မန္တလေးမှာ ကလေးတွေကို ဆေးလာကုရင်း ပျောက်ဆုံးခဲ့တဲ့ ဖခင်နှစ်ယောက်ကို ပြန်တွေ့လို့ သက်ဆိုင်ရာက မိသားစုဆီအပ်နှံ

မန္တလေး၊ စက်တင်ဘာ- ၂၉- ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၆ လမ်း(၂၇ -၂၈)လမ်းကြားမှာရှိတဲ့ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီးမှာ နယ်ဘက်ကနေ ကလေးတွေကို ဆေးလာကုရင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းက ပျောက်တုံးခဲ့တဲ့ အမျိုးသားနှစ်ယောက် ကို ပြန်လည်တွေ့ရှိခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့နေ့လယ်ပိုင်းက မိသားစုဆီ ပြန်လည်အပ်နှံခဲ့ပါတယ်။ ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံကြီး၊ (၈)ထပ်ဆောင် (၄)လွှာ ဖျားနာဆောင်(၂)မှာ ဆေးဝါးကုသခံယူနေတဲ့ မစုသက်သက်ဇော် အသက်၈ နှစ်ရဲ့ ဖခင် ဦးဇော်မျိုးဦး နဲ့ ဖျားနားဆောင်(၂)မှာ ဆေးဝါးကုသမှုခံယူနေတဲ့ မောင်သက်ထူးအောင် ၄ နှစ်ရဲ့ ဖခင်ဖြစ်သူ ဦးလှိုင်တင့် တို့နှစ်ယောက်ဟာ စက်တင် ဘာ ၂၆ ရက်နေ့မနက်ပိုင်းက ဆေးရုံအပြင်ဘက် တနေရာမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့ သူနှစ်ယောက်က…

Read More

NSPNC နဲ့ EAO တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ပြောခွင့်ရအဖွဲ့ ဖွဲ့ပြီး သတင်းထုတ်ပြန်မယ်

စက်တင်ဘာ ၂၉ – ၂၀၂၆ SS (VOM) ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေအတွက် 7 EAO Alliance (NCA-S EAO) ခုနစ်ဖွဲ့နဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေကို မှန်ကန်စွာ ထုတ်ပြန်နိုင်ရေး ပြောခွင့်ရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ အဲဒီ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ လက်ရှိမှာ NSPNC နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ (7 EAO Alliance) တို့ဟာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနရုံးခွဲမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို စက်တင်ဘာ ၂၉ –…

Read More

နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အယ်လ်နီညို အမြင့်ဆုံးဖြစ်နိုင်

စက်တင်ဘာ ၃၀ – ၂၀၂၆ SN (VOM) အယ်လ်နီညိုရာသီဥတုဟာ များသောအားဖြင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ‌တွေမှာ အမြင့်ဆုံး ဖြစ်တတ်ပြီး အဲဒီ ကာလတွေမှာ အပူဒဏ်ကို သိသိသာသာ ခံစားရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ အယ်လ်နီညိုဟာ အစွန်းရောက် ရာသီဥတု ဖြစ်စဉ်တမျိုးဖြစ်ပြီး ဒေသတချို့မှာ မိုးခေါင်မှုဖြစ်စေနိုင်သလို တခြားဒေသတွေမှာ မိုးကြီးကာ ရေကြီးရေလျှံမှုတွေ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာတော့ မိုးခေါင်မှုနဲ့ ရေကြီးမှုတို့ကို ဒေသအလိုက် တပြိုင်နက်တည်း ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။ “အခုက အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအဆင့်ကို ရောက်နေပြီ။ စူပါအယ်လ်နီညိုအဆင့်တော့ မဟုတ်သေးဘူး။ အမှန်က စူပါအယ်လ်နီညို ဆိုတာက တင်စားပြီးတော့ ခေါ်လိုက်ကြတာပေါ့။ အယ်လ်နီညိုမှာတော့ အဓိပ္ပာယ် သတ်မှတ်ချက်တွေက အားအနည်းငယ်၊ အားအသင့်အတင့်၊ အားကောင်းတာ၊ အားအလွန်ကောင်းတာ ဆိုပြီးရှိတယ်။ အားအလွန်ကောင်းတာ‌ကနေမှ တော်တော်လေး…

Read More

သူတို့အိမ် အခန်း (၂၃၅)

