ကရင်နယ်ခြားစောင့်တပ်အားလုံး ကရင်အမျိုးသားတပ်မတော်အဖြစ် ပြောင်းလဲရပ်တည်ဖို့ ဆုံးဖြတ်

မတ် ၂ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) တပ်နယ်အားလုံး နစကလက်အောက်မှ ခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။ နစက က ပေးတဲ့ လစာနဲ့ အထောက်အပံ့ကို မယူတော့ဘဲ KNA တပ်ဖွဲ့အဖြစ် သီးသန့် ရပ်တည်သွားမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က BGF တပ်နယ် လေးခုမှ တပ်နယ်မှူးတွေအားလုံး တက်ရောက်ခဲ့တဲ့ အစည်းအဝေးမှာ သဘောတူညီခဲ့ပြီး အတူတကွ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက “ဘက်တံဆိပ်ပြောင်းဖို့ ကျွန်တော်တို့ တပ်နယ် လေးခုလုံးက သဘောတူညီပါတယ်။ ကျွန်တော်တို့ တပ်နယ်အားလုံးက မဲရင်အကုန်အမဲအတိုင်းသွား၊ ဖြူရင်လည်း…

Read More

ကိုရီးယားသွားမယ့် မြန်မာလုပ်သားတွေ တားမြစ်ပစ္စည်းသယ်ယူလာပါက ဒဏ်ကြေး ဝမ်သိန်း ၅၀ အထိတိုးမြှင့်

  ရန်ကုန် ၊ မတ် ၂ – ၂၀၂၄ GG (VOM) ကိုရီးယားနိုင်ငံ သွားရောက်အလုပ်လုပ်ကြမယ့် E-9 မြန်မာနိုင်ငံသားတွေအနေနဲ့ ကွမ်းရွက် အပါအဝင် သယ်ယူခွင့် တားမြစ်ထားတဲ့ပစ္စည်းတွေကို သယ်ယူလာကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေးငွေအဖြစ် ကိုရီးယားငွေကြေး ဝမ်သိန်း ၅၀ အထိ ပေးဆောင်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကနေထွက်ရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေ ကိုရီးယားကို သယ်ဆောင်လာခြင်းကို ကိုရီးယားလေဆိပ်မှာ နိုင်ငံမှဝာားမြစ်ကန့်သတ်ထားကြောင့် အကြိမ်ကြိမ်သတိပေးခြင်း ဒဏ်ငွေရိုက်ခြင်းတွေ ပြုလုပ်ပေမယ့်လည်း အပတ်စဥ်သယ်ယူလာတာတွေကို စစ်ဆေးတွေရှိရတဲ့အတွက် ခုလိုဒဏ်ကြေးကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ အရင်က တားမြစ်ပစ္စည်းသယ်ဆောင်လာတာကို ကိုရီးယား အင်ချောန်လေဆိပ်မှာစစ်ဆေးတွေ့ရှိရင် ပစ္စည်းကိုသိမ်းပြီး ဒဏ်ကြေးအဖြစ် ဝမ် ၁ သိန်းသာ သတ်မှတ်ကောက်ခံခဲ့ရာကနေ လက်ရှိမှာတော့ ဝမ် သိန်း ၅၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ” အရင်က သူတို့တားမြစ်ထားတဲ့ စားသောက်ကုန်ပါမယ်၊လယ်ယာထွက်ကုန်ပေါ့၊လယ်ယာထွက်ကုန်မှာအများဆုံး…

Read More

တာချီလိတ်မြို့နယ်မှာ ရဲအယောင်ဆောင် လုယက်ဓါးမြတိုက်တဲ့ မြို့နယ်ရွေးကော် ဒုဦးစီးဦးဆောင်တဲ့ ဓါးပြဂိုဏ်းဖမ်းမိသလို ရှမ်းမြောက်မှာ အဓမ္မမှုတွေများလာနေ

