ပေကျင်း ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက် (VOM) တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ယခုသီးတင်းပတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၈ ယောက်ထိ ရှိလာကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ယခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပှုလှိုင်းဖြတ်နေပြီး တောင်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။ လူဦးရေထူထပ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာလည်း စံချိန်တင်မိုးရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ သဘော၀ဘေးအန္တရာယ်တွေမှာ ရာသီဥတုအခြေအနေတွေကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးရွာသွန်းမှုတွေကြောင့် အိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ရေဘေးသင့်ခဲ့ပြီး ဒီထဲက အိမ်ခြေ၂၂၀၀ နဲ့ လမ်းတံတားအဆောက်အဦ ၄၇၀၀ နီးပါးပြိုကျပျက်စီးခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ လက်ရှိရေဘေးကြောင့် စီးပွားရေးအပေါ်တိုက်ရိုက်သက်ရောက်ပြီး ပျက်စီးဆုံးရှုံမှုတန်ဖိုး ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းရှိနေပြီး အရေးပေါ်…
Read MoreThis Day in History
Voice of Myanmar ဂျာမနီသည် ၁၉၃၉ ခုနှစ် ဂျာမန်-ဆိုဗီယက် မကျူးကျော်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June22
Read Moreအမ်းနဲ့ သံတွဲမှာ လက်နက်ကြီး ကြောင့် အရပ်သားမိသားစုနှစ်စုက ခြောက်ယောက်သေ၊လေးယောက်ဒဏ်ရာရ
ဇွန် ၂၀ -၂၀၂၄ GG (VOM) ရခိုင်ပြည်၊ အမ်းမြို့နယ်နဲ့ သံတဲဲမြို့နယ်ထဲက ကျေးရွာတွေထဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူမိသားစုဝင် ခြောက်ယောက်သေဆုံးခဲ့ရပြီး လေးယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့နယ်လို့သိရပါတယ်။ အမ်းမှာက ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ သဲကမ်းထောင်းရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် အသက် ၄ နှစ်အရွယ် မောင်နေမိုးထက် ၊အသက် ၁၇ နှစ်အရွယ် နဲ့ အသက် ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ သေဆုံးခဲ့ကြပြီး အသက်၄၅ နှစ်အရွယ် ဦးမောင်ပု နဲ့အသက် ၆၈ နှစ်အရွယ် ဒေါ်မယဉ်အေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။ ” လက်နက်ကြီးကျလို့ သုံးယောက်ကပွဲချင်းပြီးဆုံးတယ်၊နှစ်ယောက်ကဒဏ်ရာရတယ်။တခြားရွာဘက်တွေလည်းအိမ်ပျက်စီးတာတွေရှိခဲ့တယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကတော့ရှိနေတယ်၊ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းဘက်မှာတိုက်ပွဲတွေကဖြစ်နေတာ၊လေယာဥ်ကွင်းဘက်လည်းလက်နက်ကြီးသံတွေကြားနေရတယ် ” လို့အမ်းဒေသခံတယောက်ကပြောပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် ဆင်ဦးတိုက်ရွာက ဘုန်းကြီး ကျောင်းလည်း ပျက်စီးသွားသလို တိုက်ပွဲဖြစ်ပွားနေတဲ့ ကဇုကိုင်းရွာမှာလည်းလက်နက်ကြီးကြောင့်…
Read Moreထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဂိတ်တွေ ယာယီပိတ်ထားတဲ့အတွက် ပို့ကုန်၊ သွင်းကုန် အခက်ကြုံ
ဇွန် ၂၀ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့မှာရှိတဲ့ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားတဲ့အတွက် ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းမှု အခက်ကြုံနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ မြန်မာဘက်ကနေ ယာယီပိတ်လိုက်တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့် ရက်ကိုလည်း အတိအကျ မသိရသေးဘူးလို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ “ဘာကြောင့် ပိတ်တယ်ဆိုတာလည်း မသိရဘူး။ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးလည်း မရှိဘူး။ ဂျပန်ရေတွင်းဘက်က ဂိတ်ကိုလည်း ပိတ်ထားတယ်။ ဘယ်တော့ပြန်ဖွင့်မယ် မသိသေးတော့ လုပ်ငန်းလည်း နားထားရတယ်။ ပိတ်တာ အချိန်မကြာဖို့ဘဲ မျှော်လင့်ရတယ်” လို့ သူက ပြောပါတယ်။ ကုန်သည်တွေကတော့ မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့မှာ…