ဆူးငှက် သီးကိုးပင်တဲ့၊ လူသူမသိ နေရာလေး —————————————– တကယ်တော့ ကျွန်တော်တို့ သရက်ကုန်းကွင်းမြေသည် ကနဦးအစက ဘယ်သူမှ သတိမထားမိသည့် မြေဖြစ်သည်။ ထိုစဉ်ကာလ မန္တလေး၏ အထင်ကရလမ်းမကြီးဖြစ်သော ၂၆ဘီလမ်းမကလည်း အနောက်ဘက် မြစ်ဆိပ် ပိုက်ကျုံးထိပ်မှသည် ကျုံးတောင်ဘက်အတိုင်း အရှေ့တက်၍ မာန်အောင်ကျောင်းတိုက်တွင် လမ်းဆုံးသွားသည်။ မာန်အောင်ထိုက်မှသည် အရှေ့ဘက်သ်ု့ ယခုလမ်း၆၀နေရာအထိက အမှိုက်ပုံတွေကြားက မြေလမ်းလေးပဲ ဖြစ်သည်။ ထိုမြေလမ်းလေးက ရှေ့ဆက်မသွားတော့ဘဲ မြောက်ချိုးတော့ ရေစစ်ကန်၊ တောင်ချိုးတော့ ယဉ်ပျံရွာ အနောက်ပေါက် ဘက်ပေါ့။ သည်က တောင်ဘက် ဆက်သွားတော့ ဦးကောသုသာန်။ ထိုစဉ်ကလ ၆၂လမ်း ဆိုသည်ကလည်း ကျောက်ကြမ်းလမ်း သာသာမျှသာ ရှိသည်။     တစ်ခါ ယခု မြို့ပတ်လမ်းမကြီး ဖြစ်နေသည့် အောင်ပင်လယ် ကန်ဘောင်ရိုးကလည်း ကျောက်လမ်းပေမင့် ၁၉လမ်းနှင့် ၃၅လမ်းကြားက အသွားအလာမရှိသလောက် ဖြစ်သည်။…

Read More

ကွမ်းစားရင် ခံတွင်းကင်ဆာပဲ ဖြစ်တာလား

    မန္တလာ ဆရာမျိုး   “ကွမ်းစားရင် ခံတွင်းကင်ဆာ ဖြစ်တတ်တယ်။” ဒီအကြောင်းကိုတော့ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် ကွမ်းစားသူတစ်ယောက်ကို “ကွမ်းကြောင့် ခံတွင်းကင်ဆာအပြင် ဘာရောဂါတွေ ဖြစ်နိုင်သေးသလဲ” လို့ မေးလိုက်ရင် ဖြေဖို့ခက်သွားသူ များပါလိမ့်မယ်။ တကယ်တော့ ကွမ်းစားခြင်းရဲ့ ကျန်းမာရေးအန္တရာယ်ဟာ ပါးစပ်ထဲမှာပဲ အဆုံးသတ် သွားတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကွမ်းယာမှာ အဓိကပါဝင်တဲ့ ကွမ်းသီး (areca nut) ကို ရေရှည်စားသုံးခြင်းဟာ ခံတွင်းရောဂါတွေအပြင် စွဲလမ်းမှု၊ နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ၊ ဇီဝဖြစ်စဉ်ဆိုင်ရာပြဿနာများ၊ ဆီးချို၊ အစာခြေလမ်းကြောင်း၊ အသည်း၊ ကျောက်ကပ်၊ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ မကောင်းတဲ့ ရလဒ်အချို့နဲ့ပါ ဆက်စပ်နေကြောင်း သုတေသနတွေမှာ တွေ့ရှိထားပါတယ်။        ခံတွင်းကင်ဆာနဲ့ Oral Submucous Fibrosis တို့အတွက် အထောက်အထား အလွန် ခိုင်မာပါတယ်။…

Read More

ထားဝယ်ဒေသက ရွာ ၆၀ လောက်မှာ ရေကြီး မြေပြိုတဲ့​နေရာ​တွေ ကူညီကယ်ဆယ်ရေး ထိရောက်​အောင်မလုပ်နိုင်သေး

စက်တင်ဘာ ၂၈ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်ထဲက ရွာပေါင်း ၆၀ လောက်မှာ ရေကြီး ၊ မြေပြိုမှုကြောင့် သေဆုံးသူ နဲ့ ပျောက်ဆုံးသူတွေများနေပေမယ့် ဒီနေ့အထိ ကူညီကယ်ဆယ်ရေးပိုင်း ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။ ထားဝယ်ဒေသမှာ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက မြေပြို ၊ရေကြီးမှု အဆိုးဆုံးဖြစ်နေပြီး သေဆုံးသူ ၁၀ ယောက်လောက် ၊ ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်နဲ့ ပျောက်ဆုံးသူ ၂၀ လောက် အပြင် နေအိမ်မှာ ပိတ်မိနေသူတွေ ခုထိရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လောင်းလုံးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာပေါင်း ၂၅ ရွာထက်မနည်း ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို ကြုံတွေ့နေရပြီး ရွာထဲမှာ အိမ်တွေမြေပိတာ ၊ နေအိမ်ထဲပိတ်မိနေတာ…

