ဇွန် ၁၀ – ၂၀၂၄ GG (VOM) ရန်ကုန် ၊ရွှေပြည်သာစက်မှုဇုန်ထဲက Kingsrich Myanmar fashion အထည်ချုပ် စက်ရုံမှာ အခြေခံ လုပ်ခလစာတိုးပေးဖို့အတွက် အလုပ်သမားတွေက စက်ရုံတွင်းဆန္ဒပြမှုဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း စက်ရုံလုပ်ငန်းခွင်ရောက်ရှိချိန်ကတည်းက အလုပ်သမားတွေဟာ အလုပ်မလုပ်ဘဲ စက်ရုံတွင်းမီးပိတ်ကာ ဆန္ဒပြပြီး လုပ်ခလစာတိုးပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စက်ရုံတာဝန်ရှိသူတွေနဲ့ညှိနိူင်းနေကြဆဲဖြစ်တယ်လို့သိရပါတယ်။ ” သူတို့က အခုခေါင်းဆောင်မရှိဘူး၊အခုလောလောဆယ်တဆိုင်းကိုတယောက်ကိုခေါ်ပြီးညှိနိူင်းနေတယ်၊ သူတို့တောင်းတာကလုပ်ခလစာတိုးပေးဖို့တခုတည်းပဲ၊တခြားတောင်းဆိုမှုမပါဘူး၊သူတို့ကအခုမနက်မှဆန္ဒပြကြတာဆိုတော့ခုမှညှိနိူင်းနေကြတုန်း၊စက်ရုံမှာတော့ စစ်ကားနဲ့ရဲကားရောက်လာတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်းရောက်လာတယ်သိရတယ်၊အခုကတော့ အလုပ်သမားတွေပဲဆွေးနွေးနေကြတာ ” လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတယောက် ကပြောပါတယ်။ လက်ရှိမြင့်တက်လာတဲ့အခြေခံစားသောက်ကုန်အပါမဝင် ကုန်စျေးနူန်း ကြီးမြင့်မှုကြောင့် လက်ရှိရရှိနေတဲ့ အခြေခံလုပ်ခလစာနူန်းထား အဆင်မပြေတော့တဲ့အတွက် အလုပ်သမားတွေကလုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတာဖြစ်တယ်လို့သိရပါတယ်။ အလုပ်သမားတွေတောင်းဆိုမှုနဲ့ပတ်သက်လို့စက်ရုံရဲ့ တာဝန်ရှိသူတယောက်က ” ဝန်ထမ်းတွေအားလုံးက ကုန်စျေးနူန်း တက်တဲ့အတွက်လစာတိုးလိုချင်ကြတာပါ၊ကုမ္ပဏီကတော့ ဝန်ထမ်းတွေရောစက်ရုံဘက်ရောကြည့်ပြီးလုပ်ရမှာပါ၊ဝန််ထမ်းတွေကအေးချမ်းစွာတောင်းဆိုကြတာပါ၊အခုက၅၈၀၀တော့ပေးထားပါတယ်၊အဲ့ဒါကိုတိုးပေးဖို့တောင်းဆိုကြတာပါ၊အခုကုန်စျေးနူန်းတွေကြောင့်ထပ်တိုးဖို့တောင်းဆိုကြတာပါ၊တောင်းဆိုတာကိုဝန်ထမ်းတွေအနေနဲ့ဘယ်လောက်တောင်းဆိုသလဲဆိုတာသီးသီးသန့်သန့်မထွက်သေးတော်အခုမေးေနတုန်းညှိနိူင်းနေတုန်းပါပဲ ” လို့ ပြောပြပါတယ်။ အလုပ်သမားတွေ…
Read Moreကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်
ဇွန် ၁၀၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နှစ်နိုင်ကံ ကုန်သွယ်ရာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ကချင်ပြည်နယ်၊ ကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်နေကြရကြောင်း ကုန်တင် ယာဉ်မောင်းတွေက ပြောပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းက ပိတ်ထားတာ မရှိပေမယ့် ငှက်ပျောခြံ ဝင်ဖို့ လမ်းတွေ အဆင် ငှက်ပျောကား အကုန်လုံးနီးပါး ရပ်ထားရတယ်လို့ ငှက်ပျောကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။ “ဟုတ်တယ်။ ကားတွေက တိုက်ပွဲကြောင့် ရပ်ထားတာ။ ကားသမားတွေရဲ့ အခက်အခဲကတော့ ဒီလို ရက် ကြာကြာ ရပ်ထားရတော့ အဆင်မပြေဘူးပေါ့လေနော်။ စားရေး၊ သောက်ရေး၊ နေရေး ထိုင်ရေး တစ်ခုမှ အဆင်မပြေဘူးလေ။ ဒီကြားထဲ ဟိုနား…