  မတ် ၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း တပ်ယူနီဖောင်း၊ ရဲယူနီဖောင်းနဲ့ လုယက်ဓားပြတိုက်နေတဲ့ဝန်ထမ်းတဦး အပါအဝင် ဓားပြအဖွဲ့ ၇ ယောက်ကို ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ည ၁၁ နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ်။ တနေ့ညက ဖမ်းတာ။ အကုန်မိတယ်။ နယ်စပ်သာ ပြောတာ တာချီလိတ်က ထွက်ပေါက် မရှိဘူး။ သတင်းပေးတဲ့ လူကလည်း များတယ်” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဖမ်းမိထားတဲ့ သူတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၈ နှစ်ကြားရှိ သူတွေဖြစ်ပြီး ဓားပြတိုက်မှုမှာ ဦးဆောင်တဲ့ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုဦးစီးမှူး…

Read More

ချမ်းမြသာစည်မြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး (၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး သေဆုံးခဲ့

  မန္တလေး၊မတ် ၂-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၁၁၂လမ်း ၅၈×၅၉လမ်းကြားရှိ‌ နေအိမ်တအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” စလောင်တာကတော့ ဖုန်းအားသွင်းရာကနေ လောင်တာပါ၊ စလောင်တဲ့အိမ်က အသက်(၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး မီးခိုးမွှန်ပြီး မီးလောင်သေဆုံးသွားတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းထားခဲ့ရာ ဖုန်းဘထ္ထရီအပူလွန် ပွင့်ထွက်ပြီး အနီးရှိ အိမ်ထရံကို မီးကူးစက်ကာ မီးစလောင်ခဲ့တာဖြစ်ကြောင်း မီးလောင်မှုကြောင့် နေအိမ်(၁)လုံးနဲ့ ဘေးရှိ နေအိမ်(၂)လုံးမှ အပေါ်ထပ်တို့ မီးစွဲလောင်မှုဖြစ်ပွားကာ မီးသတ်တွက်ချက်တန်ဖိုးငွေ (၉၄)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို Level(1)အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် မီးစလောင်သည့်အိမ်မှ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတဦး မီးခိုးမွှန်ကာ မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ…

Read More

ကနီမြို့ပေါ်မှာ ဒီမနက်ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတချို့ ဖမ်းဆီးခံထားရ

မတ် ၊ ၂ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကနီမြို့ခံတယောက်က ” ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်လောက်က ကနီမြို့ရဲ့ အနောက်ဘက် ရေဝါချောင်း ( ကနီ – မင်းကင်း ကားလမ်း) ဘက်ကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ မြို့ထဲကို လူတထောင်လောက်( ခန့်မှန်း) ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ပစ်ခတ်သံတွေကြားရတယ် ၊ ကနီမြို့ပေါ်မှာ လူနေရပ်ကွက် သုံးခုရှိတယ် ၊ အဲ့ဒီ ရပ်ကွက် သုံးခုစလုံးက…

Read More

မြှင့်တင်ဖို့ လိုအပ်နေသေးတဲ့ တောင်သူလယ်သမားတွေ ဘဝ

  ရန်ကုန် ၊ မတ် ၂ – ၂၀၂၃ GG (VOM) ဒီနေ့ မတ်လ ၂ ရက်နေ့ဟာ ၆၂ ကြိမ်မြောက်ကျရောက်တဲ့ ” တောင်သူလယ်သမား နေ့ ” ပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် တောင်သူလယ်သမားနေ့ဆိုပြီး ဖြစ်တည်လာတာ ၆၂ နှစ်မြောက်ရှိပြီလို့ဆိုလိုတာပါ။ ” တောင်သူလယ်သမားနေ့ ” ဆိုတာဟာ တောင်သူလယ်သမား၊ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်ဖို့အတွက် အဓိကရည်ရွယ်ပြီး တောင်သူ ဆွေးနွေးပွဲ၊နှီးနှောဖလှယ်ပွဲတွေကျင်းပရာကနေ ဖြစ်ပေါ်လာခဲ့တဲ့ တောင်သူတွေကို ကျေးဇူးရှင်ဦးကြီးတွေအဖြစ် ဂုဏ်ပြုတဲ့နေ့တနေ့ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစပြီး နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပ ပြုလုပ်ခဲ့ကြပေမယ့် ဇန်နဝါရီလဟာ တောင်သူလယ်သမားတွေရဲ့ လယ်ယာရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလို ဖြစ်နေတာကြောင့် တောင်သူလယ်သမားနေ့ကို ၁၉၆၅ ခုနှစ်မှစပြီး…

