မြေးမွေးမပေးတဲ့ သားဖြစ်သူဇနီးမောင်နှံကို ဒေါ်လာခြောက်သိန်းခွဲရလိုမှုနဲ့ မိဘတွေက တရားစွဲ

ဒေလီ၊ မေ-၁၃-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာရာခန်ပြည်နယ်မှာ အိမ်ထောင်သက်ခြောက်နှစ်ကြာအထိ မြေးမွေးမပေးတဲ့ တဦးတည်းသောသားနဲ့ ချွေးမဖြစ်သူတို့ကို မိဘနှစ်ပါးက တရားစွဲဆိုလိုက်ပါတယ်။ သားဖြစ်သူကို ပြုစုပျိုးထောင်ပေးပြီး ခမ်းနားသောမင်္ဂလာပွဲအပါအ၀င် သူ့အတွက် လေယာဉ်မှူးသင်တန်းအတွက် စုဆောင်းငွေတွေကို အသုံးပြုခဲ့ရကြောင်း မိဘတွေဖြစ်တဲ့ အသက် ၆၁ နှစ်အရွယ် ဆန်ဂျီဗ်နှင့် ၅၇ နှစ်အရွယ် ဆက်ဟာနာပရာဆက်တို့ကပြောပါတယ်။ တနှစ်အတွင်း သားဖြစ်သူဇနီးမောင်နှံက မြေးမွေးမပေးနိုင်ဘူးဆိုရင် အမေရိကန်ဒေါ်လာ ခြောက်သိန်းငါးသောင်းနီးပါးကို လျော်ကြေးငွေအဖြစ် မိဘတွေက တောင်းခံထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သားဖြစ်သူ ဇနီးမောင်နှံက မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။ သားဖြစ်သူအတွက် စုဆောင်းငွေအားလုံးအသုံးပြုခဲ့ပြီး လေယာဉ်မှူးသင်တန်းအတွက် ၂၀၀၆ ခုနှစ်မှာ အမေရိကန်သို့ စေလွှတ်ခဲ့ကြောင်း မစ္စတာ ပရာဆက်ကပြောပါတယ်။ သားဖြစ်သူဟာ ၂၀၀၇ ခုနှစ်မှာ အိန္ဒိယသို့ပြန်လာခဲ့ပေမယ့် အလုပ်ပြုတ်ခဲ့တာကြောင့်မိသားစုက သူ့ကိုငွေရေးကြေးရေးအရ နှစ်နှစ်ကျော် ထောက်ပံ့ခဲ့ရကြောင်း အိန္ဒိယအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ အသက် ၃၅…

Read More

အမေရိကန်-အာဆီယံ အစည်းအဝေးတက်ဖို့သွားတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဖိနပ်နဲ့ ပစ်ပေါက်ခံရ

ဝါရှင်တန်၊ မေ-၁၃-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဟာ သူ့ကိုထောက်ခံသူတွေနဲ့ တွေ့ဆုံမှုတခုအတွင်း ဖိနပ်နဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။ ဝါရှင်တန်မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေကို ခမာဘာသာနဲ့ သတင်းတင်ဆက်တဲ့ monoroom.info ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ တစုံတယောက်က ပစ်ပေါက်လိုက်တဲ့ အဲဒီဖိနပ်ဟာ ၀န်ကြီးချုပ်ဟွန်ဆန်ကိုတော့ ထိမှန်ခဲ့ပုံမရပါဘူး။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယား အတိုက်အခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေကြောင့် အမေရိကန်အစိုးရနဲ့ အခြားနိုင်ငံတွေက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဟွန်ဆန်အပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ မေ ၁၂ ရက်မှာ အမေရိကန်လွှတ်တော် ခေါင်းဆောင်တွေနဲ့ နေ့လယ်စာစားခဲ့ကြပြီး အာဆီယံဒေသတွင်းမှာ ဒီမိုကရေစီကျဆင်းမှုကို အံတုဖို့နဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရေ အတူတကွလုပ်ဆောင်ကြဖို့ အမေရိကန်တာ၀န်ရှိသူတွေက တိုက်တွန်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သမ္မတဂျိုးဘိုင်ဒင်နဲ့ ညစာစားပွဲမကျင်းပမီမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာဆီယံခေါင်းဆောင်တွေဟာ တွေ့ဆုံခဲ့ကြပါသေးတယ်။ Ref: Reuters…