Read Moreယနေ့ ရွှေဈေး (ဇွန် – ၁၀ ရက်၊ နံနက် ၉ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၅၀၄၇ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreရေစကြိုနယ် ခုနှစ်ပင်ကျေးရွာမှာ နစကတပ် နဲ့ PDF တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးသူတွေ
ဇွန် ၊ ၁၀ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊မအူအလယ်အုပ်စု ခုနှစ်ပင်ကျေးရွာနားမှာ မနေ့ ဇွန် ၉ ရက် ၊ မနက်ပိုင်းက နစက လုံခြုံရေးတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ၄ ေယာက်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါရတယ်။ ” ရေစကြိုမြို့ရဲ့ မြောက်ဘက် ၊ ခုနှပင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံ နှစ်ရာကျော်လောက်ရှိမယ် ၊ ထိခိုက်သေဆုံးသူတွေလည်း ရှိတယ် ” လို့ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ခုနှစ်ပင်ရွာနားမှာ PDF ၃၀ ကျော်နဲ့ ထိတွေ့တိုက်ပွဲ…
Read Moreပြည်ပ ငွေအဝင်ပြနိုင်မှသာ OWIC ကတ် လုပ်ပေးမယ်လို့ ဆိုတာကြောင့် ခွင့်ပြန်လုပ်သားတွေ အခက်တွေ့နေ
ဇွန် ၉ – ၂၀၂၄ SN (VOM) ပြည်ပကနေ တရားဝင်ငွေလွှဲတဲ့ ဘဏ်အထောက်အထား ပြနိုင်မှသာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ပြုလုပ်ပေးမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အသိပေး ကြေညာထားတဲ့အတွက် အခက်တွေ့နေရတယ်လို့ ခွင့်ပြန်လုပ်သားတွေက ပြောပါတယ်။ “ငွေလွှဲဖို့ ပြောတာက လွှဲစရာငွေရှိရင်တော့ အဆင်ပြေတာပေါ့။ မရှိတော့လည်း ဘယ်လိုလုပ်ပေးရမလဲ။ လူတိုင်းက အိမ်ကို ငွေပြန်ပို့နိုင်နေကြတာမှ မဟုတ်တာ။ ပြည်ပမှာ အလုပ်အဆင်မပြေလို့ နေထိုင်၊ စားသောက်စရိတ် မလောက်ရင်လည်း အိမ်ကို ငွေမလွှဲနိုင်ဘူးလေ။ အဲဒီတော့ ဘဏ်စလစ်က ဘယ်လိုပြပေးရမလဲ။ ပြည်ပရောက်သွားတိုင်း အလုံးစုံ အဆင်ပြေနေတာ မဟုတ်ဘူး” လို့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူတယောက်က ပြောပါတယ်။ သက်ဆိုင်ရာဌာနဘက်ကတော့ ပြည်ပမှာရှိစဥ်က မိသားစုဆီလွှဲပို့ငွေ…
Read Moreထိုင်းမှာ ခွဲစိတ်ဖိုစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံရ
ဘန်ကောက်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ Muang ခရိုင်ရှိ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသဖို စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံခံရတယ်လို ထိုင်းရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုဟာ Khon Kaen ဆေးရုံရဲ့ အမျိုးသားခွဲစိတ်ကုသဆောင်မှာ မနေ့က မနက်အစောပိုင်း ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို ခရိုင်ရဲတပ်ဖွဲမှူး ကပြောပါတယ်။ သေနတ်သမားဟာ ဆေးရုံကို ဧည့်သည်အဖြစ်ဟန်ဆောင် ဝင်ရောက်လာပြီး သူနာပြုကို စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပြီးနောက် ကျော်စွာအောင်ရဲ့အခန်းထဲကို ရောက်လာပစ်ခတ်ပြီး ချက်ချင်းထွက်ပြေးသွားတယ်လို ရဲတပ်ဖွဲကပြောပါတယ်။ ရဲတပ်ဖွဲရောက်ရှိသွားချိန်မှာတော့ မြန်မာနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ကျော်စွာအောင်ကို ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ပြီး အရေးပေါ်ကုသမှုတွေပေးပေမယ့် သေဆုံးခဲ့တယ်လို ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ ချစ်သူဖြစ်သူ အမည်မဖော်လိုတဲ့ ထိုင်းမိန်းကလေးပြောတာကတော့ ကျော်စွာအောင်ရဲ့ ကျောမှာအကြိတ်တွေ့တာကြောင့် ခွဲစိတ်ကုသမှုခံယူဖို ဆေးရုံမှာ စောင့်ဆိုင်းနေတာဖြစ်ပြီး သူတိုဟာ ငါးဖမ်းပိုက်စက်ရုံတရုံမှာ…
