးခံခဲ့ရပြီး သပိတ်စခန်းဖြိုခွဲခံခဲ့တာဖြစ်ပါတယ်။ ဒီနေ့သပိတ်စခန်းဖြိုခွဲ မှုမှာ သပိတ်စခန်းဦးဆောင်သူ လေးဦးကို ရဲတပ်ဖွဲ့များမှဦးစွာဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ရှိခဲ့သည်လူငယ် ၃၇ဦးကို လူစုခွဲခိုင်းရာမှ လူငယ်များက လူစုမခွဲသောကြောင့်ရဲကားပေါ်သို့အတင်းဆွဲခေါ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သပိတ်ခေါင်းဆောင် ၄ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှ တရားလိုပြုလုပ်ပြီး ငြိမ်းစုစည်ပုဒ်မဖြင့်တရားစွဲဆိုသွားမည်ဟုသိရှိရသော်လည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည့်လူငယ် ၃၇ ဦးကိုမူ တရားစွဲ၊ မစွဲကို ရှင်းလင်းစွာ မသိရှိရသေးပါဘူး။ ထိုင်သပိတ်ကော်မတီပြောရေးဆိုခွင့်ရှိသူ…
Read Moreရန်ကုန်မှာ မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေထိမ်းသိမ်းမှ နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်မယ်လို့ ဝန်ကြီးချုပ်ဆို
ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ TGH (VOM) ရန်ကုန်မြို့ကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နေချင်စဖွယ် စီးပွားရေးမြို့တော် ဖြစ်ဖို့အတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHTက ပြုလုပ်တဲ့ ကမ်းနားလမ်းက the Strand Hotelကို ၂၇ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အပြာရောင်ကမ္ဗည်းပြား Blue Plaque တပ်ဆင်တဲ့အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။ “မြို့ပြအမွေအနှစ်နဲ့ ပတ်သက်ပြီး နှစ်မျိုးရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် ရှိသလို မြို့ပြအမွေအနှစ်တွေရှိပါတယ်။ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုနိုင်တဲ့ နေချင်စဖွယ်မြို့တော်ဖြစ်လာအောင်ကြိုးစားရမှာဖြစ်တယ်။ ဒါက ရန်ကုန်ရဲ့ရည်ရွယ်ချက်တွေထဲမှာလည်းပါတယ်။ ခုချိန်က ရန်ကုန်မြိုကို ဖွံ့ဖြိုးတိုးတက်တောင် ဆောင် ရွက်နေတဲ့ကာလလည်းဖြစ်တယ်။ အမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုပဲ မြို့ရဲ့သဘာ ၀ပတ်ဝန်းကျင်ကို မပျက်စီးသွားစေဖို့ကလည်း အရေးကြီးတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်”လို့ ဆိုပါတယ်။…
Read More




