စစ်ကိုင်းတိုင်းထဲမှာ ကောလင်း နဲ့ ပင်လည်ဘူးနယ်တွေ ပျက်စီးမှုပိုများ

မတ် ၊ ၄ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ကောလင်းခရိုင် ၊ ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နစကတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကောလင်းမြို့နဲ့ ပင်လည်ဘူးမြို့တွေမှာ ဘာတွေဆက်ဖြစ်နေသလဲဆိုတာ သိရဖို့ VOM က အဲ့ဒီဒေသက လူတွေနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ကောလင်းမြို့ခံတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကောလင်းမြို့ပေါ် တိုက်ပွဲတွေစဖြစ်တယ် ၊ အဲ့ဒီနောက် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နောက်ပိုင်း နစက စစ်ကြောင်းတွေက မြို့ပေါ်ကိုဝင်ရောက်လာပြီး ဒုတိယအကြိမ် တိုက်ပွဲတွေပြန်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေကြောင့် မြို့ခံလူထု ထွက်ပြေးတိမ်းရှောင်နေရတယ် ၊…

Read More

This Day In History

Voice of Myanmar အမေရိကန်သမ္မတ ဖရန်ကလင်ဒီ ရုစဗဲ့သည် ကမ္ဘာ့စီးပွားပျက်ကပ်အလယ်တွင် အမေရိကန်၏ ၃၂ ယောက်မြောက် သမ္မတအဖြစ် ၁၉၃၃ ခုနှစ် မတ် ၄ ရက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံကို စီးပွားပျက်ကပ်မှ ရုန်းထွက်ကာ ဒုတိယကမ္ဘာစစ်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

Read More

တာချီလိတ်မြို့ပေါ်က ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်းအဖွဲ့ဝင် နောက်ထပ် လေးယောက် ထပ်မံ ဖမ်းဆီးရမိ

မတ် ၊ ၄ ၊ ၂၀၂၄ SP ( VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့ပေါ်မှာ ဝန်ထမ်း အယောင်ဆောင် ဓားပြဂိုဏ်အဖွဲ့ဝင် နောက်ထပ် လေးယောက်ကို မနေ့ မတ် ၃ ရက် ၊ညနေပိုင်းက ထပ်မံဖမ်းဆီးရမိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ညနေပိုင်းမှာ ရန်အောင်မြေရပ်ကွက် နဲ့ ပါလျှံရပ်ကွက်ထဲက ဝန်ထမ်းအယောင်ဆောင် ဓားပြဂိုဏ်းအဖွဲ့ဝင် နောက်ထပ် လူလေးယောက်ကို လက်နက်ခဲယမ်း (သက်သေခံ ပစ္စည်းတွေ) နဲ့အတူ ဖမ်းဆီ ရမိတယ် ၊ ဖမ်းဆီးရမိတဲ့သူတွေကတော့ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ စိုင်းခေး နဲ့ စိုင်းကွမ်းခေး တို့ဖြစ်တယ် ၊ အဲ့ဒီ လေးယောက်နဲ့အတူ…

Read More

အုတ်ဖိုမြို့နယ်မှာ ပစ်ခတ်မှုတွေဖြစ်လို့ မနေ့က တရက်တည်းမှာတင် ရဲတယောက်အပါအဝင် လူလေးယောက် သေဆုံး

မတ် ၊ ၄ ၊ ၂၀၂၄ SP (VOM) ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာအုပ်စုနဲ့ ဂုံညှင်းတန်းကျေးရွာတွေမှာ မနေ့ မတ် ၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတယောက်အပါအဝင် လူလေးယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်း လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပဲခူးတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အုတ်ဖိုမြို့နယ်မှာ ပစ်ခတ်မှုဖြစ်စဥ် နှစ်ခုဆက်တိုက်ဖြစ်တယ် ၊ ပထမ ဖြစ်စဥ်က အုတ်ဖိုမြို့နယ် ၊ ဂုံညှင်းတန်းကျေးရွာ ၊ ပြည် – ရန်ကုန် ကားလမ်းဘေးက ၉၆၉ လက်ဘက်ရည်ဆိုင်နားမှာ ပစ်ခံကတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် (အခြားအဆင့်) တယောက်နဲ့ အရပ်သား…