Read More

မြန်မာ – လာအို ချစ်ကြည်ရေးတံတား ပြန်ဖွင့်

မေ ၁၃-၂၀၂၂ KK(VOM) ကိုဗစ်ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားတဲ့ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့က မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ဒီကနေ့ မနက်ပိုင်းမှာ နှစ်ဖက်နိူင်ငံက တာဝန်ရှိသူတွေနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ မြန်မာ – လာအိုချစ်ကြည်ရေးတံတားပြန်ဖွင့်ဖို့ မေလပထမအပတ်ကတည်းက ကျိုင်းလပ်မြို့နယ်က တာဝန်ရှိသူတွေနဲ့ လာအိုနိူင်ငံတာဝန်ရှိသူတွေဆွေးနွေးပြီးမှ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ “အဓိက ကိုဗစ်စည်းကမ်းနဲ့ပဲ တံတားကိုဖြတ်သန်းခွင့်ပေးမှာ၊ ယာဥ်မောင်းတစ်ယောက်က ကိုဗစ်ဆေး နှစ်ကြိမ်ထိုးတဲ့သူဖြစ်ရမယ်၊ ကုန်ကားတစ်စီးမှာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ပဲ နှစ်ဦးခွင့်ပြုမယ်”လို့သူကရှင်းပြပါတယ်။ ဒါ့အပြင် ကုန်စည်တွေပို့ဆောင်ရာမှာ လာအိုဘက်ကနေ သတ်မှတ်ထားတဲ့ ကုန်ကွင်းမှာ ကုန်တင်ကုန်ချ ပြုလုပ်ရမှာဖြစ်သလို မြန်မာဘက်က တင်သွင်းလာတဲ့ ကုန်ပစွည်းတွေကို လာအိုဘက်မှ လက်ခံကာ တရုတ်နိူင်ငံကို တဆင့်ပြန်လည်ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျိုင်းလပ်မြို့က ကုန်တင်ယာဥ်မောင်းတဦးက”အခုလိုခွင့်ပြုလိုက်တော့ တရုတ်ကနေ တိုက်ရိုက်တင်ပို့ခွင့်ပိတ်ထားတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ လာအိုကနေတဆင့် တရုတ်ကိုပို့လို့ရတာပေါ့”လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးကပြောပါတယ်။ ဒီလိုခွင့်ပြုလိုက်ပေမယ့်…

Read More

မြောက်ကိုရီးယားမှာ အဖျားရောဂါလက္ခဏာရှိသူ တစ်သိန်းရှစ်သောင်းကျော်ကို သီးခြားထား ကုသပေးနေရ

ပြုံးယမ်း၊ မေ-၁၃-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ပထမဆုံးလူသေဆုံးမှုကို အတည်ပြုခဲ့ပြီး လူသောင်းပေါင်းများစွာဟာ အဖျားရောဂါလက္ခဏာများခံစားနေရကြောင်း နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီး ဖျားနာနေသူ ၁၈၇၀၀၀ ကို သီးခြားခွဲထားပြီး ကုသမှုပေးနေကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက မေ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာယခင်အချိန်တွေကတည်းက ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားသော်လည်း မြောက်ကိုရီးယားအာဏာပိုင်တွေကတော့ မေ ၁၂ ရက်မှသာ ပထမဆုံး ရောဂါကူးစက်မှုကို အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ မြို့တော်ပြုံးယမ်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့ပြီး လော့ခ်ဒေါင်းအစီအမံတွေကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဟာ နိုင်ငံတကာအသိုင်းအဝိုင်းက သန်းပေါင်းများစွာသော ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက် ၂၀၂၀…

