တောင်ကုတ်မြို့ အဝင်အထွက် ပိတ်ထားတာ လေးရက်ထိ ကြာမြင့်လာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှာကို စိုးရိမ်နေကြ

  ဇွန် ၁၉ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ကို အဝင်အထွက် ပိတ်ထားတဲ့အတွက် မြို့ခံတွေ ဝင်ထွက်မရဖြစ်နေတယ်လို့သိရပါတယ်။ မြို့အဝင်အထွက်ကို တောင်ကုတ်မြို့နယ်မှာတိုက်ပွဲစတင်ဖြစ်ပွားပြီးနောက်ဇွန်လ ၁၆ ရက်နေ့ကစလို့ ပိတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်၊ လူ၊ကားအပြင် အရေးပေါ်လူနာတင်ယာဥ်တွေပါ ဖြတ်သန်းသွားလာခွင့်မပြုတော့တဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့အဝင်အထွက်လမ်းကြောင်းကို ပိတ်ထားတာဟာ ခုဆိုရင် လေးရက်ရှိပြီဖြစ်လို့ ကုန်စည်စီးဆင်းမှုလည်းရပ်နေကြောင်း အကယ်၍သာ လမ်းကြောင်းပိတ်ဆို့မှုသာကြာမြင့်လာမယ်ဆိုရင် မြို့ခံလူထုအတွက် ဆေးဝါးပြတ်လတ်မှုပိုမိုးဆိုးရွားလာနိုင်တဲ့အပြင် စားနပ်ရိက္ခာလိုအပ်ချက်လည်းရှိလာနိုင်တယ်လို့သိရပါတယ်။ ” အခုလမ်းတွေအကုန်ပိတ်ချလိုက်တော့ လူဆိုင်ကယ်ရော အရေးပေါ်ကားဘာတခုမှကို ဖြတ်လို့မရဘူး၊အခုလောလောဆယ်ကတော့ မြို့ကနေဘယ်သူမှထွက်မရဘူး၊အခုက မြို့တွင်းကလူလည်းအပြင်မထွက်နဲ့ အပြင်ကလူလည်း အတွင်းမဝင်နဲ့ဆိုတဲ့သဘောပါ၊အခုကတင်းတင်းကြပ်ကြပ်ကိုလုပ်နေတာ၊ မြို့ပေါ်လူထုကတော့တယောက်တမျိုးစီပေါ့ ရွာတွေထက်မြို့ကလုံခြုံတယ်ပေါ့၊တချို့ကလည်း စစ်ရှောင်မယ်ဆိုဘယ်ကလုံခြုံမလဲပေါ့ဆိုပြီး ခုထိတော့ကိုယ့်အိမ်ကိုယ် နေနေကြတုန်းပဲ၊အခုကတော့ရေကြောင်းကလည်းတရားဝင်သွားရဖို့ကတော့မလွယ်ဘူး ” လို့ တောင်ကုတ်မြို့ခံတယောက်ကပြောပါတယ်။ တောင်ကုတ်မြို့အဝင်အထွက်ကို ပိတ်လိုက်တဲ့အတွက် လတ်တလောမှာဒုက္ခရောက်နေသူတွေက ပြင်ပထွက်ပြီးဆေးကုသမှုခံယူဖို့လိုအပ်တဲ့အရေးပေါ်လူနာတွေ ဖြစ်ကြောင်း၊ မြို့တွင်းပြည်သူ့ဆေးရုံမှာလည်းဆရာဝန်အချို့နဲ့ သူနာပြုအနည်းငယ်အပါအဝင် ဒေသခံလူတွေက…

