ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး
ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးသမား (၂)ဦးသေဆုံး ဖားကန့်၊ ဇွန် ၁-၂ဝ၂ဝ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက သက်တမ်းကုန်လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ(၂)ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကနေ သိရပါတယ်။ သေဆုံးသွားသူ ရေမဆေးသမားနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ သောင်းကောင့်ကျေးရွာအနီး အရင်က စိန်လုံတောင်တန်းကုမ္မဏီရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက်ရှာဖွေစဉ် အမြင့်ပေ ၃ဝဝခန့်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့ပြီး မြေပိသေဆုံးသူနှစ်ဦးဟာ ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ် ။ အခုအခင်းဖြစ်ပွားတဲ့နေရာမှာပဲ မေလ (၃ဝ)ရက်နေ့ ည(၇)နာရီအချိန်က ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်မှ ပြုတ်ကျခဲ့ပြီး…
Read More
ဗစ်တိုးရီးယားကိစ္စ အမှုအမှန်ပေါ်ဖို့ လွှတ်တော်ကနေ အထူးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်ဖို့ ရှေ့နေဦးခင်မော်ဇော်အကြံပြု
Read More
ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး
ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများပြီးစီး ကလေး ဇွန် ၁-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တည်ဆောက်နေတဲ့ (ဆူရ်ဘုန်)လေယာဉ်ကွင်း တည်ဆောက်မှုလုပ်ငန်းတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။ ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၆၊ ဧပြီလထဲက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းဆောင်ရွက်ချိန်မှာ နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုငွေ ကျပ် ၂၅ ဘီလီယံ အသုံးပြုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေထဲက လေယာဉ်မျှော်စင်တည်ဆောက်ခြင်းလုပ်ငန်း ၊ လေယာဉ်အတက်အဆင်းပြေးလမ်း နဲ့ ခရီးသည်နားနေနိုင်မယ့် အဆောက်အဦးတွေကို တည်ဆောက်ပြီးစီးခဲ့တာပါ။ အဲ့ဒီလုပ်ငန်းထဲက မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း နည်းနည်းပါးပါးနဲ့ အခြားလုပ်ငန်း အနည်းငယ်သာ ကျန်ရှိတော့တာဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ ဝန်ကြီး ဦးရွှေထီးအိုး က “ဖွင့်ပွဲလုပ်ဖို့ကျတော့ COVID-19 ရောဂါကာလလည်း ဖြစ်နေတယ်။ လူကြီးတွေအချိန်ပေးနိုင်ဖို့ကလည်း ရှိနေတယ်။ ရာသီဥတုကလည်း ချင်းတောင်မှာတော့ ပြည်ပထက်တော့ မိုးများတယ်။ ဒါတွေအပေါ်မှာမူတည်ပြီးတော့…
Read More
NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား
NLDပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီးရွေးချယ်ပေးဖို့ မှာကြားထား နေပြည်တော်၊ ဇွန် ၁-၂၀၂၀ စွမ်းရဲထွဋ် (VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းတွေကို ဇွန်လထဲမှာ အပြီး ရွေးချယ်ပေးဖို့ မှာကြားထားတယ်လို့ NLDပါတီရဲ့ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့မှာ ပြောပါတယ်။ နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ မနေ့မေလ(၃၁)ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးအပြီး Video Conference စနစ်နဲ့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီအစည်းအဝေးကနေပြီး ဇွန်လ ၂ ရက်နေ့ စာထွက်မယ်။ မြို့မိ၊မြို့ဖရွေးပေးဖို့။ ဇွန်လ ၄ ရက်နေ့မှာ တော့ ကိုယ်စားလှယ်လောင်းရွေးချယ်ပေးဖို့။ အဲ့ဒီတော့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်က ရွေးတာတွေကိုစီစစ်ပြီး ဗဟိုကိုပို့ပေးဖို့။ ဇွန်လအပြီး ကိုယ်စားလှယ်လောင်းရွေးပေးဖို့ဆိုပြီးတော့ လောလောဆယ်ပြောထားတယ်”လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဘယ်နေ့မှာလုပ်မယ်ဆိုတဲ့…
