ဆိုးလ်၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ အမျိုးအမည်မသိ ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲဒီစမ်းသပ်မှုဟာ အောင်မြင်ဖွယ်မရှိဘူးလို့ တောင်ကိုရီးယားစစ်ဘက်က မတ် ၁၆ ရက်မှာပြောပါတယ်။ အဲဒီဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ပြင် တနေရာကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခင်ကတိုက်ချင်းပစ်ဒုံးကျည်တွေလို့ အမေရိကန်ကစွပ်စွဲခဲ့တဲ့ စမ်းသပ်မှုအပါအ၀င် ဒုံးကျည်အများအပြား စမ်းသပ်ပစ်လွှတ်ခဲ့ရာသောနေရာဖြစ်ပါတယ်။ မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ သူ့ရဲ့လက်နက်စမ်းသပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အခုလိုဒုံးကျည်စမ်းသပ်မှု ထပ်မံပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ဒီနေ့နံနက် ၉ နာရီ ၃၀ မိနစ်၀န်းကျင်မှာ ဆူနန်ဒေသကနေ အမျိုးအမည်မသိ ဒုံးပျံတစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ပစ်လွှတ်ပြီးများမကြာမီ စီစဉ်ထားတဲ့အတိုင်း အောင်မြင်ခဲ့ဖွယ်မရှိဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယခုနှစ်အတွင်းမှာ မြောက်ကိုရီးယားဟာ လက်နက်စမ်းသပ်မှု ကိုးကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည် အပြည့်အ၀စမ်းသပ်ပစ်လွှတ်မှုမတိုင်မီ ဒုံးကျည်နည်းပညာသစ်ရဲ့ အစိတ်အပိုင်းတွေကို စမ်းသပ်ခဲ့ကြောင်း…
Read Moreကျင်စန်ကျော့-ဝမ်တိန်ဂိတ်က တရုတ်ဘက် တင်ပို့နေတဲ့ Exportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီပိတ်ထား
မတ် ၁၆-၂၀၂၂ Shy V (VOM) မြန်မာ – တရုတ် အဓိက ကုန်သွယ်ရာ ဂိတ် ၁ ခုဖြစ်တဲ့ ကျင်စန်းကျော့-ဝမ်တိန် (မန့်မန်း)ဂိတ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာExportကုန် ၇ မျိုးကို တင်ပို့ခွင့် ယာယီရပ်နားထားမှာဖြစ်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်ချက် ထုတ်ထားတာပေါ့။ ကုန်စည် ၇ မျိုးပေါ့။ ဆန်၊ ဆန်ကွဲ ပါတယ်။ အေးခဲ လတ်ဆတ်ကုန်ပါတယ်။ အသားတို့ ဘာတို့လည်းပါတာပေါ့။” လို့ နယ်စပ်ကုန်သည် ၁ ဦးက VOM ကိုပြောပါတယ်။ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကုန်စည်တချို့ တင်သွင်းမှု ယာယီရပ်နားထားကြောင်း အသိပေးကြေညာချက်…
Read Moreရုရှားတပ်ဖွဲ့၀င်တွေ လက်နက်ချဖို့ ယူကရိန်းသမ္မတ တိုက်တွန်း
ကိယက်ဗ်၊ မတ်-၁၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာ တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ လက်နက်ချဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မတ် ၁၅ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ ချေချင်းညာပဋိပက္ခထက် ယူကရိန်းကို ကျူးကျော်မှုမှာ ပိုမိုထိခိုက်ဆုံးရှုံးနေတယ်လို့ သမ္မတ ဇီလန်စကီးက ညစဉ်ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုပါတယ်။ စစ်ပွဲကြောင့် ဘာအောင်မြင်မှုမှမရဘူးဆိုတာ ရုရှားတွေနားလည်လာပြီလို့ သူကဆိုပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေအနေနဲ့ အသက်ရှင်သန်လိုတာကို သိရှိကြောင်း လက်နက်ချသူတွေကို လူပီသစွာ ဆက်ဆံသွားမယ်လို့ ဇီလန်စကီးကပြောပါတယ်။ ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ပြီး ရုရှားနိုင်ငံပိုင်သတင်းဌာနက တိုက်ရိုက်သတင်းတင်ဆက်စဉ်မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ Marina Ovsyannikova အတွက်ကိုလည်း ဂုဏ်ယူကြောင်း၊ အဲဒီလိုမျိုး အမှန်တရားကို ထုတ်ဖော်ဖို့ မရပ်မနားကြိုးစားနေတဲ့ ရုရှားနိုင်ငံသားတွေကို ကျေးဇူတင်တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ရုရှားနဲ့ယူကရိန်းအကြား ပဋိပက္ခချုပ်ငြိမ်းရေး ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေဟာ…
Read Moreကလေးမြို့ အကျဥ်းထောင်တွင်း ပစ်ခတ်မှု ၇ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ
မတ် ၊ ၁၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ မော်လိုက်လေးကျေးရွာအနီး ၊ ကလေး-တမူး ကားလမ်းမှာရှိတဲ့ ကလေးအကျဥ်ထောင်မှာ မနေ့ မတ် ၁၅ ရက် ညနေပိုင်းက ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ယောက်သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းဆီက သိရပါတယ်။ အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတဦးက ” ထောင်ထဲက မင်းရုံးမှာ ထောင်ပိုင်ကြီး နဲ့ ထောင်မှူးကြီးအဖွဲ့ စကားပြောနေတဲ့အချိန်မှာ အိပ်ဆောင် ၅ က အချုပ်သား ၅၀ ကျော်လောက်က ရုတ်တရက် ဝင်ရောက်လာပြီး သူတို့ ထွက်ပြေး လွတ်မြောက်ဖို့အတွက် စကားပြောနေတဲ့ ထောင်ပိုင်ကြီးနဲ့ ထောင်မှူကြီးတို့အဖွဲ့ကို ဓားစာခံအဖြစ် အချုပ်သားတွေက ဝိုင်းဖမ်းတယ်၊ ဓားစာခံအဖြစ် အချုပ်သားတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံရတာက…
Read Moreယူကရိန်းစစ်ပွဲ ၁၉ – ၂၀ ရက်မြောက်
– မြို့တော်ကီယက်ဗ်က လူနေတိုက်ခန်းတွေ နဲ့ မြေအောက်ဘူတာတစ်ခု ကို ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ သေဆုံးသူတွေရှိပေမယ့် ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ မသိရသေးပါဘူး။ ကီယက်ဗ်မှာ နှစ်ရက် ညမထွက်ရ ကာဖြူးအမိန့် ( ညနေ၆နာရီ – နံနက်၅နာရီ) ထုတ်ထားပါတယ်။ – အင်္ဂါနေ့မှာ ကီယက်ဗ်က အရပ်သားတွေလိုက်ပါလာတဲ့ ကားအစီးရေ ၂၀၀၀ နီးပါး မြို့ကနေ ဘေးလွတ်ရာဆီကို ထွက်ခွာနိုင်ပါတယ်။ – ကီယက်ဗ် မြို့တော်ဝန်က ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်များတဲ့ ကာလကိုဖြတ်သန်းနေကြ ရတယ်လို့ သတိပေးလိုက်ပါတယ်။ – ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေအကြား အပစ်ရပ်ရေးကိုဆွေးနွေးပွဲ မနက်ဖြန်မှာ ဆက်ဆွေးနွေးမယ်လို့ သိရပါတယ်။ – ရုရှားက သိမ်းပိုက်ထားတဲ့ ကါဇွန်၊ မာလီတီပို၊ Berdyansk ဘာဒီယန်စခါ မြို့တွေမှာ ရုရှားဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။…
Read Moreရုရှားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် များမကြာမီလက်မှတ်ထိုးနိုင်ကြောင်း ယူကရိန်းသမ္မတရဲ့ အကြံပေးပြော