Read More

ဟဲ့..ဆိုကာ ကြိမ်တံမြှောက်မှဖြင့်

  ဆူးငှက် စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်က မြန်မာပြည်မှာ လှည်းနဲ့လှေ ရှိနေသရွေ့ သူ့သီချင်းတွေလည်း ရှိနေဦးမယ်လို့ပြောတာမှတ်မိပါတယ်။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့လူဦးရေ ခုနစ်ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။ ကျေးလက်နေပြည်သူလူထုကြားမှာ သူ့သီချင်းတွေ ရှိနေဦးမှာပါ။ ကျွန်တော် တစ်မျိုးပြန်စဉ်းစားပါသေးတယ်။ ကျေးလက်မှ မြို့ပြမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးရဲ့ ပင်ကိုယ်စရိုက်သဘာဝအရ ဗီဇစိတ်အခြေခံဆိုတာရှိပါတယ်။ ဒီစိတ်ဟာ ငယ်ရွယ်စဉ် ကလေးဘဝမှာလည်း ရိုးရိုးသားသား ပေါ်လွင်ပါတယ်။ အရွယ်လေးရလာတော့ ဒီဗီဇစိတ်ကို ပတ်ဝန်းကျင်တွေက ဖုံးလွှမ်းပေးလိုက်တော့ ဟန်ဆောင်ရတာတွေများလာပါတယ်။ ဒါပေမယ့် တည်ငြိမ်ရင့်ကျတ်တဲ့အသက်အရွယ်ရောက်လာတော့ ဟန်ဆောင်မှုတွေအောက်က ပင်ကိုဗီဇစိတ်ကို ရဲရဲတင်းတင်းပြန်ပြီး ဖော်ထုတ်လာကြပါတယ်။ ဆိုပါတော့…။ အရွယ်လေးရလာချိန် ပတ်ဝန်းကျင်အနေအထားအရ ခေတ်ပေါ်ဆိုတာတွေနောက် ကောက်ကောက်ပါအောင် မမောနိုင်မပန်းနိုင် လိုက်ကြတာပါပဲ။ အခု ဒီဟာပေမယ့် ဟိုဟာပေါ်လာတော့ ဟိုဟာနောက်လိုက်ကြရ…။ ဒါပေမယ့် အသက် ၄၀ ကျော်အရွယ် တည်ငြိမ်လာချိန် အိမ်က ကာရာအိုကေစက်ရှေ့ မိုက်ကိုင်ပြီး တွံတေးသိန်းတန်ဟဲလိုက်ရမှ…

Read More

မုဒုံနယ်က ပြည်သူစစ်ခေါင်းဆောင်ပိုင်း တချို့ ဖမ်းဆီးခံရပြီး ၊ ထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေပါသွား

မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ် ၊ ကမာဝက်မြို့ ၊ စိန်တောင်ရပ်ကွက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းရဲ့နေအိမ်တွေကို ဒီကနေ့ ၊ နေ့လယ် ၁ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ပြည်သူ့စစ် ခေါင်ဆောင်ပိုင်းက လူသုံးယောက်နဲ့ အတူ သူ့တို့ကိုထုတ်ပေးထားတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းတဲ့ ဖြစ်စဥ်တခု ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ဒီနေ့လယ်ပိုင်းက ဖြစ်တာက စိန်တောင်ရပ်ကွက်မှာနေတဲ့ ဦးပန် ၇၂ နှစ် ၊ ( ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်) ဆိုသူဟာ သူ့အိမ်မှာရှိနေတုန်း PDF ၁၀ ယောက်က သူ့ကိုယ်…

Read More

ဖားကန့်နယ် တာမခန်မြို့သစ်မှာ ရှို့မီးကြောင့် အိမ်ခြေတဝက်နီးပါး ပျက်စီးဆုံးရှံး

  မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးကျေးရွာအုပ်စု ၊ တာမခန်မြို့သစ် ကျေးရွာမှာရှိတဲ့ လူနေရပ်ကွက် တချို့က နေအိမ်တွေကို ဒီကနေ့မနက်ပိုင်း ၈ နာရီခွဲ ဝန်းကျင်က စလို့ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး တာမခန် ဒေသခံတယောက်က ” ဒီမနက်ပိုင်းက တာမခန်မြို့သစ်ကျေးရွာ ရပ်ကွက် ၁. ၊ ၃ နဲ့ ၄ ရပ်ကွက်တွေမှာ မီးစလောင်တယ် ၊ မီးက အခု နေ့လယ်ပိုင်းအချိန်ထိ မငြိမ်းသေးဘူး ၊ တာမခန်နယ်မှာက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်စလို့ တိုက်ပွဲတွေဖြစ်တယ် ၊ ရွာခံအများစုက နီးစပ်နေရာတွေမှာ…