Read Moreလားရှိုးမှာ ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ဒဏ်ရာရ
ဇွန် ၂၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၇၊ နယ်မြေ ၆၊ လမ်းသွယ် ၂၉ မှာ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လယ်က ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က ၁၂ နာရီ ကျော်လောက်က ဖြစ်တာ။ လေးယောက်ထဲမှာ ဒဏ်ရာ ပြင်းထန်တာက ရှမ်း ကလေး လေး ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နေ့လယ် ကျောင်းဆင်းချိန် ကလေး တယောက်က ဘယ်ကနေယူလာမှန်း မသိပဲ လမ်းမကြီးပေါ်လာ ဆော့နေတော့ ကလေးတွေက ဝိုင်းကြည့်ကြတာကို ဆော့နေတဲ့…
Read Moreမိုးစပါးကို သီးနှံအာမခံထားမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမယ်ဆိုပေမယ့် လယ်သမားတွေ အာမခံမထားလို
ဇွန် ၂၀ – ၂၀၂၄ GG (VOM) မိုးစပါးရာသီမှာ မြန်မာ့ဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးပေးနေတဲ့ ချေးငွေကိုရယူမယ့် တောင်သူတွေအနေနဲ့ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။ ဆောင်းသီးနှံတုန်းက အာမခံကြေးမှာ ချေးငွေရဲ့ ၁ ရာခိုင်နူန်းသာကောက်ခံခဲ့လို့ တဧကကို ၁၀၀၀ ကျပ်သာရှိပေမယ့် မိုးစပါးသီးနှံအာမခံကြေးကတော့ ချေးငွေရဲ့ ၂ ရာခိုင်နူန်းတိုးမြင့်ကောက်ခံတဲ့အတွက် တဧကကို ၃၀၀၀ ကျပ်ဖြစ်လို့ လယ် ဆယ်ဧကရှိသူဟာ အာမခံအတွက် ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ အာမခံထားရှိမှုနဲ့ပတ်သက်ပြီး မြန်မာ့ဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေသိရှိနားလည်အောင် ရှင်းလင်းပြောဆိုတာမျိုးမရှိဘဲ သီးနှံအာမခံထားမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုပြီး ပြောဆိုလာတာကြောင့် တောင်သူတွေအဆင်မပြေတဲ့အတွက် ဝေဖန်ပြောဆိုမှုရှိနေတာဖြစ်ပါတယ်။ ” မနှစ်က ဆောင်းချေးငွေတုန်းကတထောင်ပဲကောက်ပြီးအခုကျတဧက၃၀၀၀ဆိုတော့ များသွားပြီ၊ကောက်ပြီးရင်ဘယ်လို အခြေနေမှာလျော်ကြေးရမယ်ဘာညာလည်းဘယ်သူမှမပြောပြဘူးလေ၊ဒီတော့ ကျွန်တော်တို့ကအလကားပေးနေရသလိုချည်းဖြစ်နေတာပေါ့။ ဒီတဧက၃၀၀၀ မှမပေးရင် ချေးငွေမရဘူးဆိုတော့ ခက်နေတာပေါ့။ ဒီချေးငွေကတောင်သူတွေအတွက် မထိရောက်ပေမယ့်လည်း အတိုးသက်သာတော့လိုချင်တဲ့သဘောပါ ၊ခုတော့ဘယ်လိုလုပ်ရမလဲမသိသေးဘူး…
Read Moreမှော်ဘီဗိုလ်သင်တန်းကျောင်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ၊ နစကလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိ
ဇွန် ၂၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း မနေ့ ဇွန် ၂၀ ရက်၊ ည ၇ နာရီဝန်းကျင်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ညက အသံအကျယ်ကြီး နှစ်ချက် ကြားလိုက်ရတယ်။ နစကဘက်ကလူတွေ တော်တော်များများ ထိကုန်တယ်လို့လည်း ပြောကြတယ်။ လူနာတင်ကားတွေလည်း သွားတာတွေ့တယ်။ ရန်ကုန်ဘက်ကလာတဲ့ ကားတွေကိုလည်း မှော်ဘီ တိုးဂိတ်အကျော်မှာ တားပြီး စစ်ဆေးနေတာတွေလည်း လုပ်ကြတယ်။ ဒီမနက်ကတော့ အေးအေးဆေးဆေးပါပဲ။ စစ်သင်တန်းကျောင်းမှာရော၊ အဲဒီနားတဝိုက်မှာရော ထူးခြားတာမျိုး မတွေ့ခဲ့ရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကို Operation Flame (OF)…
Read Moreရုရှားကို တိုက်ဖို့ ယူကရိန်းကိုလက်နက်တွေ ထောက်ပံ့ရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ပူတင်သတိပေး