Read More

တမူး – မိုးရေး နယ်စပ်ဂိတ်တွေကို အိန္ဒိယဘက်က အချိန်ပိုင်းနဲ့ ပြန်ဖွင့်ပေး

မတ် ၊ ၂ ၊ ၂၀၂၄ SP(VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နဲ့ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ ကြားမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်လေးခုနေရာတွေကို မနေ့က စလို့ အိန္ဒိယဘက်ကနေ အချိန်အကန့်အသတ်နဲ့ ယာယီ ပြန်ဖွင့်ပေးနေပြီလို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက ” မိုးရေးမှာ တမူးဘက်ကနေ ဝင်လာလို့ရတဲ့ ဂိတ်နေရာ လေးခုရှိတယ် ၊ အဲ့ဒီ နေရာတွေကတော့ နယ်စပ်မှတ်တိုင် BP 78 နဲ့ 79 ဝန်းကျင်ကနေရာတွေဖြစ်တယ် ၊ အဲ့ဒီနေရာတွေက တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေ မဟုတ်ပေမယ့် အိန္ဒိယဘက်က မနက် ၆ နာရီကနေ ၊…

Read More

စဥ့်ကူးနဲ့တောင်သာမှာ တရက်တည်း ရဲတပ်ဖွဲ့ဝင်အပါ လေးယောက် ပစ်ခတ်ခံရပြီး နှစ်ယောက်သေ

  မန္တလေး ၊မတ် ၂ – ၂၀၂၄ GG (VOM ) မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်နဲ့ တောင်သာမြို့နယ်မှာ ဒီကနေ့မတ်လ ၂ ရက်နေ့တရက်တည်းမှာ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ အရပ်သားနှစ်ယောက်ပစ်ခတ်ခံရပြီး အရပ်သားသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုဟာ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး ပစ်ခံရလို့ သေဆုံးခဲ့တဲ့ အရပ်သားနှစ်ယောက်က စဥ့်ကူးမြို့နယ်ကဖြစ်ပြီး နောက်ထပ်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကတော့ တောင်သာမြို့နယ်ကဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသွားတဲ့ အရပ်သားတွေကတော့ စဉ့်ကူးမြို့နယ်၊ခူလယ်ကျေးရွာအုပ်စု၊ရေမျက်ရေးရွာနေ ကိုခင်မောင်ချင်းဆိုသူနဲ့ စဉ့်ကူးမြို့ နဲ့ ၇မိုင်ခန့် အကွာမှာရှိတဲ့ ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်ကျေးရွာမှ ကျေးရွာတာဝန်ခံ ဦးခင်​မောင်စိုးဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ်တောင်သာမြို့နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်ကတော့ ရဲတပ်၀င်တွေကတော့ ရဲတပ်ကြပ် ရဲမောင်ထွန်းနဲ့ ရဲတပ်သား​ဖြစ်သူအောင်ပြည်ဖြိုးတို့ဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ” ဒီမနက် ၇ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားက တောင်သာ-ဇဂျမ်းသွားကားလမ်းမ၊အနောက်ဈေးလမ်း နဲ့ ဇဂျမ်းလမ်းဆုံမှာ ပစ်ခံရတာပါ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (မတ် – ၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More