မေ ၁၆-၂၀၂၂ KK(VOM) မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက အဂတိပုဒ်မနဲ့တရားစွဲဆိုထားတဲ့ အမှု(၉)ခုအတွက် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်ခဲ့တယ်လို့ အကျဥ်းဦးစီးဌာနကနေ သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ ကို ဒီကနေ့ နေ့လယ်ပိုင်းက ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးကနေ အဂတိအမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ ” အဂတိအမှု ၆ မှုအတွက်က ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု ၃ မှုအတွက် ထောင်ဒဏ် ၉ နှစ် အားလုံးပေါင်း ထောင်ဒဏ် ၂၁ နှစ်ချလိုက်တာပါ”လို့ သူကပြောပါတယ်။ ဒေါက်တာအေးဇံကို အဂတိပုဒ်မ ၅၅ နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၇ ရက်က မွန်ပြည်နယ် တရားလွှတ်တော်မှာ တရားစွဲဆိုတင်ပို့ခဲ့ပြီး…
Read Moreကျောက်တော်မှာ အေဒီ ၄ရာစုလောက်က ရှေးဟောင်းကျောက်ဆင်းတု တူးဖော်တွေ့ရှိ
မေ ၁၆-၂၀၂၂ VOM (GG) ရခိုင်ပြည်နယ် ကျောက်တော်မှာ အေဒီ-၄ရာစု လောက်က ထုဆစ်ပြုလုပ် ကိုးကွယ်ခဲ့တယ်လို့ယူဆရတဲ့ ရှေးဟောင်းကျောက်ဆင်းတုတော် တစ်ဆူကို တူးဖော်တွေ့ရှိထားတယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနကသိရပါတယ်။ ထိုင်တော်မူ ကျောက်ဆင်းတုတော်ဖြစ်ပြီး ရန်ကုန်-စစ်တွေလမ်းမကြီး၊ တောင်ဘက် ၃ မိုင်ခန့်အကွာ၊ ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာမှ အနောက်ဖက် ၃ဖာလုံခန့်၊ ပြူးမချောင်းအနီးရှိ ကန်ချေပြင်ကွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၃ရက်နေ့က တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “ဦးညွန့်မောင်ဆိုတဲ့ တောင်သူရဲ့ လယ်ကွင်းပြင်ထဲမှာတွေ့တာ။သူက ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေကိုတူးဆွရာကနေ ထိုင်တော်မူ ကျောက်ဆင်းတုတော်တစ်ဆူ တွေ့ကြောင်း ဒေသခံတွေက သတင်းပို့တော့မှ မြောက်ဦးဌာနခွဲက သွားစစ်ဆေးခဲ့တာပေါ့။ အဲ့ဒီတွေ့တဲ့နေရာက စေတီဟောင်းနေရာတခုဖြစ်တယ်။ ကုန်းအကျယ်က ၂၅ ပေ ပတ်လည်ရှိတယ်၊ အောက်ခြေ ပန္နက်ရာတွေ ကိုပါ တွေ့ရတယ်။အေဒီ-၄ရာ စု လောက်က ထုဆစ်ပြုလုပ်ပြီး ကိုးကွယ်ခဲ့တယ်လို့ယူဆရတယ် “လို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ သဲကျောက်…
Read Moreမြောက်ကိုရီးယားမှာ ကိုဗစ်သံသယလူနာ ၅၀ သေဆုံး၊ ဖျားနာနေသူ တစ်သန်းကျာ်ရှိနေ
ပြုံးယမ်း၊ မေ-၁၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလှိုင်းဖြစ်ပေါ်နေချိန်မှာ ကျန်းမာရေးတာ၀န်ရှိသူတွေကို ကင်ဂျုံအန်က ပြစ်တင်ပြောဆိုလိုက်ပြီး ဆေးဝါးများဖြန့်ဝေမှုတွေကို ကူညီဖို့ စစ်တပ်ကို အမိန့်ပေးလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ဖျားနာခြင်းလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက သတ်မှတ်ထားတဲ့ အဖျားရောဂါခံစားနေရသူ တစ်သန်းကျော်ရှိကြောင်း နိုင်ငံပိုင်းသတင်းဌာနက မေ ၁၆ ရက်တွင် ထုတ်ပြန်ထားပါတယ်။ လက်ရှိချိန်ထိ အဖျားရောဂါကြောင့် လူ ၅၀ ဦးသေဆုံးခဲ့ပေမယ့် သူတို့ထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ဘယ်လောက်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။ မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ စမ်းသပ်မှု အကန့်အသတ်ဖြင့်သာရှိတာကြောင့် ရောဂါကူးစက်မှုကို အနည်းငယ်သာ အတည်ပြုနိုင်ပါတယ်။ ကာကွယ်ဆေးမထိုးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းခြင်းတို့ကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေဟာ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေ မြင့်မားနေပါတယ်။ လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လော့ခ်ဒေါင်းချထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ပေါ်လစ်ဗျူရိုအစည်းအဝေးပြုလုပ်ခဲ့ပြီး…
Read Moreယူကရိန်းက စစ်ပွဲအနိုင်ရနိုင်ကြောင်း နေတိုးအကြီးအကဲပြော
ကိယက်ဗ်၊ မေ-၁၆-၂၀၂၂ မျိုးဆက်(VOM) ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့စစ်ပွဲကို ယူကရိန်းက အနိုင်ရနိုင်ကြောင်း နေတိုးအကြီးအကဲ စတိုတင်ဘာ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသမှာ ရုရှားရဲ့ ထိုးစစ်တွေရပ်တန့်သွားကြောင်း ဗြိတိန်စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အကဲဖြတ်ချက်တစ်ခုမှာ ဖော်ပြထားတယ်လို့ သူကဆိုပါတယ်။ ဆွီဒင်ဟာ နေတိုးအဖွဲ့ထဲကို၀င်ဖို့အတွက် ထောက်ခံချက်ရရေးနဲ့ပတ်သက်ပြီး ယနေ့ လွှတ်တော်ကို သွားရောက်မယ်လို့ ဆွီဒင်၀န်ကြီးချုပ် Magdalena Andersson ကပြောပါတယ်။ ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ ရုရှားကတော့ နေတိုးအဖွဲ့ချဲ့ထွင်မှုဟာ အမှားအယွင်းတခုဖြစ်လိမ့်မယ်လို့ သတိပေးပြောဆိုထားပါတယ်။ ဘော်လ်တစ်ဒေသမှာ နေတိုးအဖွဲ့ရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကိုတော့ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယားမှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားကယူကရိန်းကို မကျူးကျော်မီကတည်းက စီစဉ်ထားပေမယ့်လည်း လက်ရှိမှာတော့ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်ရေးမှာ ဘောလ်တစ်နိုင်ငံတွေနဲ့ မဟာမိတ်တွေရဲ့ စွမ်းရည်ကို စမ်းသပ်မှုဖြစ်လာပါတယ်။ Ref: BBC #voiceofmyanmar #VOM #ကိယက်ဗ်
Read Moreမူဆယ်က နေအိမ်တအိမ် ထပ်မံဓားပြတိုက်ခံရ
မေ ၁၆-၂၀၂၂ VOM (GG) မူဆယ်မြို့၊ ပင်လုံရပ်ကွက်မှာ မနေ့ မေလ ၁၅ ရက် ညပိုင်းက နေအိမ်တစ်အိမ် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” မနေ့ကည ၇ နာရီလောက် မှာဖြစ်တာ။ ဓားပြတိုက်ခံရတာက တရုတ်အိမ်လို့ပြောတယ်။ ဓားပြတိုက်သူတွေက လမ်းဆုံမှာကားချင်းတိုက်မိတော့ ကားရောပစ္စည်းတွေရောအကုန်ထားပြီး ထွက်ပြေးကြလို့ အကုန်ပြန်ရတာ၊ ပိုင်ရှင်တွေပြန်အပ်ပြီးပြီလို့သိရတယ်” လို့ မူဆယ်ဒေသခံတဦးကပြောပါတယ်။ သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦးအပါအဝင် လူသုံးဦးက သေနတ်ပြပြီး နေအိမ်အတွင်းရှိ ငွေကြေးနဲ့ပစ္စည်းတွေယူဆောင်သွားခဲ့ပေမယ့် ဓားပြတိုက်သူတွေဟာ လမ်းမှာယာဉ်တိုက်မှုဖြစ်ခဲ့လို့ ကားနဲ့အတူ ပစ္စည်းတွေပါထားကာ ထွက်ပြေးသွားတဲ့အတွက် ဓားပြတိုက်ခံရတဲ့ပစ္စည်းတွေ အကုန်ပြန်ရလိုက်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ဓားပြတိုက်မှုကျူးလွန်သူတွေကိုဖမ်းဆီးရမိတာမရှိသေးဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း မူဆယ်မြို့က Sai Nyee – SecondHand mobile & laptop ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး…
