ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၃ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၆၀ ကျပ် ဝယ်ဈေး – ၂၆၁၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၅ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၇ ကျပ် ဝယ်ဈေး – ၇၅၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (မတ် – ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နစကဘက်က ကန့်ကွက်ပေမယ့် မြန်မာ့အရေးဆွေးနွေးပွဲ ထိုင်းပါလီမန်မှာ ကျင်းပနေ

  ဘန်ကောက်၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်းပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးမှုကို နစကဘက်က ကန့်ကွက်ထားပေမယ့် မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းပါလီမန်မှာ မနေ့ကမတ် ၂ ရက်က စပြီး နှစ်ရက်ကြာ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ သက်ဆိုင်သူတွေအားလုံး အပြန်အလှန်ဆွေးနွေးနိုင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေတခုအတွက် လမ်းခင်းပေးမှာပါလို့ ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ရန်ဆီမန်ရိုမီက ပြောပါတယ်။ ဆွေးနွေးပွဲမှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က ထိပ်တန်းတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ပေမယ့်လည်း နစက ဘက်က ကိုယ်စားလှယ် ပါဝင်ခြင်းမရှိပါဘူး။ ထိုင်းပါလီမန်မှာ ဆွေးနွေးမှုဟာ ထိုင်း-မြန်မာ ဆက်ဆံရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖန်တီးတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း နစကဘက်က ကန့်ကွက်ထားပြီး ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ်ကိုမဆို မလုပ်ရေးအတွက် ပါလီမန်ကို တားဆီးပေးဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနက စာပေးပို့ ထားပါတယ်။…

Read More

ဂါဇာဒေသအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အမေရိကန် ပထမဆုံးပေးပို့

  ဂါဇာစီးတီး၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်ဟာ ဂါဇာကမ်းမြှောင်ဒေသအတွက် ပထမဆုံးသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်လေယာဉ်သုံးစင်းပေါ်ကနေ လေထီးနဲ့ ချပေးခဲ့ပါတယ်။ ဂျော်ဒန်လေတပ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အဲဒီကူညီရေးမှာ စားနပ်ရိက္ခာ သုံးသောင်းကျော်ကို ပေးပို့နိုင်ခဲ့ပြီး အမေရိကန်ဟာ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူဘောင်ကို သဘောတူဖို့ အကောင်အထည်ဖော်နေပြီလို့ အမေရိကန်ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုထားပါတယ်။ လေကြောင်းကနေ အခုလို ထောက်ပံ့မှုဟာ အကူအညီတွေပိုမိုပေးဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး အခြားသော နည်းလမ်းတွေနဲ့လည်း အကူအညီတွေ ပေးပို့ သွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်နဲ့ ဂျော်ဒန်အပါအဝင် အခြားနိုင်ငံတွေက ဂါဇာဒေသအတွက် အရင်ကတည်းက အကူအညီတွေ ပေးပို့ခဲ့ပေမယ့် အမေရိကန်ရဲ့ ပေးပို့မှုကတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Ref:BBC Photo: AP  

Read More

စစ်ကိုင်းတိုင်းက တိုက်ပွဲတွေကြားမှာ ပိတ်မိနေပြီးနောက် အခုထိ ဆက်သွယ်မရတဲ့ ဝန်ထမ်းပေါင်း သုံးရာဝန်းကျင်ရှိနေ

မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၀ ကျော်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့တဲ့ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အခုထိ ဆက်သွယ်မရပဲ ပျောက်ဆုံးနေတဲ့ ဝန်ထမ်းပေါင်း သုံးရာ ဝန်းကျင်ရှိတယ်လို့ စစ်ကိုင်းတိုင်း ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဝန်ထမ်းတယောက်က ” မနေ့ ( မတ် ၂ ရက်)က တနေ့ရက်တည်းမှာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နဲ့ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့ ဝန်ထမ်းတချို့နဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဒေသတွင်း…

Read More

ကလေး – ချင်းတောင် ဖြတ်လမ်းတွေမှာ လူတ​ယောက်ကို ကားခ သုံးသိန်းကျော်ပေးရလို့ ၊ ကလေးမြို့က ထွက်ချင်သူတွေ မထွက်ခွာနိုင်သေး

မတ် ၊ ၃ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှာနေတဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲရှောင်ထွက်ပေးဖို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက အမိန့်ထုတ်ပြန်ထားတာကြောင့် အခုဆိုရင် ကလေးမြို့ခံ တချို့ တိုက်ပွဲရှောင်နေကြပေမယ့် အများစုက ကားခတွေဈေးကြီးပြီး အထွက်ကားရှားပါးလို့ဆိုကာ အခုထိ တိုက်ပွဲရှောင်တာမရှိပဲ အိမ်ထဲ အိမ်ပြင် မထွက်ပဲ နေရတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကလေးမြို့ခံတယောက်က ” တိုက်ပွဲရှောင်ဖို့ အမိန့်တွေထုတ်ထားတယ် ၊ ကလေးမြို့မှာ တိုက်ပွဲရှောင်ပေးဖို့ အမိန့်ထုတ်တာ လေးငါးကြိမ်ရှိပြီ ၊ ငွေကြေးတတ်နိုင်သူတွေက ၊ အိမ်စောင့်လောက်ထားခဲ့ပြီး တိုက်ပွဲရှောင်ကုန်တယ် ၊ ကလေးမြို့မှာ လူနေရပ်ကွက် ၂၀ ရှိတယ် ၊ အဲ့ဒီထဲက ရက်ကွက်ပေါင်း ၁၄ ရပ်ကွက်လောက်က…

Read More

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းနှင့် ဂိုးနည်းပြဟောင်းဖြစ်သူ ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်

  ရန်ကုန် ၊ မတ် ၂ – ၂၀၂၄ GG (VOM) မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်းနှင့် ဂိုးနည်းပြဟောင်းတစ်ဦးဖြစ်သူ ဦးစိုင်းမောင်မောင်ဦး မတ်လ ၁ ရက်နေ့ ညနေပိုင်းက ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘောလုံးအားကစား အသိုင်းအဝိုင်းက သိရပါတယ်။ ဦးစိုင်းမောင်မောင်ဦး ကွယ်လွန်ချိန်မှာ အသက် ၆၀ နှစ်ရှိပြီဖြစ်ပြီး အူမကြီးကင်ဆာရောဂါဝေဒ နာကြောင့် သေဆုံး ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကညနေ ၅ နာရီခွဲလောက်မှာပဲ ရောဂါနဲ့ပဲဆုံးတာလို့သိရတယ်၊ ဆရာစိုင်းက ဘောလုံးကန်ရင်သူက ခြေတပေါင်ကျိုးပုံနဲ့ ကန်လေ့ရှိတဲ့ ဂိုးသမားကောင်းတစ်ဦးပါ ၊ ဆရာစိုင်းကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပါတယ် ” လို့ ဝါရင့် ဘောလုံးအားကစားသမား တ​ယောက်ကပြောပါတယ်။ ဦးစိုင်းမောင်မောင်ဦးဟာ ရထားပို့ဆောင်ရေး အသင်းရဲ့ မရှိမဖြစ် ဂိုးသမားတစ်ဦးဖြစ်ခဲ့သလို မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း၊ ရန်ကုန်ယူနိုက်တက်၊ မကွေး၊ ရတနာပုံ၊ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ဂိုးနည်းပြဟောင်းလည်းဖြစ်ပါတယ်။…

Read More

ယနေ့ ရွှေဈေး (မတ် – ၂ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၈၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နျူကလီးယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် ရုရှား စမ်းသပ်ပစ်ခတ်

မော်စကို၊ မတ်-၂-၂၀၂၄ မျိုးဆက်(VOM) နျူကလီးယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ယားစ် တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ် ခဲ့ကြောင်း ရုရှားစစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီတိုက်ချင်းပစ်ဒုံးကျည်ကို နိုင်ငံမြောက်ပိုင်း ပစ်လွှတ်ရေးနေရာကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး နျူကလီးယား ထိပ်ဖူးများစွာကို သယ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ဒုံးကျည်ဟာ ကမ်ချက်တာကျွန်းဆွယ်ရှိ သတ်မှတ်ပစ်မှတ်တွေကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားရဲ့ ယားစ်အမျိုးအစာ တိုက်ချင်းပစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ ထိ ခရီးရောက်နိုင်ပြီး ရုရှားနျူကလီးယား တပ်ဖွဲ့အတွက် အဓိက လက်နက်ဖြစ်ကာ လက်တွေ့အသုံးပြုရန် ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ရုရှားစစ်တပ်က ဆိုပါတယ်။ ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ဟာ နိုးကြားတက်ကြွမှုနဲ့ ဒီလက်နက်တွေကို အသုံးပြုဖို့ အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ပူတင်နဲ့ ရုရှားစစ်တပ်ဟာ အနောက်နိုင်ငံတွေ ကြောက်ရွံ့ဖို့နဲ့ ယူကရိန်းအပေါ် ထောက်ခံမှု ကျဆင်းသွားစေဖို့…

Read More