Read More

နမ့်အွမ်ရွာအနီးမှာ မိုးကြီးမှုကြောင့် အုတ်တံတိုင်းပြိုကာ လူ ၄ ဦး သေဆုံး

မေ ၁၃-၂၀၂၂ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာအနီး ဆိုင်းခေါင်မှာ မနေ့ မေလ ၁၂ ရက် မနက်ပိုင်းက မိုးရွာသွန်းမှုများလို့ မြေပြိုလာပြီး နေအိမ်အုတ်တံတိုင်း ပြိုကျကာ အမျိုးသား ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ် မနေ့က ၁၀ နာရီလောက်မှာ။ သူတို့ ငှားနေတဲ့အိမ် မိုးအရမ်းရွာလို့ မြေပြိုလာတာလေ။ သေသွားတာ ယောက်ျားတွေကြီးပဲ ၄ ယောက်။ အောက် မြန်မာပြည်ဘက်က ဗမာတွေ။ ကြံလာခုတ်ကြတာ” လို့ နမ့်အွမ် ရွာခံ ၁ ဦး က ပြောပါတယ်။ သေဆုံးသူတွေဟာ နတ်မောက်မြို့နယ်ဘက်က အလုပ်လာလုပ်ကြတဲ့ ကြံခုတ်လုပ်သားတွေဖြစ်ပြီး အဲဒီထဲက ၁ ဦးက ဇာတိနေရပ်ရှိ သူ့အမျိုးသမီးဖြစ်သူ မီးဖွားခါနီးမို့လို့ အိမ်ပြန်ခါနီးနဲ့ နောက် ၁…

Read More

အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်တဲ့အခါ ငွေကြေး တစ်ပြားမှ မကောက်ခံရ

မေ-၁၃-၂၀၂၂ KT(VOM) ဇွန်လ တရက်နေ့မှာဖွင့်မယ့် အခြေခံပညာကျောင်းတွေအပ်နှံတဲ့အခါမှာ ငွေကြေးကောက်ခံတာမလုပ်ရတဲ့အပြင် အခမဲ့ ထောက်ပံ့မှုတွေကို အောက်မှာဖော်ပြထားတဲ့အတိုင်း အတန်းအလိုက် ပေးမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ KG ကနေ Grade – 5 အထိ ကျောင်း၀တ်စုံ ၁ စုံစီ ထပ်မံ ပေးမယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #VOM #အခြေခံပညာကျောင်းအပ်နှံရေး

Read More

မြန်မာ့အရေး ပိုမိုထိရောက်တဲ့ အခန်းကဏ္ဍကပါ၀င်ဖို့ အာဆီယံကို အမေရိကန်တိုက်တွန်း

ဝါရှင်တန်၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ယခုထက်ပိုထိရောက်တဲ့အခန်းကဏ္ဍကနေ ပါ၀င်ကြဖို့ အမေရိကန်က လိုလားကြောင်း အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကာ့ကမ်းဘဲလ်က မေ ၁၁ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဝါရှင်တန်မှာပြုလုပ်မယ့်ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကို အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး သံတမန်ရေးရာ ကြိုးစားအားထုတ်ဖို့ မေ ၁၁ နဲ့ ၁၂ ရက်မှာ ပြုလုပ်မယ့် အမေရိကန် -အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိမ့်မယ်လို့ ကမ်းဘဲလ်က ပြောပါတယ်။ လက်ရှိ မြန်မာအာဏာပိုင်တွေရော အတိုက်အခံတွေပါ ရှေ့ဆက်ပြီးဘယ်လို ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ အစပြုမှုတွေကို လုပ်ဆောင်ဖို့ မိမိတို့မျှော်လင့်ကြောင်း သူကပြောပါတယ်။ အမေရိကန်အနေနဲ့ အခြားမိတ်ဖက်တွေနဲ့လက်တွဲပြီး မြန်မာ့အရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ဒါပေမယ့်…

