ထိုင်းမှာ လေ့ကျင့်ရေးပျံသန်းစဉ် လေယာဉ်ပျက်ကျမှုကြောင့် ရဲအရာရှိခြောက်ယောက် သေဆုံး

ဘန်ကောက်၊ ဧပြီ-၂၆-၂၀၂၅ ရတီ(VOM) ထိုင်းနိုင်ငံမှာ လေထီးလေ့ကျင့်မှုအတွက် လေ့ကျင့်ပျံသန်းနေတဲ့ လေယာဉ်ငယ်တစင်း ပင်လယ်ထဲ ပျက်ကျမှုကြောင့် ထိုင်းရဲအရာရှိ ခြောက်ယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ဟာ ဘန်ကောက်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ ကမ်းရိုးတန်းအပန်းဖြေနေရာဖြစ်တဲ့ ချာအန်းခရိုင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ ရဲအရာရှိ ငါးယောက်ဟာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံမှာ သေဆုံးခဲ့တာလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ လေယာဉ်ဟာ ကမ်းစပ်ကနေ မီတာ ၁၀၀ အကွာရေပြင်မှာ ပျက်ကျခဲ့ဖြစ်ပြီး ပျက်ကျရာနေရာကို ရောက်ဖို့ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အရာရှိတွေကတော့ လေယာဉ်မှူး သုံးယောက်၊ အင်ဂျင်နီယာတယောက်နဲ့ စက်ပြင်ဆရာနှစ်ယောက်တို့ ဖြစ်ပြီး အသက်ဆုံးရှုံးသွားတဲ့ အရာရှိတွေအတွက် အလေးအနက် ဝမ်းနည်းကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။…

Read More

မော်စကို ကားဗုံးကွဲမှု ရုရှားထိပ်တန်း စစ်ဗိုလ်ချုပ် သေဆုံး

မော်စကို၊ ဧပြီ-၂၆-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ရုရှားစစ်ဗိုလ်ချုပ်တယောက် သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖောက်ခွဲရေးပစ္စည်းအပြည့်တင်ထားတဲ့ ကားတစ်စီး ပေါက်ကွဲပြီးနောက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး အာဏာပိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယာရိုစတာမိုစကာလစ်ခ် သေဆုံးသွားကြောင်း ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ယူကရိန်းနဲ့ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေအကြား စစ်ပွဲအဆုံးသတ်ရေး မင့်စ်သဘောတူချက်ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပါရီမှာကျင်းပခဲ့တဲ့ ယူကရိန်းနဲ့ ဆွေးနွေးပွဲမှာ မိုစတာလစ်ခ်ဟာ ရုရှားစစ်ဦးစီးချုပ်ကို ကိုယ်စားပြုတက်ရောက်ခဲ့ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားဟာ ဘာလာရှီခါအရှေ့ဘက် ဆင်ခြေဖုံးရှိ ဗိုလ်ချုပ်ရဲ့ နေအိမ်ဘေးမှာ ရပ်ထားခဲ့ပြီ သူဖြတ်သန်းသွားချိန်မှာ ပေါက်ကွဲခဲ့တာလို့ ရုရှားအခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။ တိုက်ခို်ကမှုနဲ့ ပတ်သက်ပြီး ယူကရိန်းကို ရုရှားက အပြစ်တင်ထားပါတယ်။ ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ပတ်သက်နေတယ်လို့ ရုရှားအစိုးရ…

Read More

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနပွဲ ဂါရဝပြုဖို့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် လူသိန်းချီပြီး စိန့်ပီတာရင်ပြင်မှာ စုဝေး

ဗာတီကန်၊ ဧပြီ-၂၆-၂၀၂၅ ရတီ(VOM) ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနမှာ နောက်ဆုံးဂါရဝပြုဖို့အတွက် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဝတ်ပြုဆုတောင်းသူတွေဟာ ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်မှာ စုဝေးနေကြပြီဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှ တက်ရောက်လာသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ အကြိမ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လည်း ပါဝင်ပါတယ်။ အသက် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ ရုပ်အလောင်းကို လွန်ခဲ့တဲ့ သုံးရက်အတွင်း လာရောက်ဂါရဝါပြုသူ နှစ်သိန်းခွဲဝန်းကျင်ထိ ရှိတယ်လို့ ဗာတီကန်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ရုပ်အလောင်းကို ရင်ပြင် ပင်မတံခါးကနေ သယ်ဆောင်သွားမှာဖြစ်ပြီး ဘေးတဖက်တချက်မှာ ရာနဲ့ချီတဲ့ ကာဒီနယ်တွေ ခြံရံသွားမှာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ အာဂျင်တီးနား၊ ပြင်သစ်၊ ဂါဘွန်၊ ဂျာမနီ၊ အီတလီ၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ ယူကရိန်းသမ္မတ၊ ဗြိတိန်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့အပြင် ဥရောပခေါင်းဆောင်အတော်များများလည်း ပါဝင်ပါတယ်။…

