မေ ၁၆-၂၀၂၂ Shy V (VOM) မြန်မာနဲ့ တရုတ် အဓိကကုန်သွယ်ရာ ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ကနေ ဂိတ်ပေါက်အသစ် ထပ်ဖွင့်ပြီး မနေ့ မေလ ၁၅ ရက်နေ့ကစတင်ကာ တရုတ်ဘက်ကို ကြံတွေ စတင် တင်ပို့နေပြီဖြစ်တယ်လို့ မြန်မာဘက်က ကြံ လုပ်ငန်းရှင်ကုန်သည်တွေဆီက သိရပါတယ်။ “မနေ့ကတော့ ၇ စီးဝင်တယ်။ တရက်ကို ဘယ်နှစီး ဝင်နိုင်မယ်ဆိုတာတော့ မသိသေးဘူး။ တရက်ကို အစီး ၅၀ ဝင်နိုင်အောင်တော့ ကြိုးစားသွားမယ်။” လို့ မြန်မာ လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။ တရုတ်ဘက်က ကြံ ကုမ္ပဏီတွေအနေနဲ့ အခု မေလမှာ နောက်ဆုံးအနေနဲ့ လက်ခံမှာဖြစ်လို့ အမြန်ဆုံး နယ်ခြား စည်းရိုးတွေဖျက်၊ တံခါးပေါက်တွေဖွင့်ပြီး လမ်းတွေညှိ၊ ကရိန်းတွေ အထိုင်ချကာ အမြန်ဆုံး စီစဉ်နေရတာဖြစ်တယ်လို့ သိရပါတယ်။…
Read Moreမြိုင်မြို့နယ်မှာ တိုက်ပွဲရှောင်ရင်း အိုးအိမ်မဲ့ ဖြစ်သွားရတဲ့ ပြည်သူ ၂ ထောင်နီးပါးရှိနေ
မေ ၊ ၁၆-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲရှောင်ပြည်သူအရေအတွက်ဟာလည်း တိုးမြင့်လာနေပြီး အဲ့ဒီ တိုက်ပွဲရှောင်တွေထဲကပြည်သူ ၂ထောင်နီးပါးဟာ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အိုးမဲ့ အိမ်မဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မြိုင်မြို့နယ် ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ” အခုလ ၁၃ ရက်စလို့ မြိုင်နယ် မြောက်ပိုင်းကို အထူးစစ်ဆင်ရေးလုပ်ပြီး တပ်က စစ်ကြောင်းထိုးလာတယ် ၊ ပိတောက်ကန် ခေါ် ရွာရှည်ရွာထဲကို လက်နက်ကြီးကျည်တွေကျပြီး ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ ဘယ်သူမှ မသိကျဘူး ၊ လူနေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အဖိုးအဖွား လင်မယား ၂ ယောက်နဲ့ အသက် ၃၀…
Read Moreကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်း ခခဲ့ပေမယ့် ကြီးမားတဲ့ထိခိုက်မှုမျိုး မရှိဘူးလို့သိရ
မေ ၁၆-၂၀၂၂ VOM (GG) မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို ဒီနေ့မေလ ၁၆ ရက် မနက်အစော ၂ နာရီကျော်လောက်က မိုးကြိုးလျှပ်စီးစက်ကွင်း အနည်းငယ်ခခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကသိရပါတယ်။ ” ဒီနေ့မနက် ၂ နာရီ ၄၀ လောက်မှာ မိုးကြိုးကွင်းခခံရတာပါ။ကြီးကြီးမားမားထိခိုက်တာတော့မရှိဘူး၊ရွှေသင်္ကန်းကပ်ထားတာတွေ ကွာကျတာမျိုးပဲရှိတာပါ ” လို့ ဂေါပကအဖွဲ့ဝင်တဦးကပြောပါတယ်။ ကျိုက်ထီးရိုးဘုရားရဲ့ကျောက်လုံးတော်ကြီး အောက်ခြေကနေ အမြင့် ၆ ပေကျော်ကျော်လောက်မှာ ၃ ပေခန့်ရှိတဲ့ အစင်းကြောင်းအရာ ဖြစ်ပေါ်ခဲ့သလို နောက်ထပ် ၆ လက်မ ပတ်လည်လောက် သရိုးဖတ်တွေ ကွာကျသွားခဲ့တာပဲရှိပြီး အခြား ကြီးကြီးမားမား ထိခိုက်တာမျိုးမရှိဘူးလို့ သိရပါတယ်။ ” မနေ့က မိုးတော်တော်လေးကို သည်းတာ၊ကြောက်ဖို့တောင်ကောင်းတယ်။မိုးကြိုးတွေပစ်တာလည်း တအုန်းအုန်းနဲ့၊လေကတော့ နည်းနည်းပဲ တိုက်တယ်၊ ကျနော်တို့ကြားရသလောက်တော့ ဘုရား ကြီးကြီးမားမားထိခိုက်တာမရှိဘူးလို့သိရတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။ မနေ့က…
