ဒီရက်ပိုင်းတိုက်ပွဲတွေကြောင့် မုံရွာခရိုင်မှာ လူသေဆုံးတာတွေအပြင် လူနေအိမ်တွေပါ မီးလောင်ပျက်စီး

မတ် ၊ ၂ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေဘက်မှာ နစက နယ်မြေရှင်းလင်းရေးလုပ်လာတာမို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး လူသေဆုံးတာတွေအပြင် ကျေးရွာတချို့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာဒေသခံတယောက်က ” မနေ့က မနက်အစောပိုင်း ကစလို့ မုံရွာမြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီဘက်ဒေသမှာက မုံရွာအကျဥ်ထောင် သစ် စီမံကိန်းလုပ်ငန်းခွင်ရှိတယ် ၊ အဲ့ဒါကြောင့် ညဘက်ဆိုရင် မကြာခဏ ပေါက်ကွဲသံတွေကြားရတယ် ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အကျဥ်းထောင် လုံခြုံရေးအဖွဲ့ ငါးယောက်ဟာ မုံရွာဆေးရုံဆီ လူနာလိုက်ပို့တဲ့အခါ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက…

Read More

 ဂျပန်ဗီဇာ ကြိုတင်ရက်ချိန်းကို အီးမေးလ်နဲ့ ပြောင်းလဲ ဆောင်ရွက်ပေးမယ်လို့ ဂျပန်သံရုံး ကြေညာ

မတ် ၁ – ၂၀၂၄ SN (VOM) ဂျပန်ဗီဇာ ကြိုတင်ရက်ချိန်း ရယူခြင်းအတွက် တယ်လီဖုန်းနဲ့ ဆောင်ရွက်‌ပေးခြင်းကို ခေတ္တခဏ ရပ်နားပြီး အီးမေးလ်နဲ့ လက်ခံ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်ရှိမြို့ရှိ ဂျပန်သံရုံးက ဒီကနေ့ မတ်လ ၁ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ‌လက်ရှိမှာ ဂျပန်ဗီဇာ လျှောက်ထားသူ များပြားနေတာကြောင့် ပိုမိုလွယ်ကူ အဆင်ပြေစေဖို့ ကြိုတင်ရက်ချိန်း ရယူခြင်းစနစ်ကို ပြောင်းလဲ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ဒီလို ပြောင်းလိုက်တာကို သိပ်တော့ မကြိုက်ဘူး။ ဖုန်းနဲ့တောင် အဆင်မပြေတာကို အီးမေးလ်နဲ့တဲ့။ ဖုန်းဆက်ပြီး ရက်ချိန်း ကြိုယူတာတောင် စကားပြောရတာ အဆင်မပြေဘူး။ အီးမေးလ်နဲ့ဆို ပိုဆိုးမယ်။ အီးမေးလ်က သူတို့ ကြည့်မှန်းမသိ၊ မကြည့်မှန်း မသိနဲ့။ ဘယ်တော့ အကြောင်းပြန်မှန်းမသိ…

Read More

This Day In History

Voice of Myanmar စပိန်မှ ဂျီဘရော်တာ ရေလက်ကြားတလျှောက်တွင် တည်ရှိသော မော်ရိုကိုနိုင်ငံသည် ၁၉၅၆ ခုနှစ် မတ် ၂ ရက်တွင် ပြင်သစ်ထံမှ လွတ်လပ်ရေး ကြေညာခဲ့ပြီး စူလတန်မိုမာမက်-၅ သည် ၎င်း၏ ပထမဆုံး အစိုးရကို ဖွဲ့စည်းခဲ့သည်။

Read More

ယနေ့ ရွှေဈေး (မတ် – ၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြောက်ဦးက အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံထွက်ဆိုမှု အခြေအမြစ်မရှိလို့ နစက တာဝန်ရှိသူ ပြော

  မတ် ၁ – ၂၀၂၄ kT+SN (VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ နစကတပ် ခမရ (၃၇၈) က ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုမှုဟာ အခြေအမြစ်မရှိတဲ့ ထွက်ဆိုမှု ဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုချက် ရုပ်/သံဖိုင်ကို AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က လူမှုကွန်ယက်မှတဆင့် အသိပေး လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီ့ ရုပ်သံဖိုင်မှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း စတဲ့ အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့…

Read More

မြန်မာကို ဝင်ရောက်မယ့် ပြည်ပခရီးသွားတွေ ဝင်ထွက်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုခံယူရမယ်