Read Moreအိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်တဲ့ အပူလိုင်းဖြတ်မှု ဖြစ်ပွားနေ
ဒေလီ၊ မေ-၁၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြောက်ပိုင်းကို ပြင်းထန်တဲ့အပူလိုင်းဖြတ်နေပြီး မြို့တော်ဒေလီရဲ့ နေရာအချို့မှာ အပူချိန် ၄၉ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိရှိနေပါတယ်။ ဒါဟာ မတ်လနောက်ပိုင်း မြို့တော်ဒေလီမှာ ပဉ္စမမြောက် အပူလိုင်းဖြတ်တာ ဖြစ်ပါတယ်။ အပူချိန်ဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ သတိထားနေထိုင်ကြဖို့ တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ အပူလှိုင်းကြောင့် အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်အပါအ၀င် ထိခိုက်လွယ်သူတွေ ကျန်းမာရေးထိခိုက်နိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ ဟိမာချယ်ပရာဒက်ရှ်၊ ဟာယာနာ၊ ဥတာရာခန်၊ ပန်ဂျပ်နဲ့ ဘီဟာပြည်နယ်တို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း အပူချိန် မြင့်တက်လာကြောင်း အိန္ဒိယမိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။ အချို့နေရာတွေမှာ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းနိုင်ပေမယ့်လည်း ပြင်းထန်တဲ့ အပူဒဏ်ကနေ သက်သာရာရနိုင်ခြေမရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆိုးရွားတဲ့အပူလှိုင်းတွေကြောင့် ယခုနှစ်နွေရာသီအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းက သန်းနဲ့ချီတဲ့…
Read Moreအမြန်လမ်းမှာ ရပ်ထားတဲ့ကားကို ခရီးသည်တင်ကားက ဝင်တိုက်မိလို့ လူ ၂ ဦးသေ ၊ ၂ ဦးဒဏ်ရာရ
မေ ၊ ၁၄-၂၀၂၂ SP (VOM) ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၃၅ / ၀ နေရာမှာ ဒီကနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်က ယာဥ်တိုက်မှုဖြစ်ပြီး လူ ၂ ဦးသေ ၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဥမင် လူမှုကူညီအသင်းဆီက သိရပါတယ်။ ” နေပြည်တော်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ကုန်ပစ္စည်းတွေတင်ထားတဲ့ Express ကားက ၊ လမ်းဘေးမှာရပ်ထားတဲ့ Counter ကားရဲ့ နောက်ပိုင်းကို အိပ်ငိုက်ပြီး ဝင်တိုက်တာပါ ” လို့ စကားအင်း အမြန်လမ်းရဲဌာန ၊ တာဝန်ရှိသူတယောက်က ရှင်းပြပါတယ်။ အဲ့ဒီ ယာဥ်တိုက်မှုကြောင့် Express ကားပေါ်မှာ လိုက်ပါလာတဲ့ လူ ၆ ဦးအနက် ၊ အမျိုးသား…
Read Moreရေဦးမြို့နယ်မှာ ကျေးရွာတချို့ မီးလောင်ပြီး ၊ အဲ့ဒီ မီးလောင်ပြင်ထဲက လူ ၁၀ ဦးရဲ့ အရိုးစုတွေ တွေ့