Read Moreအစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းလာပြောဖို အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေ ဖိတ်ကြား
ဝါရှင်တန်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်မှာ ဇူလိုင် ၂၄ ရက်မှာ မိ်န့ခွန်းပြောကြားမယ်လို လွှတ်တော်ခေါင်းဆောင်တွေက အတည်ပြုပြောဆိုပါတယ်။ ဂါဇာစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှ အမေရိကန်ကွန်ဂရက်လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဖိုကို အမေရိကန် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ရပ်စလုံးက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ဟာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ဂယ်လန့်တိုကို ဖမ်း၀ရမ်းထုတ်ဖို လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ အစ္စရေးကို လူသတ်သမားတွေလို ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အိုင်စီစီရဲ့ လုပ်ရပ်လို နေတန်ယာဟုက ရှုတ်ချပြောဆိုထားပါတယ်။ အစ္စရေးနဲ့ အမေရိကန်အကြား အထူးသဖြင့် အမေရိကန်ထိပ်တန်းဒီမိုကရက်တစ်တွေအကြား သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာချိန်မှာ နေတန်ယာဟုရဲ့ အမေရိကန် ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီမိုကရတစ်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဂါဇာစစ်ပွဲဆက်လက်ဖြစ်ပွားပြီး သေဆုံးသူမြင့်တက်လာတဲ့အပေါ် အစ္စရေးကို ဝေဖန်ပြစ်တင်မှုတွေ…
Read Moreယူကရိန်းအတွက် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီတွေ အမေရိကန် ထပ်ပေးမယ်
ပါရီ ၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) အမရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပြင်သစ်နိုင်ငံ ပါရီမြိုမှာ တွေ့ဆုံခဲ့ပြီး အမေရိကန်အနေနဲ့ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၂၂၅ သန်းဖိုးပေးမယ်လို ပြောပါတယ်။ .ယူကရိန်းအတွက် အမေရိကန်အစိုးရက စစ်ရေးအကူအညီတွေထပ်ပေးဖိုအတွက် ရီပတ်ဘလီကန်အတိုက်အခံတွေနဲ့ အခြေအနေဖြစ်နေရချိန် ဒီဇင်ဘာလအတွင်း အမေရိကန်ကို ဇီလန်စကီး သွားရောက်ပြီးနောက်မှာ ဂျိုးဘိုင်ဒင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံဆွေးနွေးတာလည်းဖြစ်ပါတယ်။ အမေရိကန်က ထောက်ပံ့မယ့် ဒေါ်လာ ၂၂၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီသစ်ထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ အမြောက်ကျည်တွေ ပါဝင်မယ်လို သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းနယ်စပ်ကျေးရွာတွေကို ရုရှားက ထိုးစစ်ဆင် သိမ်းပိုက်မှုတွေလုပ်ဆောင်နေပြီး အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို အထောက်အပံ့တွေပေးဖို ဆုံးဖြတ်ချက်အမြန်ချသင့်ပြီးလို ယူကရိန်းသမ္မ တဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းအတွက် လက်နက်လိုအပ်ချက်တွေကို ပြည့်မီအောင် အမေရိကန်က ကြိုးစားနေတယ်လို အမေရိကန်အမျိုးသားလုံခြုံရေး…
