မန္တလေး၊ မတ် ၁ -၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်သားနဲ့ ရဲတွေနဲ့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ၃၅ လမ်းနဲ့ ၇၆ လမ်းဒေါင့်မှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီးဟာ သူ့သားအတွက်မုန့်သွားဝယ်ရာကနေ လူတွေပြေးလာတာကို ရပ်ကြည့်နေရင်း အရပ်ဝတ်နဲ့ လူတစ်ဦးက လာရောက်ပစ်ခတ်သွားတာဖြစ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာ ၃၂ နှစ်အရွယ် အမျိုး သားနဲ့ကွဲနေသူဖြစ်ပြီး အသက် ၆နှစ်အရွယ်သားတစ်ဦးရှိတယ်လို့သိရပါတယ်။သူ့ရဲ့ ရုပ်အလောင်းကတော့ ရင်ခွဲရုံမှာထားရှိတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေဆုံးခဲ့သူတွေရှိကာ ကျည်ဆံထိမှန်လို့ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။ #VOM #voicemofmyanmar #Mandalay #ဆန္ဒပြ #သေဆုံး #အကြမ်းဖက်ဖြိုခွင်း…
Read Moreငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရန်ကုန်မှာသေဆုံးသူ ၅ဦးအထိ ရှိလာ
ရန်ကုန်၊ မတ် ၁-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းရာမှာ ကျည်ထိမှန် သေဆုံးခဲ့သူ ၅ဦးရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်း အ.ထ.က(၅) ရှေ့မှာ ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ရင်ဘတ်အောက်ဝမ်းဗိုက်အစပ်နား ကျည်ဖောက်ထွက်ကာသေဆုံးခဲ့ရသူမှာ ရွှေပြည်သာလှော်ကား ဈေပိုင်းမှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် Network Engineerအလုပ်လုပ်ကိုင်တဲ့ ကိုညီညီအောင်ထက်နိုင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကပဲ ရန်ကုန်တိုင်းပညာရေးမှူးရုံးအနီးမှာ ကျောင်းဆရာဆရာမတွေဦးဆောင်ပြီး ဆန္ဒပြနေတဲ့ ပညာရေးသပိတ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ရာ လှိုင်သာယာ အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အသက်၅၉နှစ်အရွယ်ရှိ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီဟာ လက်ကို ကျည်ထိမှန်ခဲ့ပြီး Heart Attack ဖြစ်ကာ သေဆုံးခဲ့ရပါတယ်။ အလားတူ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကမာရွတ်မြို့နယ် လှည်တန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်ဖက်ဖြိုခွင်းခဲ့ရာ လှိုင်သာယာစက်မှုဇုန်ရှိ…
Read Moreမနေ့ ဖေဖေါ်ဝါရီ ၂၈ ရက်က လှည်းတန်းမှာ ဈေးနားမှာကျဆုံးခဲ့ ကိုညီညီအောင်ထက်နိုင် ကျဆုံးတဲ့နေရာကို ပြည်သူများလာရောက်ဂုဏ်ပြု
ဓါတ်ပုံ-HA #voiceofmyanmar #VOM #လှည်းတန်း #ညီညီအောက်ထက်နိုင်
Read Moreပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ (၂၃) ရက်မြောက်နေ့မြင်ကွင်း
မတ် ၁-၂၀၂၁ KA ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၂၃ရက်မြောက်ရှိပြီဖြစ်ပြီး ဒီနေ့ မတ် ၁ရက်နေ့မှာတော့ မြို့တွင်းမှာ လည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က အင်အားအများအပြားနဲ့ လိုက်လံလူစုခွဲဖို့ ကြိုးစားခဲ့ပြီး ပြည်သူတွေကရဲတပ်ဖွဲ့မဝင်ရောက်နိုင်အောင် လမ်းတွေကို ပိတ်ဆို့ပေးခဲ့ပါတယ်။ ရွှေစည်းခုံဘုရားရှေ့မှာတော့ ဆန္ဒပြသူတွေကို လမ်းရှင်းပေးနေတဲ့ ဆိုင်ကယ်ပေါ်ကအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ဆန္ဒပြပွဲ #၂၃ရက်မြောက်
Read Moreဆန္ဒပြပွဲအတွင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်
မတ် ၁-၂၀၂၁ NLP မနေ့ ဖေဖော်ဝါရီ ၂၈ရက်နေ့က ပခုက္ကူမြို့မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေစဉ် ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့တဲ့ ကိုနေလင်းဦး(ခ)နေမျိုးဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ပခုက္ကူကျောင်းသားသမဂ္ဂနဲ့ နိုင်ငံရေးတက်ကြွသူတွေက ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မြို့တွင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး ကျဆုံးသူ ကျည်ထိမှန်ခဲ့တဲ့ ထင်တန်းလမ်းနဲ့ ရုပ်စုံကျောင်းလမ်းမှာ ပန်းခွေချတာနဲ့ အလေးပြုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ #VoiceOfMyanmar #VOM #ကိုနေလင်းဦး #နေမျိုးဦး #သေဆုံး #ဝမ်းနည်းခြင်းအထိမ်းအမှတ် #ပခုက္ကူမြို့