ကိယက်ဗ်၊ မတ်-၁၅ မျိုးဆက်(VOM) ရုရှားနဲ့ ယူကရိန်းတို့အကြား လာမယ့်သီတင်းပတ်တွေအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးရဲ့ အကြံပေး တဦးဖြစ်သူ Alexey Arestovich က မတ် ၁၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ဖြစ်နိုင်တာကတော့ မေလမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ မေလ အစောပိုင်းမှာ ဒါမှမဟုတ် စောနိုင်ပါသေးတယ်လို့ သူကဆိုပါတယ်။ အကောင်းဆုံး အခြေအနေတခုအနေနဲ့ ရုရှားတပ်တွေ ဆုတ်ခွာရေး သဘောတူညီချက်ကို တပတ်မှ နှစ်ပတ်အတွင်း ရရှိနိုင်တယ်လို့ Alexey Arestovich ကပြောပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ နှစ်ဘက်အကြား အွန်လိုင်းကတဆင့် စတုတ္ထအကြိမ် ဆွေးနွေးပွဲဟာ ပိုမိုအပြုသဘောဆောင်တယ်လို့ သူကဆိုပါတယ်။ ရုရှား-ယူကရိန်း ၁၉ ရက်ကြာ စစ်ပွဲအတွင်း ရုရှားစစ်လေယာဉ် အစင်း…
Read Moreထိုင်းကုမ္ပဏီ PTTEP က ရတနာဓါတ်ငွေ့စီမံကိန်း ရှယ်ယာတွေ လွှဲပြောင်းရယူမည်
ဘန်ကောက်၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာရှိတဲ့ ရတနာဓါတ်ငွေ့စီမံကိန်းကနေ ပြင်သစ်ကုမ္ပဏီ TotalEnergies ထွက်ခွာပြီးနောက် အဲဒီစီမံကိန်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဇူလိုင်လကစပြီး လွှဲပြောင်းရယူတော့မှာဖြစ်ကြောင်း ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အဓိကရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံကနေ ဇန်နဝါရီလမှာ ထွက်ခွာခဲ့ကြပါတယ်။ စွမ်းအင်ကို သာတူညီမျှရရှိရေးဟာ လူသားအားလုံးရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတစ်ရပ်ဆိုတာကို အသိအမှတ်ပြုကြောင်း PTTEP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရတနာဓါတ်ငွေ့စီမံကိန်းကနေ ထွက်ခွာဖို့ TotalEnergies ကုမ္ပဏီဆုံးဖြတ်ပြီးနောက်ပိုင်း သဘာ၀ဓါတ်ငွေ့ရရှိမှု ပုံမှန်ဖြစ်စေဖို့ လုပ်ငန်းဆက်ခံတဲ့ အော်ပရေတာအဖြစ် ဆောင်ရွက်ဖို့ကို သေချာစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ရတနာ သဘာ၀ဓါတ်ငွေ့စီမံကိန်းဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံစလုံးက ပြည်သူတွေရဲ့ အသက်မွေး၀မ်းကြောင်းအတွက် အဓိကကျတဲ့ သဘာ၀ဓါတ်ငွေ့အရင်းအမြစ်ဖြစ်တာကြောင့် စွမ်းအင်လိုအပ်ချက် အနှောက်အယှက်မဖြစ်စေဖို့…
Read Moreကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းနဲ့အပြင်းအထန်တိုက်ခိုက်၊ နျူကလီးယားစစ်ဖြစ်လာမှာကို ကုလစိုးရိမ်နေ
ကိယက်ဗ်၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားက မတ် ၁၄ ရက် ညပိုင်းမှာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူနေအဆောက်အအုံတွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။ ကိယက်ဗ်မြို့ပေါ်က လူနေအဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ လူနှစ်ဦးသေဆုံးပြီး ၃၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဌာနကပြောပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိမှန်ပျက်စီးခဲ့တဲ့နေရာနဲ့ အဆောက်အအုံတွေက Sviatoshynskyi ခရိုင်မှာရှိတဲ့ ကိုးထပ်နဲ့ ၁၆ ထပ်အမြင့်ရှိ အဆောက်အအုံနှစ်ခု၊ Podilskyi ခရိုင်ရှိ၁၀ ထပ်လူနေ အဆောက်အအုံ၊ Darnytskyi ခရိုင်မှာရှိတဲ့ အိမ်ယာတခု၊ Lukyanivska မြေအောက်ရထားဘူတာရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ဘူတာကတော့ လုပ်ငန်းလည်ပတ်နိုင်ဆဲဖြစ်တယ်လို့ ကိယက်ဗ်မြို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ အခုလိုတိုက်ခိုက်မှုတွေကြောင့် နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို…
Read Moreတရုတ်မှာ ကိုဗစ်ကူးသူမြင့်တက်လာလို့ လူ ၂၄ သန်းနေထိုင်တဲ့ ဂျီလင်ပြည်နယ်ကို လော့ခ်ဒေါင်းချ
ပေကျင်း၊ မတ်-၁၅-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ မတ် ၁၅ ရက်နေ့က ရောဂါကူးစက်ခံရသူ ငါးထောင်ကျော်ထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အများစုမှာ ဂျီလင်ပြည်နယ်မှဖြစ်တဲ့အတွက် ပြည်နယ်တွင်းနေထိုင်သူ ၂၄ သန်းကို မတ် ၁၄ ရက်မှာ လော့ခ်ဒေါင်းချလိုက်ပါတယ်။ ဂျီလင်ပြည်နယ်တစ်ခုလုံးနဲ့ နည်းပညာအချက်အခြာနေရာဖြစ်တဲ့ ရှန်ကျန်းဒေသရှိ ဒေသခံတွေအပါအ၀င် နိုင်ငံတ၀န်းရှိ ပြည်သူသန်းပေါင်းများစွာဟာ ကိုဗစ်ကန့်သတ်ချက်တွေနဲ့ လက်ရှိမှာရင်ဆိုင်နေရပါတယ်။ ဒီလို ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာမှုကြောင့် တရုတ်နိုင်ငံရှိ နိုင်ငံတကာကုမ္ပဏီတွေဟာလည်း သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေကြုံတွေ့နေရပါတယ်။ လုပ်ငန်းများရပ်ဆိုင်းထားရတဲ့ နိုင်ငံတကာ ကုမ္ပဏီများထဲမှာ တိုယိုတာ၊ ဗောက်၀က်စ်ဂွန် နဲ့ အက်ပဲအတွက် စမတ်ဖုန်းအစိတ်အပိုင်းတွေထုတ်လုပ်ပေးတဲ့ ဖော့စ်ကွန်း ကုမ္ပဏီတို့လည်း ပါ၀င်နေပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာလော့ခ်ဒေါင်းချမှတ်ခြင်းတွေကြောင့် အရေးပါသောထောက်ပံ့ရေး ကွင်းဆက်တွေပြတ်တောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများလည်း လက်ရှိမှာတိုးပွားလာနေပါတယ်။…
Read Moreပလက်ဝမှာ စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ စျေးနူန်းသုံးဆနီးပါး ပေးနေရ
မတ် ၁၅ -၂၀၂၂ SP(VOM) ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အစပ်က ပလက်ဝမြို့မှာ အခုရက်ပိုင်း စက်သုံးဆီစျေးနူန်း အဆမတန် မြင့်တက်နေပြီး စားသောက်ကုန်စည် တချို့ အဝင်နည်းသွားတဲ့အတွက် ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး စျေးကွက်မှာရှိနေတဲ့ လက်ကျန်ကုန်ပစ္စည်းတွေကလည်း အရင်ကစျေးထက် သုံးဆနီးပါး ပေးဝယ်နေရတယ်လို့ ပလက်ဝနယ်ခံတွေဆီက သိရပါတယ်။ ” ဓာတ်ဆီက တစ်လီတာဆို ၄ ထောင် ၊ ဂါလံလိုက်ယူရင် ၁ သောင်းခွဲ ၊ အရင်က ကြက်ဥ တစ်ထောင်ဖိုး ၅ လုံးကနေ အခုဆို ၃ လုံးပဲရတယ် ၊ ဆန်ကတော့ အမျိုးအစားအလိုက် အရင်စျေးထက် တစ်သောင်းပိုတယ် ၊ ပေါ်ဆန်း တစ်အိတ်ကို ၇ သောင်းဝန်းကျင်ရှိတယ် ” လို့ ပလက်ဝနယ်ခံတယောက်က ပြောပါတယ်။ အဲ့ဒီလို…
Read More