Read Moreနေပြည်တော်မှာ ငြိမ်းချမ်းရေးထောက်ခံပွဲပြုလုပ်ခဲ့
မေ ၁၆-၂၀၂၂ KT(VOM) ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆောင်ရွက်ချက်မှု လုပ်ငန်းစဉ်များကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ရှုပ်ချသည့်ပွဲကို ဒီကနေ့မနက်ပိုင်းက နေပြည်တော် ဥပါတ္တသန္တိဘုရားကြီးရှေ့ရှိ တပေါင်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီထောက်ခံပွဲ မကျင်းပခင် မနက် ၇နာရီခန့်က ဒက္ခီဏသီရိ အမျိုးသမီးရေးရာအဆောက်အဦးရှေ့မှာ အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်သေးတယ်လို့ “ထောက်ခံပွဲလုပ်တာက ပုဗ္ဗသီရိမြို့နယ်၊ ဥပါတ္တသန္တိဘုရားတပေါင်းကွင်း၊ ကွဲတာကဒက္ခိဏသီရီအမျိုးသမီးရေးရာအဆောက်အဦးရှေ့မှာပါ။ ဗုံးကအသံဗုံး နံနက် ၇း၁၅ လောက်မှာကွဲတာ၊ နေရာခြင်းတော့တနေရာဆီပါ”လို့ အမည်မဖော်လိုသူတဦးကပြောပါတယ်။ အဲ့ဒီပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ကာ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ စုပေါင်းပြုလုပ်တဲ့ပွဲဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော် #ငြိမ်းချမ်းရေး #ထောက်ခံပွဲ
Read Moreကလေးမြိုနယ်တောင်ပိုင်းမှာ တိုက်ပွဲရှောင်နေရင်း ရွာမီးရှို့ခံရလို့ အိုးအိမ်မဲ့ ပြည်သူ ရာနဲ့ချီ ရှိနေ
မေ ၊ ၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်း ၊ မြစ်သာမြစ်ရဲ့ အရှေ့ဘက်ကမ်းနဲ့ နွားတောင် တောင်တန်းအကြားမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်တာတွေ အရှိန်တိုးမြင့်လာတဲ့အတွက် ပစ်ခတ်တာတွေဖြစ်ပြီး အဲ့ဒီနယ်ဘက်က ရွာတွေဟာ လူမနေရဲတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ နွားတောင်ဘက်ကို လေယာဥ်တွေနဲ့ လာပစ်တယ် ၊ ရွာနားမှာ တိုက်ပွဲဖြစ်တော့ ရွာမှာမနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေရတာပါ ” လို့ တိုက်ပွဲရှောင် ဒေသခံတယောက်က ပြောပါတယ်။ မနေ့က မနက်အစောပိုင်း စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ကုက္ကို ၊ လယ်ကြား ၊ ရှားတော ၊ စည်းဟောင် ၊ အရှေ့စည်း ၊ ဒိုးနွယ် ၊ တင်သား ၊…
Read Moreအိုမီခရွန်မျိုးကွဲကို ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ဆင်ပါ