Read Moreပြည်တက္ကသိုလ်မှာ ရဲနဲ့စစ်တပ်က နေရာယူထား
မတ် ၁-၂၀၂၁ သိင်္ဂီထွန်း(VOM) ပြည်တက္ကသိုလ်အတွင်း အပြင်ကို ဒီနေ့ မတ် ၁ရက်နေ့ မနက်အစောပိုင်းကတည်းက ရဲတပ်ဖွဲ့နဲ့စစ်တပ် အင်အားအများအပြားနဲ့ လုံခြုံရေးရယူပြီး စောင့်ကြပ်နေတယ်လို့ သိရပါတယ်။ ပြည်မြို့က တက္ကသိုလ်ကျောင်းသားသပိတ်စစ်ကြောင်းဟာ တက္ကသိုလ်ဝန်းထဲမှာ သပိတ်စစ်ကြောင်းစုစည်းပြီး စစ်ကြောင်းစတင်လေ့ရှိတာကြောင့် ရဲနဲ့စစ်တပ်က လာရောက်ပိတ်ဆို့တဲ့သဘောဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူ တစ်ဦးက “ရဲနဲ့စစ်တပ်က တက္ကသိုလ်ကိုတပ်စွဲထားပြီး Multipurpose Hallက ချိတ်ပိတ်ထားတဲ့ သော့တွေကို ဖျက်ဆီးသွားတယ်၊ လွှင့်ထူထားသောသမဂ္ဂခွပ်ဒေါင်းအလံကို ဆွဲဖြုတ်ယူဆောင်သွားတယ်။သမဂ္ဂရုံးခန်းကို ဝင်ရောက်ဖျက်ဆီးသွားပီး ဒိုင်းကာတွေပစ္စည်းတွေကို ယူဆောင်သွားတယ်လို့သိရတယ်။ ဒါကြောင့် ကျောင်းအုပ်ချုပ်ရေးတာဝန်ခံ ဒုပါမောက္ခချုပ် သွယ်လင်းကို ကို ဖုန်းဆက်မေးမြန်းကြည့်တော့ “ဝင်ခွင့်ပြုတယ် မပြုတယ်တော့မဟုတ်ပါဘူး သူတို့က အာဏာပိုင်လေ ကျွန်မဘယ်တတ်နိုင်ပါ့မလဲ ခွင့်မပြုရင် ကျွန်မကို ဖမ်းသွားမှာပေါ့” လို့ပြန်ပြောတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ကျောင်းသားသပိတ်စစ်ကြောင်းက…
Read Moreဒီနေ့ စစ်ကိုင်းတိုင်း ရေဦးမြို့က ဆန္ဒပြပွဲ
မတ် ၁-၂၀၂၁ KAL #VoiceOfMyanmar #VOM #ရေဦး #ဆန္ဒပြပွဲ
Read Moreငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအတွင်း ရဲနဲ့စစ်တပ်ရဲ့ ဖြိုခွဲမှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားစာရင်း (မတ်လ ၁ရက်နေ့အထိ)
မတ် ၁-၂၀၂၁ Voice Of Myanmar #VoiceOfMyanmar #VOM #ငြိမ်းချမ်းစွာဆန္ဒပြမှု #သေဆုံးစာရင်း
Read Moreရခိုင်မှာ စစ်ပွဲတွေရပ်နေပေမယ့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး
ဖေဖော်ဝါရီ ၂၈- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေတာ ၄ လနီးပါးကြာမြင့်လာပေမယ့် ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေနေရပ်မပြန်နိုင်သေးပါဘူး။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ကနေ စစ်တွေမြို့ကို ထွက်ပြေးလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေရဲ့ပြောပြချက်အရ ကျေးရွာထဲနဲ့ အနီးအနားတောတောင်တွေမှာ မိုင်းတွေရှိနေမှာကို စိုးရိမ်ပြီး ရွာကိုပြန်သွားလို့ နေစရာအိမ်တွေမရှိသေးတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲတာကြောင့် လက်ရှိမှာ မပြန်နိုင်သေးတာလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်က အပစ်အခတ်ရပ်စဲပြီး မိုင်းရှင်းလင်းရေးတွေကို စစ်တွေ- ရန်ကုန် အဝေးပြေးလမ်းမတစ်လျှောက် လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ ကျေးရွာတွေဖက်ကို ဆက်လက်ပြီး တဖြည်းဖြည်းရှင်းလင်းသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြီးခဲ့တဲ့ အပတ်က ပြောထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိပြီး အဲဒီထဲက နေရပ်ပြန်သူအနည်းစုသာရှိကြောင်း သိရပါတယ်။ #voiceofmyanmar #vom #ရခိုင်စစ်ဘေးရှောင်
Read Moreသပိတ်ကျင်းဒေသခံတွေရဲ့ ၂မိုင်ကျော်ရှည်တဲ့ သပိတ်စစ်ကြောင်း
ဖေဖော်ဝါရီ ၂၈ -၂၀၂၁ ကိုလှရွှေ ၂မိုင်ကျော်လောက်ရှည် တဲ့ ဆိုင်ကယ်တန်း ၊ ကားတန်းကြီးတွေ နဲ့ သပိတ်ကျင်း ဒေသခံတွေက စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်နေကြတာပါ။ မန္တလေး – မိုးကုတ် အဝေးပြေးလမ်းမပေါ် သပိတ်ကျင်း ၊ ဇရပ်ကွင်းကျေးရွာ နားမှာ အခုလို လမ်းမအပြည့် ရှိတဲ့ ယာဉ်တန်းနဲ့လှည့်လည် ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ် ။ သပိတ်ကျင်းမြို့နယ်ထဲ က ကျေးရွာတွေ အားလုံးလိုလိုက ပူးပေါင်းကြတာကြောင့် အခုလောက်ထိ အင်အားများခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ #voiceofmyanmar #VOM #သပိတ်ကျင်း
Read More