ရန်ကုန် – ဖေဖော်ဝါရီ ၉ – ၂၀၁၉ TGH (VOM) မသန်စွမ်းတွေအတွက် စဉ်းစားထည့်သွင်းထားတဲ့ ဘတ်စ်ကားတွေ ပြေးဖို့ စီစဉ်နေတာမှာ ကာယကံရှင် မသန်စွမ်းတွေရဲ့အသံကို အရင်ဆုံး နားထောင်ပြီးမှ လုပ်ဖို့လိုအပ်နေတယ်လို့ ဧဒင်သန်စွမ်းကလေးများကျောင်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးသာခိက ပြောဆိုပါတယ်။ မသန်စွမ်းတွေအတွက် တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်လိုပုံစံက အဆင်ပြေမယ်ဆိုတာတွေကို ကာယကံရှင် မသန်စွမ်းသူတွေကို ကိုယ်စားပြုသူတွေနဲ့ အရင်တိုင်ပင်မှု အားနည်းနေတာကြောင့် မသန်စွမ်းသူတွေအတွက် အကောင်းဆုံးအခြေအနေ ဖြစ်မလာနိုင်ဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။ “စနစ်တစ်ခုပြောင်းဖို့လုပ်တိုင်းမှာ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုကို အသက်သွင်းဖို့လိုတယ်။ စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်၊ ကျွန်တော်တို့က အကောင်းဆုံးလုပ်ပေးတယ် အဆင်ပြေအောင်လုပ်ပေးထားတယ် ကျေးဇူးတင်ဆိုတဲ့ အနေအထားမျိုးနဲ့ကတော့ အဆင်မပြေဘူး။ သုံးစွဲသူတွေရဲ့အသံ ကိုအမြဲတမ်းနားထောင်ဖို့လိုတယ်။ မသန်စွမ်းတွေ အဆင်ပြေဖို့ဆိုရင် မသန်စွမ်းတွေကို အရင်မေးသင့်တယ်။ ဒါမှသာ သူတို့က ဘယ်လိုပုံစံဆိုရင်တော့ အဆင်ပြေမယ် ဆိုတာမျိုးကို အကြံပေးနိုင်မယ်။…
Read Moreကလေးမြို့တည် ၁၀၅၂ နှစ် ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ
ကလေး ဖေဖော်ဝါရီ ၉-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့ကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၅၂ နှစ် ပြည့်ပြီ ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ မြို့ရဲ့ အရပ်လေးမျက်နှာမှာ ရှိတဲ့ ရှေ့ဟောင်းဆင်းတုတော်တွေကို မြို့အတွင်း လှည့်လည်ပူဇော်တဲ့ အခမ်းအနား တစ်ခုကို ဒီနေ့ မွန်းလွဲအချိန်က ကလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာမှာ သီရီဓမ္မာ သောကမင်းကြီးနဲ့ နွယ်ပတ်ဘုရင် လန္တပါလရာဇာ တို့က သာသနာနှစ် (၂၂၄) နှစ် မှာ တည်ထားခဲ့တဲ့ အုဋ်သုံးမျိုးမဟာစေတီ ၊ကလေးမြို့ အောင်မြေမာန်ရပ်ကွက်မှာ သီရီဓမ္မာ သောကမင်းကြီးနဲ့နွယ်ပတ်ဘုရင် လန္တပါလရာဇာ တို့ က သာသနာနှစ် (၂၂၅) နှစ် မှာ တည်ထားခဲ့တဲ့ ရတနာပုံရွှေဘုံသာ စေတီတော် ၊ကလေးမြို့ ကံကြီးကျေးရွာမှာ နွယ်ပတ်ဘုရင် နန္ဒရာဇာ က သာသနာနှစ်…
Read Moreကြံ့ခိုင်ရေးပါတီကနေ ပါတီဝင်ဘင်္ဂါလီတွေကိုထုတ်ပါယ်ပြီး ရပ်/ကျေးကော်မတီတွေကိုပါဖျက်သိမ်း
စစ်တွေ၊ ဖေဖော်ဝါရီ ၉-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေနဲ့ ဒေသအခြေစိုက်မီဒီယာတွေ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ပါတီတွင်းဘင်္ဂါလီတွေကို ပါတီဝင်အဖြစ်ထားရှိခဲ့ပြီးတော့ ဘင်္ဂါလီလွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပါယ်လိုက်ပြီဖြစ်ကြောင်း အဲဒီဆွေးနွေးပွဲမှာ ပါတီအတွင်းရေးမှူး ဦးသန်းဝေက ပြောကြားလိုက်ပါတယ်။ “၂၀၁၀ ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေပါတီထူထောင်ခွင့်ရှိတယ်။ ရွေးကောက်ခံပိုင်ခွင့်ရှိတယ်။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောမှာ သူတို့ပါတီအနေနဲ့ အနိုင်ရသွားလို့ရှိရင် ထိန်ချုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ပါတီက ၀င်ပြိုင် ခိုင်းခဲ့တာပါ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေ ပါတီထူထောင်ခွင့် ရွေးကောက်ခံပိုင်ခွင့်မရရှိတော့ ဘူးဆိုတဲ့အတွက် အကုန်လုံးကို ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊…
Read Moreမလေးရှားကို တရားမင်သွားမယ့် ရိုဟင်ဂျာ ၃၀ ဦး နယ်ခြားစောင့်တပ် တားဆီး
ဒါကာ၊ ဖေဖော်ဝါရီ-၉-၂၀၁၉ မျိုးဆက်(VOM) မလေးရှားနိုင်ငံကို လူကုန်ကူးသူတွေရဲ့အစီအစဉ်နဲ့ တရားမ၀င်သွားရောက်မယ့် ကော့ဘဇား ဒုက္ခသည်စခန်းကရိုဟင်ဂျာ ၃၀ ဦးကို ကြာသပတေးနဲ့ သောကြာနေ့တွေက သီးခြားဖြစ်စဉ်နှစ်ခုမှာ တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးလက်အောက်မှာရှိတဲ့ နယ်ခြားစောင့်တပ်ကနေ လူကုန်ကူးသူနှစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပြီး မလေးရှားကို သွားမယ့် ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး၁၇ ဦး၊ အမျိုးသားခြောက်ဦးနဲ့ ကလေးငယ် ၇ ဦးတို့ ပါဝင်တယ်လို့ နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ရိုဟင်ဂျာ ၁၂ ဦးကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးက ရှာပါရီဒွတ်ဒေသမှာ ကြာသပတေးနေ့ ည ၁၀ နာရီခွဲကတွေ့ရှိခဲ့ပြီး နောက်ထပ် ၁၈ ဦးကို ဒုက္ခသည် စခန်းတွေအနီးက ရှီလီခါလီ ဒေသမှာ သောကြာနေ့ နံနက် ၇ နာရီက တွေ့ရှိခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက…
Read Moreကယားပြည်နယ်လွတ်တော်ဟာ ပြည်သူကို ကိုယ်စားမပြုဟု ကရင်နီလူငယ်ထုမှပြော
လွိုင်ကော် ဖေဖေါ်ဝါရီ ၉- ၂၀၁၉ ထူးသာဦး (VOM) ကယားပြည်နယ် လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ထားရှိမှုနှင့်ပတ်သက်ပြီး အချက်သုံးချက်တောင်းဆို သပိတ်ဆင်နွဲနေသည့် ကရင်နီလူငယ်ထု၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ ဝင်များမှ သုံးကြိမ်တိုင်တိုင် အင်အားသုံးဖြိုခွဲခဲ့ပြီး လူငယ် (၅၀) ကျော်ကိုလည်း ငြိမ်းစုစည်ပုဒ်မဖြင့် တရားစွဲဆိုထားပါတယ်။ မနေ့ (၈.၂.၂၀၁၉) တွင် ကရင်နီလူငယ်ထုများမှ ပြည်နယ်လွတ်တော်ဝင်းထဲရှိ ဟစ်တိုင်တွင် ဆန္ဒဖော်ထုတ်နိုင်ဖို့  ပြည်နယ်လွတ်တော်ဥက္ကနှင့်တွေ့ ဆုံပြီး ညှိနှိုင်းမှုဆွေးနွေးမှုများပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း လွတ်တော်ဥက္ကဌမှ တွေ့ဆုံဖို့ ကိုငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ လွတ်တော်ဥက္ကဌအနေဖြင့် ယခုလိုငြင်းပယ်လိုက်ခြင်းမှာ ပြည်သူ့ အသံလွတ်တော်အသံ၊ ပြည်သူ့ ဆန္ဒလွတ်တော်ဆန္ဒ၊ ပြည်သူတို့ ရဲ့ မျှော်လင့်ချက် လွတ်တော်ကဖော်ဆောင်ရွက်ဟူသည့် လွတ်တော် ဆောင်ပုဒ်နှင့် တိုက်ရိုက်ဆန့် ကျင်နေပြီး ၊ အထူးသဖြင့် ပြည်သူကရွေးချယ်တင်မြောက်ထားသည့် ပြည်သူ့ အစိုးရလက်ထက်တွင် ယခုဖြစ်ရပ်မှာအလွန်မှပင် အကျည်းတန်ရုပ်ဆိုးကြောင်း ကရင်နီလူငယ်ထုမှ…