Read More

လူ ၁၁၃ ဦးတင်ဆောင်ထားတဲ့ တရုတ်ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်ပြီး မီးလောင် ၊ ၃၆ ဦး ဆေးရုံတင်ထားရ

ပေကျင်း၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) ခရီးသည် ၁၁၃ ဦးကို တင်ဆောင်ထားတဲ့ တရုတ်ခရီးသည်လေယာဉ်တစီးဟာ ချုံကင်းလေဆိပ်မှာ မေ ၁၂ ရက်က ပြေးလမ်းချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ တိဘက်လေကြောင်းလိုင်းက Airbus A319 လေယာဉ်ဟာ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နင်ချီမြို့ကို ပျံသန်းဖို့ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၃၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၁၁၃ ဦးနဲ့ လေယာဉ်အမှုထမ်း ကိုးဦးလိုက်ပါသွားတယ်လို့ တရုတ်လေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပြီး ဒဏ်ရာရသူ ၃၆ ဦးကို ဆေးရုံပို့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်မှူးတွေဟာ လေယာဉ်ရဲ့ မူမမှန်မှုကို သတိထားမိတာကြောင့် ပျံသန်းမှုကို ရပ်တန့်လိုက်ပြီးနောက် လေယာဉ်ဟာ ပြေးလမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ မတ်လအတွင်းကလည်း တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ…

Read More

မြိုင်မြို့နယ်မှာ ဘုန်းကြီး ၁ ပါး အပါအဝင် ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့

မေ ၊ ၁၂-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်ပေါင်းကန်ကျေးရွာမှာရှိတဲ့ ၊ ဃောသိတာရာမမြတ်နိုးကျောင်းထဲမှာ မနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်းက ဘုန်းကြီး ၁ ပါး အပါအဝင် ၊ ဦးခေါင်းပြတ် ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရတာပါ ၊အားလုံးက လည်ပင်းဖြတ်တောက် ဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပါတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် သင်ပေါင်းကန်ရွာခံတယောက်က”ခန်းနေ ဥူးဇင်း ဥူးသုမန(ခ)ဦးညွန့်ဝင်းဌေး၊ သက်တော် ၄၄ နှစ်၊ ဝါတော် ၁၄ ဝါ၊ ဦးအောင်ဝင်း ၂၉…

Read More

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ကူးစက်မှု ပထမဆုံးတွေ့ရှိပြီးနောက် လော့ခ်ဒေါင်းချဖို့အမိန့်ထုတ်

ပြုံးယမ်း၊ မေ-၁၂-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါပထမဆုံး ကူးစက်မှုကို အတည်ပြုပြီးနောက် တင်းကြပ်တဲ့ လော့ခ်ဒေါင်းအစီအမံတွေချမှတ်လိုက်ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက မေ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။ မြို့တော်ပြုံးယမ်းမှာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့ပေမယ့် ကူးစက်မှုအရေအတွက် ဘယ်လောက်လဲဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒီဖြစ်စဉ်ဟာ နိုုင်ငံရဲ့အကြီးမားဆုံးသော အရေးပေါ်အခြေအနေဖြစ်ပြီး အရေးပေါ်တုံ့ပြန်မှုတွေကို ပြင်ဆင်ဖိုဇ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေကတော့ ကိုဗစ်-၁၉ ရောဂါဟာ မြောက်ကိုရီးယားမှာ ကူးစက်နေတာ ကြာနေပြီလို့ ယူဆနေကြပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံထုတ် ဆီနိုဗက်ကာကွယ်ဆေးနဲ့ အန်စထရာဇန်နီကာ ကာကွယ်ဆေးတွေ ပေးအပ်ဖို့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းမရှိသေးပါဘူး။ မြောက်ကိုရီးယားဟာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး နယ်စပ်တွေကို ပိတ်ထားခြင်းဖြင့် ကူးစက်မှုကိုတားဆီးဖို့ ရည်မှန်းထားခဲ့ပြီး ဒီလိုလုပ်ဆောင်မှုကြောင့် စီးပွားရေကျဆင်းခြင်းနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ…

Read More