Read More

ထားဝယ်မြို့နယ် ရောင်းမော်ရွာ တိုက်ပွဲမှာ နှစ်ဘက်သေဆုံး မှုတွေ များပြား

  မတ် ၊ ၃ ၊ ၂၀၂၄ SP (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့နယ် ၊ ရောင်းမော် ကျေးရွာနားမှာ မနေ့ (မတ် ၂ ရက်) ကစလို့ ဒီကနေ့မနက်ထိ နစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေ များပြားစွာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ရောင်းမော်ရွာမှာ ဘာစခန်းမှ မရှိဘူး ၊ အခုဖြစ်တဲ့ တိုက်ပွဲက နယ်မြေရှင်းလင်းရေး (လှုပ်ရှား) လာတဲ့ စစ်ကြောင်းနဲ့ PDF တွေ တိုက်ကြတာဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲမှာ မနေ့ကတော့ နှစ်ဘက် အသေအပျောက်ရှိတယ်လို့ ကြားရတယ်…

Read More

ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုက နစကစခန်းတွေကို AA ထိုးစစ် အရှိန်မြှင့်နေ

မတ် ၃ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခုမှ နစကစခန်းတွေကို ထိုးစစ် အရှိန်မြှင့်တင် တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီကနေ့ မတ် ၃ ရက်၊ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက လက်နက်ချ အညံ့မခံသေးတဲ့ နစကရဲ့ စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြီးခဲ့တဲ့ ရက်တွေနည်းတူ ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ “လက်နက်ကြီးသံတွေကတော့ နေ့စဉ်နဲ့အမျှ ဆူညံနေတာပဲ။ ခုရက်ပိုင်း ပိုစိတ်လာတယ်။ တိုက်ပွဲတွေက တနေကုန်လိုလို ဖြစ်နေတာ။ ပစ်ခတ်သံတွေ ကြားနေရတာလည်း ညအထိပဲ” လို့ မောင်တောမြို့မှ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ့လို…

Read More

အမေရိကန် အနောက်ပိုင်းမှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခတ်၊ နှင်းထု ၁၀ ပေထိ ကျဆင်းနိုင်

  ဝါရှင်တန်၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားနဲ့ နီဗားဒါးတို့မှာ နှင်းမုန်တိုင်း အကြီးအကျယ် တိုက်ခိုက်နေပါတယ်။ နှင်းမုန်တိုင်းကြောင့် လမ်းတွေပိတ်ဆို့နေပြီး နှင်းလျှောစီးအပန်းဖြေစခန်းတွေ ပိတ်ထားရကာ ကယ်လီဖိုးနီးယားမှာ နေအိမ် သုံးသောင်းသုံးထောင်ကျော်နဲ့ နီဗားဒါးမှာ နှစ်သောင်းလေးထောင်ကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ နှင်းမုန်တိုင်းဟာ အထူးသဖြင့် ဆီရာနီဗားဒါးဒေသမှာ ပြင်းထန်နေပြီး လေပြင်းတိုက်ခတ်မှုဟာ တနာရီကို ကီလိုမီတာ ၃၀၀ ကျော်ထိရှိနေပါတယ်။ နှင်းမုန်တိုင်းကြောင့် ၇၅ မိုင်ရှည်လျားတဲ့ Interstate 80 အဝေးပြေးလမ်းမကြီးကို ပိတ်ထားရပါတယ်။ နီဗားဒါးပြည်နယ် နယ်စပ်အနီး ကယ်လီဖိုးနီးယားရှိ ထရပ်ကီးမှာ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ ကားတွေဆီကိုရောက်ဖို့ ခက်ခဲစွာ သွားလာနေရပါတယ်။ နှင်းမုန်တိုင်းကြောင့် ဆီးနှင်များ သုံးမီတာ ( ၁၀ ပေ) ထိကျဆင်းနိုင်ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။ ဒေသခံတွေအနေနဲ့ သီတင်းပတ်ကုန်ရက်တွေမှာ…

Read More