Read More

မုန့်သိုင်းခြုံ

  ဆူးငှက်   “တော်ပြီကွာ…၊ အငြိမ့်ကရတာပင်ပန်းလှတယ်၊ စိတ် နာပြီ…” “အငြိမ့်မကရင် ဘာလုပ်စားမတုန်း…” “မုန့်ရောင်းစားမယ်…” “ဘာမုန့်တုံး…” “အရပ်ကတို့ ဖမ်းလိုက်စမ်းပါ၊ ဖမ်းလိုက်စမ်းပါ… ဆို တဲ့မုန့်” “ဟ… ဘာမုန့်တုံးကွ” “မုန့်လေပွေလေ…” “သြော်… ဒီလိုလား။ ငါလည်း ပွဲမကတော့ဘူး” “မင်းက ဘာလုပ်စားမှာလဲ” “ငါလည်း မုန့်ရောင်းစားမှာပေါ့…” “ဘာမုန့်လဲကွယ်…” “ကိုင်း… ရွာစားရေ ရှမ်းဆိုင်းလေး…” (အငြမ့်တီးဝိုင်းမှ ရှမ်းအိုးစည်တီးလုံးတီးစေ) “မင်းဟာက…ရှမ်းအိုးစည်နဲ့ကတာကိုး… ဘာမုန့်တုံး ကွဲ့” “မုန့်သိုင်းခြုံလေ…”တဲ့။     ငယ်ငယ်က ကြည့်ဖူးတဲ့အငြိမ့်ပြက်လုံးပါ။ အခုလို ဘုရားပွဲတော်၊ ကထိန်ပွဲတော် ရာသီရောက်ရင်တွေ့တဲ့ အငြိမ့်ပွဲ ခင်းမှာ ပရိသတ်ထဲတိုးပြီး ဖိနပ်ဖင်ခုထိုင်ကာ အငြိမ့်ကြည့်ရတဲ့ အရသာဟာ ပြန်လှန်တွေးကြည့်တော့ အလွန်လွမ်းဆွတ်စရာ ကောင်းလှပါတယ်။ လူပြက်က တောင်ရှည်ပုဆိုးကို ဖနောင့်နဲ့ ခတ်ကာ မ,တဲ့ပြီး ခါးတောင်းကျိုက်၊…

Read More

မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲအဖွဲ့ ပစ်ခတ်ဖမ်းဆီးခံရ ၊ တယောက်သေဆုံး ၊ သေနတ် သုံးလက်နဲ့ RLG ကားတစီး ဖမ်းဆီးရမိ

  ဇွန် ၊ ၂၀၂၄ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းမှာရှိတဲ့ ကုန်စုံဆိုင်တခုနားမှာ ဒီကနေ့မနက် ၉ နာရီဝန်းကျင်က လူပြန်ပေးဆွဲအဖွဲ့ကို နစက လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နန္ဒဝန်ရပ်ကွက်နေ ဒေသခံတယောက်က ” မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို ပြန်ပေးလာဆွဲတဲ့ ကားက မတ်တူး ခဲရောင် ၊ ယာဥ်နံပါတ်အဝါရောင် တပ်ဆင်ထားတယ် ၊ အဲ့ဒီကားပေါ်မှာ လူသုံး ယောက်ပါတယ် ၊ တယောက်ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးတယ် ၊ တယောက်က အရှင် ဖမ်းဆီးခံရတယ် ၊ ကျန်တယောက်က ကားမောင်းပြီး ထွက်ပြေးသွားတယ်” လို့ပြောပါတယ်။ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နန္ဒဝန်ရပ်ကွက် ၊ မေတ္တာလမ်းပေါ်က ကုန်စုံဆိုင်ကို…

Read More

This Day in History

  Voice of Myanmar ဗြိတိန်ထံမှ လွတ်လပ်ရေးကြေညာစာတမ်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အမေရိကန်ကို ပြင်သစ်က လက်ဆောင်ပေးသော လေဘာတီရုပ်တုသည်၁၈၈၅ ခုနှစ် ဇွန် ၁၇ ရက်တွင် နယူးယောက် ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June17

Read More

ရုရှားတပ်တွေ ရုပ်သိမ်းတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

  ရောမ၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ရုရှားတပ်တွေ ယူကရိန်းနယ်မြေကနေ ရုပ်သိမ်းခဲ့မယ်ဆိုရင် ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ချက်ချင်းလုပ်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်က စစ်ပွဲကို အဆုံးသတ်မှာမဟုတ်တာကြောင့် စစ်ရေးအရဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ အဆုံးသတ်ရမယ်လို့ ဇီလန်စကီးကဆိုပါတယ်။ အနောက်အုပ်စု မဟာမိတ်တွေရဲ့ အထောက်အပံ့တွေဟာ စစ်ပွဲကို အနိုင်ရလောက်တဲ့ထိ မရပေမယ့် ယူကရိန်းအတွက် နိုင်ငံတကာ ထောက်ခံမှုတွေကတော့ ယုတ်လျော့မသွားဘူးလို့ ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံမှာ သူက ပြောပါတယ်။ ဆွစ်ဇာလန်မှာပြုလုပ်တဲ့ ယူကရိန်းငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်လာတဲ့နိုင်ငံတွေက ယူကရိန်းရဲ့ နယ်မြေပိုင်ဆိုင်မှု အာမခံချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားကို ပြတ်သားစွာ ပြစ်တင်ရှုတ်ချတဲ့ ပူးတွဲထုတ်ပြန်ချက်ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပူးတွဲ ထုတ်ပြန်ချက်ကို အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဆော်ဒီအာရေဗျတို့က လက်မှတ်ထိုးခြင်းမရှိပါဘူး။ ထိပ်သီးဆွေးနွေးပွဲဟာ…