သွေး (စစ်ကိုင်း) မြန်မာနိုင်ငံမှာ ကိုဗစ် 19 ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီ ဆိုပေမယ့် လုံးဝစိတ်ချရတဲ့ အနေအထားထိ မရောက်သေးပါဘူး။ ကမ္ဘာတဝှမ်းမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အတောအတွင်းမှာပဲ ကူးစက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်မျိုးကွဲတွေကလည်း တစ်မျိုးပြီး တစ်မျိုး ထွက်ပေါ်လာနေတဲ့အတွက် ကာကွယ်ဆေးတွေရဲ့ ခုခံနိုင်စမ်း လျော့နည်းသွားမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေဆဲပါ။ သိပ်မကြာသေးမီကပဲ BA.4 နဲ့ BA.5 လို့ ခေါ်တဲ့ ကိုဗစ်မျိုးကွဲ နှစ်မျိုးကို အမေရိကန်ပြည်ထောင်စုမှာ ခြေရာခံမိခဲ့ပါတယ်။ အဲဒီမျိုးကွဲတွေဟာ မူလ အိုမီခရွန်မျိုးကွဲထက်ပိုပြီး ကူးစက်နိုင်ခြေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ယူဆနေသလို အမေရိကန်မှာ နောက်ထပ် ကိုဗစ်လှိုင်း တစ်လှိုင်း ထပ်ဖြစ်လာမလားလို့ ပူပန်နေကြပါတယ်။ BA.4 နဲ့ BA.5 ဟာ မူအိုမီခရွန် မျိုးကွဲ BA.1 လိုပဲ စတင်တွေ့ရှိရတဲ့…
Read Moreပုထိုးတော်ကြီး ညောင်ရေသွန်းပွဲ
ဆူးငှက် “ကြားမရှုပ်နဲ့ ငြိမ်ပေး … ငြိမ်ပေး ဝါးလခုပ်က စိန်ဌေး … စိန်ဌေး၊ လာသမျှ ထိပ်ဆုံး …. ထိပ်ဆုံး ဆရာက မိတ်ထုံး …. မိတ်ထုံး၊ အထင်းသားဗျ တူး …. တူး လကွင်းသမားက ဖိုးထူး …. ဖိုးထူး၊ ရှိန်ဖြိုးညီစွ အဝေးရှောင် …. အဝေးရှောင် စိန်အိုးစည်က ဌးမောင် …. ဌးမောင် ကိုပုကိုငယ် တးတစ်သွယ် …. ကိုကြွယ်လိုလည်း မူတတ်ပါရဲ့၊ ကိုသန့် ကိုဉာဏ် တစ်မျိုးကြံ … အဖိုးတန်အောင် ညွန့်တက်ပါရဲ့၊ ပိဋကတ်အောင် …. စာတစ်စောင် ဆရာမောင်လို … ကွန့်တတ်ပါရဲ့၊ ပာစရာအပေါင်း မာစရာကောင်း သြဘာသောင်းလို … ကလိတတ်ပါရဲ့၊ အလှကလေးမဒီ … ညရေးအမီ မအေးကြည်လို ….…
Read Moreပုလဲမြို့မှာ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျ ကိုရင် ၁ ပါးပျံလွန်တော်မူ၊ ၅ ပါး ဒဏ်ရာရ
မေ ၊ ၁၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့၊ မြို့တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းထဲကို ဒီကနေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင် ၁ ပါး ပျံလွန်တော်မူကာ ကျန်တဲ့သံဃာတချို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြိုခံတွေဆီက သိရပါတယ်။ “ဖြစ်တာက ဒီညနေ ၄ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ လက်နက်ကြီး ကျည်ဆံက ပုလဲရဲစခန်းကို ကျော်ပြီး ဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာ”လို့ ကပ္ပိယတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မြသိန်းတန်းဘုန်းကြီးကျောင်းမှာရှိတဲ့ ကျောင်းထိုင်ဆရာတော် ဉူးတေဇဋိယ၊ ကိုရင်ကြီး ကောက်ရ၊ ကိုရင်ဝလ၊ ကပ္ပိရ ဦးကောင်းသန့်ထွန်းတို့မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး ကိုရင် ရဲမြတ်ထွဋ်မှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ပုလဲမြို့ပေါ်မှာ ပစ်ခတ်သံတွေကြားရပြီး အဆောက်အဦးတချို့ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM…