မေ ၊ ၁၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်ထဲက ကျေးရွာတချို့ဟာ အခုလဆန်းပိုင်းကစလို့ မီးလောင်တာတွေဖြစ်ခဲ့ပြီး အဲ့ဒီ မီးလောင်ပြင်ထဲမှာ မီးရှို့ခံထားရတဲ့ လူရိုးစုတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” အခုလ ၁၂ ရက်နေ့က အင်ပင်ရွာမှာ လူနေအိမ် ၁၂ လုံး မီးလောင်ခဲ့တယ် ၊ အဲ့ဒီအထဲက ဦးသန်းလှိုင်ရဲ့နေ အိမ် ၊ မီးလောင်ပြင်မှာ မီးလောင်ထားတဲ့ လူရိုးစုတွေ တွေ့ရတယ် ၊ ဦးခေါင်းခွံ ၊ ခါးဆစ်ရိုး ၊ ခြေတောက်ရိုးတွေကို ကြည့်ခြင်းအားဖြင့် လူ ၅ ယောက်ရဲ့အရိုးစုဆိုတာ ထင်ရှားတယ် ၊ နောက်ပြီး ဦးဇော်ထူးရဲ့ နေအိမ် ၊ မီးလောင်ပြင်မှာလည်း အလားတူ လူရိုးစုတွေ ထပ်ပြီးတွေ့ရတယ် ၊ အဲ့ဒီမှာလည်း…
Read Moreဒေလီမှာ လေးထပ်တိုက်မီးလောင်မှု လူ ၂၇ ဦးထက်မနည်းသေဆုံး
ဒေလီ၊ မေ-၁၄-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီိရှိ လေးထပ်အမြင့်ရှိရုံးခန်း အဆောက်အအုံတစ်ခု မေ ၁၃ ရက်တွင် မီးလောင်ကျွမ်းမှုကြောင်း လူ ၂၇ ဦထက်မနည်းသေဆုံးသွားပြီး ၁၂ ဦးဒဏ်ရာရရှိသွားကြောင်း အရေးပေါ်၀န်ဆောင်မှုဌာနက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းချိန်မှာ အဆောက်အအုံအတွင်း လူ ၇၀ ကျော်ရှိနေပြီး ရဲတွေကပြတင်းပေါက်တွေကို ချိုးဖျက်ကာ ကြိုးတွေကိုအသုံးပြုပြီး ပ်ိတ်မိနေသူတွေကို ကယ်တင်ခဲ့ရပါတယ်။ မြို့တော်ဒေလီအနောက်ဘက်ရှိ မန်ခါမြေအောက်ရထားဘူတာရုံအနီးဖြစ်ပွားခဲ့တဲ့ အဲဒီမီးလောင်ကျွမ်းမှုကို မီးသတ်ကား အစီး ၂၀ နဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဟာ ဝါယာရှော့ခ်ဖြစ်ပြီး စတင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ သေဆုံးသူတွေအတွက် လွန်စွာ၀မ်းနည်းကြောင်း ၀န်ကြီးချုပ်မိုဒီက ပြောဆိုထားပြီး သေဆုံးသူတစ်ဦးချင်းအတွက် ဂရုဏာကြေး ဒေါ်လာ ၂၅၈၀ ပေးအပ်မယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာနေရာမှာ မီးငြိမ်းသွားပေမယ့်လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အလောင်းအများစုကို ဒုတိယထပ်မှာ တွေ့ရှိခဲ့တယ်လို့…
Read Moreချေးငွေကုမ္မဏီက ဝန်ထမ်းကို ချေးငွေပေးရမယ့်သူက သတ်ပစ်ပြီး အလောင်းဖျောက်ဖျက်မှုဖြစ်ပွား
မေ ၁၄-၂၀၂၂ GG + KK(VOM) ဘီလင်းမြို့နယ်၊ စထာပါနာ ချေးငွေကုမ္ပဏီက ဝန်ထမ်းတဦးကို ချေးငွေပြန်ပေးရမယ့်သူက လူကိုသတ်ပြီး အလောင်းဖျောက်ဖျက်ထားတဲ့ဖြစ်စဉ်မနေ့ မေလ ၁၃ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သထုံမြို့၊ လိပ်အင်းရပ်ကွက်မှာနေထိုင်တဲ့ ကိုအောင်သီဟမှာ SATHAPANA Limited Myanmarမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး မေလ ၁၂ ရက်က ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာက ချေးငွေရယူထားတဲ့ နေအိမ်သို့သွားရောက်ပြီး ညှိနှိုင်းပေးစဉ်အသတ်ခံခဲ့ရတာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ “၁၂ ရက်နေ့ကတည်းက ထွက်သွားတာ ပျောက်လို့ လိုက်ရှာတာ ရုံးကလူတွေရော မိသားစုရော မတွေ့ဘူး၊ ၁၃ ရက်က ဖုန်းဆက်လာတယ် သတ်တဲ့သူရဲ့မိန်းမက သူယောက်ကျ်ား အောင်သီဟကို သတ်လိုက်တယ်ဆိုပြီး”လို့ သူကရှင်းပြပါတယ်။ ကိုသီဟအောင်မိတ်ဆွေဖြစ်သူ ချေးငွေကုမ္ပဏီဝန်ထမ်းတဦးကလည်ယ” သတင်းတွေကြားတာတော့ တရားခံ ရဲ့အမျိုးသမီးဖြစ်သူက အောင်သီဟ အလုပ်လုပ်တဲ့ရုံးကို သူတို့သတ်လိုက်ကြောင်း ဖုန်းဆက်ပြောခဲ့တာလို့လည်းကြားတယ်။သီဟက…
Read More