Read More

ဆော်ဒီမှာ ပြင်းထန်တဲ့အပူချိန်ကြောင့် ဂျော်ဒန်ဘုရားဖူး ၁၄ ယောက်သေဆုံး

  ရီယတ်၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ဆော်ဒီအာရေဗျမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် ဟာ့ဂျ်ဘုရားဖူးသွားသည့် ဂျော်ဒန်နိုင်ငံသား ၁၄ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျော်ဒန်နိုင်ငံသား ၁၄ ယောက်ဟာ ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကြောင့် သေဆုံးသွားပြီး ၁၇ ယောက် ပျောက်ဆုံးနေကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ အီရန်လခြမ်းနီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့ အီရန်ဘုရားဖူးငါးယောက်လည်း အပူလှိုင်းကြောင့် သေဆုံးသွားတယ်လို့ ပြောပါယ်။ ဆော်ဒီအာဏာပိုင်တွေနဲ့ သေဆုံးသူတွေရဲ့မိသားစု သဘောဆန္ဒအရ သင်္ဂြိုဟ်ခြင်းနဲ့ ပြန်လည်သယ်ယူခြင်းတို့ကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြုလုပ်နေတယ်လို့ ဂျော်ဒန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဆော်ဒီအာရေဗျမှာ ယခုသီတင်းပတ်အတွင်း အပူချိန်ဟာ ၄၆ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွားတာကြောင့် ဟာ့ဂျ်ဘုရားဖူး ထုံးတမ်းစဉ်လာတွေနဲ့ ခြေလျင်လျှောက်ခြင်းတွေမှာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် စိန်ခေါ်မှုတွေ များစွာ ဖြစ်ပေါ်စေပါတယ်။ ဟာ့ဂျ်ဘုရားဖူးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော စုဝေးပွဲတွေထဲက…

Read More

မောင်တောမြို့ခံတွေ ထွက်ခွာဖို့ AA သတိပေးထုတ်ပြန်ပေမယ့် ရှောင်တိမ်းဖို့ အခက်အခဲတွေရှိ

  ဇွန် ၁၇ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မောင်တောမှာ မြို့သိမ်းတိုက်ပွဲ စတင်တော့မှာဖြစ်လို့ ဒေသခံတွေ မနေ့ ဇွန် ၁၆ ရက် ညမှစတင်ကာ ချက်ချင်းထွက်ခွာကြဖို့ ရက္ခိုင့်တပ်တော် (AA) က အသိပေး ထုတ်ပြန်ထားပေမယ့် မြို့ကနေတိမ်းရှောင်ဖို့ အခက်အခဲတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ AA က မနေ့ည ၉ နာရီမှာ အသိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မောင်တောမြို့က လက်ကျန်စခန်းတွေကို တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ လမ်းမ၊ နေအိမ်အတွင်း နစက က ခုခံစစ်ပြင်ထားတဲ့ နေရာတွေ၊ အဆောက်အအုံတွေပေါ်ရှိ စနိုက်ပါပစ်နိုင်ဖို့ ပြုလုပ်ထားတဲ့ နေရာတွေနဲ့ နစကတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေမှာ ပူးတွဲနေထိုင်ခြင်း မရှိစေဖို့ သတိပေးထားပါတယ်။ “AA က မြို့ကနေ ထွက်ခွာဖို့ သတိပေးထားပေမယ့် အာဏာပိုင်တွေဘက်က…

Read More

ကမ္ဘာတဝန်းမှာ နျူကလီးယားထိပ်ဖူးတွေ ဖြန့်ကြက်ထားမှု ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာ

  စတော့ဟုမ်း၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာတဝန်းမှာ ဒုံးကျည်တွေ၊ လေယာဉ်တွေနဲ့ ဖြန့်ကြက်ချထားတဲ့ နျူကလီးယားထိပ်ဖူးအရေတွက်ဟာ ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးလာကြောင်း ဆွီဒင်သုတေသနအဖွဲ့တဖွဲ့က ထုတ်ပြန်ပါတယ်။ ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅၅၈၀ ၊ အမေရိကန်မှာ ၅၀၄၄ ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းပို်ငဆိုင်တယ်လို့ ယုံကြည်ရပါတယ်။ တရုတ်မှာတော့ နျူကလီးယားထိပ်ဖူး ၅၀၀ ရှိပြီး ရုရှားနဲ့တရုတ်ပြီးရင် တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီလိုပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးတွေရဲ့ ၃၉၀၄ ခု သို့မဟုတ် စုစုပေါင်းရဲ့ ၃၀ ရာခို်ငနှုန်းကျော်ကို လေယာဉ်တွေ ဒုံးကျည်တွေနဲ့ ဖြန့်ကြက်ချထား ကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်း ရေးသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရုရှားဟာ ၂၀၂၃ ခုနှစ်ကထက် နျူကလီးယားထိပ်ဖူး ၃၆ ခုကို ပိုမိုဖြန့်ကြက်ထားပြီး တရုတ်နိုင်ငံကပိုင်ဆိုင်တဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ဆယ်စုနှစ်အတွင်း…

Read More

သတင်းဖတ်လိုတဲ့ ကမ္ဘာ့ပြည်သူအရေအတွက် ကျဆင်းလာ

  လန်ဒန်၊ ဇွန်-၁၇-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုတခုအရ ကမ္ဘာ့ပြည်သူတွေဟာ စိတ်ဓါတ်ကျစရာ၊ ဆိုးရွားရက်စက်တာနဲ့ ငြီးငွေ့ဖွယ် အကြောင်းအရာတွေကြောင့် သတင်းတွေဖတ်လိုစိတ် နည်းပါးလာတယ်လို့ အောက်စဖို့တက္ကသိုလ်နဲ့ ရိုက်တာအင်စတီကျုရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။ ကမ္ဘာတဝန်းရှိ လူ ၁၀ ယောက်မှာ လေးယောက်(၃၉)ရာခိုင်နှုန်းနီးပါးဟာ တခါတရံ သို့မဟုတ် မကြာခဏဆိုသလို သတင်းတွေကို ရှောင်ရှားလာကြပြီး ၂၀၁၇ ခုနှစ်ကတော့ ၂၉ ရာခိုင်နှုန်းနီးပါးသာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေဟာ ကမ္ဘာ့ပြည်သူတွေအတွက် သတင်းကိုပိတ်ပစ်ချင်စိတ် ဆန္ဒကို ဖြစ်ပေါ်စေတယ်လို့ သုတေသီတွေကဆိုထားပြီး သတင်းရှောင်လိုသူတွေ စံချိန်တင်မြင့်မားလာတယ်လို့ ပြောပါတယ်။ ဒီအစီရင်ခံစာအတွက် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ရိုက်တာဖောင်ဒေးရှင်းတို့ဟာ နိုင်ငံပေါင်း ၄၇ နိုင်ငံက အရွယ်ရောက်ပြီးသူ ကိုးသောင်းခွဲနီးပါးကို စစ်တမ်းကောက်ယူခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာတဝန်းကလူတွေရဲ့သတင်းအပေါ် စိတ်ဝင်စားမှုနှုန်းဟာ ၆၃ ရာခိုင်းနှုန်းရှိပြီး လက်ရှိမှာတော့…

Read More

နည်းပညာပြဿနာကြောင့် Playstore ကနေ Viber အက်ပ်လီကေးရှင်းကို ဒေါင်းလုဒ်မရတဲ့ ပြသနာဖြစ်ပွား

  ဇွန် ၁၇ – ၂၀၂၄ GG (VOM) မြန်မာအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ Google playstore မှာ Viber application ဆော့ဝဲပျောက်သွားပြီး ဒေါင်းလုဒ် (Download )လုပ်မရတဲ့ပြဿနာဖြစ်ပွားနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနေ့မနက်ပိုင်း ၁၂ နာရီမတိုင်ခင်လောက်ကတည်းက Playstore မှာ Viber software ပျောက်သွားခဲ့တာ လက်ရှိ ညနေပိုင်း ၄ နာရီအထိဖြစ်လို့ Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာဖြစ်ပွားနေတာ ၄ နာရီထက်မနည်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ခုလို Playstore မှာ Viber ဒေါင်းမရတဲ့ပြဿနာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာက ” Google Play Store မှာ နည်းပညာဆိုင်ရာ ပြဿနာတခုကြောင့် ဒေါင်းလုဒ်ယာယီပြုလုပ်နိုင်မှာမဟုတ်ကြောင်း၊ ဒီပြဿနာကို မဖြေရှင်းနိုင်ခင်အထိ Viber.com သို့မဟုတ် အခြား…

Read More