ရန်ကုန်၊ မတ် ၁ – ၂၀၂၄ GG (VOM) မြန်မာနိုင်ငံကိုလာရောက် မယ့် ပြည်ပ ခရီးသွားဧည့်သည်အားလုံး သက်ဆိုင်ရာ ဂိတ် ဝင်ပေါက်တွေ မှာ ကျန်းမာရေး စစ်ဆေးမှုခံယူမှုကို ဒီကနေ့မတ်လ ၁ ရက်နေ့ကစပြီး ပြန်လည်လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ် အပြင် ရေကြောင်းခရီးစဉ် နဲ့ နယ်စပ် ဝင်ထွက်ဂိတ်က တဆင့် မြန်မာနိုင်ငံကို ဝင်ရောက်မယ့် ခရီးသွားအားလုံး မြန်မာနိုင်ငံကို ဆိုက်ရောက်ချိန်မှာ သက်ဆိုင်ရာ ဝင်ထွက်ဂိတ် ကျန်းမာရေးအရာရှိတွေက ဆောင်ရွက်မယ့် ကိုယ်အပူချိန်တိုင်းတာခြင်းနဲ့ လိုအပ်သောကျန်းမာရေး စစ်ဆေးခြင်းကို ခံယူရမှာဖြစ်တယ်လို့သိရပါတယ်။ ” အရင်ကိုဗစ်တွေ ဖြစ်ပွားတာ လျော့တော့ ခရီးသွားတွေကို ကိုဗစ်ဆိုင်ရာစစ်ဆေးမှုတွေကို ရပ်ထားတာ ကြာပြီ၊ ခုပြန်လုပ်တဲ့သဘောပေါ့ ၊ ကျန်းမာရေးနဲ့ လဝက ပေါင်းလုပ်တာပေါ့၊ ဆရာတို့ဘက်ကတော့ ခရီးသွားကဏ္ဍဆက်စပ်သူတွေကို သတင်းဖြန့်ဝေပေးတာအသိပေးတာလုပ်တာပေါ့…

Read More

မလေးရောက် တရားမဝင် မြန်မာလုပ်သားတွေ မြန်မာနိုင်ငံပြန်လိုရင် သတ်မှတ် ဒဏ်ကြေးနဲ့ ပြန်ခွင့်ပြုမယ်

  ရန်ကုန် ၊မတ် ၁ – ၂၀၂၄ GG(VOM) မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လိုပါက သတ်မှတ်ဒဏ်ကြေးနဲ့ နေရပ်ကို ပြန်ခွင့်ပြုပေးသွားမယ်လို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံးကသိရပါတယ်။ ဒါကြောင့် မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီကနေ့ မတ်လ ၁ ရက​်နေ့မှစပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း ဒဏ်ကြေးအနေနဲ့ မလေးရှားငွေ ရင်းဂစ် ၅၀၀ ပေးဆောင်ပြီး နေရပ်ပြန်ဖို့ခွင့်ပြုပေးမှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်တယ် ကြေငြာတာကျနော်တို့လည်းတွေ့ပါတယ်။ တရားမဝင်ရောက်ပြီး ဒုက္ခရောက်နေသူ စားဖိူ့တောင်အဆင်မပြေသူတွေကတော့ ပြန်ချင်ကြမှာပေါ့၊ပြောသာပြောရတာပြန်ဖို့ကလည်း အဓိက လေယာဥ်လက်မှတ်ခရှိအုံးမှလေ၊ သူတို့က အစိုးရအစီအစဥ််စရိတ်ငြိမ်းပြန်ပို့ရင်တော့ တမျိုးပေါ့။ တရားမဝင်ကိုမှ အလုပ်ရော နေထိုင်တာရောအဆင်ပြေသူတွေကတော့ ပြန်မှာမဟုတ်ဘူး ၊ခုကာလ ပိုတောင်မပြန်မယ့်သူများအုံးမယ်လို့်ကျွန်တော်ထင်တယ်။ အရင်ကတော့ သူတို့ကမိရင် ထောင်ချပြီးမှ…

Read More

ယူကရိန်းအရေး အနောက်နိုင်ငံတွေ ပိုမိုပါဝင်လာရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်တယ်လို့ ပူတင် သတိပေး