Read More

မြစ်ကြီးနားမြို့ထဲ လက်နက်ကြီးကျလို့ နှစ်ယောက်သေဆုံး တယောက်ဒဏ်ရာရ

ဧပြီ ၂၆၊ ၂၀၂၅ Shy V (VOM) မြစ်ကြီးနားမြို့ထဲ ဧပြီလ ၂၅ ရက်ည ၁၁ နာရီခွဲကျော်ခန့်က လက်နက်ကြီး ကျလို့ နှစ်ယောက်သေဆုံး တယောက် ဒဏ်ရာရသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မနေ့ည အသံ ကြားပါတယ်လို့ဆို မလိခ ဝန်ထမ်းအိမ်ယာနဲ့က တို့နဲ့နီးနီး လေးပဲကိုး။ သီတာရပ်ကွက်မှာပါ ကျတာ။” လို့ ဒေသခံတယောက်ကပြောပါတယ်။ သီတာရပ်ကွက်၊ မလိခဝန်ထမ်းအိမ်ယာ နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝန်ထမ်းအိမ်ယာကြားမှာ ကျရောက်ပေါက်ကွဲလို့ အမျိုးသား နှစ်ယောက်‌ေသဆုံးပြီး မိန်းကလေး တယောက် ဒဏ်ရာရတယ်လို့ သိရကြောင်း သူက ပြောပါတယ်။ “အစတွေတောင် ခေါင်မိုးပေါကျတယ်။ လန့်တာမှအရမ်းပဲ။ ခုနကထိ ပစ်နေတုန်းပဲ။ မနေ့ကနေ ည၊ ညကနေ ဒီမနက်ထိပစ်နေတာ။ အသံကြားနေတာ။ ဘယ်ပြေးရမှန်းမသိ ကြောက်တာဆို။ ခုလည်း…

Read More

ဗန်းမော်တိုက်ပွဲ တကျော့ပြန် ပြင်းထန်လာ

ဧပြီ ၂၆၊ ၂၀၂၅ Shy V (VOM ) ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖြစ်တဲ့ ဗန်းမော်မှာ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲ တကျော့ ပြန်ပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ တဝုန်းဝုန်း ကြားနေရတယ်။ မနေ့က မနက် ၄ နာရီ ခွဲ ဝန်းကျင်ခန့်ကစ တိုက်ပွဲ ပြန် ပြင်းထန်တာလာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်က စပခ ၂၁ ကာကင်း တချို့အထိ တိုက်လာတယ်လို့ ကြားသိရတယ်လို့ ဆိုပါတယ်။ “ဗန်းမော်မှာ KIA နဲ့ ပူးပေါင်း တပ်ဖွဲ့ဘက်ကလည်း တော်တော် ကျဆုံးသွားတယ်လို့ သိရတယ်။ နစက…

Read More

အိန္ဒိယနဲ့ ပါကစ္စတန်တို့ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွား

ဒေလီ၊ ဧပြီ-၂၆-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယထိန်းချူပ်ထားတဲ့ ကက်ရှ်မီးယားဘက်မှာ ကမ္ဘာလှည့်ခရီးသွားတွေ ၂၆ ယောက်သေဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုအပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေပြီး ဒီကနေ့မှာလည်း နယ်စပ်မှာ တပ်ဖွဲ့ဝင်တွေအကြား ဒုတိယမြောက်နေ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသ အိန္ဒိယနဲ့ ပါကစ္စတန်ပိုင်းခြားထားတဲ့ မိုင် ၄၆၀ ရှည်တဲ့ နယ်စပ်နယ်စပ်ရှိ ပါကစ္စတန်စစ်စခန်းအချို့က ညသန်းခေါင်လောက်ကစတင်ခဲ့တဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေကို အိန္ဒိယစစ်တပ်က တုံ့ပြန်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နေ့ ညသန်းခေါင်လောက်ကလည်း ပါကစ္စတန်တပ်တွေက ပစ်ခတ်မှုတွေတချို့ ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယဘက်မှာ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။ ပါကစ္စတန်ဘက်ကတော့ ဒီကိစ္စကို မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ကက်ရှ်မီးယားဒေသမှာ ဧပြီ ၂၂ ရက်က တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး ပါကစ္စတန်နိုင်ငံသားနှစ်ယောက်အပါအဝင် လူသုံးယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖော်ထုတ်ထားပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ပါကစ္စတန်က ငြင်းထားပြီး ဒီကိစ္စပေါ် နိုင်ငံတကာ…