Read More

တိုင်းနဲ့ ပြည်နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်

စက်တင်ဘာ ၂၈ – ၂၀၂၆ SN (VOM) မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ ခမောင်းတောကျေးရွာမှာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်နဲ့ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ခဲ့သလို မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာမှာလည်း ဒီကနေ့ မနက် ၇ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ခုနစ်ယောက် ဒဏ်ရာရပြီး နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ဒီမနက် ထိခိုက်မိသူတွေရဲ့ ဒဏ်ရာအခြေအနေနဲ့ နေအိမ်ပျက်စီးမှု အခြေအနေတွေကို အသေးစိတ် ပြောလို့မရသေးဘူး။ လေကြောင်းက…

Read More

မုန်တိုင်းငယ် မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်

စက်တင်ဘာ ၂၈ – ၂၀၂၆ SS (VOM) လက်ရှိ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးကနေ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ဖြတ်ကျော်နိုင်တဲ့အတွက် အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ( မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ ဒီကနေ့ ညနေ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန် – တနင်္သာရီ ကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက် – အနောက် မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်၊ သုံးခွမြို့ရဲ့ အရှေ့တောင်ဘက်…

Read More

အခန်း (၂၃၄)

      ဆူးငှက်   ရှေးဟောင်းရေကန် မြေဖို့ ဝင်းခတ် ————————————- ရပ်ကွက်လေးကား မျက်နှာစာ ၂၆ဘီ လမ်းမပေါ်က “တပ်ပိုင်မြေ မကျူးကျော်ရ” ဟူသော ဆိုင်းဘုတ်များ၊ ရပ်ကွက် အတွင်း အလံနီများတလူလူနှင့် သူနှင့် မဆိုင်သလို ပုံမှန်လှုပ်ရှား စည်ကားနေဆဲ ဖြစ်သည်။ မြေ အရောင်းအဝယ် ကတော့ ရပ်တံ့သွားပြီ။ မြေလွတ်မှားမှာ အိမ် ဆောက်လက်စတွေ ကတော့ ဆက်ဆောက်နေကြဆဲ ဖြစ်၏။ ထိုအတောအတွင်းမှာပဲ ၂၆ဘီလမ်းထိပ် အောင်ပင်လယ် ကန်ဘောင်လမ်း အနောက်ဘက်ရှိ ကျွဲနွားရေသောက် ကန်ကြီးကို အမှိုက်များ မြေများဖို့ပြီး အိမ်ဝင်းအသစ် ဖော်သူက ဖော်နေသည်။ သည်ကန်နေရာက ပေ၁၀၀ကျော် ပတ်လည်လောက် ရှိမှာပေါ့။     တကယ်တော့ သည် ကျွဲ နွားရေသောက်ကန်ဆိုသည်မှာ ခပ်လွယ်လွယ် မှတ်သားထားကြခြင်းသာ ဖြစ်သည်။…

Read More

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးဒဏ်ရာရသူ ၁၀၀ ကျော်အထိရှိလာ

စက်တင်ဘာ ၂၉ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူထပ်တိုးလာလို့ သေဆုံး ၄၉ ယောက် ၊ ဒဏ်ရာရ ၅၈ ယောက်အထိရှိလာတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ တချို့လူတွေ က မီးလောင်ပြာကျသွားတဲ့အတွက် အလောင်းပကောက်ယူနိုင်တာ မရှိဘူးကြောင်း ၊ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိတာကြောင့် သေဆုံးအရေအတွက် ထပ်တိုးလာနိုင်တယ် လို့သိရပါတယ်။ ” ထပ်တိုးအလာင်းတွေကြောင့် သေဆုံး ၄၉ ယောက်ရှိတယ်။ ဒဏ်ရာရ ၅၈ ယောက်ရှိတယ်။ အဲဒီထဲမှာ ၂၂ ယောက်က စိုးရိမ်ရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က စက်တင်ဘာ ၂၈ ရက် ၊ နေ့လယ် ၁၂ နာရီကျော်မှာ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။…

Read More