    မော်စကို၊ မတ်-၁-၂၀၂၄ မျိုးဆက်(VOM) အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအရေးမှာ ပိုမိုနက်ရှိုင်းစွာပါဝင်ခြင်းမပြုဖို့ ရုရှားသမ္မတ ပူတင်က သတိပေးလိုက်ပြီး ဒီလိုမဟုတ်ရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်မယ့် အန္တရယ်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ “ သူတို့နိုင်ငံတွေထိ ပစ်နိုင်တဲ့ လက်နက်တွေ ရုရှားမှာရှိနေပါတယ်။ သူတို့ဟာ ကမ္ဘာက ကြောက်လာအောင် ကြိုးစားနေတာဖြစ်ပြီး ဒါဟာ နျူကလီးယားလက်နက်အသုံးပြုတဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်နားလည်သင့်ကြောင်း၊ ဒီလိုဆိုရင် လူ့ယဉ်ကျေးမှု လုံး၀ပျက်သုံးသွားတာပဲ”လို့ ပူတင်က နှစ်ပတ်လည် မိန့်ခွန်းမှာ သတိပေးပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ စေလွှတ်နိုင်ကြောင်း ပြင်သစ်သမ္မတ မက်ခရိုက ထုတ်ဖော်ပြောဆိုပြီးနောက်မှာ ပူတင်က အခုလိုသတိပေးလိုက်တာ ဖြစ်ပါတယ်။ လက်ရှိစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးစည်းလုံး ညီညွတ်ကြဖို့ အရေးကြီးကြောင်း ပူတင်က ရုရှားပြည်သူတွေကို တိုက်တွန်းထားပါတယ်။ နေတိုးအဖွဲ့ထဲကို ဆွီဒင်ဝင်ရောက်ခွင့်ရလာပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ ရုရှားဟာ စစ်ရေးစွမ်းရည် မြှင့်တင်ဖို့ လိုအပ်ကြောင်း…

Read More

ပခုက္ကူခရိုင်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေေဖြစ်ပွားပြီး လူသေဆုံးတာနဲ့ မီးလောင်​ပျက်စီးတာတွေ ဖြစ်နေ

  မတ် ၊ ၁ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြစ်ခြေမြို့နယ် ၊ ပေါက်မြို့နယ် နဲ့ ရေစကြိုမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေအပြင် ကျေးရွာတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါက်မြို့နယ် ဒေသခံတယောက်က ” မနေ့ ( ဖေဖော်ဝါရီ ၂၉ ရက်) က နေ့လယ် ၂ နာရီဝန်းကျင်မှာ ပေါက်နယ် ၊ တပ်ကုန်းရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ အဲဒီ တိုက်ပွဲမှာ လူသေဆုံးမှုတွေရှိတယ် ၊ ဒဏ်ရာရသူတွေလည်း ရှိတယ်…

Read More

ကျူးဘားအတွက် နှစ်ပေါင်း ၄၀ ကြာ သူလျှိုလုပ်ခဲ့ကြောင်း အမေရိကန်သံတမန်ဟောင်း ဝန်ခံထွက်ဆို

  ဝါရှင်တန်၊ မတ်-၁-၂၀၂၄ မျိုးဆက်(VOM) ဘိုလီဗီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် သံတမန်ဟောင်းတယောက်ဟာ ကျူးဘားနိုင်ငံအတွက် သူလျှိုအဖြစ် နှစ်ပေါင်း ၄၀ ကြာ အလုပ်လုပ်ခဲ့ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ အသက် ၇၃ နှစ်အရွယ် ဗစ်တာမန်နျူရယ်ရိုချာဆိုသူဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေချိန် ၁၉၈၁ ခုနှစ်ကတည်းက ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျူးဘားအတွက် သူလျှိုလုပ်တယ်ဆိုပြီး တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မိုင်ယာမီမှာ မနေ့ကပြုလုပ်တဲ့ ရုံးချိန်းမှာတော့ သူဟာ စွဲချက်တွေကို အရင်က ငြင်းဆိုခဲ့ပေမယ့် ဝန်ခံခဲ့တာဖြစ်ပြီး ဧပြီ ၁၂ ရက်မှာ အမိန့်ချမှာဖြစ်ပါတယ်။ ဒီလိုဝန်ခံလိုက်တာကြောင့် အမေရိကန်နဲ့ ကျူးဘားတို့အကြား ထိပ်တန်းအဆင့် သလျှိုဆိုင်ရာ ဖြစ်စဉ်တွေထဲက တခုကို အလျင်အမြန်နိဂုံးချုပ်နိုင်လိုက်တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးသူတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ သူဟာ ကျူးဘားအတွက် ဆယ်စုနှစ်များစွာ သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့တဲ့ မစ္စတာရိုချာဟာ လျှို့ဝှက်စာရွက်စာတမ်းတွေ…

Read More