Read More

ငလျင်သင့်ဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးကြီးနိုင်

ဧပြီ ၂၆ – ၂၀၂၅ SN (VOM) အချိန်အခါမဟုတ် မိုးကြီးနိုင်တဲ့အတွက် ငလျင်သင့်ဒေသတွေ ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ ဧပြီ ၂၈ ရက်နေ့ကနေ မေ ၃ ရက်နေ့အတွင်း အချိန်အခါမဟုတ် ကျရောက်လာမယ့် မိုးသက်လေပြင်း (မိုးတိမ်တောင်) အန္တရာယ်ကြောင့် မြန်မာပြည် နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အတွက် ငလျင်သင့် ဒေသတွေက ပြည်သူတွေအနေနဲ့ မိမိနေထိုင်ရာ နေရာကို မိုးဒဏ်၊ လေဒဏ်နဲ့ ရေကြီးမှုအန္တရာယ် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။ “အလယ်ပိုင်းတွေကတော့ နေရာကြဲကြဲလောက် ရွာနိုင်တယ်။ ရွာတဲ့အခါမှာလည်း မိုးသက်လေပြင်းကျပြီး ရွာတာမျိုးလည်း ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ငလျင်ဒဏ်သင့် ဒေသတွေမှာ အမိုးအကာအောက် မရောက်သေးတဲ့သူတွေ၊ အရင်…

Read More

နေ​ပြည်​တော် အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ​ဆောက်လုပ်​ရေး ကုမ္ပဏီတွေ စည်ပင်ကို ဆက်သွယ်ဖို့ထုတ်ပြန်

ဧပြီ ၂၆ – ၂ဝ၂၅ KKO(VOM) အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာ ပါဝင်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ နေပြည်တော်စည်ပင်ကို ဆက်သွယ်ဖို့ထုတ်ပြန်လိုက်ပြီး မည်သည့်အတွက်ကြောင့် ခေါ်ယူသည်ကိုတော့ မသိရှိရသေးပါဘူး။ နေပြည်တော်အထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့ပြီး ရုံးဌာနအဆောက်အဦး၊ဝန်ထမ်းအိမ်ရာ၊အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦး၊ အခြားအဆောက်အဉီးတွေတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးနေပြည်တော်စည်ပင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)ကို ဆက်သွယ်ကြဖို့ နိုင်ငံပိုင်သတင်းစာတွေကနေ တဆင့်ထုတ်ပြန်ကြေညာလိုက်တာပါ။ အဲဒီထုတ်ပြန်ကြေညာမှုအပေါ် နေပြည်တော်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ “အတည်မပြုနိုင်သေးတဲ့သတင်းတွေအရအရေးယူမယ်။အမှုဖွင့်လှစ်မယ်လို့ကြားသိရပါတယ်”လို့ VOM ကို မှတ်ချက်ပေးပါတယ်။ တချို့ကလည်း နေပြည်တော်မှာ ငလျင်ကြောင့်ပျက်စီးခဲ့တာတွေကို ပြန်လည်တည်ဆောက်ပြုပြင်ဖို့ ယခင်ဆောက်လုပ်ရေးကုမ္ပဏီတွေကိုခေါ်ယူတာဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။ ပြီးခဲ့တဲ့မတ်လက စစ်ကိုင်းနဲ့ မန္တလေးဒေသတဝိုက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးတခုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရပ်ကွက်ကြီး ၉ ခု၊နေပြည်တော်ကောင်စီနဲ့ စည်ပင်အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာတွေမှာ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေအရ နေပြည်တော်မှာ မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့တဲ့ လူနေထိုင်ရန်သင့်တဲ့ အလတ်စား အဆောက်အဦးပျက်စီးမှုက ၄၇၇ လုံး၊ပျက်စီးမှုအသေးစားက ၄၆၉ လုံး၊ စုစုပေါင်း ၉၄၆ လုံးရှိခဲ့ပြီး လူနေထိုင်ဖို့မသင့်တဲ့အဆောက်အဦးပြိုကျပျက်စီးမှုက…