Read Moreရှမ်းလေးကျွန်းအနီးက သဲတွေကို စည်းကမ်းမဲ့စုပ်ယူနေတဲ့ကိစ္စ သက်ဆိုင်ရာအနေနဲ့ မျက်နှာလွှဲမနေဖို့ ဒေသခံတွေ သတင်းစာရှင်းလင်းပွဲလုပ်
မန္တလေး၊ ဖေဖေါ်ဝါရီ ၉-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းစံပြကျေးရွာမှာ မြေနုကျွန်းလုပ်ကိုင်နေတဲ့ တောင်သူတွေရဲ့ မြေနုကျွန်းအနီးက သဲတွေကို စည်းကမ်းမရှိ အများအပြားစုပ်ယူနေတာကို ဒေသခံတွေက မကျေနပ်ပဲ တားဆီစေချင်တဲ့အတွက် ဒီကနေ့မနက်ပိုင်းက မန္တလေး ကွန်မြူ နတီစင်တာမှာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေနုကျွန်းပေါ်ကို ဦးမောင်ဝိတ် ရဲ့ (Mandalay Business Capital City Development Co.,Ltd- M.B.CC.D)ကုမ္ပဏီက လမ်းတွေဖောက်လုပ်ကာ သဲတွေကိုတောင်ပုံယာပုံ စုပုံထားရှိပြီး သဲတွေကို အလွန်အကျွံ စည်းကမ်းမရှိ စုပ်ယူမှုကြောင့် ကမ်းပါးတွေပြိုနေတာကြောင့် တားဆီးစေချင်တာဖြစ်ပါတယ်။ “အဲ့ကုမ္ပဏီက ခနတိုင်း သဲတွေလာစုပ်တယ် ၊ ရေတိုးတော့ ကမ်းပါးတွေပြိုပြီလေ၊ ကျမတို့က နှစ်(၆၀)ရှိပြီ လုပ်ကိုင်စားသောက်လာတာ ၊ ဥပမာ ၁ဧကကို ဒသမ၁၀၀ရှိတယ်ထား…
Read Moreရန်ကုန်က ဝန်ကြီးများရုံးမှာပြုလုပ်မယ့် NightFest ပွဲတော် အကန့်အသတ်မရှိ ရွေ့ဆိုင်း
ရန်ကုန် ဖေဖော်ဝါရီ ၉-၂၀၁၉ TGH(VOM) ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကြောင့် ရန်ကုန်မြို့၊ ဝန်ကြီးများရုံးမှာ ကျင်းပပြုလုပ်မယ့် NightFest ပွဲတော်ကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ ပွဲဖြစ်မြောက်ရေးအဖွဲ့တွေနဲ့ Signature Night Market Event Planning Company တို့ကနေ လက်မှတ်ဝယ်ယူထားသူတွေအတွက် ကျသင့်ငွေကို ပြန်လည် ထုတ်ပေးသွားမှာဖြစ်ပြီး ပွဲတော်မှာ ဈေးရောင်းချမယ့် သူတွေနဲ့ မိတ်ဖက်ကုမ္ပဏီအတွက်လည်း လိုအပ်တဲ့ ရှင်းလင်းမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ” ရွှေ့ဆိုင်းတဲ့အဆင့်ဖြစ်သွားတာကောင်းတယ်။ အပြီးရပ်လိုက်တာမျိုးဖြစ်သင့်တာ။ ညပွဲတော်ကြီးကတော့မလုပ်သင့်ပါဘူး။ ဒီတိုင်းပြည်သူကို စနစ်တကျပေးဝင်လေ့လာဖို့ကျ မလုပ်ပဲ ညဘက် အသောက်အစားတွေနဲ့ပွဲမျိုးတော့ လက်မခံနိုင်ပါဘူး။”လို့ ရန်ကုန်မြို့နေ ကိုအေးဇော်က ပြောပါတယ်။ ဝန်ကြီးများရုံးဟာ ယဉ်ကျေးမှုစင်တာတစ်ခု၊ အများပြည်သူ လာရောက်လေ့လာစရာ နေရာအသစ်တစ်ခုအပြင် ကျောင်း၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရုံးခန်း၊…
Read Moreမင်းဝံတောင်မှာ ဒေသခံတွေ တရားဝင်ကျောက်ထုတ်လုပ်ခွင့်ရရှိရန် စီစဉ်နေ
စစ်ကိုင်း ၊ဖေဖော်ဝါရီ ၈-၂၀၁၉ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊မင်းဝံတောင်မှာ ဒေသခံတွေကို တရားဝင်ကျောက်တူးထုတ်လုပ်ဖော်ခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ တရားမဝင် ကျောက်ထုတ်လုပ်နေတဲ့ အတွက် ကျောက်တွင်းပြိုကျ၍ လူသေဆုံးမှုတွေ၊သ ဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ယခုအခါ ဒေသခံတွေ တရားဝင် ကျောက်ထုတ်လုပ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ဌာနတွေက စီစဉ်ဆောင်ရွက်နေပါတယ်။ ”ဒေသခံတွေက ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်တယ်၊ ဒါကြောင့် တရားဝင်ခွင့်ပြုပေးဖို့ ကျွန်တော်လုပ်နေပါတယ်၊ သစ်တောကနေ တရားဝင်ပယ်ဖျက်ပြီးတာနဲ့ အုပ်ချုပ်ရေးအပိုင်ကနေ တရားဝင်တူးဖော်ခွင့်ကို အများပိုင်ကုမ္ပဏီကနေ ဖြစ်ဖြစ် အဖွဲ့စည်းပဲဖြစ်ဖြစ် သူတို့ကို တရားဝင်တူးခိုင်းမယ်” လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။ တရားဝင် ကျောက်တူးဖော်ထုတ်လုပ်ခွင့် ရရှိရန်အတွက် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဒေသခံ ကျောက်ထုတ်လုပ်တဲ့သူတွေကို အဖွဲ့ဖွဲ့စည်းပေးထားပြီး ယင်း အဖွဲ့အစည်းကနေ…
Read Moreကသာခရိုင်မှာ ၂၀၁၈ ခုနှစ်အတွင်း သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးရမိ
ကသာ၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မြို့နယ်ခုနှစ်မြို့နယ်ရှိပြီး တရားမဝင်သစ်တွေကို ဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ တစ်နှစ်စာဖမ်းဆီးရှိမှု အနေနဲ့ တစ်ခရိုင်လုံးမှာ သစ်တန်ချိန် သုံးထောင်နီးပါး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားမဝင်သစ် သယ်ဆောင်သူတွေဟာ ရေလမ်း ကုန်းလမ်း တို့ကနေ နည်းလမ်းမျိုးစုံနဲ့ ခိုးယူသယ်ဆောင်နေတာဖြစ်လို့ သစ်တောဦးစီးဌာန က ဝန်ထမ်းတွေအနေနဲ့ နယ်မြေခံရဲတပ်ဖွဲ့ ၊ သစ်တောရဲ တို့နဲ့အတူ ပူးပေါင်းဖမ်းဆီးခဲ့ရကြောင်း သစ်တောဦးစီးဌာနက ပြောပါတယ် ။ ကသာခရိုင်အတွင်း က အဖိုးတန် ကျွန်းသစ် ၊ သစ်မာ အပြင် အခြားသစ် တွေကို သစ်အလုံးလိုက် နဲ့ သစ်ခွဲသားတွေအဖြစ် ဖမ်းဆီးခဲ့ရာမှာ ကသာမြို့နယ် က စုစုပေါင်းသစ်တန် ၈၆၇.၅၅၉၄ တန် ၊…
Read Moreမြတန်ဆောင်းဆရာတော်ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ အမ်းမြို့မှာ တားမြစ်ခံရ
အမ်း၊ ဖေဖေါ်ဝါရီ ၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ အမ်းမြို့နယ်အတွင်းက ကောက်ခံရရှိထားတဲ့ စားနပ်ရိက္ခာနဲ့ အခြားအသုံးအဆောင် ပစ္စည်းတွေပါဝင်တဲ့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေး အဖွဲ့ဟာ အမ်းမြို့ကိုအရောက်မှာ တားမြစ်ခံခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေကို မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၆ ဦးပါတဲ့အဖွဲ့က အမ်းမြို့ တပ်တောင်မြို့နယ်ခွဲကနေ သယ်ယူလာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်ပေးအပ်သွားမှာဖြစ်ပါတယ်။ “ဦးဇင်းတို့က အဲဒီပစ္စည်းတွေနဲ့ တပ်တောင်ကနေ ဟိုတစ်ရက်နေ့ ညနေ ၃ နာရီလောက်မှာစထွက်လာတယ်၊ အမ်းမြို့ပေါ်ကို ညနေ ၅ နာရီလောက်မှာရောက်တယ်၊ အဖွဲ့ဝင်တွေ ထမင်းစားကြတယ်၊ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်၊ ဒီပစ္စည်းတွေကိုသယ်ယူခွင့်မပြုဘူး၊ သွားလို့ရှိရင် အမ်းမြို့ကို မကျော်စေရဘူးဆိုပြီတော့ ခြိမ်းခြောက်တယ်၊ ဘာအကြောင်းပြချက်မှမပေးဘူး”လို့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဆန်၊ ငပိ၊ ငါးခြောက်၊ တခြားစားစရာများပါဝင်ပြီး အမ်းမြို့နယ်အတွင်းရှိကျေးရွာများမှ အလှူခံရရှိထားသည့် စားနပ်ရိက္ခာများဖြစ်ကာ ပစ္စည်းပို့တဲ့အဖွဲ့မှာ တပ်တောင်၊ဆရာတော်၊…
Read More