Read Moreဧ၀ရတ်တောင်နဲ့ ဟိမ၀န္တာတောင်ထိပ်တွေကနေ အမှိက် ၁၁ တန်နဲ့ လူသေအလောင်းတွေ နီပေါစစ်တပ် ဖယ်ရှားရှင်းလင်း
ခတ္တမန္ဒူ၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) နီပေါစစ်တပ်ဟာ ဧ၀ရတ်တောင်နဲ့ အခြားသော ဟိမ၀န္တာတောင်ထိပ်နှစ်ခုကနေ အမှိက် ၁၁ တန်၊ လူသေအလောင်း လေးလောင်းနဲ့အရိုးစုတခုတိုကို ယခုနှစ်အတွင်း ဖယ်ရှားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဧ၀ရတ်၊ နော့ပ်ဆီ၊ လွတ်ဆီတောငတွေပေါ်ကနေ အမှိက်တွေနဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို နီပေါတပ်ဖွဲဝင်တွေက ၅၅ ရက်ကြာ အချိန်ယူခဲ့ရကြောင်း နီပေါစစ်တပ် တာဝန်ရှိသူတွေက ဆိုပါတယ်။ တောင်ထိပ်သိုရောက်ရှိဖို အန္တရာယ်များတဲ့ အခြေအနေတွေမှာ တောင်တက်သမား အများအပြားက ကြိုးပမ်းနေကြပြီး နီပေါစစ်တပ်ဟာ ကမ္ဘာ့အမြင့်ဆုံး အမှိက်ပုံကြီးအဖြစ် သတ်မှတ်ခံရတဲ့ တောင်ပေါ်မှာ ၂၀၁၉ ခုနှစ်မှစ၍ နှစ်စဉ်သန့်ရှင်းရေးတွေ လုပ်ဆောင်နေရပါတယ်။ ဧ၀ရတ်တောင်ပေါ်မှာ အမှိက်တန်ချိန် ၅၀ ကျော်နဲ့ အလောင်း ၂၀၀ ကျော်ရှိမယ်လို တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ယခင် သန့်ရှင်းရေးပြုလုပ်တဲ့ ငါးကြိမ်အတွင်း အမှိက် ၁၁၉ တန်၊…
Read MoreH5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွား
နယူးယောက်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) H5N2 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် လူကိုပထမဆုံးအကြိမ် ကူးစက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ မက္ကဆီကိုမှ အသက် ၅၉ နှစ်အရွယ်လူတယောက်ဟာ ဖျားနာခြင်းနဲ့ အသက်ရှူကြပ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရပြီးနောက် သေဆုံးသွားတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ မက္ကဆီကို ကျန်းမာရေးအာဏာပိုင်တွေဟာ လူနာဆီကနေ နမူနာတွေရယူပြီး စစ်ဆေးကြည့်ရာမှာတော့ H5N2 ဗိုင်းရပ်စ်ကူးစက်နေတာကို တွေ့ရှိခဲ့ရပြီး ဒီဗိုင်းရပ်စ်ဟာ ယခင်က လူကိုကူးစက်မှုမရှိဖူးသေးကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ သေဆုံးသူဟာ ဗိုင်းရပ်စ်ဘယ်လိုကူးစက်ခဲ့တယ်ဆိုတာ မက္ကဆီကိုအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒီကူးစက်မှုကလွဲပြီး ဗိုင်းရပ်စ်ဟာ လူတွေကို နောက်ထပ်ကူးစက်မှုမရှိသေးကြောင်းနဲ့ လက်ရှိအခြေအနေအရ အများပြည်သူကျန်းမာရေးအပေါ် အန္တရာယ်နည်းတယ်လို ကမ္ဘာ့ကျန်းမာရေးအဖွဲက ပြောပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း H5N1 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် ပြန့်နှံခဲ့ပြီး အဓိကအားဖြင့် အာရှနဲ့ အာဖရိကဒေသအပါအဝင် လူ ၈၀၀ ကျော် ကူးစက်ခံခဲ့ရပြီး…
Read More