Read More

နေ့အပူချိန်အတွင်း ခရမ်းလွန်ရောင်ခြည် ပါဝင်မှု အဆင့် ၁၀ အထိ ရှိနိုင်လို့ သတိပြုဖို့လို

ဧပြီ ၂၇ – ၂၀၂၅ SS (VOM) လက်ရှိမှာ နေ့အပူချိန် မြင့်တက်မှုနဲ့အတူ ခရမ်းလွန်ရောင်ခြည် ပါဝင်မှုတွေလည်း မြင့်တက်နေပြီး မြန်မာနိုင်အပေါ် လက်ရှိ သက်ရောက်နိုင်တဲ့ အညွှန်းကိန်းက အဆင့် ၉ ကနေ အဆင့် ၁၀ အထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “နွေရာသီက နေရဲ့ တည့်မတ်မှု၊ နေရောင်ခြည်ရဲ့ တည့်မတ်မှု ပိုပြီး နီးတဲ့အခါကျတော့ နေအပူချိန်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကလည်း မြင့်တာပေါ့။ ခရမ်းလွန်ရောင်ခြည်ရဲ့ သဘောသဘာဝက နေရောင်ခြည် ကျရောက်မှုရယ်၊ နောက်တခု ကောင်းကင်ပေါ်မှာ တိမ်ကင်းစင်နေတဲ့ အချိန်အခါဆိုရင် နေရဲ့ အလင်းရောင်က ကမ္ဘာမြေကြီးပေါ် ကျရောက်မှု ပိုအားကောင်းတဲ့ အခါကျတော့ အဲဒီ အချိန်မှာလည်း ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက မြင့်နေတယ်” လို့ ဦးလှထွန်းက…

Read More

ယောဒေသမှာ PDF က စစ်မှုထမ်းဖို့ အမိန့်ထုတ်လို့ လူငယ်တချို့ ထွက်ပြေးတိမ်းရှောင်

ဧပြီ ၂၇ ၊၂၀၂၅ SP (VOM) . မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာ အခုရက်ပိုင်းအတွင်း PDF အဖွဲ့က သူတို့ တပ်ဖွဲ့မှာ စစ်မှု့ထမ်းကြဖို့ လူသစ်စုဆောင်းတာတွေ အမိန့်ထုတ် ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဂန့်ဂါမြို့နယ် မြောက်ပိုင်းမှာနေတဲ့ ဘော်ပြင်းရွာခံတယောက်က သူတို့ဒေသရဲ့ လက်ရှိအခြေအနေကို ခုလိုပြောပြပါတယ်။ ” စစ်မှု့ ထမ်းဖို့ အမိန့်စာထုတ်တာက အခုရက်ပိုင်းမှာ ဖြစ်တယ် ၊ အဲ့ဒီအမိန့်စာကြောင့် ယောဒေသမှာ လူငယ်တွေအများစု ထွက်ပြေးတိမ်းရှောင်ကုန်ကြတယ် ၊ဂန့်ဂေါမြို့နယ်မှာ လက်ရှိနေထိုင်တဲ့သူ ၊ တနယ်လုံးပေါင်း တသိန်းမပြည့်ဘူး ၊ ရွာတွေမှာက ပြည်ပထွက်တဲ့သူက ပြည်ပထွက်ကြတယ် ၊တချို့ကတော့ တခြားမြို့ရွာတွေဆီကို ပြောင်းရွေ့သွားကြတယ် ၊အဲ့ဒီလို ပြောင်းရွေ့သွားကြတဲ့ လူငယ်တွေကို ရှိရင်းစွဲ နေရပ်ကို ပြန်လာခဲ့ဖို့ ဖုန်းဆက်ခေါ်ခိုင်းတယ် ၊ ရွာကို ပြန်မလာခဲ့ရင် ကျောင်းဆရာ ၊ဆရာမ…

Read More