Read Moreတရုတ်လွှမ်းမိုးမှုကို တန်ပြန်ဖို့ အာဆီယံကို ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အမေရိကန် ကတိပြု
ဝါရှင်တန်၊ မေ-၁၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်ဟာ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ဖို့ရည်ရွယ်ပြီး အာဆီယံဒေသမှာ အခြေခံအဆောက်အအုံတွေ၊ လုံခြုံရေး၊ ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ အခြားသောအားထုတ်မှုတွေအတွက် ဒေါ်လာသန်း ၁၅၀ ထောက်ပံ့ပေးသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို ကတိပြုလိုက်ပါတယ်။ သမ္မတဘိုင်ဒင်ဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ စင်ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ မလေးရှား ၊ ဖိလစ်ပိုင်တို့က ခေါင်းဆောင်တွေနဲ့ အိမ်ဖြူတော်မှာ မေ ၁၂ ရက်က ညစာစားပွဲကျင်းပချိန်မှာ အခုလိုကတိပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီးတဲ့ အကြောင်းကိစ္စတွေရှိနေပေမယ့်လည်း အဓိကပြိုင်ဘက်အဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရေရှည်စိန်ခေါ်မှုကို အာဆီယံနိုင်ငံတွေနဲ့တုံ့ပြန်နိုင်ဖို့ အမေရိကန်အစိုးရက မျှော်လင့်နေပါတယ်။ အမေရိကန်က အာဆီယံကိုထောက်ပံ့မယ့် ဒေါ်လာသန်း ၁၅၀ ထဲမှာ အခြေခံအဆောက်အအုံတွေနဲ့ပတ်သက်ပြီး ဒေါ်လာ သန်း ၄၀ ၊ ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် ဒေါ်လာသန်း ၆၀…
Read Moreမြောက်ဒဂုံ ကမ္ဘောဇဘဏ် ငွေသိမ်းတဲ့ကားပေါ်ကနေ သိန်းသုံးထောင် လုယက်ခံရ
မေ ၁၃-၂၀၂၂ KK(VOM) မြောက်ဒဂုံမြို့နယ်က ကမ္ဘောဇဘဏ်ခွဲ ၁မှာ ဒီကနေ့ နေ့လယ် ၂ နာရီက ငွေသိမ်းလာတဲ့ကားဆီကနေ ငွေကျပ်သိန်းသုံးထောင်နီးပါး လုယက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မြောက်ဒဂုံမြို့နယ်၊ ၃၂ ရပ်ကွက်၊ ပင်လုံလမ်းမပေါ်က ကမ္ဘောဇဘဏ်ခွဲ ၁မှာ ငွေသိမ်းလာတဲ့ကားပေါ်က ငွေတွေကို ဒီကနေ့ နေ့လယ်သုံးနာရီဝန်းကျင်က အမည်မသိအမျိုသားသုံးဦးက လုယက်သွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “အမျိုသားငါးဦးက ကားနဲ့ရောက်လာပြီး သုံးဦးကဆင်းပြီး ဓားနဲ့ခုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီးလုသွားတာ၊ ငွေသုံးထောင်နီးပါးပါသွားတယ်”လို့ ပြောပါတယ်။ ကမ္ဘောဇဘဏ်က ယာဥ်မောင်းနဲ့ဝန်ထမ်းတွေဟာ မြို့နယ်အချို့ရှိ ဘဏ်တွေဆီကနေ ငွေတွေသိမ်းပြီးအပြန် ဘဏ်ခွဲ ၁ ကို လာရောက်ပို့ဆောင်ချိန်မှာ လုယက်ခံရတာဖြစ်တယ်လို့ အမည်မဖော်လိုသူရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ လက်တလောမှာ မြောက်ဒဂုံမြို့နယ်က လမ်းဆုံ၊လမ်းခွတွေမှာ စစ်တပ်နဲ့ရဲတွေက ကားတွေကိုစစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ်၊…
Read More