Read More
မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း
မြောက်ဦးဒေသ နယ်မြေမတည်ငြိမ်မှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်း ရန်ကုန် ၊ ဇွန် ၁-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်ရဲ့ နယ်မြေမတည်ငြိမ်မှု ၊မအေးချမ်းမှုတွေကြောင့် မြောက်ဦးဒေသဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရဖို့ အခြေနေမကောင်းဘူးလို့ သိရပါတယ်။ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့အတွက် အဆိုပြုစာတွဲ ၂ တွဲ တင်သွင်းရတဲ့အပြင် ကမ္ဘာအမွေအနှစ်စာရင်းဝင်ဖို့ ထိုက်တန်ကြောင်း(Nomination Dossier) သုံးသပ်စာတွဲနဲ့ ကမ္ဘာအမွေအနှစ်ရပြီးနောက် ဇုန်ကို ဘယ်လိုပုံစံ စီမံခန့်ခွဲမှုတွေလုပ်မလဲဆိုတဲ့ အစီအစဉ်ကိုပါ တင်ပြရတာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုမှာ ဥပဒေသက်ရောက်မှုပါဝင်တဲ့အတွက် နယ်မြေအေးချမ်းမှုမရှိရင် စီမံခန့်ခွဲမှုကို တည်ဆောက်မရတဲ့အတွက် အကောင်ထည်ဖော်လို့မရခဲ့ပါက ကမ္ဘာအမွေအနှစ်ဗဟိုကော်မတီကို တင်သွင်းရမယ့်အချက်အလက်တွေကို လုပ်နိုင်လိမ့်မှာမဟုတ်တာကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ဖို့ဆိုရင် နယ်မြေအေးချမ်းဖို့၊ စီမံခန့်ခွဲမှုတွေရမှဖြစ်မယ်လို့ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေးလုပ်ငန်းအဖွဲ့က အဖွဲ့ဝင်ဖြစ်သူ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက ပြောပါတယ်။ “ကမ္ဘာ့အမွေအနှစ်အဖွဲ့ကလည်း လာစစ်ဆေးတာတွေရှိမယ်၊ဒီလို မြေပြင်စစ်ဆေးတဲ့အခါ လုံခြုံရေးပိုင်းဆိုင်ရာကောင်းရမယ် ရဟတ်ယာဉ်တွေဘာတွေနဲ့စစ်ရမှာကိုး၊နယ်မြေအခြေအနေစောင့်ကြည့်နေတယ်၊နယ်မြေပေါ်မူတည်ပြီးဆက်လုပ်ရမယ့်လုပ်ငန်းစဉ်ရှိတယ်၊ ဆက်လုပ်ရမယ်လုပ်ငန်းကိုချင့်ချိန်နေပါ တယ်။ နိုင်ငံတကာမှာ…
Read More
မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး
မြေပုံမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီး မြေပုံ၊ ဇွန် ၁- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားပြီး မနေ့ မေလ ၃၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ တပ်မတော်နဲ့ ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားသူတွေမှာ မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက်(၄၀)နှစ်နဲ့ မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ အုပ်ချုပ်ရေးမှူးနှစ်ယောက်ကို ပြီးခဲ့တဲ့မေလ ၂၉ ရက်နေ့က အစည်းအဝေးရှိတယ်ဆိုကာ လိမ်လည်ခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့နှစ်ယောက်ကို ဘယ်ပုဒ်မနဲ့တရားစွဲဆိုထားတာကိုရော ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာကိုပါ အတိအကျမသိရသေးဘူးလို့ ဦးမောင်ဇော်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ မြေပုံမြို့နယ်၊ အငူကျေးရွာအုပ်ချုပ်ရေးမှူးရဲ့မိခင် ဒေါ်ခင်လှရီပြောပြတာကတော့” သောကြာနေ့က ကျမသားလေး…
Read More
ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင်
ဒေသခံတွေကန့်ကွက်တဲ့ ဝိုင်းမော်မြို့က Mini Shopping Center စီမံကိန်းကို ရုတ်သိမ်းစာတင် မြစ်ကြီးနား၊ မေ ၂၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ဝိုင်းမော်မြို့၊ ရပ်ကွက် (၁) ဧရာမော်ပန်းခြံအတွင်း ရုပ်ရှင်ရုံပါဝင်တဲ့ Mini Shopping Center တည်ဆောက်ရေးစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်လာတဲ့အတွက် လုပ်ငန်းရှင်ဘက်က လုပ်ငန်းပြန်လည်ရုတ်သိမ်းကြောင်း မေလ ၂၂ ရက်နေ့က စာတင်ထားတယ်လို့ ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီက ပြောပါတယ်။ အဲ့ဒီစီမံကိန်းကို ဝိုင်းမော်ဒေသခံ ၄၁ ဦး စုပေါင်းလက်မှတ်ထိုးပြီး မေလ ၁၂ ရက်နေ့က ကချင်ပြည်နယ်အစိုးရဆီကို ကန့်ကွက်စာတင်ခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ ရက်နေ့မှာတော့ အဲ့ဒီစီမံကိန်းကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ စည်ပင်ဝန်ကြီး ဦနော်လီနဲ့ ဆောက်လုပ်မယ့် ဂင်လွှမ်း ကုမ္ပဏီလိမိတက် ဒါရိုက်တာ ဦးဇယ်နောတို့ ပန္နက်ရိုက်ပေးသွားတာဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းရုတ်သိမ်းစာကိုတော့ ဝန်ကြီးချုပ်ဆီ တင်ပြပေးသွားမယ်လို့…
Read More
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးခံရတဲ့ ကျောက်ဆိပ်ရွာသား ၅ ဦးကို စစ်တွေအကျဉ်းထောင်ကိုပို့ထား စစ်တွေ၊ မေ ၂၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်ဆီးခံထားရသူ (၅)ဦးကို မနေ့မေလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး စစ်တွေအကျဉ်းထောင်ကို ပို့ခဲ့တယ်လို့ သိရပါတယ်။ မနေ့ကရုံးထုတ်မှုမှာ ပါဝင်သူတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်က (၅) ယောက်နဲ့ မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာက တစ်ဦးတို့ဖြစ်တယ်လို့သိရပြီး သူတို့အားလုံးကို (ပ) ၈/ ၂၀၂၀၊ ၂၀၁၄ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂ (က) နဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ တပ်မတော်က တရားလိုလုပ်ပြီး တိုင်တန်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ဆိပ်ကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မနေ့က…
Read More
COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်
#voiceofmyanmar #VOM #YGW
COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်   မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင် (VOM)   မန္တလေးမြို့၊ စက်မှုဇုန်က မိဘမဲ့ကလေး ၂၅၀ ကျော်ရှိတဲ့ (YGW) အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းမှာ အလှူအတန်းတွေနည်းသွားတာကြောင့် မွေးကင်းစကလေးတွေနဲ့ ၃ နှစ်အရွယ်ကလေးတွေအတွက် နို့မှုန့်နဲ့ Diber(အတွင်းခံ)တွေ လိုအပ်နေပါတယ်။ ဒီအကြောင်းတွေအပါအဝင် YGW မိဘမဲ့ကျောင်းရဲ့ ပုံရိပ်တွေကို ကိုရှိုင်းအောင် က သွားရောက်ရိုက်ကူးတင်ဆက်ပေးပါတယ်။   #voiceofmyanmar #VOM #YGW   Zawgyi   COVID-19 ကပ်ရောဂါကာလမှာ (YGW)အဝါရောင်မျိုးဆက်သစ် မိဘမဲ့ကလေးကျောင်း အခက်အခဲဖြစ်   မန္တလေး ၊ မေ – ၂၂ – ၂၀၂၀ ရှိုင်းအောင်…
Read More
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု
တိုက်ပွဲနဲ့ မပတ်သက်တဲ့ ဒဏ်ရာရ အရပ်သားတွေကို ICRCနဲ့ အရပ်ဖက်အဖွဲ့တွေက အတားအဆီးမရှိ ကူညီစောင့်ရှောက်ခွင့်ပေးရေးအဆို ရခိုင်လွှတ်တော်အတည်ပြု စစ်တွေ၊ မေ ၂၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုက်ပွဲနဲ့ ပါဝင်ပတ်သက်မှုမရှိတဲ့ ဒဏ်ရာရအရပ်သားပြည်သူတွေအတွက် အပြည်ပြည်ဆိုင်ရာ ကဿ်ခြေနီကော်မတီ (ICRC) နဲ့ လူမှုကူညီရေးအသင်းအဖွဲ့(အရပ်ဖက်အဖွဲ့အစည်း)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အတားအဆီးမရှိ လွှတ်လပ်စွာ သွားလာလုပ်ဆောင်ခွင့်ပြုပါရန် ရခိုင်ပြည်နယ်စိုးရအား တိုက်တွန်းတွန်းတဲ့အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရာ အဲဒီအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုဟာ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းတာဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်လှကျော်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဦးမောင်သန်းတင်နဲ့ မင်းပြားမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့…
Read More