မေ ၁၀ – ၂၀၂၄SN (VOM)လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ထက် အငှားဈေးကွက် ပိုဖြစ်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။ရခိုင်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) အပါအဝင် ဒေသတည်ငြိမ်မှုမရှိတဲ့ နယ်မြေတွေက ငွေကြေးတတ်နိုင် တဲ့ လူတန်းစားတရပ်ဟာ တိုက်ပွဲရှောင်တဲ့အနေနဲ့ မြို့ကြီးတွေဆီ လာရောက်ပြီး တိုက်ခန်း၊ ကွန်ဒို၊ လုံချင်းအိမ်တွေ ငှားရမ်း နေထိုင်လာကြတဲ့အတွက် လက်ရှိမှာ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားများနေတာ ဖြစ်တယ်လို့ သိရပါတယ်။“အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့ အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ အခု ကာလက အိမ်ခြံမြေစျေးကလည်း အမြင့်ပိုင်းရောက်နေတာဆိုတော့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးလည်း ပါတယ်။ ပြီးတော့ ဒေါ်လာဈေးနှုန်း အပြောင်းအလဲနဲ့ အိမ်ဆောက်ပစ္စည်းဈေးနှုန်း ကွာဟချက်တွေကြောင့်လည်း အရောင်းထက် အငှားဈေးကွက်က ပိုဖြစ်နေတာပေါ့။ နောက်တချက်က နယ်ကနေ စစ်ရှောင်ရင်းနဲ့မှ ရောက်လာတဲ့သူတွေကလည်း ရှိနေတော့…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၁ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၈၀ ကျပ်ဝယ်ဈေး – ၃၉၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၄၀ ကျပ်ဝယ်ဈေး – ၂၈၆၅ ကျပ်-ယူရိုရောင်းဈေး – ၄၂၉၀ ကျပ်ဝယ်ဈေး – ၄၁၆၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၉၂ ကျပ်ဝယ်ဈေး – ၁၀၆.၇၄ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၄၀ ကျပ်ဝယ်ဈေး – ၈၁၄ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၁ ကျပ်ဝယ်ဈေး – ၅၃၇ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၅၆ ကျပ်ဝယ်ဈေး – ၂၄.၇၉ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၆၆ ကျပ်ဝယ်ဈေး – ၄၆.၂၃ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၀ ကျပ်ဝယ်ဈေး – ၂.၈၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၁၄ ကျပ်ဝယ်ဈေး…
Read Moreယနေ့ ရွှေဈေး (မေ – ၁၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၈၄၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၈၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၄၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreအာဖဂန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံး
ကဘူးလ်၊ မေ-၁၁-၂၀၂၄မျိုးဆက်(VOM)အာဖဂန်နစ္စတန်မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၆၀ ထက်မနည်း သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောပါတယ်။ဘတ်ချ်လန်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပွားပြီးနောက် ခရိုင်ငါးခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ လူဒါဇင်နဲ့ချီ ပျောက်ဆုံးနေပါတယ်။ ဒေသတွင်းမှာ နောက်ထပ် မုန်တိုင်းနှစ်ကြိမ် တိုက်ခတ်နို်ငခြေရှိတာကြောင့် သေဆုံးသူအရေအတွက် တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းက ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဧပြီလမှစပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့ပါသေးတယ်။ လက်ရှိရေကြီးမှုမှာ သေဆုံးသူအများစုကတော့ ဘတ်ချ်လန်ပြည်နယ်ကလို့တာဝန်ရှိသူတွေက ပြောပါတယ်။ရေဘေးကြောင့် လူ ၂၀၀ ကျော် နေအိမ်တွေမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးရဟတ်ယာဉ်များ စေလွှတ်ခဲ့ပေမယ့် ညအချိန်မီးပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မအောင်မြင်ခဲ့ဘူးလို့ အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ဒီအတောအတွင်း စစ်တပ်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့ညွှန်နဲ့ အပျက်အစီးတွေအောက်မှာ ဖြစ်နိုင်ခြေရှိတဲ့ ပိတ်မိနေသူတွေကို ရှာဖွေနေကြပါတယ်။ လက်ရှိမှာတော့ အာဖဂန်မြောက်ပိုင်းကနေ မြို့တော်ကဘူးလ်ကိုသွားတဲ့…
Read Moreဘုရားသုံးဆူက နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်နေအိမ် တိုက်ခိုက်ခံရပြီး လူ ငါးယောက်သေဆုံးပြီးနောက် နယ်စပ် ဂိတ်ကို ထိုင်းကပိတ်
မေ ၊၁၁ ၊ ၂၀၂၄ TT (VOM) ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးခရိုင် ၊ ဘုရားသုံးဆူမြို့ ၊ ဥဒေါင်းကန်နားမှာရှိတဲ့ နယ်ခြားစောင့် (BGF) တပ်ဖွဲ့နေအိမ်တလုံးကို မနေ့ မေ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဒရုန်းဗုံးချတိုက်ခိုက်ခံရလို့ လူ ငါးယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားသုံးဆူ ဒေသခံတယောက်က ” ဒရုန်းဗုံး လေးလုံးချပြီး တိုက်ခိုက်ခံရတဲ့ နေအိမ်က BGF 2023 တပ်ရင်းက ဗိုလ်မှူး ဝင်းလေးရဲ့ တပည့်ဖြစ်သူ အောင်ခိုင်ဦး (ခေါ်) ဂတုံးရဲ့ အိမ်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ခိုက်ခံရမှုမှာ လူ ငါးယောက်သေဆုံးတယ်လို့ ကနဦးသိရတယ် ၊ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး ၊ နောက်ဆက်တွဲသတင်းကြားရတာကအောင်ခိုင်ဦး(ခေါ်) ဂတုံးက ဘုရားသုံးဆူဒေသမှာ…
Read Moreရန်ကုန် – မော်လမြိုင်ကားလမ်း ကျုံအိတ်တံတား နောက်တကြိမ် မိုင်းခွဲခံရလို့ လမ်းပိတ်နေ
မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) မွန်ပြည်နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်း ၊ ဘီးလင်းနဲ့ ကျိုက်ကောလမ်းပိုင်းမှာရှိတဲ့ ကျုံအိတ်တံတားဟာ ဒီမနက် အစောပိုင်း ၂ နာရီခွဲဝန်းကျင်လောက်က မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစင်းလုံးပျက်စီးကာ ယာဥ်သွားယာဥ်လာတွေ လုံးဝ မရတော့ဘူးလို့ ကားသမားတွေဆီက သိရပါတယ်။ ” အဲ့ဒီတံတားဟာ မနှစ်ကလည်း အခုလို မိုင်းခွဲခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ တံတားကို နောက်တကြိမ် မိုင်းခွဲခံရတယ် ၊ တံတားတစင်းလုံး ပျက်စီးသွားတယ် ၊ ကားတွေဆိုင်ကယ်တွေ လုံးဝ သွားမရတော့ဘူး ၊ ရထားလမ်းပိုင်းဘက်က ထိခိုက်မှုမရှိတော့ ရထားနဲ့သွားလို့ ရနိုင်သေးတယ် ” လို့ သထုံခရိုင် လုံခြုံရေးအဖွဲ့နီးစပ်သူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်…
Read MoreThis Day in History
Voice of Myanmarစကော့တလန်နွယ်ဖွား ဗြိတိန်နိုင်ငံရေးသမားဖြစ်သူ လေဘာပါတီမှ ဂေါ်ဒွန်ဘရောင်းသည် ဗြိတိန်၀န်ကြီးချုပ်အဖြစ်မှ ၂၀၁၀ခုနှစ် မေ၁၁ရက်တွင် တရား၀င်နှုတ်ထွက်ခဲ့သည်။
Read Moreဒီးမော့ဆိုမြို့နယ်မှာ ကလေးငယ်တွေ ရေကျောက်ရောဂါ အဖြစ်များလာပြီး ကုသဖို့ ဆေးဝါးတွေလိုအပ်နေ
မေ ၊ ၁၁ ၊ ၂၀၂၄ SP (VOM) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိ ကလေးတွေ အများစုဟာ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် ၊ အေနောင်ပုလဲကျေးရွာနေ ဒေသခံတယောက်က ” ရွာမှာ ကလေးအယောက် ရှစ်ဆယ်ကျော်လောက် အရေပြားအပူဖုတွေ ပေါက်ကြတယ် ၊ ပထမကတော့ အရေပြားပေါ်မှာ အနီစက်လေးတွေဖြစ်တယ် ၊ အနည်းငယ်ရက်ကြာလာတော့ အဲ့ဒီ အနီစက်လေးတွေက အရည်ကြည်တွေစုလာတယ် ၊ အဲ့နောက် အဖျားဝင်လာပြီး အစားသောက်ပျက်တယ် ၊ နားလည်တဲ့သူတွေပြောတာတော့ ရေကျောက် ရောဂါလို့ သိရတယ် ၊ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကနေ ဒီကနေ့အထိဖြစ်နေတယ် ၊ အဲ့ဒီလိုဖြစ်နေတာ ဒီးမော့ဆို တနယ်လုံးနီးပါးဖြစ်နေတာပါ” လို့ပြောပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ဒီးမော့ ဆိုမြို့နယ်(အရှေ့ဘက်ခြမ်း) ဒေါတမကြီးကျေးရွာအုပ်စု၊…
Read Moreပြည်ကြီးမွန်ဖောင်တော်
ဆူးငှက် မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင် ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန နှင့်အတူ နိုင်ငံနှင့်အဝှန်းအာဏာ၃ရပ် တည်ရှိရာ အဓိက အမြင့်မားဆုံး နေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် အတူ အာဏာ၃ရပ်ကို ကိုင်စွဲထားသော မူးကြီး မတ်ရာ၊ စစ်သူကြီး သေနာပတိတို့၏ စိုးစံ၊ ရုံးစိုက်ရာ ဖြစ်သည်။ အာဏာ၏ အထွတ်အထိပ် ဖြစ်သောရာဇပလ္လင် ၉ရပ် ရှိသည့် နန်းတော်ကြီးနှင့်အတူ လွှတ်တော် ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင် ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့်အမြတ် နေရာဖြစ်ပါ၏။ ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင်…
Read Moreရွှေကုက္ကိုလ်ကို ပေးထားတဲ့ ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကို ထိုင်းဘက်က ဖြတ်တောက်
မေ ၁၀ -၂၀၂၄ GG (VOM ) ထိုင်း – မြန်မာနယ်စပ်မြဝတီခရိုင်၊ ရွှေကုက္ကိုလ်က ကာစီနိုရုံတွေ၊ အွန်လိုင်းတရားမဝင်လောင်းကစား ဂိုဏ်းတွေကို ထိုင်းဘက်ကနေ တရားမဝင် ပေးထားတဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို မေလ ၉ ရက်နေ့ကစပြီး ဖြတ်တောက်လိုက်ပြီလို့ ထိုင်းအမျိုးသားအသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)က သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ” ရွှေကုက္ကိုလ်မြို့သစ်ဘက်မှာတော့ AIS-dtac-true ဆင်းကဒ် သုံးမျိုးရှိတဲ့ အနက် true ဆင်းကဒ်တစ်မျိုးကလွှဲပြီး ကျန်တဲ့ ဆင်းကဒ်တွေ အင်တာနက်သုံးလို့ မရတော့ဘူးသိရတယ်။ မနေ့ကစပြီး ထိုင်းအစိုးရကဖုန်းလိုင်းနဲ့အင်တာနက်လိုင်းစဖြတ်တယ် ” လို့ မြဝတီဒေသခံကပြောပါတယ်။ အဓိက ရွှေကုက္ကိုလ်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ၊ လူကုန်ကူးမှုတွေ လုပ်နေတဲ့ KK Park နေရာတွေကို ပေးထားတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ထိုင်းဘက်က ဖြတ်တောက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ရွှေကုက္ကိုလ်မှာက…
Read More