မော်စကို ၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ရုရှားကိုပြန်တိုက်ဖို့ ယူကရိန်းကို လက်နက်တွေပေးမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ စစ်ဘက်ဆိုင်အရာ အပြန်အလှန်ကူညီပေးမှုတွေပါဝင်တဲ့ သဘောတူညီချက်ထွက်ပေါ်ပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတနိုင်ငံကို ရန်စမှုတွေကြုံရင် အလားတူကူညီပေးဖို့ ဖြစ်နိုင်ခြေကို တောင်ကိုရီးယားက စဉ်းစားနေတယ်လို့ တောင်ကိုရီးယားက ပြောဆိုပြီးနောက်မှာ ပူတင်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ယူကရိန်းကို လက်နက်ထောက်ပံ့ရေး ပြန်လည်စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေထောက်ပံ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် လက်ရှိတောင်ကိုရီးယားအစိုးရ ကျေနပ်လက်ခံနိုင်ဖွယ်မရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှာပါ” လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေမယ်ဆိုရင် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်တွေပေးဖို့ ဆန္ဒရှိတယ်လို့ ပူတင်က…
Read Moreကမ္ဘာ့ရွှေ့ပြောင်းဒုက္ခသည် အရေအတွက် ၁၂ နှစ်ဆက်တိုက် မြင့်တက်လာပြီး သန်း ၁၂၀ ကျော်ထိရှိလာ
ကုလသမဂ္ဂ၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ဆက်တိုက်တိုးမြှင့်လာတာဟာ လွန်စွာစိုးရိမ်ဖွယ်ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘာတဝန်းရှိ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်ဟာ ၁၂ ဆက်တိုက်တိုးလာနေပြီး ၂၀၂၄ ခုနှစ် ဧပြီလကုန်ထိ သန်း ၁၂၀ ကျော်လွန်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ အဆိုပါအရေအတွက်ဟာ ဂျပန်နိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့လည်း ညီမျှနေပါတယ်။ အခုလို ဒုက္ခသည်အရေအတွက်တိုးလာခြင်းဟာ ကမ္ဘာနိုင်ငံတွေမှာ ပဋိပက္ခဖြစ်စဉ်တွေ တိုးပွားလာမှုကြောင့်လို့ သူက ထောက်ပြပြောဆိုပါတယ်။ အာဖဂန်၊ ဆီးရီးယားလို ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာတွေမှာလည်း လအနည်းငယ်ကြာတိုင်း ပဋိပက္ခသစ်များဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။ ပဋိပက္ခများကို ဖြေရှင်းရေးအတွက် ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ ပိုမိုအရေးကြီးပြီး ကွဲပြားခြားနားတဲ့ ပဋိပက္ခများကို ကိုင်တွယ်ရန်မှာလည်း လွန်စွာခက်ခဲ့ကြောင်း ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။ အထူးသဖြင့် ယူကရိန်းနဲ့ ဂါဇာမှာ ဖြစ်ပွားနေတဲ့ မကြာသေးမီက…
Read Moreဆော်ဒီမှာ ဟာ့ဂျ်ဘုရားဖူးရင်း အပူချိန်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာ
ရီယတ်၊ ဇွန်-၂၁-၂၀၂၄ မျိုးဆက်(VOM) ယခုနှစ်အတွင် ဆော်ဒီအာရေဗျသို့ သွားရောက်ပြီး ဟာ့ဂျ်ဘုရားဖူးရင်း အပူဒဏ်ကြောင့် သေဆုံးသူအရေးအတွက် ၁၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သေဆုံးသူတွေထဲက ထက်ဝက်ဟာ ဘုရားဖူးတွေအဖြစ် မှတ်ပုံတင်မထားကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။ နိုင်ငံပေါင်း ၁၀ နိုင်ငံဝန်းကျင်မှလာရောက်ကြသော ဘုရားဖူးခရီးစဉ်အတွင်း သေဆုံးသူ ၁၀၈၁ ဦးရှိပြီး ဟာ့ဂျ်ဘုရားဖူးခြင်းဟာ မွတ်ဆလင်များတကြိမ်အနည်းဆုံး ဖြည့်ကျင့်ရတဲ့ အစ္စလာမ် ထုံးတမ်းစဉ်လာများထဲမှ တခုဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဆော်ဒီအာရေဗျမှာ ဟာ့ဂျ်ဘုရားဖူးရာသီအတွင်း စံချိန်တင်ပူပြင်းမှုနဲ့ ကြုံတွေ့နေရပြီး မက္ကာမြို့မှာ အပူချိန်ဟာ ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါတယ်။ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ အဲဒီဒေသမှာ အပူချိန်ဟာ ဆယ်စုနှစ်တခုကို သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနေတယ်လို့ ဆိုပါတယ် နှစ်စဉ်နှစ်တိုင်း သိန်းနဲ့ချီတဲ့ ဘုရားဖူးတွေဟာ စျေးနှုန်းမြင့်တဲ့ တရားဝင်လမ်းကြောင်းမျိုးကမဟုတ်ဘဲ…
Read More